ဆွမ်းတော်ဗျို့……………………………

1 နံက်ခင်းမှာ ဆွမ်းခံထွက်လာတဲ့ သံဃာတော်များ
2 ဆွမ်းတော်ဗျို့..............................................
3 နံနက်ခင်းလေးမှာ စီတန်းလို့ ဆွမ်းခံကြွလာတာပါ
4 ဆွမ်းချိုင့် ယူပြန်လာတဲ့ကိုရင်နှစ်ပါး
5 ဒါကတော့ ကန်တော်ကြီးတောင်ခြမ်းက ဆွမ်းတန်းလှည့်လာတာပါ
6 ဒီနိဗ္ဗာန်ဆော်က ခေတ်မှီတယ် ကြေးစည်မရိုက်ဘူး အော်လံနဲ့အော်ပေးတာ
7 ကိုရင်နောက်ကနေဆွမ်းတန်းကြွလာပါပြီ
8 ကြေးစည်သံလေးပေးကာ ပေးကာ အေးချမ်းပါတဲ့ ငဘတို့ရွာသီချင်းနားထဲကြားမိပါတယ်
9 ကျနော်နှစ်သက်တဲ့ ပုံရိပ်ကလေးပါ။

“ဆွမ်းတော်ဗျို့”

ကျနော်မနက်လမ်းလျှောက်ထွက်ချိန်ဆိုရင် သံဃာတော်များ ဆွမ်းခံထွက်ချိန်နဲ့ဆုံတတ်ပါတယ်။

တစ်ပါးစီတွေ့တဲ့အခါတွေ့ နှစ်ပါးသုံးပါး တစ်တွဲတွေ့တဲ့အခါတွေ့ပေါ့။

နည်းနည်းလေးနောက်ကျတဲ့နေ့များဆိုရင်တော့

ဆွမ်းတန်းနဲ့ဆွမ်းခံကြွလာတဲ့ သံဃာတော်များကိုတွေ့ရတတ်ပါတယ်။

ရှေ့ဆုံးက ကိုရင်လေးက ကြေးစည်လေးရိုက်ပြီး နိဗ္ဗာန်ဆော် လုပ်ပါတယ်။

တစ်ခါကတော့ထူးထူးခြားခြား အော်လံလေးကိုင်ပြီး နိဗ္ဗာန်ဆော်လုပ်တဲ့ကိုရင်လေးကို

တွေ့ရတော့ အတော်သဘောကျပါတယ်။

ဒါကြောင့်လဲမှတ်တမ်းတင်မိပါတယ်။

ဒီပုံလေးတွေကတော့ မြို့မကျ တောမကျ နံနက်ခင်းလေးရဲ့ ဆွမ်းခံချိန်အမှတ်တရပါဘဲ။

ကျနော် အခုနေတဲ့အရပ်ကလဲ မြို့မကျ တောမကျကိုးဗျ။

 

 

ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ ရလာတဲ့အတွေးပါးပါး

(6-3-2012)

 

 

 

 

 

 

 

 

9 comments

  • water-melon

    March 7, 2012 at 8:52 am

    လေးပေါက်ကလည်း
    နေတာကမြို့မကျ တောမကျကိုးဗျ မပြောပါနဲ့
    ကန်တော်ကြီးနားက မြေဈေးတွေကဖြင့် လန်ထွက်နေတာဘဲ
    အနော်တို့တောင် မနေနိုင်ဘူး။

  • ကြောင်ကြီး

    March 7, 2012 at 10:19 am

    တောမကျ
    မြို့မကျ
    ငတို့က
    ဂျပိုးမထ
    အစိုးရ…။

    • windtalker

      March 7, 2012 at 12:59 pm

      ဂျပိုးမက
      အထိုးလှသဗျ
      တစ်ညလုံးအိပ်မရ
      မ..မီးရထားကြီး စီးတုန်းက
      ခရီးဆုံးမှ
      ဟီးပြုံးရ ။

  • လေးပေါက်ရေ ..
    အနော်ကတော့ဖြင့် နံပါတ် ၂ ပုံလေးကို အနှစ်သက်ဆုံးပါလို့ …
    အဲဒီပုံမှာ စည်ပင် အဒေါ်ဂျီး မပါရင် သိပ်ကောင်းမှာနော် …
    နံပါတ် ၃ ပုံမှာတော့ နေရောင် ပါအောင် တမင် ရိုက်ယူခဲ့တယ် ထင်ပါ့ဗျာ …
    အဲဒီပုံလည်း လန်းတယ်လို့ ……….

    ခင်တဲ့ … အံစာတုံး

  • ဟုတ်တယ်ဗျ စည်ပင်အဒေါ်ကြီးက ချိန်နေတုန်းက မပါဘူးရယ်။
    ခလုတ်နှိပ်ပြီဆိုမှ ထွက်ချလာတာ ဘာမှမတတ်နိုင်ပါ။
    သို့သော် မပါဘူးသဘောထားလိုက်ရင် လဲ အိုကေပါဘဲ။

  • moe minthar

    March 7, 2012 at 6:12 pm

    ကိုပေါက်သို ့တမ်းချင်း(အဲလေဟုတ်ပေါင်)
    ကိုပေါက်ကို…..တကယ်ကျေးဇူးတင်မိပါရဲ ့
    မန္တလေးကိုလည်းလွမ်းမိပါရဲ ့…….။ဓါတ်ပုံတွေကိုလည်းတအားကြိုက်မိပါရဲ ့…..။
    နာဂရပြောသလိုပါပဲကိုပေါက်ေ၇……..သာဓုသုံးကြိမ်ခေါ်မိပါရဲ ့။။။။။။။။။။။။။

  • ဟုတ်ပါတယ် နေရောင်ပါအောင်တမင်ရိုက်ထားတာပါ။
    စည်ပင်အဒေါ်ကြီးက ကြည့်တုံးကမပါဘူး။
    ရိုက်မှာပါလာတာ။
    ထားလိုက်ပါသေချာကြည့်မှမြင်ရတာပါ

  • Khin Latt

    March 8, 2012 at 4:37 am

    ကိုပေါက်ရေ
    ဒါဟာ တို့မြေ၊ တို့ရေ၊ တို့ယဉ်ကျေးမှု ဆိုပြီး ဂုဏ်ယူစွာ ပီတိဖြစ်စွာ နဲ့ အားပေးသွားပါတယ်။

Leave a Reply