လက်ကိုင်ဖုန်းတွေ၂၀၁၂ခုနှစ် မတ်လ ၁၄ ရက်နေ့ ကစပြီး ဒီဈေးတွေနဲ့ရောင်းမယ်။

Uncle LayMarch 5, 20121min10910

မိုဘိုင်းဖုန်းအမျိုးအစား / ကနဦးတပ်ဆင်ခ
– GSM ကျပ်နှစ်သိန်း
– CDMA-450 MHZ ကျပ်နှစ်သိန်း
– WCDMA ကျုပ်နှစ်သိန်းငါးသောင်း
– CDMA 800 MHZ ကျပ်နှစ်သိန်းငါးသောင်း

facebook မှ…

 

 

 

10 comments

  • Uncle Lay

    March 5, 2012 at 5:48 pm

    ဘာပဲဖြစ်ဖြစ် ၅၀၀ဝ တန် ဆင်းကဒ်အိပ်မက် ဆက်မက်နေပါဦးမည်..။

  • windtalker

    March 5, 2012 at 7:54 pm

    တဖြေးဖြေးချင်းနဲ ့ရသလောက် များ ညှစ်နေတာလား လို ့။

  • သော်ကြီး

    March 5, 2012 at 9:43 pm

    အခုဝယ်ပြီး မြတ်ရင်ပြန်ရောင်း။ ၅၀၀ဝ တန်ထုတ်ရင် ပြန်ဝယ်။ အကြံကောင်းကို ပြောတာ။

  • ရှမ်းပြည်သား (တောင်ပိုင်း)

    March 5, 2012 at 10:03 pm

    ယူကြမလား ၃၀၀ဝတန်ဖုန်း ရှမ်းပြည်သားတို့ အုန်းမုတ်ခွက်ကိုကြိုးနဲ့ဆက်ပြီးရောင်းမလို့
    ကိုက်တစ်ရာအတွင်းကောင်းကောင်းလိုင်းမိစေရမယ်။
    မြန်သလားမမေးနဲ့ကွန်နက်ရှင် ရွာဟိုဘက်ထိပ်က လော်စပီကာရယ် ဒီဘက်ထိပ်ကလော်စပီကာရယ်
    ကျယ်ကျယ်အော်လေ မြန်မြန်ကြားရလေပဲ။
    ငါးထောင်တန်အိပ်မက်မက်မနေကြပါတော့နဲ့ရွာသားအပေါင်းတို့ရယ် ။ ကျွန်တော်တို့နိဗ္ဗာန်ရောက်မှ
    အကောင်အထည်ပေါ်မယ့်စီမံကိန်းကြီး။
    ဪ…..ဟုတ်ကဲ့ နှစ်သိန်းတန်ဖုန်းတွေလား ။ အလကားပေးမှပဲယူတော့မယ်……….
    ဗျာ…….တိုင်တွေထောင်နေရလို့…..ဪအရင်းမရှိပဲအလုပ်တွေလုပ်နေရတာလား…..ဪ
    ဖုန်းရောင်းရင်အမြတ်ပါယူကြဦးမယ်ပေါ့………….သာဓုဗျာ…..သာဓု
    ဆင်းရဲနွမ်းပါးမှုလျော့ချရင်း ပြည်သူတိုင်းဖုန်းကိုင်နိုင်ရမယ်လား………
    ရှေ့ကသိန်းသုံးဆယ်၊ဆယ့်ခုနှစ်သိန်း၊ငါးသိန်းတန်တဲ့ဖုန်းတွေကိုဘာလုပ်ပစ်ကြမှာတဲ့တုန်း………
    ဗျာ……ဪဟုတ်ကဲ့လှူလိုက်တယ်လို့ပဲမှတ်လိုက်ပါလား……….ရပါတယ်။
    အရင်းရှင်ကြီးတို့ရဲ့ နာရေးကြရင်အသုံးလိုကြတာပဲ ရက်ရက်ရောရောကိုလှူဒါန်းပါတယ်။

  • three colors

    March 6, 2012 at 12:27 am

    လျှောက်တိုင်းရမဲ့ဇုန်း-ဘယ်လိုအမြတ်ရရင် ရောင်းတုံး၊ ဒလံ comment လားမသိ၊ ၅၀၀ဝ တန်ထွက်မှ အဆ၄ဝ ပိုပေးမိလို့ ငိုနေရမယ်၊အရှေ့တောင်အာရှ နိုင်ငံအားလုံး ၃ဒေါ်လာ၊၄ဒေါ်လာနဲ့ရနေပြီ၊ ၅၀၀ဝ တောင်များသေးတာ၊သူတို့နဲ့ ၂၀၁၄ မှာဆက်ဆံရတော့မှာမို့ ဒီမှာလဲ မကြာမှီ ဇြစ်ရတော့မှာပါ၊နိုင်ငံခြားသားတွေတောင်တွက်ကြည့်ပြီးပြောနေကြပြီ။ဇုန်း မထိဘူးသူတွေတော့ ဝယ်ချင်ဝယ်ကြပေါ့၊

  • intro

    March 6, 2012 at 9:48 am

    စိတ်ပျက်စရာ ကောင်းလိုက်တာ…. ဒီတစ်နှစ်လုံး အမျိုးမျိုးလုပ်နေတယ်….

  • နွေဦး

    March 6, 2012 at 9:55 pm

    စိုးပိုင်သီချင်းလား…မျှော်သူမောပီ..ဆိုလား…
    ရောင်းပေးပါမယ်
    ဒါပေမဲ့ ဆက်လို့ ရဘို့တော့ တလနှစ်လ စောင့် ပေါ့ ကိုကိုရယ်….တဲ့။

Leave a Reply