ပြက်လုံးထုတ်စရာ ရှားသလားဗျာ

ခုရက်ပိုင်းပို ့စ်တင်ဖြစ်နေတာမှာ copy/paste တွေဖြစ်နေတာများလို ့တဆက်တစပ်တည်း သူကြီး
ကိုတောင်းပန်လိုက်ပါတယ်။ခုလဲ ဗုဒ္ဓဘာသာဝင်တို ့ရဲ ့အထွတ်အမြတ်ထားရာဂေါတမမြတ်ဘုရားအပေါ် ပြက်လုံးထုတ်စော်ကားနေတာ ကိုအားလုံးသိမြင်ဝေငှ စေလိုခြင်းသက်သက်ဖြင့် ဖြန် ့ဝေလိုက်ပါတယ်။ဒီလင့်ခ်မှာ သွားကြည့်နိုင်ပါတယ်။http://shwelone.com/index.php?option=com_content&view=article&id=2158%3A-nbc-&catid=3%3Abreaking-news&Itemid=274&fb_comment_id=fbc_10150653829338684_21783020_10150654146093684#f111e94824
အမေရိကန် ရုပ်သံလိုင်းကြီး တစ်ခုဖြစ်သည့် NBC ရုပ်သံတွင် ယမန်နေ့က ထုတ်လွှင့်ပြသခဲ့သည့် အပတ်စဉ် ဟာသအစီအစဉ် ဖြစ် သည့် Saturday Night Live (SNL) တွင် ဗုဒ္ဓမြတ်စွာအား နောက်ပြောင်စော်ကားသည့် Rude Buddha (ရိုင်းပျသော ဗုဒ္ဓ) ဟု အမည်ရသည့် တစ်ခန်းရပ် အစီအစဉ်တစ်ခုအား ယမန်နေ့က ထုတ်လွှင့်သွားခဲ့သည်။

ယင်းအစီအစဉ်တွင် SML သရုပ်ဆောင် Andy Samnberg က သင်္ကန်းရုံကာ ဗုဒ္ဓအဖြစ် သရုပ်ဆောင်သွားခဲ့ပြီး ဗုဒ္ဓမြတ်စွာအား ရိုင်း ပျသော၊ ညစ်ညမ်းသော အသုံးအနှုန်းများ၊ အပြုအမူများဖြင့် နောက်ပြောင်ပြီး ပုံတူဖော်သွားခဲ့သည်။

ဦးစွာပထမအနေဖြင့် လွန်ခဲ့သောနှစ်ပေါင်း ၂၀၀ဝ ကျော်က ဗုဒ္ဓပွင့်ခဲ့ကြောင်း၊ ညောင်ပင်အောက်၌ နေထိုင်ရင်း အလုံးစုံသိမြင်သော သဗ္ဗညုတဉာဏ်ကို ရရှိခဲ့ကြောင်း၊ လူအများ၏ ရှေ့ဆောင်လမ်းပြသူ၊ လွတ်မြောက်ရာအား လမ်းညွှန်ပြသသူ ဖြစ်လာခဲ့ကြောင်း၊ သို့သော်လည်း ဗုဒ္ဓအနေဖြင့် လူအများမသိသော၊ အနီးကပ်တပည့်များသာသိသော အချက်များရှိသေးကြောင်း၊ ယခုပြသမည့် ဗီဒီယို သည် ရိုင်းပျသော ဗုဒ္ဓ၏ အကြောင်းအရာများဖြစ်ကြောင်း စာတမ်းထိုးသွားခဲ့သည်။

ထို့နောက်တွင် သင်္ကန်းရုံကာ ဗုဒ္ဓအသွင်ဖန်တီးထားသည့် Andy Samberg က ယင်းအား လူအများက လာရောက်တွေ့ဆုံပြီး မေးခွန်းများ မေးမြန်းခဲ့သည်များကို တင်ဆက်ပြသသွားခဲ့သည်။

ပထမဦးစွာ လာရောက်ခဲ့သည့် ပုဂိ္ဂုလ်က “ဗုဒ္ဓခင်ဗျား။ ကျွန်တော်ရဲ့စိတ်တွေက အမြဲတမ်း ဂဏာမငြိမ်ဖြစ်နေပါတယ်။ တရားရရှိရေး နဲ့ စိတ်အေးချမ်းရေးကို မည်သို့ဆောင်ရွက်ရပါမလဲ။” ဟု မေးမြန်းခဲ့ရာ ဗုဒ္ဓသရုပ်ဆောင်နေသည့် Andy Samberg က တည်ငြိမ်စွာ ပင် “သင်နှစ်ခြိုက်သော ပန်းတစ်ပွင့်သည် ကြွေကျမြေခမည် ဖြစ်သကဲ့သို့၊ သင်မနှစ်မြို့သော ပေါင်းပင်မှာလည်း ပေါက်​ရောက်ရှင်  သန်မည်သာဖြစ်သည်။” ဟု ဖြေကြားခဲ့သည်။

အဆိုပါပုဂိ္ဂုလ်က ဆက်လက်ပြီး “ဒါဆိုရင် အရာအရာတိုင်းကို အရှိအတိုင်း လက်ခံရမည်လား။” ဟု ထပ်လောင်းမေးမြန်းရာ Samberg က “မိုင်ထောင်ချီ ရှည်လျားသည့် ခရီးအားလည်း ပထမဆုံးခြေလှမ်းဖြင့်ပင့် စတင်ရမည်ဖြစ်သည်။” ဟု ပြန်လည်​ဖြေကြား ခဲ့သည်။

ပုဂိ္ဂုလ်က ကျေးဇူးတင်ကြောင်း ပြောကြားကာ ထွက်ခွာသွားပြီးနောက် ဗုဒ္ဓသရုပ်ဆောင်နေသည့် Samberg က ယင်း၏ အနီးတွင် ထိုင်နေသည့် တပည့် ၂ ဦး ဘက်သို့လှည့်ကာ “ဒီလူရဲ့ ပထမဆုံးခြေလှမ်းက တောင်စောင်းကပဲ ဖြစ်ရမယ်။ ဟားဟားဟား။ အရှိကို အရှိအတိုင်း လက်ခံရမယ်ဟုတ်လား။ အရှိအတိုင်းကတော့ ဒီလူဘယ်တော့မှ မိန်းမနဲ့မှ အိပ်ရမှာမဟုတ်ဘူး။ ဟားဟားဟား။” ဟု နောက်ပြောင်ပြောဆိုခဲ့သည်။

ထို့နောက် အမျိုးသမီးတစ်ဦး ရောက်ရှိလာခဲ့ပြီး “ကျွန်မရဲ့ ယောက်ခမနဲ့ အဆင်မပြေရပါ။ စိတ်ဒုက္ခ ရောက်ရပါတယ်။ ဒီဘဝကြီးမှာ မနေချင်တော့ပါ။” ဟု ဆိုခဲ့ရာ Samberg က “တရားရဖို့ နည်းလမ်းတစ်ခုထဲသာ ရှိတာမဟုတ်ပါဘူး။ ရေခွက်တစ်ခုကို ရေတစ်​ပေါက်​ခြင်း ဖြည့်ရင်းနဲ့ပဲ ပြည့်သွားရတာပါ။” ဟု ပြောကြားသွားခဲ့သည်။

ထိုအမျိုးသမီး ထွက်သွားပြီးနောက် တပည့်များဘက်သို့လှည့်ကာ “ခွက်လို့ပြောလို့၊ ဒီမိန်းကကိုယ်ပေါ်က မုတ်ခွက်တွေကို တွေ့လိုက်လား။ မိုက်လိုက်တာ။ လိင်စိတ်တောင် ကြွလာပြီနော်။ ဟားဟားဟား။ ဗုဒ္ဓလည်း ဒါမျိုးကြိုက်တတ်ပါတယ်။ ဟားဟားဟား။” ဟု ရိုင်းပျစွာ ဆိုသွားခဲ့သည်။

အဆိုးရွားဆုံးမှာ နောက်ဆုံးရောက်ရှိလာသည့် အမျိုးသမီး (Lindsay Lohan) နှင့် ပြောကြားခဲ့သည့် စကားများပင်ဖြစ်သည်။ အဆိုပါ အမျိုးသမီးက ယင်းအနေဖြင့် တရားကျင့်ကြံနေရာ အောင်မြင်မှု မရှိကြောင်း၊ နိဗ္ဗာန်ရောက်ကြောင်း တရားဟောပေးပါဟု တောင်းဆိုခဲ့ရာ Samberg က တပည့်ထံသို့ မသိမသာလှည့်ပြီး ရယ်ခဲ့ပြီးနောက် မျက်နှာအမူအရာ မပျက်စေဘဲ အမျိုးသမီးအား “ရှိတာပေါ့ သမီးငယ်။ သမာဓိနည်းလမ်း (Zen) ကို ပြပေးနိုင်ပါတယ်။ ဒီည ၁၁ နာရီလောက်ကို ပြန်လာခဲ့လေ။ အတူတူ တရား အားထုတ်တာပေါ့။” ဟု ဆိုခဲ့သည်။

ထို့နောက် Lindsay Lohan က “ဒါဆို အရှင်ဘုရားထံမှာပဲ တရားရရှိမှာပေါ့နော်။” ဟု မေးခဲ့ရာ Samberg က ရယ်မောလျက် “ငါ​ရောက်​မှာတော့ သေချာတာပေါ့။ ဟားဟားဟား။ သမီးအနေနဲ့ကတော့ အချိန်ပို လုပ်ရမယ်ထင်တယ်။” ဟု ဆိုခဲ့ရာ Lohan က ကျေးဇူးတင်စကားပြောပြီး ထွက်ခွာသွားခဲ့သည်။

Lohan ထွက်သွားပြီးနောက် ဗုဒ္ဓအသွင်ဖမ်း Samberg က တပည့်များထံလှည့်ကာ “သမာဓိနည်း (zen) ဟုတ်လား။ ဟုတ်တာက​တော့ ဒီကောင်မလေးကို အိမ်ခေါ်သွားမယ်။ ပြီးရင် အဝတ်တွေချွတ်မယ်။ ကောင်မလေး ဂျူးလူမျိုး မဟုတ်လောက်ဘူးထင်ပါတယ်။ သူ့ကို ဝက်သားလို မြိန်မြိန်စားချင်လို့ပါ။ ဟားဟားဟား။ ငါ့ရဲ့ (သစ်ပင်) သာ ကောင်မလေးရဲ့ (ချုံပုတ်) ထဲ လဲကျမယ်ဆိုရင် အိမ်နီး ချင်း​တွေတောင် ကြားရမှာကွ။ ဟားဟားဟား။” ဟု ရိုင်းပြသည့် အသုံးအနှုန်းများဖြင့် ပြောကြားသွားခဲ့သည်ကို တွေ့ရှိခဲ့ရသည်။

SNL အစီအစဉ်သည် အမေရိကန်နိုင်ငံတွင် နာမည်ကျော်သော ဟာသအစီအစဉ် တစ်ခုဖြစ်ပြီး အများသူငါအား ပွင့်လင်းစွာ လှောင်​ပြောင်သည့် (Spoofs) အသုံးအနှုန်းများ အစဉ်အမြဲ အသုံးပြုလေ့ရှိသည်။ ယင်းတို့အနေဖြင့် ယခင်က ယေရှုအားလည်း ယခုကဲ့သို့ပင် နောက်ပြောင်ခဲ့ဖူးသည်။

ဒီမိုကရေစီပြည့်ဝသည့် နိုင်ငံတစ်ခုတွင် လူတိုင်းလူတိုင်း လွတ်လပ်ပွင့်လင်းစွာ ပြောဆိုဆွေးနွေးခွင့် ရှိသည်မှာ မှန်သော်လည်း ယခု ကဲ့သို့ ဘာသာတရားတစ်ခုအား ပြက်ရယ်ပြုခြင်း၊ ဗုဒ္ဓမြတ်စွာအား အတုယောင်ပြုပြီး ညစ်ညမ်းသော အသုံးအနှုန်းများဖြင့် နောက် ပြောင်ပြောဆိုုခဲ့ခြင်းတို့မှာ လုံးဝဥဿုံ မလုပ်သင့် မလုပ်ထိုက်သည့် အရာများဖြစ်ခြင်းကြောင့် NBC ရုပ်သံလှိုင်းနှင့် SNL အစီအစဉ် အား ရွှေလုံးမှ ပြင်းထန်စွာ ရှုတ်ချလိုက်ပါသည်။

(မှတ်ချက် – SNL အစီအစဉ်မှ တာဝန်ရှိသူများအား ဆက်သွယ်ရန် ကြိုးပမ်းခဲ့ရာ အောင်မြင်မှု မရရှိခဲ့သလို အီးမေးလ်အားလည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ကမာ္ဘတစ်ဝန်းမှ ဗုဒ္ဓဘာသာဝင်များထံသို့ ဤသတင်းအား မျှဝေပါရန် တိုက်တွန်းအပ်ပါသည်။ ဤသတင်းအပေါ် စာဖတ်သူတို့၏ တုန့်ပြန်ပြောဆိုမှုများအားလည်း NBC ရုပ်သံဌာနသို့ ပေးပို့သွားမည်ဖြစ်ပါသည်။) 

12 comments

  • Green Rose

    March 5, 2012 at 2:33 pm

    ဒီမိုကရေစီပြည့်ဝသည့် နိုင်ငံတစ်ခုတွင် လူတိုင်းလူတိုင်း လွတ်လပ်ပွင့်လင်းစွာ ပြောဆိုဆွေးနွေးခွင့် ရှိသည်မှာ မှန်သော်လည်း ယခု ကဲ့သို့ ဘာသာတရားတစ်ခုအား ပြက်ရယ်ပြုခြင်း၊ ဗုဒ္ဓမြတ်စွာအား အတုယောင်ပြုပြီး ညစ်ညမ်းသော အသုံးအနှုန်းများဖြင့် နောက် ပြောင်ပြောဆိုုခဲ့ခြင်းတို့မှာ လုံးဝဥဿုံ မလုပ်သင့် မလုပ်ထိုက်သည့် အရာများဖြစ်ခြင်းကြောင့် NBC ရုပ်သံလှိုင်းနှင့် SNL အစီအစဉ် အား ပြင်းထန်စွာ ရှုတ်ချလိုက်ပါသည်။

  • နွေဦး

    March 5, 2012 at 2:51 pm

    Oh..Samberg..
    သင်သည် လွန်စွာ သနားဖွယ် ကောင်းသော သတ္တဝါဖြစ်ပေ၏။
    ဤကဲ့သို သင်သည် ကျွန်ုပ် ကိုးကွယ်သော ဘာသာကို
    ပျက်ရယ်စော်ကားသော်လည်းသင့်အား ကျွန်ုပ် စိတ်ဆိုး
    ဒေါသထွက်မည် မဟုတ်ပါ။
    ဗုဒ္ဓ ဘုရားရှင် လက်ထက်တော်က ၎င်းကဲ့သို့သော မေးခွန်းမျိုးကို
    ကြိမ်ဖန် များစွာ မေးမြန်းခြင်းကို ခံယူရပြီး မေးမြန်းသူတို့ ကြေနပ် ပီတိဖြစ်အောင်
    ပြန်လည် ရှင်းပြ ဟောပြောညွှန်ပြခဲ့ သည်များကို ဗုဒ္ဓ၏ တရားမှတ်တမ်းများ တွင်
    ပြည့်ပြည့်စုံစုံ ရှိနေပါသည်။
    ၎င်းဒဿန များကို သင်သည် ဉာဏ်မမှီ၍ ပျက်ရယ် ဟာသ ပြုခြင်းကို ကြည့်၍
    သင့်အား ဂရုဏာ သနားခြင်းဖြစ်ပါသည်။
    အကယ်၍ သင်သည် ၎င်းဒဿန များကို နားလည်အောင် ကြိုးစားလေ့လာမည်ဆိုပါက
    ကြီးစွာ နောင်တ ရခြင်းနှင့်အတူ ဗုဒ္ဓ၏ တပည့်တဦး ဗုဒ္ဓဘာသာဝင် တယောက် ဖြစ်နိုင်ပေသည်။

  • moethuzar

    March 5, 2012 at 5:39 pm

    လူ ့ဘဝမှာလူဖြစ်ရတာ သနားစရာကောင်းတဲ့သူဒွေပါလား။
    ပျက်လုံးရှာတာမှာ ဂေါတမမြတ်စွာ၊ယေရှုပါ မကျန်တော့ဘူး
    ဆိုတော့ ဘယ်လို သတ္တဝါတွေလဲမသိတော့ဘူး။

  • nagar lay

    March 5, 2012 at 7:42 pm

    ကိုယ်ဒီ posts ကိုဖတ်ပြီး စိတ်တိုလိုက်တာကွာ။
    မည်သည့်ဘာသာမဆို မကောင်းတာကို လုပ်ခွင့်မပြုပါဘူး။
    ကိုယ့်ယုံကြည်ရာကို လိုက်ပြီး အယူဝါဒ မတူတာပဲရှိပါတယ်။
    ဒါပေမယ့် ကိုယ့်ဘာသာကိုပဲဖြစ်ဖြစ် သူများဘာသာကိုပဲဖြစ်ဖြစ် မစော်ကားသင့်ပါဘူး။
    ဒီမိုကရေစီနိုင်ငံ ဆိုတိုင်း လုပ်ချင်တိုင်း လုပ်လို့ဘယ်ရမလဲ။
    ဘာသာရေးနဲ့ ပက်သက်ပြီးစော်ကားတဲ့ အတွက် ဒါကို ( ဒီ SNL ရုပ်သံ ကို ) တရားပြန်စွဲသင့်ပါတယ်။
    လုပ်ပိုင်ခွင့်ရှိသူတွေ ရေ… ကြည့်လုပ်ပါအုံးဗျာ။

  • windtalker

    March 5, 2012 at 8:01 pm

    သူပြု သူ ့ကံ သူတွင် ခံရမှာပေါ့ဗျာ ။ ဒီလိုဘဲ သဘောထားလိုက်ပါတယ် ။

  • ရှမ်းပြည်သား (တောင်ပိုင်း)

    March 5, 2012 at 11:06 pm

    “လောကကိုစောင့်ကြပ်ကြကုန်သော သာဿနာစောင့်နတ်လေးပါးတို့သည်
    အတုမရှိသောမြတ်ဗုဒ္ဓ၏သာဿနာအားလည်းစောင့်ရှောက်ကြကုန်၏ ။
    သုံးလောကထိပ်ခေါင်မြတ်ဗုဒ္ဓအား နှုတ်ဖြင့်သော်လည်းကောင်း၊ကိုယ်ဖြင့်သော်လည်းကောင်း၊စိတ်ဖြင့်
    သော်လည်းကောင်း ကျေးဇူးကန်းသောအခါ ထိုနတ်တို့သည်မနေသာသဖြင့် ကံကြမ္မာရဟတ်တစ်ပတ်လည်
    သောအခါ ဆင်းရဲအပေါင်းတို့ကိုခံစားစေလျက် မြေသည်လည်းထိုသူ၏ဝန်ကိုမထမ်းသာပဲ
    ငရဲတွင်းနက်ဆင်းသက်ရာ၏”
    ရှမ်းပြည်သားတို့ကတော့စိတ်မပူဘူး အဲဒီကဟာတွေမြေမျိုမယ့်ဟာတွေ။
    တိရိစာ္ဆန်ဘဝကို လူဖြစ်လျက်နဲ့ရောက်နေကြတဲ့သူတွေဆိုတော့လည်း ရှိပါစေတော့ ကိုနာဂရေ…….

  • 9
    မြတ်ဗုဒ္ဓအပေါ်အမြင်-ဒီလင့်ခ်မှာပြန်ကြည့်လို ့ရပါတယ်။

    http://myanmargazette.net/70503/creative-writing
    ဂေါတမဗုဒ္ဓ အမည်တော်ရင်းက သိဒ္ဓတ္တမင်းသားဖြစ်ပါတယ်။ကမ္ဘာ့အကြီးဆုံးဘာသာအယူဝါဒတွေထဲမှာပါတဲ့ ဗုဒ္ဓသာသနာကိုစတင်ပျိုးထောင်သူကျေးဇူးရှင်ဖြစ်ပါတယ်။နီပေါ နဲ ့နယ်စပ်ယှက်တင်နေတဲ့ အရှေ ့မြောက်အိန္ဒိယမြို ့တော် ကပ္ပိလဝတ္တုဘုရင့်သားတော်သိဒ္ဓတ္တဟာ ဂေါတမအမျိုး သာကိယ(သကျSakya)အနွယ်ဝင်ဖြစ်ပြီး အခုနီပေါနယ်စပ်အဝင် လုမ္ဗိနီမှာ ခရစ်တော်မပေါ်မီ ၅၆၃ ကမွေးဖွားခဲ့ပါတယ်။အသက်တစ်ဆယ့်ခြောက်နှစ်အရွယ်ရောက်တော့ ရွယ်တူနှမတော်နဲ ့လက်ဆက်ပြီးကြီးစွာသောမင်းစည်းစိမ်ကိုခံစားပြီးနေရသော်လည်း စိတ်မပျော်မွေ ့ပါ။
    လူသားအများစုဟာ ဆင်းရဲဒုက္ခကြုံတွေ ့နေရပြီး အမြဲသဖြင့်လိုရာမရဖြစ်နေရပါတယ်။လူတစ်ချို ့ဟာချမ်းသာတယ်လို ့ဆိုရတာတောင် မကြာခဏစိတ်ပျက်စရာ၊မနှစ်သက်စရာကိစ္စတွေကြုံရသေးတယ်။ရောဂါဝေဒနာ တစ်မျိုးပြီးတစ်မျိုးကြုံရပြီး၊သေခြင်းဆင်းရဲ ကိုဘယ်သူမှမလွန်ဆန်နိုင်ပါ။ခုလိုအခိုက်အတန် ့နှစ်သက်ဖွယ်တွေကို အိုနာသေဘေးတွေက မကြာမီလွှမ်းမိုးသွားတာဘဲလို ့တွေးတယ်။
    သက်တော်နှစ်ဆယ့်ကိုး၊သားဦးရတဲ့အခါ ဂေါတမက ခုလက်ရှိအနေအထိုင်ကိုစွန် ့ချိန်တန်ပြီလို ့ဆုံးဖြတ်တယ်။အမှန်တရားကိုစူးစူးစိုက်စိုက်ရှာဖွေသင့်ပြီ ဆိုတဲ့အကြံနဲ ့နန်းတော်ကိုစွန် ့တယ်။ဇနီးကိုထားခဲ့တယ်။သားကို ပစ်ခဲ့တယ်။လူ ့ဘဝပိုင်ဆိုင်သမျှစည်းစိမ်ဥစ္စာတွေ ကိုထားခဲ့ပြီး ပစ္စည်းမဲ့ခရီး လှည့်လည်သွားလာနေသူဖြစ်ခဲ့တယ်။ခေတ်အခါအလျှောက် ပညာရှိ၊လူသူတော်အချို ့နဲ ့တွဲဖက်ပြီး ကျင့်စဉ်အချို ့ကိုလိုက်ကျင့်တယ်။သူတို ့နည်းကိုသိတော့ အတိမ်အနက်ကိုကြံဆတယ်။လူ ့ဘဝဒုက္ခတွေကို ဖြေဖျောက်ငြိမ်းအေးစေတဲ့ နည်းတွေ မဟုတ်ဘူးလို ့သိတယ်။အလွန်အကဲ ခြိုးခြံနိုင်မှ တရားမှန်ကို ရနိုင်မယ်လို ့အများတကာထင်နေကြတာကို အရှင်ဂေါတမက လိုက်ပြီးသူတော်စင်တွေလိုဘဲ နှစ်ပေါင်းများစွာ ပြင်းပြင်းထန်ထန်ခြိုးခြံတဲ့အကျင့်ကိုကျင့်တယ်။ခန္ဓာကိုယ်ကို ညှည်းတဲ့ အလုပ်တွေအများကြီးပါတယ်။နောက်တော့ ဒီလိုသာ ခန္ဓာကိုယ် ကို နှိပ်စက်နေရင် ဦးနှောက်အမြင် မကြည်လင်ဘဲသစ္စာတရားနဲ ့ဝေးသထက်ဝေးလာမယ်လို ့သိလာတယ်။ဒါကြောင့်ပြင်းထန်လှတဲ့ ကျင့်ဝတ်ကိုစွန် ့ပြီး စားသောက်ဖွယ်တွေကို စားမြဲမျှတအောင်မှီဝဲ သုံးဆောင်ပါတယ်။
    ဆိတ်ငြိမ်ရာမှာ တစ်ပါးတည်းအားထုတ်တာကတော့ ဘဝရဲ ့ချုပ်ငြိမ်းရာ တရားပါဘဲ။နောက်ဆုံးတစ်ညနေ ညောင်ပင်ကြီးအောက်မှာ ထိုင်နေရင်း တစ်စစီ တစ်ပိုင်းစီးဖြစ်နေတဲ့ သဘာဝတရားတွေဟာ အလိုလိုအချိုးကျအောင် စီစဉ်ပြီးဖြစ်လာတယ်။သိဒ္ဓတ္တဟာ တစ်ညလုံးပေါ်ပေါက်သိရှိလာတဲ့ တရားတော်ကို လေးလေးစားစားပြန်လှန်ဆင်ခြင်ပြီး၊ရှာနေတဲ ့အဖြေရပြီး နံနက်အရုဏ်လာတဲ့အခါ “ဉာဏ်ပွင့်လင်းပြီး”ဗုဒ္ဓဖြစ်ပြီ။
    အဲဒီအချိန်မှာ သက်တော် သုံးဆယ်ငါးနှစ်ရှိပြီ။ကျန်ရှိနေတဲ့ လေးဆယ်ငါးနှစ်မှာ (မဇ္စိုမဒေသ)မှာ ဒေသစာရီကြွချီပြီး ဝါဒသစ်ကို နာလိုသူတိုင်း ဟောပြော ဆုံးမတော်မူပါတယ်။ပရိနိဗ္ဗာန် ယူတဲ့ ၄၈၃ ဘီစီမှာ တရားတော်ကို လက်ခံသူထောင်နဲ ့ချီပြီး ရှိလာပြီ။အစက တရားတော်ကို အက္ခရာတင်ထားခြင်းမရှိပါ။တပည့်အရိယ သံဃာတွေက နှုတ်တက်အာဂုံဆောင်ထားကြတယ်။ဒီလိုနဲ ့ဆရာစဉ်ဆက်ပေါ်လာပြီး တရားတော်ကိုထိန်းသိမ်းလာကြတယ်။
    တရားအချုပ်ကို ပြောရရင် ”သစ္စာလေးပါး”ဖြစ်တယ်။
    (၁)ဒုက္ခသစ္စာ၊(၂)သမုဒယသစ္စာ(၃)နိရောဓသစ္စာ(၄)မဂ္ဂသစ္စာ
    နိဗ္ဗာန်သို ့ရောက်စေနိုင်သော တရားလမ်းကောင်းဖြစ်သော မဂ္ဂင်ရှစ်ပါး
    (၁)သမ္မာဒိဠိ(၂)သမ္မာသင်္ကပ္ပ (၃)သမ္မာဝါစာ(၄)သမ္မာကမ္မ န္တ(၅)သမ္မာအာဇီဝ
    (၆)သမ္မာဝါယမ(၇)သမ္မာသတိ(၈)သမ္မာသမာဓိ 
    ဗုဒ္ဓဝါဒ ရဲ ့ထင်ရှားမှတ်သားဖွယ်ဖြစ်တဲ့ အချက်နှစ်ချက်က လူမျိုးကန် ့သက်ချက်နဲ ့ဟိန္ဒူတွေလို ဇာတ်အကြီး၊အလတ်၊အညံ့ဆိုတာမျိုး မရှိပါ။

    မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီးနောက်၊ဗုဒ္ဓဝါဒဆိုတဲ့ အယူသစ်ကတဖြည်းဖြည်းပျံ ့နှံ့ လာတယ်။နောက်ခရစ်တော်မပေါ်မီ သုံးရာစုနှစ်မှာ အိန္ဒိယဧကရာဇ် အသောကမင်းတရားကြီး ဗုဒ္ဓသာသနာကိုသက်ဝင် ယုံကြည်လာတယ်။မင်းကြီးရဲ ့တိုက်တွန်းအားပေးချက်နဲ ့ဗုဒ္ဓသာသနာပြုတွေပေါ်လာပြီး၊ဗုဒ္ဓဩဇာနဲ ့တရားတော်ဟာ အိန္ဒိယမှာ ရောအိမ်နီးချင်းနိုင်ငံတွေမှာပါ ပျံ့နှံ ့လာပါတယ်။ဗုဒ္ဓဝါဒဟာ တောင်ဘက်ကို သီရိလကာင်္၊အရှေ ့ဘက်ကို မြန်မာ၊အဲဒီကနေမှ အရှေ ့တောင်အာရှ မလေးရှားနဲ ့အင်ဒိုနီးရှား တို ့ကိုရောက်သွားပါတယ်။ဗုဒ္ဓဝါဒဟာ မြောက်ဘက်မှာ ဆိုရင် တိဘက်ကိုတိုက်ရိုက်ရောက်ပြီး အဲဒီကနေမှ အနောက်မြောက် အာဖကန်နစ္စတန်နဲ ့ဗဟိုအာရှကိုရောက်သွားပါတယ်။တရုတ်ကိုရောက်ပြီး ကိုရီးယား ဂျပန်ကိုရောက်ပါတယ်။
     အနှစ်ငါးရာကျော်တော့ အိန္ဒိယမြေပေါ်မှာဗုဒ္ဓအယူသစ်ကို သက်ဝင်ယုံကြည်သူနည်းလာတယ်။အနှစ်တစ်ထောင့်နှစ်ရာ ရှိတဲ့အခါယုံကြည်သူမရှိလို ့ပြောရမတတ်တိမ်ကောသွားတယ်။ဒါပေမယ့် တရုတ်၊ဂျပန်မှာတော့ ရှေ ့ဆောင်ယုံကြည်မှုဝါဒကြီး တစ်ရပ်အနေနဲ ့ရှိနေပါတယ်။တိဘက်နဲ ့အရှေ ့တောင်အာရှမှာ ဆိုရင် ထိပ်တန်းကိုးကွယ် ယုံကြည်မှုဘာသာတရားအဖြစ်နဲ ့ရာစုနှစ်ပေါင်းများစွာ ဖြစ်ထွန်းနေပါတယ်။
    မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီးရာစုနှစ်ပေါင်းအများကြီးကြာအောင် အက္ခရာတင်ပြီးရေးမှတ်ထားတာမတွေ ့ရ။ဂိုဏ်းတွေ အများကြီးကွဲသွားတာက မဆန်းလှပါ။အကြီးအချုပ်လို ့ပြောရမယ့်ဂိုဏ်းကြီးနှစ်ခုက အရှေ ့တောင်အာရှမှာ အားကောင်းပြီး အနောက်တိုင်းသုတေသီတွေက ဗုဒ္ဓဟောကြားတော်မူရင်းနဲ ့အနီးစပ်ဆုံးဖြစ်မယ်လို ့ယူဆတဲ့ ထေရဝါဒနဲ ့တိဘက်၊တရုတ်နဲ ့အကြမ်းအားဖြင့်မြောက်ပိုင်းအာရှ မှာ ထင်ရှားတဲ့ မဟာယာနတို ့ဖြစ်ပါတယ်။
    ဗုဒ္ဓမြတ်စွာဘုရားကို ကမ္ဘာ့အကြီးဆုံးအယူဝါဒ အပါအဝင်ဖြစ်တဲ့ ဗုဒ္ဓသာသနာကို စတင်ခဲ့လို ့ဒီစာရင်းမှာ ထိပ်ဆုံးတစ် နေရာက ပါရမှာ အမှနိဖြစ်ပါတယ်။လူဦးရေကိုတွက်စစ်လိုက်တော့ ဗုဒ္ဓသာသနာဝင်က ကုဋေနှစ်ဆယ်၊မူဆလင် က ကုဋေ ငါးဆယ်၊ခရစ်ယန်က ကုဋေ တစ်ရာ။စာရင်းအရ မိုဟာမက်နဲ ့ဂျီးစပ်စ်လောက် အင်အားမရှိပါဘူး။ဒါပေမယ့် လူများတိုင်းသာ တယ်မပြောနိုင်ပါဘူး။ခက်ပါတယ်။””အိန္ဒိယမှာ ဟိန္ဒူက ဗုဒ္ဓဝါဒတွေအများကြီး သူတို ့ဝါဒတွေထဲမှာ ထည့်သွင်းလိုက်တာရယ်၊တရုတ်မှာ ဗုဒ္ဓဘာသာဝင်လို ့နာမည်မခံသူတွေကလည်း ဗုဒ္ဓဒဿနတွေ အများကြီးကို လိုက်နာနေကြတယ် ဆိုတဲ့အချက်တွေကို စဉ်းစားပါ။””
     ခရစ်ယန် နဲ ့အစ္စလာမ် မှာထက်ဗုဒ္ဓတရားတော် မှာငြိမ်းချမ်းရေးအခြင်းအရာတွေပိုတွေ ့ရှိရပါတယ်။အကြမ်းမဖက်တဲ့ လမ်းကြောင်းတွေကိုသာ ဗုဒ္ဓသာသနာ ဝင်နိုင်ငံတွေမှာ နိုင်ငံအရေးမှာ အရေးထားလုပ်ဆောင် နေတာကို တွေ ့မှာဖြစ်ပါတယ်။လူပုံအလယ်မှာ မကြာခဏပြောလေ့ရှိတဲ့ စကားတစ်ရပ်မှာ…….
    “ခရစ်တော် သာလူ ့ပြည်တစ်ခေါက် ပြန်ရောက်မယ်ဆိုရင် သူ ့ဝါဒ ကိုလက်ခံကျင့်သုံးနေပါတယ်ဆိုပြီး ဂိုဏ်းကွဲတွေပေါ်နေတယ်။သူ ့နာမည်ကိုသုံးပြီး တစ်ဦးကိုတစ်ဦး သွေးချောင်းစီးအောင် သတ်ဖြတ်နေကြတယ်။အဲဒါတွေကို တွေ ့ရင်အကြီးအကျယ်ထိတ်လန် ့အံ့ဩသွားမယ်ထင်တယ်။””
    ဆိုတဲ့စကားပါဘဲ။
    “”ဗုဒ္ဓဘုရားရှင်လဲ ဗုဒ္ဓဝါဒီလို ့ပြောပြီး ပြုမူဆောင်ရွက်နေတဲ့ ပုံစံမျိုးစုံကိုတွေ ့ရရင် အံ့ဩသွားမယ် အမှန်ပါဘဲ။””
    ဗုဒ္ဓဂိုဏ်းကွဲတွေကများတယ်။ကြီးကျယ်တဲ့ခြားနားချက်တွေရှိတယ်။ဒါပေမယ့်ခရစ်ယန်သာသနာဝင် တွေဘဲရှိတဲ့ ဥရောပ မှာလို ရက်စက်ကြမ်းတမ်းတဲ့သာသနာရေးစစ်(Religious War)ဆိုတာမျိုးကိုမီဖို ့ဝေးလို ့အနည်းအပါးနီးစပ်တဲ့ သတ်ဖြတ်မှုမျိုးတောင်နှိုင်းယှဉ်ပြစရာ ဗုဒ္ဓဘာသာဝင်တွေမှာ မတွေ ့ပါ။အဲဒီမှာ ခရစ်ဝါဒထက် ဗုဒ္ဓဝါဒက သက်ဆိုင်ရာဘာသာဝင်များအပေါ်မှာ ဩဇာသက်ရောက်တယ်လို ့ဆိုရပါမယ်။
    ဗုဒ္ဓနဲ ့ကွန်ဖြူးရှပ် ရဲ ့အယူဝါဒတွေဟာ ကမ္ဘာ့လူသားတွေအပေါ်မှာ အကြမ်းသဘောပြောရရင် ဩဇာရှိပုံခြင်းတူသလိုရှိတယ်။ပေါ်ထွန်းခဲ့တဲ့ခေတ်ချင်းလည်းတူတယ်။လိုက်နာယုံကြည်သူ အရေအတွက်လည်းဆတူနီးပါးဖြစ်တယ်။အဆင့်(၄)နဲ ့အဆင့်(၅)ဆိုပြီး ဗုဒ္ဓကို ရှေ ့ကွန်ဖြူးရှပ်ကိုနောက်ထားပြီးစီရတာမှာ အကြောင်းအရာနှစ်ချက်ရှိတယ်။တရုတ်နိုင်ငံမှာ ကွန်မြူနစ်ဝါဒထွန်းကားလို ့ကွန်ဖြူးရှပ်ဝါဒအများကြီးတိမ်မြုပ်ရတာက တစ်အချက်၊တရုတ်နိုင်ငံအပြင်ကို ကွန်ဖြူးရှပ်ဝါဒ ကျယ်ကျယ်ပြန် ့ပြန် ့မရောက်တာက နှစ်အချက်ဖြစ်တယ်။လက်ရှိတရုတ်သဘောထားတွေမှာကွန်ဖြူးရှပ်ရဲ ့အတွေးအခေါ်ဟာမြုပ်သွားပီ။ဗုဒ္ဓရဲ ့ဆိုဆုံးမချက်တွေကတော့ယခင်ရှိပြီး အိန္ဒိယ နယ်ကိုကျော်ပြီး ပြန် ့ထွက်လာခြင်းက ဗုဒ္ဓတရားတော်ရဲ ့ပင်ကိုအသိနဲ ့ရတဲ့ထိုးထွင်းဉာဏ်ပါ။

    9-30-11
    မောင်သန်းထွဋ် ဦး says:
    မူရင်းစာရေးသူက လူကျော် တစ်ရာကိုတန်းစီးဖို ့ဆုံးဖြတ်ရာမှာ ပေတံသုံးခု ဆုံးဖြတ်တာပါတဲ့…..အဲဒါတွေက
    (၁)ဘယ်အခြေခံနဲ ့ဒီပုဂ္ဂိုလ်ဟာကြီးမြင့်လာရသလဲ။
    (၂)ဒီလူရဲ ့အစွမ်းနဲ ့လူတွေဘယ်လောက်များများ အကျိုးခံစားရပါသလဲ။
    (၃)ဒီလူ ့ကျေးဇူးကို လူတွေ ဘယ်လောက်ကြာကြာ ခံစားရသလဲ။
    အဲဒီ မေးခွန်းပေတံ သုံးခုနဲ ့ဘဲ လူတွေကို ပထမ၊ဒုတိယဆိုပြီးတန်းစီလိုက်တယ်။အဲဒီလို ရွေးချယ်တာကို ဆရာသန်းထွန်းက ကြိုက်ပါတယ်တဲ့။ဒီနေရာမှာ စာဖတ်ပရိသတ်က ကိုယ့်ဉာဏ်စွမ်းလေး နဲ ့ကိုယ်တိုင် စဉ်းစားစေချင်ပါတယ်။ဘာကြောင့် နံပါတ်တစ် မဖြစ်ပါဘဲ အဆင့်လေးရောက်သွားရတာလဲဆိုတာကိုပါ။
    ကျေးဇူးတင်ပါတယ်။ဝိဝါဒ မကွဲပြားစေလိုပါ။အမှားပါခဲ့ပါက ခွင့်လွှတ်ပေးပါ။

    9-30-11
    ပေါက်ဖော် saya
    နံပတ်တစ် မဖြစ်ရခြင်းအကြောင်းက
    ဗုဒ္ဓဟောတဲ့တရားတွေဟာ.. ပါဠိလိုတွေဖြစ်လို ့..(ကျနော်..ပါဠိစာ နားမလည်ပါ)
    International Language မဟုတ်လို ့လူအများနားမလည်ကြလို ့….
    Promotion မကောင်းလို ့..
    စည်းရုံးရေးမကာင်းလို ့..
    လက်တွေ ့ကျင့်ကြံနိုင်မှ သဘောပေါက်မဲ့ တရားဖြစ်လို ့..
    စည်းစိမ်လာဘ်လာဘ ရရန် အဓိကမဟုတ်ပဲ..ဆင်းရဲခြင်းကင်းတဲ့ ဗလာနတ္တိ နိဗ္ဗာန် ကိုရည်ရွယ်လို ့
    ကိုယ်ဖြစ်ကိုယ်ခံ တရားဖြစ်ပြီး ဘုရားက သင်တို ့ အပစ်ကို အစားမခံပေးနိုင်လို ့
    တစ်ကယ် ကျင့်ကြံပါက ရှိတဲ့စည်းစိမ်တွေ အရင် စွန်လွှတ်ပြီး…ခြင်ကိုက်ခံ ရမှာဆိုးလို ့..
    စသည်.စသည်..ပေါ့..
    ဘုရားအကြောင်းသာ ပြောနေရတာ ဩကာသတောင် အလွတ်ရတော့သည်မဟုတ်ပါဘူး
    မနေ ့တစ်နေ ့ကမှ ဘုရားတက်လုပ်ချင်တဲ့လူတွေပေါ်လာလို ့…ဝင်ဝင်ပြောမိတာဖြစ်ပါတယ်
    ပြီးတော့
    ဘုရားတရားကြောင်းပြောရင် မောင်ပု လာလာမဆဲ ဘူးဆိုတာလဲ သိထားလို ့ဘုရားတရား ဘက်ပြေးလာတာလဲ ဖြစ်ပါတယ်
    အရက်သမားခြင်းတူတူ..အဲဘဲက ဒီတစ်ပတ် ပေါ်ပျူလာ ရိုက်တာစာရင်းထဲ ပါသွားတာတော့ မနာလိုဘူး
    အော်မီးတောဖော……

    9-30-11
    မောင်သန်းထွဋ် ဦး says:
    ပေါက်ဖော် ကနဂိုနာမည်ပြန်ဖြစ်သွားပီလား အကိုရေ။ခုလိုဝေဖန်ပေးတော့ ကျေးဇူးပါခင်မျာ။ရွာသားတွေ သိပ်ဝင်မပြောကြပါလား။
    ကျွန်တော် အမှားပါသွားပီလား
    9-30-11
    xman says
    အမှားမပါလို့ ဒီလောက်အေးဆေးဆိပ်ငြိမ်တာပေါ့ မိတ်ဆွေရယ်။
    အမှားများပါလို့ကတော့…..
    စိတ်သာချ ………
    _%$#@*^%$#%

    9-30-11
    Foreign Resident says:
    ” ရွာသားတွေ သိပ်ဝင်မပြောကြပါလား။ ကျွန်တော် အမှားပါသွားပီလား ”
    You made nothing wrong, မောင်သန်းထွဋ် ဦး.
    There are a lot of religious “Sa Yar Gyi” in our MG village,
    ( recently, they fiercely fought each other in “Moe Pyar” posts )
    So, we feel inferior & scare to start making a comment ( in front of them ). :p
    If it is your creative own writing,
    then, what else we have to say,
    Good job.

    9-30-11
    kai says:
    ကိုရင်မောင်သန်းထွဋ် ဦး ..(ရှည်လိုက်တာ)..
    ကိုရင်ဦးက.. ဘယ်ကစာတွေကိုးကားသလည်း.. ပြန်ကူးသလည်း.. စာမျက်နှာနဲ့တင်ပေးနိုင်ရင် ပိုကောင်းမယ်ထင်ပါတယ်..။
    ကြည့်ရတာ..ဒေါက်တာသန်းထွန်းရဲ့..ဘာသာပြန်စာလို့ထင်ပါတယ်.။ စာအုပ်အမည်နဲ့.. ကိုးကားရေးတဲ့.. စာမျက်နှာပါ ရေးပေးထားပါလား.. နောင်တချိန်..အငြင်းမပွားကြရအောင်ပါ…။
    ==
    ဆိုတော့..
    ဒီကမ္ဘာမှာ.. ပထမဆုံး.. ဗုဒ္ဓနဲ့စစ်တပ်နဲ့..ဆက်စပ်ဖြစ်သွားတာ.. ရက်စက်ကြမ်းတမ်းတဲ့သာသနာရေးစစ်(Religious War)ဆိုတာမျိုးဖြစ်ခဲ့..ဖြစ်နေတာကို.. အဲဒီမူရင်းစာရင်းပြုစုသူစာရေးဆရာ မသိမမှီလိုက်ဖူးထင်ပါတယ်..။
    သိရင်.. အရေးအသား..အတွေးအခေါ်နည်းနည်းတော့ ပြောင်းသွားမလားပဲနော..။
    Democratic Karen Buddhist Army
    From Wikipedia, the free encyclopedia
    The Democratic Karen Buddhist Army (Burmese: တိုးတကျသော ဗုဒ်ဓဘာသာ ကရငျအမြိုးသား တပျဖှဲ့; abbreviated DKBA) is a breakaway group of Buddhist former soldiers and officers of the Karen National Liberation Army (KNLA), one of the larger insurgent armies in Burma. Since shortly after their breakaway in 1994, the DKBA have enjoyed a ceasefire with the Myanmar army.
    The Karen insurgency began with Burma’s independence from the British in 1948 and is the longest running in Myanmar today. Though the majority of Karens are Buddhist, the Karen political leadership and leadership of the Karen insurgency have always been overwhelming Christian, a legacy of American missionary influence over the 19th and early 20th centuries. The DKBA breakaway was rooted in the perceived discrimination by the Christian leadership against local Buddhist Karen communities and the Buddhist Karen rank-and-file of the Karen insurgency KNLA.
    The Burmese army was quick to exploit the breakaway and soon agreed to a ceasefire arrangement with the DKBA, who have since profited from various sanctioned business arrangements, at the expense of the KNLA who long dominated trade and revenue extraction in the area.

    9-30-11
    မောင်သန်းထွဋ် ဦး says:
    ဟုတ်ကဲ့ပါ သူကြီး ကျေးဇူးတင်ပါတယ်။ခုလိုဝင်ရောက်ထောက်ပြပေးတော့ ကျေးဇူးကြီးပါတယ်ဗျာ။

    9-30-11
    မှော်ဆရာ says:
    ဗုဒ္ဒ သာသနာနဲ့ သမိုင်းကြောင်းကို ခေတ်အမြင်နဲရှင်းလင်းသွားလို့ ဝမ်းသာပါတယ်
    ဘယ်သူ ရေးရေးပါ … ဒီလို တင်ပြပေးလို့ ကျေးဇူးတင်တယ်။
    “““တရားအချုပ်ကို ပြောရရင် ”သစ္စာလေးပါး”ဖြစ်တယ်။
    (၁)ဒုက္ခသစ္စာ၊(၂)သမုဒယသစ္စာ(၃)နိရောဓသစ္စာ(၄)မဂ္ဂသစ္စာ
    နိဗ္ဗာန်သို ့ရောက်စေနိုင်သော တရားလမ်းကောင်းဖြစ်သော မဂ္ဂင်ရှစ်ပါး
    (၁)သမ္မာဒိဠိ(၂)သမ္မာသင်္ကပ္ပ (၃)သမ္မာဝါစာ(၄)သမ္မာကမ္မ န္တ(၅)သမ္မာအာဇီဝ
    (၆)သမ္မာဝါယမ(၇)သမ္မာသတိ(၈)သမ္မာသမာဓိ
    ဗုဒ္ဓဝါဒ ရဲ ့ထင်ရှားမှတ်သားဖွယ်ဖြစ်တဲ့ အချက်နှစ်ချက်က လူမျိုးကန် ့သက်ချက်နဲ ့ဟိန္ဒူတွေလို ဇာတ်အကြီး၊အလတ်၊အညံ့ဆိုတာမျိုး မရှိပါ။
    “““
    အရေးကြီးတဲ့ အချက်တွေကို ထောက်ပြသွားတာပါ…
    9-30-11
    mgmglusoe says:
    ဝင်ပြောရမှာ ရှက်လိုက်တာ…
    ကိုရင်ဦး ရေဗျာ.. ဝင်မရေးတာမဟုတ်ပါ… မျက်စိ အပြူးသားနဲ့ သေချာနားလည်အောင်
    ဖတ်နေရလို့ပါ… အားကျတယ် လို့ပဲ ပြောပါရစေ။

  • kai

    March 6, 2012 at 12:28 am

    ဒီ SNL က.. တမန်တော်ဂျီးဆက်ခ်ခရိုက်လည်း.. အဲလိုလုပ်ဖူးတယ်လို့.. ရေးထားကြတယ်..
    တကယ်လို့.. တမန်တော်မိုဟာမက်ကို.. အဲလိုလုပ်ရင်တော့.. မချောင်ဘူးတဲ့..

    ဆိုတော့..
    http://twitter.com/#!/nbcsnl
    အဲဒီမှာ တဦးချင်းဆီကကန့်ကွက်ရင်.. နောက်ထပ်မလုပ်လောက်ပါဘူး..။

  • htoosan

    March 6, 2012 at 10:51 am

    တမန်တော်မိုဟာမက် ကို လုပ်လို့ကတော့ သူလည်း ဘင်္ဂလာဒက်ရှ် က စာရေးဆရာ (နံမည် မမှတ်မိတော့ပါ ) လို တသက်လုံးလွတ်အောင်ပြေးတော့ဘဲ ..

  • kaung kg16

    March 6, 2012 at 10:56 am

    ဒီမိုကရေစီတော့ ဒီမိုကရေစီပေါ့ ဒီလို ဗုဒ္ဓဘုရားရှင်ကို စော်ကားတဲ့အပြုအမှုကြောင့် တန်ပြန်ဒုခ္ခ ခံစားရလိမ့်မယ် …ကိုယ်ပြုတဲ့ကံ ကိုယ့်ထံပြန်လာပါလိမ့်မယ် ရွာသားတို့ရေ …..

Leave a Reply