အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့…

kaiMarch 6, 20123min97755
https://myanmargazette.net/105553/
ကိုပေါက်၏ပို့စ်မှ.. ထုတ်နှုတ်ယူလာခြင်းဖြစ်ပါသည်။ ကန်ပိန်းထောက်ပံ့ငွေတွင်ပါဝင်လိုသူများ ဆက်သွယ်ကြ/ရေးကြစေလိုပါကြောင်း…
kai says:

ဒေါ်စုက.. အခုမှလူထုကြားထဲပြန်ဆင်းရတော့… ဒီလိုဖြစ်နေတယ်ပေါ့..။
ပါတီရံပုံငွေရအောင်.. သူဌေးတွေကို.. ထမင်းတူတူစားဖို့ဖိတ်ပြီး.. တဝိုင်း.. ကျပ်ဘယ်လောက်ဆိုသတ်မှတ်..ခုံရောင်းသင့်တယ်..။

ယူအက်စ်မှာ.. တလောကတင်.. သမ္မတအိုဘားမားတော့.. ဟောလိဝုဒ်လာပြီး အဲလိုလုပ်သွားတာ.. ဒေါ်လာသန်းချီရသွားတယ်..။
မဲဆွယ်တာမှာ.. လူထုအင်အားထက်.. ငွေအင်အားတောင့်အောင်.. လုပ်သင့်တယ်ထင်မိပါတယ်..။

ပါတီအတွက်.. ကန်င်ပိန်းလုပ်နေသူတွေသတိထားမိအောင်ပါ…။
=
President Obama Attends Latest Hollywood Fundraisers: George Clooney, Jack Black
By NIKKI FINKE | Wednesday February 15, 2012 @ 8:00pm PST

Here’s the White House press corp pool reports just in about President Obama’s two fundraisers tonight at the same Holmby Hills estate of soap opera producer Bradley Bell and his wife. The first was an outdoor fundraising reception and Foo Fighters musical performance for 1,000 people with limited Gen44 tickets costing $250, and general admission tickets $500. Later was a fundraising dinner for just 80 people with tickets costing $35,800. Proceeds from both events will go to Obama Victory Fund, a joint fundraising committee authorized by Obama for America and the Democratic National Committee:
http://www.deadline.com/2012/02/president-obama-attends-hollywood-fundraiser/

  • inz@ghi says:

    သဂျီးကို ထောက်ခံသွားပါတယ် ….
    အသေးစိတ် သပ်သပ်ရေးပါဦးမယ်ဗျာ ….

    စိတ်ဓါတ်ကိုကြိုက်တယ် …
    လုပ်နည်းလေးတွေ သည်လို သည်လိုလေးတွေ ..
    မော်ဒီဖိုင်းကြရအောင် နော …ဆိုတဲ့ ပွိုင့်နော့်ဗ်ဗျူး ကရေးချင်တယ်ဗျာ ….
    ချစ်တတ် အားပေးတတ်ဖို့ လိုတဲ့အကြောင်းလေးပါဗျာ ….

    ခင်တဲ့
    ဂီ…

    Swal Taw Ywet says:

    Dear Ko Gi,
    OK.
    We are waiting for your ideas.
    Really thanks for your helping on our poor people.

    With respect,
    Swal Taw Ywet.

  •  Foreign Resident says:

    ကဲ သူကြီးရေ ၊ သိပ်တော့ များများ မပြောတတ်ဘူး ။
    အမေစု နှင့် အမေစု ရဲ့ NLD အတွက်
    မန္တလေး ဂေဇက် အဖွဲ့ အနေ နှင့်
    ဟိုတစ်ခါလိုပဲ ၊ အုပ်စုဖွဲ့ပြီး သွားလှူကြမယ် ဆိုရင် ၊
    အဘဖော ဆီက အလှူငွေ သုံးသိန်း လို့သာ မှတ်လိုက်ပေတော့ ။
    အဘ စောင့်နေမယ်နော် ။

    Swal Taw Ywet says:

    Wow…..Good idea.
    Bravo Uncle FR.
    I also agreed.
    Please start by someone of MG villagers.
    We are ready to support.
    Please forgive me because I am far away from my mother land.
    I will take my responsibilities to be an MG Villager.
    Go ahead MG.
    If we do unitedly, this is not a case that difficult to success.
    Let’s try our best for our mother land.
    With respect,
    Swal Taw Ywet.

    inz@ghi says:

    ကျုပ်လည်း အစိမ်း ၁၀ဝ လှူမယ်ဗျာ …
    ဂယ် ..ဂယ် …
    စာရင်း တို့ထားလိုက်…
    :D

    ကြက်သီးထစရာဂျီးဗျာ …
    အံ့ဘနန်း မန်းလေး ပိတ်သတ်….

    ဇဂါးမစပ် ….နည်းနည်းပြောဦးမှ ….
    (ပိုစ့်သတ်သတ်ရေးမလို့ ..အားနာလို့ …ဟီး …)
    လေဒီကို ချစ်လား …ချစ်တာပေါ့ဗျ…
    လေးစားလား ..လေးစားတာပေါ့ဗျ…
    ယုံကြည်လား ..ယုံကြည်တာပေါ့ဗျ…

    ကောင်းပြီ …ဒါဆို လေဒီကို ဘာလို့နေလှန်း သလဲ …
    ၉နာရီ ဟောမယ် စီစဉ်တာ ၁၂ကျော် သွားတယ်ဆို…
    လေယာဉ်ပေါ်မှာ ၅ခါလောက် အန်တယ်ဆို ….
    ညက ဒရစ်ချိတ်ရတယ် ဆို …
    (ခုတော့ ပြန်နေကောင်းသွားပါပြီတဲ့)

    ခုတလော ၂ခု ပြောစရာတွေ့တယ်..(လေးပေါက်ကိုမဟုတ်ပါ …ပိတ်သတ်ကြီးကိုပါ…)
    ပထမတခုက အထက်မှာပြောထားသလို….
    ဆေးဆိုးပန်းရိုက်တွေတော့ မီလျံဘစ်ဇနက်စ် ဖြစ်ကုန်ပြီ …
    ဒီလူ ဒီဘရန်း ဒီတံဆိပ် ရောင်းလိုက်ရတဲ့ စတစ်ကာ-ခေါင်းစည်း-ဦးထုပ်-ရင်ထိုး..
    ၁ကျပ်မှ ဒီချုပ်ဆီမရောက်ဘူး …။ ခွီးတဲ့မှပဲ…. သိန်းသန်းချီတဲ့ ပစ္စည်းလေးဒွေ….။
    အမှတ်တရ ဆော်ဗီးနီးယား လုပ်စားစရာများ အောက်မေ့နေသလား ကိုယ့်ဆြာတို့ ….။
    (ဘယ်ဆေးဆိုးပန်းရိုက် လုပ်ငန်းက စီးပွားတက်လို့ ကျေးကျေးပါဆိုပြီး ဒီချုပ်ကို ဘယ်လောက်သွားလှူသလဲ
    သိချင်သား ….အဟတ်အဟတ်…)

    နောက်တခု ..
    ငါတို့ …. မြို့ … ငါတို့ …မြို့ …
    ခွီးတဲ့မှပဲ …ညည်းတို့က လေဒီကို ဗဟိုပြုပြီး မြို့ပေါင်းစုံ ဗိုလ်လုပွဲ ကျင်းပတယ်များအောက်မေ့နေသလား…။
    ပုဂ္ဂိုလ်ခင်မှ တရားမင်တာတော့ မသိဘူး ..
    ကျုပ်သိတာတော့ ..မြင်ဖူးရုံ ..လက်ဆွဲချင်ယုံ …
    လမ်းပေါ်ထွက်တဲ့ ပုဂ္ဂိုလ် သတ္တဝါအပေါင်းကိုတော့ ရေလည်ချဉ်တယ် …….။
    ဘဝဒွေ အသက်တွေ မျှော်လင့်ချက်တွေ အကုန်ရင်းထားတဲ့ ကိစ္စ ….မမြင်ဖူးလို့ ထွက်ကြည့်ရအောင်
    မျောက်ပွဲမဟုတ်ဘူး …

    သူ့ဓမ္မကိုနာမှာလား ..သူ့ရူပါကို ရှုစားမှာလား ….
    ကြည့်လုပ် ကြပါ ပိတ်သတ်ကြီး …….
    လေဒီကိုမြင်ဖို့ လမ်းပေါ်တက်သူတွေရဲ့ ၁၀%ပဲ
    လေဒီ့ ဓမ္မကို နှလုံးသွင်းနိုင်ရင် အတော်လေး ကောင်းလာဖို့ရှိရဲ့…
    အဝဲယားနက်စ် …အဝဲယားနက်စ်
    လေဒီ ကို ခုတုံးပြု လုပ်စားတဲ့ ညည်းတို့
    လေဒီကို နေလှမ်းတဲ့ ညည်းတို့ကိုတော့ …ချဉ်ပါဒယ်အေ ….

    တော်သေးဘီ
    ခင်တဲ့
    ဂီ

    amatmin says:

    ကိုဂီပြောတဲ့ …အဲဒီ အဝဲယားနက်စ် ကြီးက ရိုးရှင်းလွန်း..လိုအပ်လွန်းနေလို့ ..
    ထောက်ခံနေတတ်ကြသူ တိုင်း မြင်နိုင်ကြပါစေလို့..ပဲ
    ဘဝတွေ များစွာရင်းပြီးမှ ရလာတဲ့ အနေအထားတရပ်ကို. မဆုံးရှုံးစေဖို့အတွက်ကတော့..
    လမ်းပေါ်ထွက် မတ်တတ်ရပ်ပြီး လက်ခုပ်တီးပြနေရုံနဲ့တော့…မလုံလောက်ဘူးဆိုတာမြင်ကြပြီး..
    ပါကောင်းပါနိုင်မဲ့ ညာသံပေးတာတွေကို ဝိုင်းလျော့ကြတာပေါ့ဗျာ..

    ကိုပေါက်ပုံတွေအတွက်.ကြည့်ရတာကျေးဇူး..

    • Foreign Resident says:

      အဘ စောင့်နေမယ်နော် ။

      kai says:

      စီစဉ်ပါ့မယ်..
      လောလောဆယ်… ၃သိန်းနဲ့ ၁၀ဝပေါ့.. :lol:

      ဆိုင်ရာမြို့နယ်ကဝင်ပြိုင်မယ့် အမတ်လောင်းတွေကို.. တိုက်ရိုက်ဘယ်လိုလှူရသလည်း သိချင်သား..
      ပြည်ပရောက်မြန်မာတွေ လှူရင် တရားဝင်/မဝင် သိချင်သား…

55 comments

  • inz@ghi

    March 6, 2012 at 8:17 am

    တိန်…..

    ကွန်းမန့်တွေ ကူးတင်လည်း ပိုစ့် ၁ပုဒ် ဖြစ်တာပဲလား ဟင်င်င်င်…
    😛
    အရဂါး စတာ ….

    ဇဂါးမစပ် လှူဖို့ ဘယ်ကို ဘယ်လို ပေးရမယ် ဆိုတာ ကြိုပြောဗျို့ …..
    သများ မာမား က ရန်ကုန်မှာ ရှိတာ မဟုတ်ဝူးရယ်…
    သများ ကလည်း … ပြန်သေးဝူးရယ် …(ခန့်မှန်း မေလောက်အထိ)

    ပန်ပန်လေး ပြန်ပေါ်လာရင်တော့ ကောင်းသား …
    ဆက်သွယ်ပါဗျို့ …

    ခင်တဲ့
    ဂီ

    • Swal Taw Ywet

      March 7, 2012 at 12:12 am

      Dear Ko Gi,
      Don’t do like that ( Just 100 US$ = 80,000 Ks).
      Please try to add a little more to be 1 Lakh.OK? OK? OK?
      Dear Tha Gyee,
      I will donate 1 Lakh.
      But need to be clear first it will not be dangerous for NLD’s legally standing.
      The previous government’s rules are rubber based.
      We have so many experiences in the past.
      Should we do like that???-
      1>Collect donation as MG.
      2> Half or 30 % to the Daw Than Myint Aung’s home for the aged.
      3> Half or 70 % to the Ma Phyu Phyu Thin’s HIV/ AIDS camp.
      If the government use the rubber rules, we also use indirect support for NLD.
      Let’s try our best for our mother land.
      With respect,
      Swal Taw Ywet.

  • etone

    March 6, 2012 at 8:51 am

    လှူချင်ပါတယ် ….. အတူပူးပေါင်း ပါဝင်လှူဒါန်းပါမယ် ….
    ဒီအလှူကို handle လုပ်မယ့် လူရှိလျှင် ဆက်သွယ်ကြပါ ။

  • kai

    March 6, 2012 at 9:08 am

    မြန်မာပြည်အပြင်က မြန်မာနိုင်ငံသားများ( နိုင်ငံခြားသားမပါ) လှူချင်ရင် ဒီမှာတင်စေချင်ပါတယ်…
    ဒါမှ ငွေစာရင်းရှင်းလင်းမြင်သာရှိမှာမို့ပါ…။

    NLD က တယောက်ယောက်.. ဒီထဲရွာသူားအနေနဲ့ရှိမှာသေချာပါတယ်..။
    တာဝန်ယူပေးစေလိုကြောင်းပါ..။
    မဟုတ်ရင်တော့.. သင်္ကြန်ကဲကြ.. ပြဲကြဖို့သုံးပလိုက်မှာနော.. 😆

    ဒီနှစ်က.. ယူအက်စ်မှာလည်း.. ၄နှစ်၁ခါရဲ့ရွေးကောက်ပွဲကြီးရှိတယ်..
    နိုဝင်ဘာမှပါ..။
    ဒါပေမဲ့.. အသည်းအသန်ကို ရံပုံငွေကောက်နေတာပဲ..
    တနေ့ကတင်.. အိုဘားမားတီရှပ် ဆိုပြီး ၅ဝနဲ့အတင်းလာရောင်းနေတာ..
    http://store.barackobama.com/o-bama/o-bama-pack.html

    NLD အဲလိုအဲလိုတွေ လုပ်သင့်ကြောင်း…

    • manawphyulay

      March 6, 2012 at 10:41 am

      NLD က ရွာသားဟောင်းတစ်ယောက်ရှိတယ်လေ… ဘယ်သူဆိုတာ ပြောပြတော့ဘူးနော်။ သူလည်း မကြာမကြာဝင်နေတာပဲဟာ မြင်မှာပါ။ အလှူရေစက်လက်နဲ့မကွာ လှူဒါန်းနိုင်ဖို့ ရွာသူကြီးမှ နှိုးဆော်သင့်ပါကြောင်း…. ခုတော့ NLD က ရွှေတိဂုံဘုရားမှာလည်း ဆိုင်ခန်းများကြီးနဲ့ အဲလိုတွေ လုပ်ပြီး ရောင်းချနေတာ တွေ့ရပါတယ်။

    • htoosan

      March 8, 2012 at 2:39 pm

      NLD လုပ်နေပါတယ် .. အမှတ်တရပစ္စည်းတွေ ရုံးချုုပ်ရှေ့မှာ ရောင်းနေတာ တွေ့ခဲ့ပါတယ် ။။ အိမ်တိုင်ယာရောက်တော့ မရောင်းဘူးထင်ပါတယ် ။

  • minnannawar

    March 6, 2012 at 9:46 am

    လှူကြမယ်…. လှူကြမယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို…
    ကောင်းပြီ..ဘယ်အတွက်လှူမှာလဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ နိုင်ငံရေး၊ လူမှုရေး လုပ်ဆောင်ချက်တွေ အများကြီးရှိမှာပါ.. ဒါကြောင့် ဘယ်အတွက်လှူမှာလဲ တစ်ခုခုသော ခေါင်းစဉ်အောက်က လှူကြရအောင်၊
    ဥပမာ….AIDS, HIV လူနာများစောင့်ရှောက်ရေးအတွက်လား၊ ဆင်းရဲနွမ်းပါးသူပပျောက်ရေးအတွက်လား၊ စသည်အားဖြင့်ပေါ့၊ အရင်ဆုံး NLD မှာဘယ်လို activity တွေရှိလဲ အရင်စုံစမ်းသင့်ပါတယ်၊
    ပြီးမှတစ်ခုခု ဆုံးဖြတ်ပြီးလှူကြတာပေါ့။ ကိုယ်တိုင်မပါဝင်နိုင်သူများအတွက် တိုင်းပြည်တာဝန်ကို တစ်ဖက်တစ်လမ်းကကူညီရာရောက်တာပေါ့။ လုပ်လိုက်ကြလေ။

  • water-melon

    March 6, 2012 at 11:00 am

    လုပ်လိုက်တော့
    ကြာသလားလို့
    မန်းလေးက NLD ဖရဲကွ

  • Rose Minn

    March 6, 2012 at 11:01 am

    တိုင်းပြည်ကောင်းဖို့ ၊ အနာဂတ်မြန်မာပြည် ကမာ္ဘ သိဖို့ လုပ်မယ်ဆို။ ဦးဆောင်မယ့်သူအား အုပ်တစ်ချက်လှူရ လှူရ ဦးဆောင်ကြပါဗျို့။

  • နွယ်ပင်

    March 6, 2012 at 11:16 am

    တိုင်းပြည်အတွက် တစ်ဖက်တစ်လမ်းက ကူညီပေးရာရောက်တဲ့အတွက် အတူတူပူးပေါင်း ပါဝင်လှူဒါန်းချင်ပါတယ် ……

  • cobra

    March 6, 2012 at 12:47 pm

    ကျွန်တော်ကတော့ NLD
    လူငယ်တစ်ယောက်အနေနဲ ့အားပေးပါတယ်။

    • kai

      March 6, 2012 at 1:13 pm

      အားမပေးနဲ့.. အလုပ်ပေးမလို့စောင့်နေတာ…
      အလှူငွေတွေ.. စုပြီး.. NLD လှူပေးပါလား..။

      • etone

        March 6, 2012 at 4:41 pm

        cobra ရေ ….. သဂျီးအကြံကောင်းတယ်ဟေ့ … ။ မင်းဦးဆောင်ပြီးလုပ်မယ်ဆို အလှူငွေအတွက် ..ဖုန်းဆက်လိုက်မယ် …. ။

        ဖုန်းနံပါတ်သာ ပါ့ဘလစ်လုပ်လိုက်လျှင် …. နာမည်ရ သရုပ်ဆောင် မော်ဒယ်ဘွိုင်းနဲ့ နာမည် ဆင်ဆင်တူနေတော့… ကောင်မလေးတွေ .. တဂွမ်ဂွမ်ဆက်မှာ မြင်ယောင်သေး .. ဟိဟိ 😀

  • amatmin

    March 6, 2012 at 2:54 pm

    အောက်ကစာလေး NLD နိုင်မဲ ကို Vote လုပ်ထဲကတွေ့ပြီး သဂျီးဘယ်လိုလုပ်မလဲလို့..
    မေးချင်နေတာ..ဝိုင်းဝန်းလိုက်ကြရအောင်လို့..တယောက်တော့ ဦးဆောင်ပေးကြပါ အုံး…
    အဲဒါသဂျီးမှတ်ချက် နော်.. ကျနော်ပြောတာမဟုတ်ဘူး ရယ်.. 🙂

    “ထောက်ခံ/ကန့်ကွက်သူများသည် “လေအားဖြင့်”မဟုတ်ပဲ.. ဆိုင်ရာပါတီများသို့
    “ငွေကြေးအားဖြင့် “လှူတန်းအားဖြည့်စေလိုသည်။ 🙂 “

  • ပေါက်ပေပုအဖွဲ့က အရင်အတိုင်းအလှူငွေကိုလက်ခံပေးမယ်။
    ပြီးရင် ဘဏ်မှာအပ်ထားပေးမယ်။
    နောက်ဘယ် ကိုပို့ပေးရမယ်ဆိုတာပြောပါ။
    တစ်ယောက်လှူတိုင်းစာရင်းတစ်ခါပို့ပေးမယ်။
    အရင်အတိုင်း။
    ကဲသူကြီး ခင်ဗျားက ထပ်ဆင့်လက်ခံမယ့်သူကိုရှာပေတော့။

    • ရွာစားကျော်

      March 6, 2012 at 9:05 pm

      နေပြည်တော်အတွက်
      ကိုယ်စားလက်ခံဆောင်ရွက်ပေးချင်ပါတယ်ဗျာ
      အရင် နာရေးကူညီမှုအသင်းကို စုပေါင်းလှူတုန်းက
      နေပြည်တော်က လှူဖို့လုပ်ရင်း လွဲခဲ့တဲ့အတွေ့အကြုံရှိပြီးသားဆိုတော့လေ
      ရွာထဲမှာ ပို့စ်တောင်တင်လိုက်သေးတယ်
      ဒီတခါ နေပြည်တော်ကလှူမယ့်သူတွေ ကျွန်တော်လိုမဖြစ်အောင်ကူညီပေးချင်ပါတယ်

      • ဂျက်ကီချီးပေ

        March 6, 2012 at 9:44 pm

        ဂုဏ်ယူခြင်ပါတယ်ဗျာ
        လုပ်ပါခင်ဗျ
        ကမ္ဘာ့တစ်ဝှမ်းမှာရှိတဲ့ မြန်မာတွေကြည့်နေပါတယ်ခင်ဗျ
        ( ကြည့်နေရုံနဲ့ ပီးဘူးနော အားပေးကြဦး )
        ကိုယ်တတ်နိုင်သလောက်ပါဝင်ကြပါ
        မတတ်နိုင်သည့်အဆုံး ကော်မန့်လေးတော့ ချီးမြှင့်ပါခင်ဗျ
        ကျုပ်ကတော့ တစ်နေ့ကုန်ထမ်းမှ ငါးထောင်ရတာ အဲ့သည်ငါးထောင်လှူးမယ်ဗျာ

  • myanmarcitizen

    March 6, 2012 at 5:19 pm

    ကျွန်တော်လဲအားပေးပါတယ်ခင်ဗျာ။ဘာကူညီရမလဲသာပြောပါ။ တပ်နိုင်သမျှလုပ်ပေးပါ့မယ်။

  • water-melon

    March 6, 2012 at 5:25 pm

    အားဘာမှလာမပြောနဲ့
    NLD အတွက်ဆို ထိပ်ဆုံးကဘဲ။
    ဘယ်ချိန်လာလှူရမှာလဲပြော

  • myanmarcitizen

    March 6, 2012 at 5:27 pm

    ကျွန်တော်ကစဉ်းစားနေတာ။ ကိုယ်ကချမ်းလဲမချမ်းသာတော့ အများကြီးလဲမကူနိုင်ဘူးလေ။ ဒါကြောင့် သင်္ကြန်တွင်းနယ်ကိုပြန်ရင် ဈေးသက်သာတဲ့ အကျင်္ီကိုဝယ် နောက်ပြီး ဗိုလ်ချုပ်ပုံနဲ့ အန်တီစု ပုံကိုဆေး ရိုက်မလားလို့။ ပြီးတော့ ၅၀ဝ လောက်အမြတ်တင်ပြီးရောင်းမယ်။ အနဲဆုံး အထည် ၂၀ဝ လောက်ရောင်း ရရင်တောင် 100000 လောက်အမြတ်ကျန်ပြီး လှုနိုင်မယ်လေ။ အရင်ဆုံးတော့ နယ်ကအမျိုးတွေနဲ့ သူငယ်ချင်းတွေကို ရောင်းရမှာပဲ။ စိတ်ထဲမှာပဲရှိနေသေးတယ် ခုထိတော့ အကောင်အထည်မဖော် နိုင်သေးဘူး။

  • TITAN

    March 6, 2012 at 5:47 pm

    ဘယ်ကိုဆက်သွယ်ပြီးလှူရမလဲ
    ရှေ့ဆုံးကလာခဲ့မယ်

  • မြန်မာပြည်အပြင်က မြန်မာနိုင်ငံသားများ( နိုင်ငံခြားသားမပါ) လှူချင်ရင်
    ဒီမှာတင်စေချင်ပါတယ်…
    ဒါမှ ငွေစာရင်းရှင်းလင်းမြင်သာရှိမှာမို့ပါ…။

    NLD က တယောက်ယောက်.. ဒီထဲရွာသူားအနေနဲ့ရှိမှာသေချာပါတယ်..။
    တာဝန်ယူပေးစေလိုကြောင်းပါ..။(သူကြီး စကား )
    ……..
    ကျနော်က ပါတီဝင်မဟုတ်ပေမယ့် ကူညီပေါ့မယ်။တတ်အားသရွေ ့ပေါ့နော့။
    ကျနော်က နယ်မှာဆိုတော့ ထဲထဲဝင်ဝင် ကူချင်ပါရဲ ့နဲ ့။

  • Khin Latt

    March 6, 2012 at 8:07 pm

    ကျွန်မ လဲ ပါဝင် ပူးပေါင်းပါမည်။
    မည်သူ မည်သို့ လုပ်မည် ဟု အသေအချာ အစီအစဉ်ချနိုင်ရင် ကောင်းပါတယ်။
    တုံတုံ တို့ တုန်းက လိုပေါ့။
    ဒါပေမဲ့ ဒီဟာက နဲနဲ တော့ ပို သတိထားရ မှာ သေချာပါတယ်။
    Beware of …… ဆိုင်းဘုတ် က ရှင်းရှင်း ဖြုတ် လို့ မရသေးဘူး ထင်ရဲ့။

  • ဟိုက်ရှားလပါး …
    ရှယ်ပဲ ..
    ဒီတစ်ခါ နာလည်း ပါရမယ်တွ …
    သဂျီးရေ … ဘယ်ချိန် ဘယ်တော့လောက်လဲဆိုတာ ပြောနော် …
    သဂျီး ပေးတဲ့ လင့်ကတော့ ခု ဖွင့်လို့ မရသေးလို့ အဲဒီ လင့်ကို ကွန်ကောင်းတဲ့ချိန်မှ ဖွင့်ကြည့်လိုက်ဦးမယ်ဗျို့ …….

  • ဦးဦးပါလေရာ

    March 6, 2012 at 8:35 pm

    ကျုပ်ကတော့ ပါပြီးသား…

    အကြံပေးချင်တာလေးက
    ပြည်ပကနေပြီး ငွေ/ပစ္စည်း လှူချင်တယ် သို့မဟုတ် တနည်းနည်းနဲ့ ပံ့ပိုးချင်တယ်ဆိုရင် ရွေးကောက်ပွဲဥပဒေကို သေချာဖတ်ကြည့်ကြပါဦး။

    • kai

      March 7, 2012 at 4:57 am

      နည်းနည်းပိုပြောပြနိုင်မလား…
      နို်င်ငံခြားသားမလှူရတာတော့.. သေချာပါတယ်..။

      နို်င်ငံခြားနေတဲ့.. မြန်မာကရော..
      မရရင်.. မလှူပါဘူးနော…။ 😆

      • ဦးဦးပါလေရာ

        March 7, 2012 at 2:28 pm

        လောလောဆယ် ရွေးကောက်ပွဲဥပဒေ ပြန်ရှာမတွေ့ဘူးဖြစ်နေလို့ဗျာ..။
        ဒါပေမယ့် ကျုပ်စိတ်ထဲသိပ်မသင်္ကာလို့..
        သူက နိုင်ငံသားcitizen ကိုခွဲတာမဟုတ်ဘူးထင်တယ်နော
        ပြည်ပနိုင်ငံ၊ ပြည်ပအဖွဲ့အစည်းများ လို့ဆိုတာလို့ စိတ်ထဲထင်မိတယ်။
        သူကြီးရဲ့ဆိုက်က မင်ဘာတွေကို ဘယ်လိုသဘောထားမလဲ သိချင်သား ….။

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 6, 2012 at 8:41 pm

    WWW
    မိုးလားကဲလား
    ကျားလားနဂါးလား
    မိုးလည်းမဟုတ်ပါဘူး
    ကျားလည်းမဟုတ်ပါဘူး
    နဂါးလည်းမဟုတ်ပါဘူး
    ထောင်နှင့်ချီသော မန်ဘာတွေ
    ခင်ဗျားတို့ရဲ့ တစ်နေ့တာ အဲဗရစ် ( ပျမ်းမျှ ) ဝင်ငွေ လေးတော့ လှူကြပါဦးနော
    သတိ
    နိဗ္ဗာန်ရောက်မည်မဟုတ်ပါ 😀 😀 😀
    http://myanmargazette.net/105066/mandalay-gazette-2/editors-notes-announcements-letters-to-the-editor
    ခင်ဗျားတို့ တိုင်းပြည်တွက် သေပေးစရာမလိုသေးဘူး
    ထမင်းငတ်စရာမလိုသေးဘူး
    ခင်ဗျားတို့ တစ်နေ့တာ ဘယ်လောက်ရသလဲ လုပ်ပါ
    ( ခံယူချက်ကြောင့် အတိဒုက္ခရောက်သူတွေကို လေးစားပါ )
    မိုးလားကဲလား ကျားလား နဂါးလား ဘေးဖယ်ထား
    ( ကျပ်/ပြား မတွက်ကြပါနဲ့ ( ရွှေတိဂုံ အလယ်ပစ္စရံ လူထုစီးဝေးပွဲကြီါ်ကို သတိရပါ )

    • Swal Taw Ywet

      March 7, 2012 at 12:20 am

      Bravo မိုက်ကယ်ဂျော်နီအောင်ပု.
      You are MG villager. Real Man!!!

      With respect,
      Swal Taw Ywet.

  • Inn

    March 6, 2012 at 10:29 pm

    ကျွန်တော် လည် ပါ ဝ င် ပ ရ စေ ..၁၀၀၀ဝ ကျပ် လို ့ မှတ် ေ ပ း ပါ ..
    ရ န် ကု န် က ပါ ..ဘ ယ် ကို ဆက် သွယ် ရ မ ယ် ဆို တာ လေး ပြော ပေး ပါ

  • အရှုံးတွေနဲ့ ကျွန်တော်

    March 6, 2012 at 10:29 pm

    ကောင်းသော အကြံပြုချက်ဖြစ်တဲ့အပြင် လုပ်ဖြစ်ခဲ့လျှင် အကျိုးကျေးဇူးများနိုင်တဲ့ဆာင်ရွက်ချက်ဖြစ်မယ့်အတွက် ထောက်ခံအားပေးပါတယ် အမှန်တကယ်အကောင်အထည်ဖော်ဖြစ်ခဲ့ရင် ကိုယ်တိုင်လဲ တတ်အားသရွေ့ ဝင်ရောက်လှူဒါန်းသွားပါမယ်
    တကယ်ဆို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ရှေ့ဆက်ရမယ့် လုပ်ငန်းစဉ်တွေအတွက် ရံပုံငွေ များစွာလိုအပ်ပါလိမ့်မယ် အခုလာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာတောင် NLD အနေနဲ့ ၇ဝ ရာခိုင်နှုန်းလောက်တောင် အောင်မြင်နိုင်ပါ့မလားလို့ စိုးရိမ်စိတ်ဝင်မိပါတယ် ဘာ့ကြောင့်လဲဆိုတော့ လက်ရှိကျွန်တော်အလုပ်လုပ်နေတဲ့ နေပြည်တော်ရောက် ကျွန်တော်တို့ ဆောက်လုပ်ရေး လုပ်ငန်းတွေမှ လက်လုပ်လက်စား ပန်းရံတွေ၊ လက်သမားတွေ၊ အလုပ်ကြမ်းသမားတွေဟာ ဒေသအသီးသီးက လာကြသူတွေဖြစ်ကြပါတယ် သူတို့တွေကို အစိုးရက ယခင်နေရပ်လိပ်စာကနေ ယခုနေရပ်လိပ်စာမှာ ဆန္ဒမဲပြာင်းရွှေ့ထည့်သွင်းခွင့်ဆိုပြီး ဆောက်လုပ်ရေး Company တွေကနေတဆင့် လျှောက်လွှာတွေ တင်သွင်းစေပါတယ် အဲဒီလူတွေဟာ လက်လုပ်လက်စား၊ အသိပညာအားနည်းသူများဖြစ်ကြတဲ့အတွက် ဘယ်မှာသွားပြီးမဲထည့်ကြပါ့မလဲဗျာ သူတို့တွေရဲ့ မဲပြားလေးတွေဆိုရင် ဘယ်ဆီဘယ်ဝယ်တွေများ ရောက်သွားကြလိမ့်မလဲ ကြားနေအဖြစ်နဲ့ Cancel တွေပဲ ဖြစ်သွားကြပါ့မလား ဒါမှမဟုတ်……
    နောက်ပြီး ကျေးလက်နေလူထုရဲ့ နိုင်ငံရေးအသိ နည်းပါးမှုကြောင့် ကျေးရွာအုပ်ချုုပ်ရေးမှူးရဲ့ စကားကိုပဲ နားထောင်ကြလိမ့်ဦးမယ်ထင်တယ် မြို့တောင်မှ နယ်မြို့ကလူတွေဆို နိုင်ငံရေးကို သိပ်စိတ်မဝင်စားကြပါဘူး အဲဒီလိုလူတွေဆိုရင်လဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့စကားကိုပဲ နားထောင်ကြဦးမှာပါပဲ အဲဒီတော့ အစိုးရအနေနဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို နည်းနည်းလောက်လေး ဖိအားပေးထားလိုက်မယ်ဆိုရင်ပဲ သူတို့တွေအနေနဲ့ အတော်လေးအဆင်ပြေသွားပါလိမ့်မယ် ဘာမှတောင် သိပ်ပြီးတော့ တင်းကျပ်နေစရာ မလိုပါဘူး ဖိအားကြီးကြီးမားမားတွေ ပေးစရာမလိုပါဘူး ဘာ့ကြောင့်လဲဆိုရင် ကျွန်တော်ဟာ လွန်ခဲ့တဲ့နှစ်က မန်းလေးဆိုတဲ့မြို့ကြီးရဲ့ ဆင်ခြေဖုံးရပ်ကွက်လေးမှာ ရှိနေခဲ့တဲ့သူတစ်ယောက်မို့ပါ

    မြန်မာပြည်ရဲ့ လက်ရှိအနေအထားအရ ပြည်သူပြည်သားတွေ နိုင်ငံရေးအသိရှိစေဖို့ အချိန်ယူရလိမ့်ဦးမယ်လို့ ထင်ပါတယ် ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်က အခြေခံလူတန်းစားထဲက တစ်ယောက်မို့ပါပဲ ကျွန်တော့်ရဲ့ ပတ်ဝန်းကျင်မှာ မဲပေးဖို့ စိတ်ဝင်စားတဲ့သူ နည်းလွန်းလှတဲ့အတွက် ရပ်ကွက်လူကြီးက လိုက်လံရှာဖွေပြီး ချော့မော့ ခေါ်နေရတဲ့အဖြစ်တွေကို တွေ့မြင်နေရလို့ပါ (သူတို့တွေခမျာလဲ သူတို့ရပ်ကွက်ကလူတွေ မဲစာရင်းထဲပါနေပြီး မဲမထည့်သူတွေများနေမယ်ဆိုရင် အထောင်းခံရမှာကိုးဗျ) အဲဒီလိုလူတွေက ဘယ်သူ့ကိုမဲပေးရမယ်ဆိုတာ ဘယ်မှာလာပြီး စဉ်းစားနေကြမှာလဲဗျာ

    အဲဒါတွေကြောင့်ပဲ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD အောင်မြင်နိုင်ပါ့မလားလို့ စိုးရိမ်နေမိတာပါ
    ဒါ့ကြောင့် NLD ရဲ့ ရှေ့ဆက်ရမယ့် ခရီးရှည်ကြီးအတွက် ငွေကြေးဟာ အတော်ကြီးကို လိုအပ်လာပါလိမ့်ဦးမယ် မိမိနိုင်ငံရဲ့ အရာရာကို ကြိုးစားတည်ဆောက်နေရဆဲ အခြေအနေမှာ အုတ်တစ်ချပ်၊ သဲတစ်ပွင့်အနေနဲ့ ပါဝင်ခွင့်ရချင်ပါတယ် ဒါ့ကြောင့် သူကြီးရဲ့အဆိုကို ထောက်ခံအားပေးပါတယ် အစီအစဉ် အကောင်အထည် ဖော်နိုင်ပါစေလို့ ဆုတောင်းလျက်

  • MaMa

    March 6, 2012 at 11:04 pm

    ရွာသူားတွေရဲ့ စုပေါင်းအလှူဆို ရင် ပမာဏကို အတိအကျ မပြောနိုင်ပေမယ့်ပါဝင်ပြီးသားလို့သာ သတ်မှတ်ပေးပါ။

  • ဦးဦးပါလေရာ

    March 6, 2012 at 11:07 pm

    ဒီပိုစ့်နဲ့ စကားစပ်ပြီး ပြောချင်တာလေးရှိပါသေးတယ်။
    ပြီးခဲ့တဲ့ရွေးကောက်ပွဲတုန်းက လူတယောက်ပြောတယ်-
    နိုင်ငံရေးပါတီတွေ အမတ်လောင်းတွေ ရှေ့ဘာဖြစ်မယ်မှန်းမသိပဲ
    နာမည်တွေ သိက္ခာတွေ ဘဝတွေနဲ့ ရင်းပြီးတောင် ရှေ့က ထွက်ကြတယ်
    ဒီ့မတိုင်ခင်တုန်းကလဲ အသက်တွေ ဘဝတွေစတေးပြီး နိုင်ငံအတွက်လုပ်ကြသူတွေအများကြီး..
    သူလဲ သူ့လိပ်ပြာသန့်အောင် အမတ်တယောက်ဘိုး(ငါးသိန်း)လောက်တော့ နွမ်းပါးတဲ့ NDF ပါတီကို လှူချင်တယ်လို့ဆိုပါတယ်။

    အဲဒါ ဘယ်သွားလှူရမှန်းမသိတာနဲ့ ရွေးကောက်ပွဲသာပြီးသွားတယ် သူ့ဒါနမမြောက်လိုက်ဘူး..

    နိုင်ငံရေးပါတီတွေရဲ့ ရုံလိပ်စာတွေ ဆက်သွယ်စရာဖုန်း/အီးမေး တွေကို အများပြည်သူ အလွယ်တကူသိနိုင်အောင် လုပ်ဘို့သင့်တယ်။

    အဲဒါမီဒီယာရဲ့ တာဝန်တခုပါပဲ။

  • kyeemite

    March 7, 2012 at 6:20 am

    ဟိုုတစ်ခါအလှူ တော့လွတ်သွားတယ်ဗျာ…ဒီတစ်ခါတော့ပါမယ်ဗျို့…
    အလှူကိစ္စ..ကျုပ်လည်းရသလောက်စုံစမ်းလိုက်အုံးမယ်…NLD အဖွဲ့ဝင်တစ်ချို့
    နဲ့တွေ့ပြီးမေးမြန်းကြည့်လိုက်အုံးမယ်…သိရရင်ပြန်ပြောမယ်ဗျို့..

  • kai

    March 7, 2012 at 8:31 am

    ဟိုလေ..
    မရဲတရဲရေးကြည့်/မေးကြည့်မယ်..
    မီဒီယာဆိုတော့.. အခုလို ပေါ်တင်ကြီး NLD အတွက်လုပ်ပေးတာ… ဘက်လိုက်ရာမကျနေဘူးလား..
    ဆိုတော့…
    ပြည်ခိုင်ဖြိုးပါတီအတွက်လည်း… ရံပုံငွေကောက်ပေးမယ်လေ..
    စိတ်ဝင်စားသူတွေ… ရှိရင်/များရင် .. လုပ်ပေးပါ့မယ်..။
    ပို့စ်တင်လိုက်ပေါ့…

    အဲဒါလေး…

    • ဦးဦးပါလေရာ

      March 7, 2012 at 2:22 pm

      -ပြည်ခိုင်ဖြိုးပါတီအတွက်ဆိုရင်တော့
      မတ်စေ့တစေ့လောက်
      ဗိုလ်ချုပ်ဈေးကကို သွားရှာဝယ်ပြီး လှူဦးမှာ..

    • TITAN

      March 7, 2012 at 4:22 pm

      ကြံ့ဖွတ် အတွက် ကူးတို့ခ တစ်မတ်လှူမယ်

    • surmi

      March 7, 2012 at 11:51 pm

      မောင်ကောင်း လက်မှတ်ထိုးတားတဲ.ငါးကျပ်တန်တစ်ရွက် ရောင်းမရဖြစ်နေတာ …..
      အခုတော.လှုုစရာနေရာတွေ.ပြီ ……ကြက်ဖွတ်ရေ ….စိတ်ပြတ်ပြတ်နဲ.လှုတယ်ဟေ. …..။

    • ကြောင်ကြီး

      March 8, 2012 at 11:37 am

      တသန်းထည့်မယ်…။ နည်းသေးတယ်ထင်ရင် ဆယ်သန်း.. သန်းတရာ ပေးမယ်… ကြောင်မသေ သန်းမရှားပါ…။

  • koaung

    March 7, 2012 at 11:55 am

    တရုတ်လိုပြောရင် အော်မီသော်ဖော် မြန်မာလိုပြောရင် ( ကန်ဒေါ့ပါသေးရဲ့ ) ပြည်ခိုင်ဖြိုး ခင်ည :mrgreen:

    • koaung

      March 7, 2012 at 2:15 pm

      ဂေါပကလူကြီး အီတုံးနဲ့ဆရာအေကိုရေ ပွဲတောင်းနေပြီဗျိုး 😀

  • cobra

    March 7, 2012 at 1:33 pm

    လှူတာကတော့လှူပေးလို့ရပါတယ်။
    ကျွန်တေ်ာလည်းရုံးသွားနေတာပဲလေ….
    M G ကလူကြီးတစ်ယောက်လောက်လိုက်ခဲ့ပါလား
    ပိုအဆင်ပြေတာပေါ့။ကျွန်တော့်ကိုလည်းငွေတွေပေးရတာစိတ်သန့်သွားတာပေ့ါ။

  • blackchaw

    March 7, 2012 at 1:51 pm

    အရင်တစ်ခါ Etone ရဲ့ ဦးဆောင်နိုင်စွမ်းကို အားလုံးမြင်ခဲ့ကြပြီးပါပြီ။
    အခုတစ်ခါလည်း Etone ပဲ ဦးဆောင်ပြီး အလှူငွေလက်ခံပေးဖို့ အကြံပေးပါတယ်။
    အများကြီးမလှူနိုင်ရင်တောင် လှူဖြစ်အောင်လှူပါမယ်လို့ ကတိပေးပါတယ်။
    😀

    • etone

      March 9, 2012 at 9:22 am

      ဦးဘလက်ရေ …. အားတော့နာပါတယ် … လုပ်လည်း လုပ်ပေးချင်ပါတယ် … ဒါပေမယ့်လည်း ငြင်းပါရစေ ။

      အလုပ်မှာ နည်းနည်း ဆန်းစစ်တစ်ဗ် ကေ့စ်လေးတွေ ရှိပြီး …. အတိုက်အခံဆွေးနွေးရတာတွေ ၊ တခြားစက်ရုံတွေအထိပါ ဆင်းကြည့်နေရာတာတွေအပြင် ၊payment caseတွေ ၊ စကားကို တထိုင်တည်း နှစ်မျိုးပြောတတ်တဲ့ နိုင်ငံခြားသားတွေနဲ့ ဖိုက်တင်ကေ့စ်လေးတွေပါရှိနေတာကြောင့် …..စိတ်ပမ်း ၊ကိုယ်နွမ်းနဲ့ ကောင်းကောင်း handle လုပ်နိုင်မယ်မထင်လို့ …. တာဝန်ယူပြီး အလှူငွေ မကောက်ပေးတာပါ …. ။

      အစ်မဆူးတို့ ဦးဆောင်လုပ်မယ့် ဒုတိယအလှူကိုတောင် အပြင်ဘက်ကနေပဲ ကူညီပေးနိုင်မှာ ဖြစ်တာကြောင့် … အားတောင် နာမိနေသေးတယ် … ။ 🙁

  • PEACEMAKER

    March 7, 2012 at 2:57 pm

    သင်္ကြန်နောက်ပိုင်း ရန်ကုန်ရောက်မယ်။ ယောက်ျားလုပ်စာထိုင်စားနေရတဲ့သူဆိုတော့ ကိုယ်ပိုင်အလုပ်နဲ့သူတွေလိုတော့ ထည့်နိုင်ချင်မှထည့်နိုင်ပေမဲ့ တို့လည်းပါမယ်။

  • alinsett

    March 7, 2012 at 7:22 pm

    ကြံ ့တွေ..ဖွတ်တွေ..အတွက်ဆိုရင်တော့……အင်း .။ 10 နှစ်လောက် စဉ်းစားလိုက်ဦးမယ် ။

    အခု လို”” ဒီ. “‘..အဖွဲ ့အတွက်…တာဝန်ယူသူတွေယူ..သ၏ကူညီသူတွေ..ကူညီနေကြတာတွေ ့ရတော့ အရမ်းဝမ်းသာမိပါတယ် ။

  • surmi

    March 7, 2012 at 11:45 pm

    ကျုပ်လဲလိုက်မယ် ၊ ချန်မထားနဲ. ။
    အဲ အဲ တစ်ခုလောက် လျှာရှည်ခွင်.ပြုကြပါ ။။။
    ဒီရွာ ထဲကိုပုံမှန်အဝင်အထွက်လုပ်နေတဲ.မန်ဘာတွေက အံစာတုံးရဲ.စာရင်းအရဆိုရင်
    ခန်.မှန်း ၂၀ဝ ကျော်လောက်ပါ ၊ ။
    ဆိုတော. …
    တကယ်လို.များ ကိုယ်ရဲ.ဝန်ထမ်းတွေ၊အသိမိတ်ဆွေတွေ၊ လုပ်ဖေါ်ကိုင်ဘက်တွေ၊
    တပည်.သားမြေးတွေ၊ လက်အောက်ငယ်သားတွေ ၊ဟိုဘက်ဒီဘက်အမျိုးတွေ၊
    ………တွေ ၊ ………တွေ..ကိုစိတ်တူရာတူရာ စည်းရုံးပြီး ၊တိုးတိုး တိတ်တိတ် အလှုခံရင်ရော …
    ငွေအင်အားရော ၊လူအင်အားပါ ပိုများလာမလားလို.လေ ။
    ရွာထဲမှာက နယ်ပယ်ပေါင်းစုံက ဆရာ. ဆရာတွေရှိနေတယ်ဆိုတော. တကယ်လုပ်ရင်တကယ်
    ဖြစ်မယ်လို. ယုံကြည် လို.ပါ ။ဒီကိစ္စ ကသဂျီးနဲ.လည်း အများကြီးဆိုင်မယ်ထင်ပါတယ်။သဂျီးကိုယ်တိုင်
    ဦးဆောင်လှုပ်ရှားဖို.လိုပါလိမ်.မယ်။သဂျီးမှာရှိတဲ.မန်ဘာစာရင်းတွေအရ လှုပ်ရှားမှုရှိသေးတဲ.မန်ဘာ
    တွေကို သဂျီးကိုယ်တိုင်အီးမေးပို.ပြီးနှိုးဆော်သင်.သလားလို.ပါ။တချို.က အကြောင်းကြောင်းကြောင်.
    ရွာနဲ.ဝေးကွာနေတော. ဒီပို.စ် ကို ဖတ်မိချင်မှ ဖတ်မိပါလိမ်.မယ်။ဒီတော. ဒီတခေါက် တပ်ဦးကနေ
    သဂျီးဦးဆောင်သင်.ပါတယ် ။ သဂျီးနောက်မှာ ရွာသူရွာသားတွေ တက်ကြွစွာလိုက်ပါလာပါလိမ်.မယ်။

    • ကြက်ဖင် ( အကယ်ဒမီ ) ( ကျား )

      March 8, 2012 at 9:17 am

      အဲ့သည်အကြောင်းကို ခွင့်တောင်းပြီး
      ဒီဆိုဒ်မှာတင်သင့်တယ်

  • water-melon

    March 8, 2012 at 7:25 pm

    သူကြီး အမြန်ပြင်ပါ
    ထောက်ခံ/ကန့်ကွက်သူများသည် “လေအားဖြင့်”မဟုတ်ပဲ.. ဆိုင်ရာပါတီများသို့”ငွေကြေးအားဖြင့် “လှူတန်းအာဖြည့်စေလိုသည်။ 🙂 ဆိုတာကို
    ”လှူတန်းအာဖြည့်” ဖြစ်နေတယ် “လှူတန်းအားဖြည့်”ဖြစ်ရမှာနော်

  • unclegyi1974

    March 8, 2012 at 10:03 pm

    သူကြီးကပျားအုံတုတ်နဲ့ထိုးသွားပြီ
    ပြီးမှထွက်မပြေးဖို့လိုတယ်နော်
    ဂေဇက်ပရိတ်သတ်ကဘယ်ကိုမဲထည့်မယ်ဆိုတာအဖြေပေါ်နေပါပြီ
    ငွေကြေးအားဖြင့်လှူတာလည်းလှူကြတာပ
    အဓိကလိုအပ်ချက်ကမောင်ဂီပြောသလို
    မြန်မာပြည်လူထုကြီးအသိရှိကြဖို့အဓိကလိုတယ်လို့မြင်တယ်ဗျာ
    အဖွဲ့ဝင်တွေလည်းစည်းကမ်းရှိကြဖို့လူအထင်အမြင်သေးတာမျိုးမဖြစ်ဖို့လိုတယ်ဗျာ
    ကိုယ်တတ်နိုင်တဲ့ဘက်ကဝိုင်းကြတာပ

  • Swal Taw Ywet

    March 8, 2012 at 11:08 pm

    NLD ရံပုံငွေအတွက် ဝိုင်းဝန်လှူဒါန်းဖို့ ရွာထဲမှာ စည်းရုံးလှုံ့ဆော်နေကြချိန် တိုက်တိုက်ဆိုင်ဆိုင် Eleven မှာ မီဒီယာတွေရဲ့ သမာသမတ်ရှိရမယ့် တာဝန်ကို မီးမောင်းထိုးပြတာ ဖတ်လိုက်ရတယ်။
    ဒါကြောင့် ဒီ comment လေးကို ထပ်ရေးဖြစ်လိုက်တယ်။
    NLD ကို ထောက်ခံပါတယ်။
    အနှစ် (၂၀) ကျော် ပျောက်ကွယ်လုနီးပါး ရက်ရက်စက်စက် အဖိနှိမ်ခံခဲ့ရတဲ့ ပါတီ ၊ မတရားအသင်း ကြေညာ နိုင်လောက်တဲ့ အချက်အလက်တွေ ရှိတယ်ဆိုပြီး ဟို အလွမ်းမင်းသားကြီး ဦးကျော်ဆန်းက ခြိမ်းခြောက်တာ ခံခဲ့ရတဲ့ ပါတီ ၊
    ယုံကြည်ချက်မှ အပ ဘာမှ မရှိတဲ့ပါတီ (သူရဲကောင်းတွေတော့ရှိတာပေါ့)၊
    ပြည်သူကြားထဲက ပြည်သူ့ပါတီဖြစ်လို့ပါ။
    ဒါပေမယ့် online မီဒီယာ အဖြစ်ရပ်တည်နေတဲ့ မန္တလေးဂေဇက်အနေနဲ့ အစုအဝေးနဲ့ လှူဒါန်းတဲ့ပုံစံကိုတော့ လက်ရှောင်သင့်တယ်လို့ မြင်လာပါပြီ။ မတော် သူတို့လိုချင်သလို ဆွဲသုံးနေတဲ့ မျှော့ကြိုးဥပဒေတွေနဲ့ ပြည်ပ အထောက်အပံ့ခံပါတီဆိုပြီး NLD (သို့) ကိုယ်စားလှယ်လောင်းကို ပယ်ချခံလိုက်ရမှာ စိုးရိမ်လို့ပါ။ (ဆေးအတွက်ကြောင့် မလေးစေလို)
    ဟိုအပေါ်မှာ တစ်သိန်းလှူမယ်လို့ ပြောပြီးမှ အခု မလှူဘူးလို့ ပြောတာမဟုတ်ဘူးနော်။ ကိုယ့်ဖာသာ (personally) တိုးတိုးတိတ်တိတ် MG ပေါ်မှာ မတင်ပဲ လှုပ်ရှားထားလိုက်ပါပြီ။
    အဓိကက NLD အတွက် ရံပုံငွေ ရောက်သွားဖို့ပဲ မဟုတ်လား။ အချိန်လည်း သိပ်မရှိတော့ဘူးနော်။ ကြားဖြတ်ရွေးကောက်ပွဲဆို (၂၂) ရက် ပဲကျန်တော့တယ်။
    ဒေါ်ဒေါ်ခင်လတ် သတိပေးတဲ့ Beware of… လဲ ဟုတ်တယ်၊
    သောင်းဝေဦးစာအုပ်တွေထဲက စစ်မြေပြင်ကျင့်ဝတ် “အင်အားကို ခြိုးခြံပါ၊ အရန်အင်အားထားပါ၊ တတ်နိုင်သရွေ့ ဟိုဘက်က မသိအောင်နေပါ” ကိုကျင့်သုံးချင်လို့ ။
    ကိုပေါက်ပြောထားခဲ့တဲ့ “ထိရောက်မှုရှိအောင် အဓိကတွေအတွက် ” အားမွေးထားစေချင်လို့ပါ။ OK?
    မီဒီယာ ပီသဖို့ သူကြီးသတိပေးခဲ့တာ လက်ခံပါတယ်။ ကြံ့ဖွတ်အတွက်ဆိုရင် … မလှူခင်…. သူတို့ဘုံးသွားခဲ့တဲ့ ပြည်သူ့ရံပုံငွေတွေ အဆောက်အဦးတွေ လက်ရှိယူထားတဲ့ ငွေဝင်လမ်း အခွင့်အရေးတွေ အရင်ဆုံး ပြည်သူကို အသိပေးပါလားဟင်? သူကြီး … ကူညီမယ်ဟုတ်?
    ကြံ့ဖွတ်အပေါ် စိတ်အနာဆုံးကတော့ အရမ်း ရိုးသားဖြူစင်တဲ့ ကျနော်တို့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ အဖြူအစိမ်း ကျောင်းဝတ်စုံကို သူတို့ ယူနီဖေါင်းအဖြစ် အသုံးချသွားခဲ့တာပါပဲ။ ဘက်လိုက်တာမဟုတ်ဘူးနော်.. နဲနဲ ညီမျှသွားအောင် မဲတင်းယုံလေးရယ်။ ဟိုဘက်မှာ နိုင်ငံပိုင် သတင်းစာကြီးတွေ နိုင်ငံပိုင် မီဒီယာတွေနဲ့ ( နိုင်ငံပိုင်လို့သာ ပြောရတာ တကယ်ဆို ဦးကျော်ဆန်း ကိုင်ထားတဲ့ဟာတွေ ) မို့လို့၊
    MG အနေနဲ့ အခု online စာမျက်နှာတွေက လှုံ့ဆော်မှုလောက်ပဲ ပြုပေးသင့်ပါတယ်။ လွတ်လပ်သူတွေ စုစည်းကောက်ခံပြီး NLD ကို လှူဒါန်းရင်တောင် MG နာမည်ကို မသုံးသင့်သေးပါဘူး ၊ အစိုးရဝန်ထမ်းတွေအနေနဲ့ ပိုပြီး ဂရုစိုက်ဖို့ လိုအပ်ပါလိမ့်မယ်။
    သူတို့ကို MG ကနေ တာဝန်မပေးကြပါနဲ့နော်။
    ဟိုဘက် ကိုကြောင်ကြီးရဲ့ပို့စ်မှာ တစ်ယောက်မန့်ထားခဲ့သလို ကောက်ကျစ်တဲ့သူနဲ့ ရိုးသားတဲ့သူ ယှဉ်ပြိုင်ကြေးဆို ကောက်ကျစ်တဲ့သူက အနိုင်ရဖို့ ပိုများပါတယ်။
    ပြည်သူတွေအနေနဲ့ အမှန်တရားအတိုင်းဖြစ်အောင် အညစ်မခံရအောင် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် တက်တက်ကြွကြွနဲ့ ဖိအားပေးရမှာပါ။
    စည်းကမ်းရှိဖို့ ုအရမ်းကိုလိုအပ်နေပါပြီ ။ တာဝန်သိဖို့အရမ်းကိုလိုအပ်နေပါပြီ ။

    ကဲ ….ညီကြစို့နော် …….
    With respect
    Swal Taw Ywet.

  • kai

    March 9, 2012 at 11:18 am

    အင်း..
    ပြောရရင်.. ပြည်ပအခြေစိုက်မီဒီယာတွေထဲ.. မန္တလေးဂေဇက်က.. ဘယ်သူ့အထောက်အပံ့မှမပါ.. လွတ်လပ်စွာရပ်တည်နေတာပါ.။
    ပြည်ပအခြေစိုက်နာမယ်ကြီးမီဒီယာ အားလုံးလိုလို တနည်းနည်းနဲ့ အထောက်အပံ့ရထားတာတွေလို့တောင်ပြောလို့ရတယ်..။ ❗
    ဆိုတော့…
    သူတို့တွေက.. အက်တစ်ဗစ်မီဒီယာတွေလို့ဆိုပါစို့..

    ကျုပ်ကအခုလိုထလုပ်တော့.. တမျိုးတွေးစရာတော့ဖြစ်တာပေါ့..။
    ဒါနဲ့ပါတ်သက်ပြီး သတိပေးစာတချို့လည်း ရပါတယ်..။

    အစကတည်းက.. ကျုပ်ကငွေကြေးပါဝင်လှူမယ်လို့ မပြောထားတာရယ်..( နိုင်ငံခြားသားမပါ) လုပ်ထားတာရယ်.. သတိထားမိကြမှာပါနော..။
    ဆိုတော့…
    ရွာသူားတွေ.. ကိုယ့်အစီအစဉ်နဲ့ကိုယ်ပဲ လှူကြစေလိုကြောင်း.. ပြန်ပြင်လိုက်ပါတယ်ခင်ဗျား…

    လှူရင်တော့.. NLD ရဲ့လူမှုရေးကိုမလှူပဲ.. ရွေးကောက်ပွဲအောင်နိုင်ရေးအတွက်.. တိုက်ရိုက်ထောက်ပံ့တာမျိုးကမှ အဓိပါယ်ရှိပါတယ်..။
    နိုင်ငံရေးပါတီဟာ..တကယ်တော့.. လူမှုရေးအဖွဲ့အစည်း မဖြစ်ရပါဘူး..။
    အခု NLD ဖြစ်နေရတာက.. မြန်မာပြည်ရဲ့.. အခြေအနေတချို့ကြောင့်လို့ ဆိုရမှာပါ..။
    သာဓု..။ 😀

Leave a Reply