ရှူခင်းလေးများပုံ(4) ထိုင်ပေမြို့လယ်နှင့်၁၀၁ထပ်အဆောက်အဦးမြင်ကွင်း

koaungMarch 5, 20123min13610

ထိုင်ဝမ်နိုင်ငံ ထိုင်ပေမြို့မှာရှိတဲ့ ၁၀၁ထပ်အမြင့်အဆောက်အဦးကြီးဖြစ်ပါတယ် ကဗာ့အမြင့်ဆုံးအဆောက်အဦးထဲကတခုပါ တိုးရစ်များအဓိကထားလာလည်သောနေရာဖြစ်ပါတယ်
သည်းခံအားပေးကြပါ  အစဉ်လေးစားလျှက်

 

 

မနက်၁ဝနာရီခန့်အဝေးမှမြင်ရတာဖြစ်ပါတယ် တိုးရစ်များအဓိကထားလာလည်သောနေရာဖြစ်ပါတယ်
ထိုင်ပေမြို့လယ်မြင်ကွင်းတခု

 

အဆောက်အဦးအောက်ခြေပိုင်းပါ

 

အဆောက်အဦးအပေါ်ပိုင်းမြင်ရပုံဖြစ်ပါတယ်

 

အဆောက်အဦးဘေးကအဆောက်အဦး

 

မြင်မိတဲ့အလှဆင်ရေဆင်းလေး

 

ညရှူခင်းထိုင်ပေ(1)

 

ညရှူခင်းထိုင်ပေ(2)

 

ညရှူခင်းထိုင်ပေ(3)

 

လမ်းဘေးကပန်းလေးတွေ

အဲဒီနေရာတဝိုက်လုံးကရှောပင်စန်တာတွေပါ တနင်းလာနေ့ဆိုလူနဲတတ်တယ် စနေတနင်းဂနွေဆိုလူများတတ်ပါတယ် အလုဎ်နဲ့အဲဒီဖက်ရောက်တုံးရွာသူရွာသားများအားအ
လည်ခေါ်သွားခြင်းဖြစ်ပါကြောင်း

 

 

ညမြင်ကွင်းပါ ကိုပေကြည့်ဖို့ 😀

10 comments

  • windtalker

    March 5, 2012 at 7:45 pm

    101ထပ် အဆောက်အဦးကြီးက ဘာပုံစံ ဆောက်ထားတာလဲ တဲ့ဗျ ။ ညရောက်ရင် အပေါ်ပိုင်းက မြူဖုံးသွားတော့ ၊ အပေါ်မှာနေတဲ့သူတွေ မကြောက်ကြဘူးတဲ့လား ။

  • kyawmonkhant

    March 5, 2012 at 8:14 pm

    ၂၀၀၉ ခုနှစ်က ကျနော်ရောက်ခဲ့တယ်၊ ဓာတ်လှေကားကတော်တော်မြန်တာဗျို့ အထပ်ကိုးဆယ်ထိတက်တာ ၄၅ စက္ကန့်ဘဲကြာတယ်ဗျ။ ဓာတ်လှေကားအတွင်းထဲမှာ အချိန်ပြတဲ့ဟာလေး ပါတယ်။ ကိုးဆယ်ထိဘဲ တက်ခွင့်ပြုပါတယ်။ ရာသီဥတုမကောင်းရင်တော့ အပြင်ဘက်ထွက်ကြည့်ခွင့် မပြုဘူးလို့သိရတယ်။ အထပ်ထပ်တွေပေါ်က အဖျားစတင်ရှူးသွားတဲ့နေရာကနေထိပ်အထိ ၁၁-ထပ်ရှိတယ်လို့သိရပါတယ်။ အလွမ်းပြေကြည့်ရလို့ ကျေးဇူးပါနော။

  • kai

    March 6, 2012 at 1:39 am

    စင်္ကာပူနဲ့..ထိုင်ပေ နှိုင်းကြည့်တာပါ..။ တိုင်းပြည်အနေနဲ့ထိုင်ဝမ်ကအများကြီးချမ်းသာပေမဲ့.. တဦးချင်းကတော့ စင်္ကာပူက ပိုတယ်..
    အမြင်နဲ့ဆိုရင်ကော.. ဘယ်မြို့က.. ပိုလှသလည်းမသိ..

    Taiwan
    GDP
    PPP: $810.5 billion
    PPP rank: 19th (2010)
    GDP per capita
    PPP: $34,740 (2010)
    Taipei
    Population (December 2010)
    • Metro 6,900,273
    • Density 9,600/km2 (25,000/sq mi)
    ==============
    Singapore
    GDP (PPP) 2011 estimate
    – Total $291.9 billion[6] (41st)
    – Per capita $59,936[7] (3rd)
    Population
    – 2011 census 5,183,700 (of whom 3,257,000 are Singapore citizens)[4]
    – Density 7,315[5]/km2 (3rd)
    18,943/sq mi

    • koaung

      March 6, 2012 at 3:24 am

      သူကြီးခင်ဗျား
      ကွန်မန့်ပေးတာ အနော်အီးမေးပေါ်နေလို့ဖျက်လိုက်ရပါတယ် ကျေးဇူးပြုပြီးကြည့်ပေးပါခင်ည ထိုင်ဝမ်မှာတကယ်ချမ်းသာသူများဟာ ထိုင်ဝမ်မှာမနေကြပါဘူးခင်ဗျ သူဒို့ဟာရွေးကောက်ပွဲရှိမှပြန်လာပြီး မဲပေးတတ်တာတွေ့ရပါတယ်
      ကျနော်သိသမျှပြောရရင် တချို့ဒီနိုင်ငံသားတွေဟာများသောအားဖြင့် အသုံးအစွဲကျစ်လစ်တာတွေတွေ့ရတယ်(ဂျပန်ထက်စာရင်ပေါ့) ကလေးတွေဆိုတတ်နိုင်ရင်နိုင်ငံခြားမှာစာသွားဖတ်ကြတယ် လူကောင်းတွေတွေ့ရသလို လူလိမ်
      လူဆိုးတွေလဲတွေ့ရတယ် တခုကောင်းတာက အစစကိုယ်မသုံးရင် စားစရိတ်ကသိပ်မကြီးပါ (ကလေးကျောင်းစာရိတ်မဟုတ်) ကျောင်းစာရိတ်ကအကြီးဆုံး စကားမစပ်လဘ်စားတဲ့ထိုင်ဝမ်သမတ ဟာထောင်ထဲမှာအူနဲ့ပတ်သက်တဲ့
      ဝေဒနာ(ကင်ဆာလားမသိ)ခံစားနေရတယ်လို့ကြားရပါတယ် စင်ကာပူဒေါ့မရောက်ဘူးသေးပါ မြန်မာများလို့သွားဒေါ့လည်ချင်ပါ၏ (အစားအသောက်စိတ်ဝင်စားတယ်ဗျာ) သန့်ရှင်းတာနဲ့စည်းကမ်းတွေစင်ကာပူကပိုမယ်လို့ ထင်
      မိပါတယ်(တော်တော်လဲသေးလို့ထင်ပါတယ်) သူကြီးရေဖြည့်စွက် ပြောပြမှူအားလေးစားတန်ဘိုးထားပါကြောင်း
      မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ windtalker kyawmonkhant
      သည်းခံအားပေးတဲ့အတွက်ကျေးဇူးပါ

  • Khin Latt

    March 6, 2012 at 4:16 am

    ကိုအောင်ရေ
    အဲဒီ ၁၀၁ထပ် တာဝါကြီး က တိုးရစ်အတွက်ကြည့်ဖို့ သက်သက်လား။
    လူနေ၊ ရုံးခန်း တွေရော ရှိမှာပေါ့နော်။

    အပေါ်က မှတ်ချက်အရ အထပ် ၉ဝကို တစ်မိနစ် တောင်မကြာတာ အံ့ရော။
    မြန်ချက်က။ စဉ်းစားကြည့်ပြီး ခေါင်းတောင် မူး သလိုဖြစ်သွားတယ်။
    ဒီဇိုင်း က လဲလှတယ်။

    စကာင်္ပူ၊ မလေးရှား၊ ဟောင်ကောင်၊ ထိုင်ဝမ် အလည် သွားသင့်ပေမဲ့ တစ်ခေါက်မှ မရောက်ဘူး။
    လေယာဉ် Transit ကလွဲလို့။
    ပုံလေးတွေ အတွက်ကျေးဇူးပါနော်။

  • Ma Ei

    March 6, 2012 at 9:26 am

    ရွာသူရွာသားများအားအလည်ခေါ်သွားတဲ့အတွက်ကျေးဇူးတင်ပါတယ်…
    ညရှူခင်းထိုင်ပေ(2) …လမ်းဘေးကပန်းလေးတွေ…
    101 ထပ် တာဝါကြီး လှတယ်နော်…
    ရန်ကုန်မှာတော့ TRADERS 24 ထပ် ကိုမနဲမော့ကြည့်နေရတယ်..

  • etone

    March 6, 2012 at 9:33 am

    ကိုအောင်ရေ … ထိုင်ပေက ဗိသုကာရှင်တွေ … ထောင့်စက်စက်ထက် .. နည်းနည်း အစောင်းပုံလေးတွေ ပိုကြိုက်ကြတယ်ထင်တယ် …. ညရှုခင်းထိုင်ပေ ၂ကို အကြိုက်ဆုံးပဲ .. ဝရံတာက လှမ်းကြည့်လျှင် … တိမ်တွေတောင် မြင်နေရတယ် …. ပုံတစ်ပုံထဲမှာ ထီးတွေ ဆောင်းလာတာတွေ့ရတယ် … မိုးရွာနေတာလားဟင် …. ။ ရွံ့တွေ ၊ သဲတွေ သဲတွေ မတွေ့ရတော့ .. မိုးရွာလည်း ပတ်ဝန်းကျင် မညစ်ပတ်ဘူး… ။ ပုံတွေကြည့်ပြီး .. တွေးမိတာက .. ရေမြောင်းပျောက်နေတာပဲ … ။ မိုးအရမ်းရွာလျှင် .. အဲ့ဒီရေတွေ ဘယ်ကိုစီးကုန်တာလဲ … ဒါမှ မဟုတ် …ရာသီဥတုကပဲ အေးမြခြောက်သွေ့တဲ့ အစားထဲကလား … ။ 🙂

  • Khaing Khaing

    March 6, 2012 at 2:48 pm

    ရေပန်းလေးနားမှာ ပဲထိုင်ချင်တယ်…. အဲဒါကိုအကြိုက်ဆုံးပဲ….

  • koaung

    March 6, 2012 at 7:49 pm

    Khin Latt အမလတ်ခင်ဗျား အားပေးတာကျေးဇူးပါဗျာ ၁ထပ်ကစလို့၁ဝထပ်အထိ လူသုံးကုန်(ဈေးအိမ်မတန်ကြီးသော) အဝတ်အစားများရောင်းပါတယ် ကျန်တဲ့အထပ်တွေကရုံးခန်းတွေပါ ကျနော်အပေါ်ထိအောင် ဓတ်လှေခါးမစီးဘူးပါ အောက်ထပ်ကိုမကြာ
    ခနရောက်တတ်ပါတယ် ဒီပုံတွေရဖို့တနာရီကျော်လမ်းလျှောက် ရပါတယ် မနက် နေ့လယ် ည အချိန်ခွဲပြီးရိုက်ထားတာပါ
    ဒီမှာမိုးအဆက်မပြတ်ရွာနေတာ ၂လနီးပါးရှိပါပြီ အဲဒီနေ့ကမှ နေထွက်လို့ ဒါတောင် ညနေဖက်မိုးဖွားလေးတွေကျပါသေးတယ်
    ဒီအဆောက်အဦးမှာ ဂက်စ လုံးဝသုံးခွင့်မရှိပါ(မီးအန်တရယ်အတွက်ပါ)

    Ma Ei Khaing Khaing သည်းခံအားပေးတဲ့အတွက်ကျေးဇူးပါ

    etone ဟုတ်ပါတယ်သူတို့ကရေမြောင်းကို အောက်မှာလိုင်းအကြီးကြီးတူးပြီးအုပ်ထားလို့မမြင်ရတာပါ ဒီမှာရေမြောင်းတိုင်းကိုလမ်းအ
    လိုက် တနှစ်ကို၂ခါ ရေဆင်းကောင်းအောင်ဂရုစိုက်ပြီး ရှင်းလင်းလေ့ရှိပါတယ် တိုင်ဖုန်း (မုန်တိုင်း)အမြဲ ရှိတတ်တဲ့ဒေသတွေမို့ မြို့နယ်
    တိုင်းမှာ ရေလွှဲပေါက်တွေနဲ့ ရေထုက်စက်တွေ အကန့်လိုက်အကန့်လိုက် ထားပါတယ် ဒီလိုဂရူစိုက်လို့လဲ မြို့ထဲမှာရေကြီးတယ်
    ဆိုတာရှိပေမဲ့ရှားပါတယ် ကြီးလဲခနပဲ ဒီနိုင်ငံကကျွန်းနိုင်ငံမို့ အဆောက်အဦးတိုင်းကိုငလျှင်ဒဏ်ခံနိုင်အောင် ပထမစဉ်းစားပြီးမှ
    ဆောက်လေ့ရှိကြတယ် ဒီအဆောက်အဦးရဲ့ ၉ဝထပ်ခန့်မှာ သံလုံးကြီးကို အလယ်မှာ စတီးကျိုးတွေနဲ့ဆိုင်းထားတယ် အကယ်၍င
    လျှင်လှုက်ရင် ငလျှင်ပြင်းအားကိုရော့စေအောင်ပါ (တီဗီထဲမှာမြင်ရတာပြောပါတယ်) အဲဒီဓတ်ပုံရိုက်တဲ့အချိန်မိုးဖွဲဖွဲလေးကျနေလို့ပါ
    အားလုံးသောရွာသူရွာသားများအား ကျေးဇူးတင်လျှက် မောင်အောင်

Leave a Reply