မင်္ဂလာပါ ခင်ဗျာ ။
မနေ့ ညတုန်းက ၊ ကျွန်တော် ““လီဗန်တေး”” ရွေးခြယ်ခဲ့ရာ အောင်မြင်ခဲ့ပါတယ် ။
သည်ကနေ့  ၊ 6.3.2012 အင်္ဂါနေ့ ည မှာ ကန်မယ့် ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ် ဒုတိယကျော့ ပွဲ၂ပွဲ နဲ့ အက်ဖ်အေဖလား 5th round ပြန်ကန်ပွဲစဉ် ၁ ပွဲ အကြောင်းပါ ။
ပွဲစဉ်များနဲ့ အချိန်များကတော့
ချန်ပီယံလိဂ်
2.15 အာဆင်နယ် – အေစီမီလန်
2.15 ဘင်ဖီကာ – ဇင်းနစ်
အက်ဖ်အေဖလား
2.15 ဘာမင်ဂမ် – ချဲဆီး
…………………………………………………
အာဆင်နယ် – အေစီမီလန်
ပထမအကျော့ အေစီမီလန် အိမ်ကွင်းမှာ ကစားတုန်းက အေစီမီလန် က ၄-၀ နဲ့ နိုင်ခဲ့ပါတယ်။
အာဆင်နယ် သည်ပွဲမတိုင်ခင်ကစားခဲ့တဲ့ ငါးပွဲမှာ
3.3.2012 လီဗာပူး ၁-၂ အာဆင်နယ်
26.2.2012 အာဆင်နယ် ၅-၂ စပါး
18.2.2012 ဆန်းဒါးလန်း ၂-၀ အာဆင်နယ် (အက်ဖ်အေ)
15.2.2012 အေစီမီလန် ၄-၀ အာဆင်နယ် (ချန်ပီယံလိဂ်)
11.2.2011 ဆန်းဒါးလန်း ၁-၂ အာဆင်နယ်
အေစီမီလန် သည်ပွဲမတိုင်ခင် ကစားခဲ့တဲ့ ငါးပွဲမှာ
3.3.2012 ပါလာမို ၀-၄ အေစီမီလန်
25.2.2012 အေစီမီလန် ၁-၁ ဂျူဗင်တပ်
19.2.2012 စီဆီနာ ၁-၃ အေစီမီလန်
15.2.2012 အေစီမီလန် ၄-၀ အာဆင်နယ် (ချန်ပီယံလိဂ်)
11.2.2012 အူဒီးနီး ၁-၂ အေစီမီလန်
သည်နှစ်သင်း 31.7.2010 မှာ အာဆင်နယ် အိမ်ကွင်းမှာ အမ်းမရိတ်ဖလား ကန်တုန်းက ၁-၁ သရေကျခဲ့ပါတယ် ။
ဥရောပဘူကီများ ဖွင့်တဲ့ဈေးက အာဆင်နယ် သရေ ဆိုရင် ၅၀%ရှုံးဖြစ်သော်လည်း ၊ သည်ဘက်ဈေးမှာ အာဆင်နယ် သရေဆိုရင် အပြည့်ရှုံး ဖြစ်နေပါတယ် ။
အေစီမီလန် ကို ခေါ်နေတဲ့ သဘောပါဘဲ ။
နှစ်သင်းစလုံး ဟာ လက်ရှိမှာ ခြေစွမ်းအတက်ဘက် ကို ရောက်နေပါတယ် ။
အထူးသဖြင့် အာဆင်နယ် ပါ ။ လီဗာပူး လို အသင်းမျိုး ကို သူ့ အိမ်ကွင်းမှာ ၂-၁ ၊ စပါးလို အသင်းမျိုးကို အိမ်ကွင်းမှာ ၅-၂ နဲ့ နိုင်တဲ့ အထိ ခြေစွမ်း ကောင်းခဲ့တာကို တွေ့ ရပါတယ် ။
အေစီမီလန် က လဲ ပြီးခဲ့တဲ့ ပါလာမို နဲ့ ပွဲမှာ ပထမပိုင်းတင် မိုဗစ် ဟက်ထရစ် သွင်းယူနိုင်သည် အထိ ခြေစွမ်းကောင်းနေပါတယ် ။
ပုံမှန်အတိုင်းတွေးကြည့်မယ် ဆိုရင်တော့ ၊ ပကျော့တုန်းက ၄-၀ နဲ့ နိုင်ခဲ့တဲ့ အေစီမီလန် ဟာ အာဆင်နယ် ကွင်းမှာ သရေ တစ်ပေါက် မှန်းပြီး လာကန်မှာပါ ။
အေစီမီလန် ခြေစွမ်းနဲ့ ဆိုရင်လဲ အောက်ထစ်သရေကျအောင် ကန်နိုင်စွမ်း ရှိပါတယ် ။
ဒါပေမယ့် ဈေးအနေအထားအရ ပြန်ကြည့်ရင် အေစီမီလန် ကို ခေါ်ထားတာ သိသာလွန်းတာမို့ ၊ သည်ပွဲမှာ ၊ ပကျော့အရှုံးကို သိက္ခာပြန်ဆယ်ပြီး ဂိုးရသလောက်သွင်းမယ့်
“““ အာဆင်နယ် ””” ကို ဘဲ အကြိုက်တွေ့ မိပါတယ် ။
ဂိုးဈေးမှာ သုံးဂိုးဆိုလျှင် ၅၀ အမြတ် ဖြစ်သော်လည်း ၊ သည်ဘက်မှာ ၇၀ အထိ အမြတ်ပေးထားသည့်အတွက် ဂိုးနဲများ ကစားမယ်ဆိုရင် ““ ဂိုးနဲ ”” က သင့်ပါတယ် ။
……………………………………………….
ဘင်ဖီကာ – ဇင်းနစ်
ဘင်ဖီကာ အခုပွဲမကန်ခင် ကစားခဲ့တဲ့ငါးပွဲမှာ
2.3.2012 ဘင်ဖီကာ ၂-၃ ပေါ်တို
15.2.2012 ဇင်းနစ် ၃-၂ ဘင်ဖီကာ ( ချန်ပီယံလိဂ် )
28.1.2012 ဖီရန်စီ ၁-၂ ဘင်ဖီကာ
22.1.2012 ဘင်ဖီကာ ၃-၁ ဗစ်စန်တီ
14.1.2012 ဘင်ဖီကာ ၄-၁ ဗစ်တိုးရီးယားစီတျူဘယ်
ဇင်းနစ် အခုပွဲမကန်ခင် ကစားခဲ့တဲ့ငါးပွဲမှာ
3.3.2012 စီအက်စ်ကေအေမော်စကို ၂-၂ ဇင်းနစ်
15.2.2012 ဇင်းနစ် ၃-၂ ဘင်ဖီကာ ( ချန်ပီယံလိဂ် )
6.12.2011 ပေါ်တို ၀-၀ ဇင်းနစ် ( ချန်ပီယံလိဂ် )
27.11.2011 ဇင်းနစ် ၂-၁ လိုကိုမိုးတစ်မော်စကို
23.11.2011 ဇင်းနစ် ၀-၀ အေပိုး ( ချန်ပီယံလိဂ် )
သည်နှစ်သင်း လက်ရှိခြေအနေအထားကို ကြည့်ရင် ဘင်ဖီကာ အသင်းဟာ ရှေ့ တန်းက ဂိုးသွင်းယူနိုင်စွမ်းရှိသလို ၊ နောက်တန်း က လဲ ပွဲတိုင်း ဂိုးပေးနေရတဲ့ အနေအထားရှိပါတယ် ။
ဇင်းနစ် က တော့ ၂၀၁၂ ထဲ မှာ ၂ ပွဲဘဲ ကန်ရသေးပြီး တစ်ပွဲသရေ ၊ တစ်ပွဲနိုင်ပါ ။
သည်ပွဲမှာ ဖွင့်တဲ့ ဈေးအနေအထားဟာ ၊ ဥရောပဘူကီများက ဘင်ဖီကာ တစ်ဂိုးဆိုလျှင် ၅၀ အမြတ် ဖွင့်ထားသော်လည်း ၊ သည်ဘက်မှာ ဘင်ဖီကာ တစ်ဂိုးဆိုလျှင် ၁၀ ဘဲ အမြတ်ပေးထားပါတယ် ။
သည်အနေအထား ကို စဉ်းစားမယ် ဆိုရင် ၊ ဘင်ဖီကာ အနိုင် ၊ ဂိုးမပြတ်ဘူး ဆိုတဲ့ သဘော ဖြစ်နေပါတယ် ။ နောက်ပြီး ၅၀ ကို ၁၀ ပြောင်းတဲ့ကိစ္စ ဟာ ဇင်းနစ် ဘက်ကို နေစေချင်တဲ့သဘောပါ ။
ဂိုးဈေးကို ကြည့်ရင် နှစ်ဂိုး အပြည့်ရှုံး ကို သုံးဂိုး ၈၀ အမြတ် ဖွင့်ထားမှုဟာ ဂိုးအများဘက် ကို ဦးတည်နေပါတယ် ။
သည်ပွဲမှာ
““ ဘင်ဖီကာ ”” နဲ့ ““ ဂိုးအများ ”” ကို တွဲဖက်သုံးဆောင်ရင် အကျိုးများမှာပါ ။
……………………………………………………
……. အားလုံး အောင်မြင်ပါစေ …….

About မောင် ပေ

မောင် ပေ has written 396 post in this Website..