ကုသိုလ်ယူတော်မူကြပါ…………………..ခင်ဗျား

1 နံနက် မိုးမလင်းခင် ဆွမ်းလောင်းဘို့ပြင်ဆင်
2 သံဃာတော်တွေကို ဆွမ်းလောင်းလှူ(အဲဒီအချိန်မှာ စိတ်ကြည်လင်သန့်ရှင်းနေမှာသေချာပါတယ်)
3 သေသေချာချာ ကပ်လှူ
4 ကိုရင်လေးတွေလဲ ဆွမ်းခံကြွလာပါတယ်
5 မန်းလေး 38-39ကြား ရွှေတချောင်းမြောင်းနံဘေးနားက ဓမ္မာရုံလေးမှာ ပါ
6 ဆွမ်းခံကြွလာတဲ့ သီလရှင်များကို နေ့ဆွမ်းကပ်နေတာပါ
7အတော်လေးကိုများတဲ့ သီလရင်လေးတွေပါ
8 အရေအတွက် မနည်းဘူးနော်
9 ဆရာလေးများရဲ့ ဆွမ်းဗျပ်ကလေးတွေ

ကုသိုလ်ယူတော်မူကြပါ…………………..ခင်ဗျား

 

မနက် 5နာရီ ကျော်ကျော်လောက် ကျနော်လမ်းလျှောက်ထွက်ချိန်မှာ

ဆွမ်းခံထွက်လာတဲ့ သံဃာတော်တွေ ကိုရင်လေးတွေကို တွေ့ရတတ်ပါတယ်။

လပြည့်လကွယ်လို့ နေမျိုးမှာ ဆွမ်းလောင်းကြတဲ့ အဖွဲ့တွေလဲရှိတတ်ပါတယ်။

တစ်ရက်မှာ ဆွမ်းလောင်းအဖွဲ့က ဆွမ်းလောင်းနေတာလေးတွေ့တော့ မှတ်တမ်းတင်မိပါတယ်။

ဒီဆွမ်းလောင်းနေတာမြင်တော့ အဝေးဖိတ်နဲ့ အနီးဖိတ်နေ့များမှာ စစ်ကိုင်းဘက်ကနေ

မန်းလေးဘက်ကူးလို့ ဒါနဆန် မေတ္တာရပ် ကြရှာတဲ့ မယ်သီလရင်များကို သတိရမိပါတယ်။

စစ်ကိုင်းကနေ မနက်အစောဆုံးထွက်လာတဲ့ကားများမှာတော့ မန်းလေးကိုလာကြတဲ့

မယ်သီလရင်တွေဘဲ တကားလုံးအပြည့်။

တစ်ခါတစ်လေတော့လဲ စစ်ကိုင်းကနေမန်လေးကိုလာတဲ့ကိုယ်ပိုင်ကားတွေက

မယ်သီလရင်တွေကို ကားပေါ်ကိုခေါ်လာပါတယ်။

ဒီမယ်သီလရင်လေးများမှာ မန်းလေးမြို့ကကိုယ်နဲ့ဆက်မိတဲ့အမြဲလှူဒါန်းတဲ့

အိမ်တွေကို ဒါနဆန်မေတ္တာရပ် ရရှာပါတယ်။

သူတို့အလှူခံခွင့်ရှိတာကတော့တစ်ပါတ်နှစ်ရက်။

ဆန်ခံခွင့်ရတဲ့နှစ်ရက်မှာသာ ရာသီဥတုဖောက်ပြန်လို့ကတော့ သေပေတော့ပါဘဲ။

အလှူခံလို့ရတဲ့ဆန်တွေကို တစ်ပါတ်စာချန် ပိုတာရောင်းပြီးမှာ လိုအပ်တာကိုဝယ်ရခြမ်းရပါတယ်။

ဒါကတော့ သာမန်မယ်သီလရင်များရဲ့ တကယ့်ဘဝပါဘဲံ။

ဆွမ်းခံထွက်လာတဲ့ နေ့များမှာဆိုရင် အများအားဖြင့်ကတော့ နေ့ဆွမ်းအတွက်အခက်အခဲ

ရှိကြပါတယ်။

တစ်ရက်ကျနော် အလုပ်ကိစ္စနဲ့ တောင်ဘက်ကပြန်အလာ မယ်သီလရင်များကို နေ့ဆွမ်းကပ်နေတာ

ကို တွေ့လိုက်ရပါတယ်။

38-39ကြား ရွှေတစ်ချောင်းမြောင်းအနောက်ဘက် 89လမ်း က ဓမ္မာရုံလေးမှာပါ။

ကြည့်ပြီးရင် သူများအလှူကို သာဓုခေါ်လို့ ကုသို်လ်ယူနိုင်ကြပါစေ။

 

ကိုပေါက်လမ်းသလားရင်းလက်ဆော့လို့ ရလာတဲ့အတွေးပါးပါး

(7-3-2012)

 

 

13 comments

  • water-melon

    March 7, 2012 at 8:36 am

    လေးပေါက်ရေ
    သာဓုခေါ်သွားပါတယ်ဗျာ။

  • TITAN

    March 7, 2012 at 9:54 am

    သာဓု သာဓု သာဓု

  • alinsett

    March 7, 2012 at 10:10 am

    သာဓုပါဗျာ..။ … အဲဒီ လို .လေးတွေ တွေ ့ရတာ တကယ် ပီတိ ဖြစ်ရပါတယ် ။ ဝေမျှ တင်ပြ ပေးလို ့ကျေးဇူးပါပဲ.။

  • Thel Nu Aye

    March 7, 2012 at 10:25 am

    ကိုယ်တိုင်မလုပ်နိုင်ပေမဲ့လုပ်နိုင်တဲ့သူတွေကိုအမြဲအားကျမိပါတယ်။ သာဓု သာဓု သာဓု ပါလေးပေါက်။

  • နွေဦး

    March 7, 2012 at 11:17 am

    ရင်ထဲအေးသွားသလိုဘဲ ခံစားရပါတယ်..
    သာဓု သာဓု သာဓု..
    ပြုပြုသမျှ ကုသိုလ် အဘို့ကို
    မျှဝေသူလဲ ရပါစေ…။

  • windtalker

    March 7, 2012 at 12:56 pm

    မန်းတလေးမြို ့ရဲ ့ချစ်စရာ ပုံရိပ်လေးတွေ ပါ ခင်ဗျား ။
    ဒါနမှတ်တမ်းများကို ကြည့်ပြီး ဝမ်းသာစွာဖြင့် သာဓု သုံးကြိမ် ခေါ်မိပါတယ် ။
    စကားမစပ် ၊ ကျွန်တော်လည်း အင်္ဂ ါနေ ့ည က မောင်းပေါက်လို ့၊ ပေါက်သမျှ ပိုက်ဆံ အားလုံး ကို ရပ်ကွက်ဘုံဆွမ်းလောင်းအသင်းမှာ လှူလိုက်ပါပြီ ။ အမြဲတမ်းလည်း မောင်းပေါက်ရင် ပေါက်သမျှ လှူနေကြပါ ။

      • windtalker

        March 7, 2012 at 8:50 pm

        မောင်းပေါက်တယ် ၊ မောင်းရိုက်တယ် ၊ မောင်းလောင်းတယ်ဆိုတာက ဒီလိုဗျာ ။ လက်တစ်ဖဝါးကျော်ကျော် ရှိတဲ့ စာရွက်ကလေးတွေ ကို ဒိုင်တွေက ထုတ်ထားတယ် ။ အဲဒီမှာ တစ်ခြမ်းက သူ ့နေ ့အလိုက် ၊ ကန်မယ့် ဘောလုံးပွဲတွေ ကို လောင်းရမယ့်ဈေးတွေနဲ ့ စာစီထားတာဗျာ ။ တစ်ခြမ်း က လက်ခံပေါ့ ။ အဲဒီမှာ ကိုယ်က အသင်း ၂သင်း ကနေ ရသင်း ၈သင်း အထိ ၊ ကိုယ် နိုင်မယ် ထင်တဲ့ ၊ ကိုယ် ကြိုက်တဲ့ အသင်းတွေကို ရွေးပြီး ၊ ကိုယ်လောင်းမယ့် ငွေပမာဏ ကို ရေးပြီး ၊ စာရွက်တစ်ခြမ်း ကို ဖြဲပြီး ၊ လောင်းတဲ့ ငွေ နဲ ့လက်ခံသူဆီအပ်လိုက် ၊ အဲဒါဆို မောင်းလောင်းပြီးပြီ ။
        ကိုယ်ရွေးတဲ့ အသင်းတွေ အားလုံး နိုင်တယ် ၊ လောင်းကြေးစားတယ် ဆိုရင် ၊ လျော်ကြေး ရတာပေါ့ ။ ဥပမာ ၃သင်းရွေးပြီး ၁၀၀ဝ ကျပ် လောင်းလိုက်တယ် ဆိုရင်
        ပထမ အသင်း နိုင် = ၂၀၀ဝ ကျပ်
        ဒုတိယ အသင်း နိုင် = ၄၀၀ဝ ကျပ်
        တတိယ အသင်းနိုင် = ၈၀၀ဝ ကျပ်
        နောက်ဆုံး ၈၀၀ဝ ကျပ် ကို မှ အကောက် (သတ်မှတ်ထားတဲ့ ရာခိုင်နှုန်း နုတ်ပြီး လျော်တာဗျာ)
        တစ်ကယ် လို ့ကိုယ်ရွေးတဲ့ အသင်း က တစ်ဝက်စား တစ်ဝက်ရှုံး ဖြစ်နေရင် ၊ အဲဒီ တစ်ဝက် နဲ ့နောက်တစ်ခု ကို ကူးသွားတာ ။

  • Khin Latt

    March 8, 2012 at 4:44 am

    ဆွမ်းလောင်းအဖွဲ့ ရဲ့ ဒါန ကို သာဓု ခေါ်ပါတယ် ကိုပေါက်ရေ။

    သီလရှင်လေးတွေ ဝမ်းရေး အတွက် အရောင်းအဝယ် လုပ်နေရတာ သင့်/မသင့် အတွေးများ နေမိလို့။ 🙄

  • ကိုလတ်ရေ
    ကျနော်ပေးချင်တဲ့ တကယ် အတွေးက
    (သီလရှင်လေးတွေ ဝမ်းရေး အတွက် အရောင်းအဝယ် လုပ်နေရတာ သင့်/မသင့် အတွေးများ နေမိလို့)
    အဲဒါပါဘဲံ။
    လူတွေက ဒါနဆန်ဆိုပြီး စေတနာနဲ့လှူလိုက်ကြပါတယ်။
    ဒီဆန်တစ်မျိုးထဲနဲ့ ဘယ်ရပ်တည်လို့ရမလဲနော်။
    ဆင်းရဲတဲ့မိသားစုလေးတွေကလဲ မယ်သီလရင်များဆီက အမျုးိပေါင်းစုံရောနေတဲ့ဆန်ကို
    ဝယ်ပြီး အားပေးကြပါတယ်။(ဆိုင်သွားဝယ်တာထက်သက်သာပါတယ်)။
    အဲဒီဆန်ရောင်းလို့ရတာလေးနဲ့ ဟင်းသီးဟင်းရွက် ဆီ ဆား ငရုတ်ပြန်ဝယ်လို့ ရပ်တည်ကြရပါတယ်။

    သင့်မသင့်ဆိုတာကို သူတို့ မစဉ်းစားအားပါဘူး။
    လက်တွေ့ကျကျ ဖြေရှင်းလိုက်တာပါ။
    ဒါ တကယ့်ဘဝအစစ်အမှန်ပါဘဲ။
    ကိုလတ် တစ်ယောက်ဘဲ ပစ်မှတ်ကို တည့်တည့် တိုးလာတယ်။

  • padonmar

    March 8, 2012 at 11:40 pm

    ကိုပေါက်ရေ
    အရုဏ်တက်ချိန်ဟာ ရာသီလိုက်လို့ (ဝါဆိုလမှာ နံနက် ၄နာရီ ၃ဝ မိနစ် ကနေ တစ်လကို ၁ဝမိနစ် တိုးလာတာ ပြာသိုလမှာ ၅နာရီ ၃ဝ မိနစ်မှ ) အရုဏ်တက်ပါတယ်၊
    အရပ်ဒေသ လိုက်ပြီးတော့လည်း ကွာပါသေးတယ်။
    အကြမ်းဖျင်း အရုဏ်ရောင် မမြင်ရမီ နာရီဝက် မှ ဆွမ်းခံလို့ရ ၊အရုဏ်ဆွမ်းစားလို့ရ၊ဥပုသ်ထွက်ပါတယ်။
    သေချာစေချင်ရင် ၅နာရီ ၃ဝ နောက်ပိုင်းမှ ဆွမ်းခံတာ စိတ်အချရဆုံးပါတဲ့။
    ဒါကြောင့် ဆွမ်းလောင်းလှူသူများက အရုဏ်မတက်မီ ဆွမ်းမလောင်းမိဖို့ သတိထားကြရပါမယ်လို့
    အရှင်ခေမာနန္ဒ(ရန်ကင်းတောရ)ရဲ့ လူပုဂ္ဂိုလ်မျးနှင့်ဆိုင်သော ရဟန်းဝိနည်းများစာအုပ် မှာပါပါတယ်။
    မန်းလေးကလူတွေကတော့ သိပြီးဖြစ်မှာပါ။
    ကြုံလို့ မသိသေးသူများ ဖတ်မိအောင် ကြွယ်လိုက်တာပါ။

  • အခုခေတ်ကတော့ သွားရေးလာရေးခက်တော့ မနက်(5)နာရီလောက် ဆိုဆွမ်းခံထွက်ကြရတာများပါတယ်။
    အများမသိသော ဗဟုသုတပေးလို့ ကျေးကျေးပါ မမာရေ။
    ဒါမျိုးလေးတွေများများကြွယ်ပေးပါ။

Leave a Reply