လှတောကျေးရွာ ရှုခင်း

manawphyulayMarch 5, 20121min37816

လှတောက လူတွေ စကားတတ်တယ်ဆိုတာ အရင်တုန်းကတော့ စာအုပ်တွေဖတ်ဖူးလို့ သိရပါတယ်။ ခုတော့ သူတို့စကားပြောပုံတွေက ဥပမာလေးတွေနဲ့ ပြောပုံဆိုပုံအပြင် နဘေ ကာရန်နဲ့လည်း ပြောတတ်ကြတာ တွေ့ရတယ်။ နောက် နှိုင်းယှဉ်ပြီးလည်း ပြောတော့ ရယ်စရာမပြောလည်း ရယ်ဖို့ အတော်ကောင်းတယ်။ ပြောလိုက်ရင် ကွက်ကွက်ကွင်းကွင်းကို ဖြစ်ဖြစ်သွားတယ်။ သူတို့ပုံစံတွေကတော့ အတော့်ကို ရိုးသားကြတယ်။ ခင်မင်ဖွယ်လည်း ကောင်းတယ်။ မရောက်ဖူးတဲ့နေရာမှာ အထူးအဆန်းကိုဖြစ်နေတော့တာပါပဲ။

လှတောရွာ ထန်းတောအလှ

လှတောရွာပြင်ရဲ့ မြင်ကွင်းတစ်ခုပေါ့။
လှတောကျေးရွာ ဘုန်းကြီးကျောင်းအဝင်ပါ
လှတောရွာရဲ့ အုန်းပင်တန်း
လှတောကျေးရွာက ဘုရားစေတီတစ်ဆူဖြစ်ပါတယ်။

16 comments

  • snow white

    March 5, 2012 at 4:31 pm

    စေတီလေးကြည်ညိုစရာလေးနော် ရွာသေးတဲ့ရဲ့ညီညွတ်မှုကိုပြသနေသလိုဘဲနော်

  • snow white

    March 5, 2012 at 4:35 pm

    စေတီလေးကကြည်ညိုစရာလေးနော်ရွာသားတွေရဲ့ညီညွတ်မှုကိုပြသနေသလိုပါဘဲကျေးရွာနာမည်ကို ကလှတောကျေးရွာတဲ့ နာမည်လေးကလည်းပေးတက်ပါပေတယ် ဘုန်းကြီးကျောင်းကလည်းသန့်ရှင်းသပ်ရပ်နေတာဘဲနော်အပေါ်ဆုံးပေါ်လေးကိုကြိုက်တယ်

  • ရွှေဘိုသား

    March 5, 2012 at 6:17 pm

    ရွာအပြင် ထန်းတောအလှ
    လယ်တောက သစ်လွမ်းပင်သဘာဝ
    ရွာဦးကျောင်း မုခ်ဦးအလှ
    ရွာလယ်က အုန်းပင်လမ်းအလှ
    ရွာပြင်က လွမ်းစေတီအလှ
    ရွာကို ပိုလွမ်းလာပြီဗျာ

  • မနောရေ …
    ထန်းတောလေးကို မြင်လိုက်ရတော့ …
    ရွာကိုတောင် လွမ်းမိသွားတယ်ဗျာ … 😥
    အင်း … သင်္ကြန်ရောက်ဖို့ကလည်း သိပ်လိုတော့ပါဘူး …
    ပုံလေးတွေအတွက် ကျေးကျေးပါလို့ပဲ ပြောပါရစေဗျာ …

  • TTNU

    March 5, 2012 at 7:42 pm

    မနောရေ…
    လှတောသားနဲ့တော့ စကားနိုင်သွားမလုနဲ့နော်။
    ဧကန္တ တို့ မနောလေး… စကားရည်လုပွဲ ပြိုင်မလို့ထင်တယ်။ 🙂

    • manawphyulay

      March 6, 2012 at 10:13 am

      သူတို့တော့ နိုင်မယ်မထင်ဘူး တီချယ်ရယ်။ ကလေးကအစ စကားပြောတာ နားထောင်လို့တော်တော်ကောင်းတယ်။

  • zar ni

    March 5, 2012 at 8:02 pm

    လှဒယ်ကွာ…

  • နွေဦး

    March 5, 2012 at 10:05 pm

    ရွာလယ်လမ်းလေးနဲ့
    သူတို့တွေရဲ့ လူနေမှုဘဝလေးတွေ
    ပါတဲ့ပုံလေးတွေကြည့်ချင်ပါသေးတယ်။
    ရှိရင် တင်ပေးပါ။
    ကျေးဇူးတင်ပါတယ်။

    • manawphyulay

      March 6, 2012 at 9:48 am

      ဘုရား ရွှေသင်္ကန်းကပ်တာဆိုတော့လေ အလှူပုံတွေတော့ ရိုက်ခဲ့တယ်…

  • kaung kg16

    March 6, 2012 at 10:42 am

    ထန်းတောလေးရယ် စေတီပုံကို ကြိုက်တယ်….နောက်ပြီးတော့ ပရော်ဖက်ရှင်နယ် ဓာတ်ပုံသမားလို့ထင်ရလောက် အောင်ကို ဓာတ်ပုံတွေက လှတယ်ဗျ…….:P

  • etone

    March 6, 2012 at 1:55 pm

    အစ်မ မနော ပျောက်နေတာ … နယ်ဘက်သွားနေလို့ကိုး … ။
    လှတောသား နဲ့ ချီပါသား ဆိုတာက … အတော်စကားတတ်သလို … စကားပြောလိုက်လျှင် စကားပုံတွေ အကိုးကားတွေကလည်း … ထည့်ပြောတတ်သေးတယ်ဆိုပဲ … စကားပြောကျွမ်းကျင်တယ်လို့လည်း … သိရပါတယ် … ။ ဟုတ်မဟုတ်တော့ … မကြုံဖူးသေးလို့ …. လက်မခံသေးပါဘူး … ။ ကျေးရွာလေးသာ ဆိုတယ် … အမှိုက်သရိုက်တော့ ..သန့်တယ်နော် …. မြင်ရတာ .. စိတ်ချမ်းသာတယ် … တစ်ခါတစ်လေ ဟန်ဆောင်မှုတွေ၊ မွန်းကြပ်မှုတွေ မရှိတဲ့ … ကျေးရွာလိုမျိုးလေးမှာ သွားပြီး အပမ်းဖြေချင်စိတ်ဖြစ်မိတယ် … ။

  • wine pyae

    March 6, 2012 at 1:57 pm

    မသိမမြင်ဘူးတဲ့နေရာကို ကြည့်ရလို့ ကျေးဇူးအများကြီးတင်ပါတယ်……

  • Uncle Lay

    March 6, 2012 at 2:07 pm

    လှတောရွာအလှကိုမြင်ရပြီ….လှတောသားစကားကြွယ်ကြောင်းလည်း တင်ပါဦး..။

  • yaungchikha

    March 6, 2012 at 6:38 pm

    လှတောရွာလေးက သာယာတယ်နော်၊ လှတောသားတွေ ပြောတဲ့ စကားလေးတွေလည်း တင်ပေးပါဦးနော်..

  • snow white

    March 13, 2012 at 8:15 pm

    ဒီမှာဘယ်လိုတွေဖြစ်နေတာလည်း နီရဲနေတာဘဲနော် မကောင်းလည်းထားလိုက် ပေါ့ အနီရောင်လေးတွေနဲ့ ကြည့်ရတာစိုးလိုက်တာ အစိမ်းရောင်လေးဆိုရင်တော့လှနေမယ်နော် ပြန်ပြင်ပေးကျပါလား အနီရောင်ပေးမယ့်အစားအစိမ်းရောင်လေးပြန်ပေးကြည့်ပါလား

Leave a Reply