တယ်လီဖုန်းဈေးတွေချပေးမဲ့အကြောင်း ဆက်သွယ်ရေးမှတရားဝင်ထုတ်ပြန်

နွယ်ပင်March 5, 20121min21717

မှတ်ချက် ။ သစ်ထူးလွင်မှ ဖော်ပြသည် ။

17 comments

  • TITAN

    March 5, 2012 at 6:15 pm

    စားကြပါဗျာ စားကြပါ
    ပြည်သူတွေရဲ့ ချွေးနည်းစာကို ၊ ပါးပါးလှီးလို့ကိုမဝနိုင်ကြဘူး
    စူစကာလို စားပိုးနင့်သေနေအုံးမယ်နော်
    ဒီမောင်တို့ကတော့ (၅၀၀၀) ပဲစောင့်တော့မယ်

    • အရှုံးတွေနဲ့ ကျွန်တော်

      March 5, 2012 at 9:11 pm

      ဟုတ်ကဲ့ပါ သမ္မတကြီး မိုဘိုင်းဖုန်းဈေးတွေလဲ ချပေးသလို ဖုန်းခေါ်ဆိုခတွေလဲ ချပေးစေလိုပါတယ် နောက်ပြီး ည ၆နာရီနဲ့ ၈နာရီကြား ဂျီအက်စ်အမ်တွေနဲ့ ဖုန်းပြောရင် ဖုန်းကမကျသေးပဲ အသံမကြားရတော့ပဲ အမြဲဖြစ်ဖြစ်နေတတ်ပါတယ် နောက်ပြီး အဲဒီ GSM တွေနဲ့ အဲဒီအချိန်တွေခေါ်ရင် တယ်လီဖုန်းဆက်သွယ်မှုလိုင်းများ မအားသေးပါရှင် ဆိုပြီး အမြဲဖြစ်တယ် တန်ဖိုးနည်းဖုန်းတွေသာ ထပ်ချလိုက်လို့ကတော့ ဘယ်လိုတွေများ စခန်းသွားရမလဲ မသိတော့ဘူး အဲဒီကိစ္စလေးတွေလဲ ကြပ်မတ်ပေးပါဦးဗျာ

  • windtalker

    March 5, 2012 at 9:12 pm

    နောက်ဆုံးအကြိမ်ဘဲ ဖြစ်ပါစေ လို ့သာ ။
    ဆုတောင်းရင်း………

  • သော်ကြီး

    March 5, 2012 at 9:40 pm

    သေချာပြီ ဆိုရင်တော့ ပြေးဝယ်ပြီး မြတ်ရင်ပြန်ရောင်းလိုက်မယ်။ကြာကြာကိုင်ထားလို့ မဖြစ်ဖူးဗျ။ နောက် တစ်ခေါက်ဈေးပြန်ကျရင် ထပ်ရှုံးနေဦးမယ်။ သတိထားကြပါဗျို့။

  • windtalker

    March 5, 2012 at 9:55 pm

    ပြီးခဲ့တဲ့ လ ၂၉ ရက်နေ ့ကမှ ၊ လူက ကျန်းမာရေး သိပ်မလန်းလို ့၊ အင်တာနက်ကဖေး မသွားနိုင်လို ့ဆိုပြီး ၊ အင်တာနက်သုံးလို ့ရတဲ့ စီဒီအမ်အေ တစ်လုံး ဝယ်သုံးနေမိပါတယ် ။ အခုတော့ နေရင်းထိုင်ရင်း ၃သိန်းကျော် ပလုံရပြီ ဗျို ့။ သောက်ကျိုးတော့ နဲ ရပါဘီ လကွယ်ဟယ်ဟယ်…

  • twotwo70

    March 6, 2012 at 7:22 am

    အရင် ၁၅ သိန်တန်ကလေးတစ်လုံးမဲပေါက်တုန်းက ဘာကြေးညာကြေးနဲ့ ၁၆ သိန်းလောက်ကုန်သွားတယ်
    နောက်ငါးသိန်းတန်ထွက်လာတော့….၁၁ သိန်းရှုုံးတယ်..ဟောအခု..၂ သိန်းတန်ဖြစ်သွားတော့..၁၄သိန်းရှုုံးတယ်…အခုမှဝယ်မယ်ဆိုရင်တော့..ဖုန်း ရှစ်လုံးကြီးများတောင်ရမှာ..
    ဟင့်….

  • etone

    March 6, 2012 at 8:39 am

    တရစ်ချင်းတရစ်ချင်း …. ပါးပါးလှီးနေသလားမှတ်တယ် …. ။

    ဆယ်လူလာပေါ်တုန်းက … ဝယ်ရတာ… သုံးဆယ် ၊လေးဆယ် ….
    ဆယ့်ငါးသိန်းသွင်းဈေးတုန်းက ဝယ်ရတာ .. အစိတ် ၊ သုံးဆယ် …
    ငါးသိန်းတုန်းက … ခုနှစ်သိန်းကနေ … ငါးသိန်း သုံးသောင်းထိပေါက်ပြန်တယ် … ။
    ပေါ်လိုက်တဲ့ ဖုန်းတွေ .. သောက်သောက်လဲ …. လိုင်းကျတော့ …. စုတ်ပြတ်လို့ ….. ဘေးချင်းကပ်ထိုင်နေလျှက် ဆက်သွယ်မှု ဧရိယာပြင်ပဆိုတာလည်း ကြုံဖူးတယ် …. ။ 🙁

    အရေတွက်များများရှိတာထက် ၊ အရည်ချင်း ကောင်းအောင် အရင်ပံ့ပိုးပေးသင့်တာပါ … ။

    အခုလည်း အစိုးရဈေး 15သိန်းဝယ်ထားရတဲ့ ဖုန်းတွေက ….ပြန်အပ်တော့မယ်… ပိုက်ဆံပြန်ယူမယ် …ဘာညာကြားနေပြန်တယ် … ဘာတွေ ဆက်ဖြစ်မလဲ ..သိတော့ သိချင်သား … ။ 🙄

  • ရွာစားကျော်

    March 6, 2012 at 8:44 am

    ဟုတ်ကဲ့
    သတိထားမိတာလေးထောက်ပြပါရစေ
    အမိန့်တို့ ကြော်ငြာစာတို့မှာ အပေါ်မှာ ရုံးတံဆိပ်ပါရသလို
    အောက်ကလည်း ထုတ်ပြန်တဲ့ဌာနအမည်လည်း ပါရတယ်နော်
    ကြည့်ရတာ စာကြမ်းအဆင့်ပဲရှိသေးတယ်ထင်တယ် 🙄
    အပျော်မစောကြသေးနဲ့ဦး

  • Shwe Tike Soe

    March 6, 2012 at 9:29 am

    အဟင့် သူတို.ပြောတော့ တစ်သိန်းရှစ်သောင်းဆို… လူဇိုးတွေ…
    ပိုက်ဆံနှစ်သိန်းရှိတာ တစ်သိန်းရှစ်သောင်းနဲ. ဆိုလို. နှစ်သောင်းကို ကေတီဗွီမှာ ဒါနပြုလိုက်ပြီး အဟီးဟီး..
    အခုတော့ နှစ်သောင်း ထပ်လိုပြီး ပြီးတော့ ဟန်းဆက်ဖိုးလေးပါ…ထပ်ပေါင်းတော့… အင်းးးးးးးးးးးးးးး
    ဝယ်ဖြစ်တော့မယ် မထင်ပါဘူး…
    မနွယ်ပင် တားတားကို တနားဘူးလားဟင်…. တနားရင် နှစ်သောင်းစိုက်ပေးနော်…….. ဟီးဟီး 😛

    • နွယ်ပင်

      March 6, 2012 at 9:47 am

      ထူးမှာလုပ်နေတဲ့ ညီမလေးတစ်ယောက်ကတော့ သူတို့ဆီမှာ အခုထိ 180000 ပဲပြောတယ်တဲ့
      လိုချင်ရင်တောင် နာမယ်ပေးထား ဖုန်းနံပါတ်လှတာလေးရွေးပေးမယ်ပြောနေတယ်
      အခုချိန်ထိတော့ အတိအကျက ဘယ်ဟာမှန်းကို မသိတော့ပါဘူး ..
      ဒါနဲ့ ရွှေတိုက်စိုးတစ်ယောက် နှစ်သောင်းကို ကေတီဗွီမှာ ဒါနပြုလိုက်တာ အုပ်ထိန်းသူမသိသေးဘူး
      ထင်တယ် နွယ်ပင်အကြောင်းကြားပေးမယ်လေ ပြီးမှ ပြောထားတဲ့ အကူအညီပေးမယ် ရမလား 😀

  • Khaing Khaing

    March 6, 2012 at 12:57 pm

    မမအိတုန်ရေးတာကို အပြည့်အဝထောက်ခံပါတယ် 15 သိန်းဖုန်းတွေပိုက်ဆံပြန်ပေးမယ်ဆိုတာလည်း သိချင်ပါတယ်…. လုပ်ကြပါ လုပ်ကြပါ ရှင်တို့ခေတ်ပဲလေ……. တူဖြစ်တုန်းတော့ထုကြပေ့ါဟယ်…ပေဖြစ် တုန်းခံဦးဟဲ့…တိန်….တိန်…..

  • Rose Minn

    March 6, 2012 at 1:18 pm

    အော် 15သိန်းတန် ကို 35 သိန်းနဲ့ဝယ်မိတဲ့သူခင်မျာ သူငယ်ချင်းက ရင်ထုမနာဖြစ်တယ်တဲ့နော်။ သူငယ်ချင်းတစ်ယောက်က ရင်ကွဲပက်လက်နဲ့ကိုပြောတာ။ အခုနေမှဝယ်ရင် ငါ 10 လုံးလောက်ဝယ်ဖြစ်မှာတဲ့။ ကဲ 5000 တန် ထွက်လာရင် အလုံး 30 လောက်ဝယ်ဦးမယ်လို့များ ပြောဦးမလားသူငယ်ချင်းရယ်……..။ ဘယ်နှယ့်ရှိစ ဘယ်နှယ့်ရှိစ။

  • နွေဦး

    March 6, 2012 at 2:20 pm

    လက်ထဲရောက်မှ သေချာမှာ
    တရွှေ့ရွှေ့ နဲ့ ရွှေ့လာတာ
    တနှစ်ပြည့်ပြီထင်တယ်
    အခုကော သေချာပီလား
    မထင်..မထင်..မထင်…..(ဂီတသံစဉ်လေးနဲ့ခံစားကြည့်ပါ)

    • Uncle Lay

      March 6, 2012 at 2:30 pm

      ဒီနေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ ပါပါတယ်…။

      • နွေဦး

        March 6, 2012 at 9:33 pm

        ဒီည သတင်းကိုကော နားထောင်ကြည့်ပီးဘီလား…ဒန်…ဒန်……
        ပြောပါကောလား..လက်ထဲရောက်မှ သေချာပါ…လို့
        ဒင်းတို့ လုပ်စားလာတာ ကြာပီကော……

  • three colors

    March 6, 2012 at 3:22 pm

    ဝယ်ပြီးမြတ်ရင် ပြန်ရောင်းမယ် စိတ်မကူးနဲ့၊လျှောက်တဲ့သူတိုင်းပေးမှာ ဘယ်လိုမြတ်မလဲ၊
    နောက် ၅၀၀ဝဖုန်းလာမှ အလုံး ၄ဝ ဝယ်လို့ရတယ် ထပ်နောင်တ ရနေဦးမယ်၊
    အရှေ့တောင်အာရှပွဲက လာတော့မှာ၊အရှေ့တောင်အာရှ sim card ဈေးနှူန်းမှာ ၂သိန်း(ဒေါ်လာ ၂၄ဝခန့်)ဆိုတာ ရှိမှမရှိပဲ။

Leave a Reply