မင်းဆဒ္ဒန် ရဲ့ ဖြည့်ဆည်းခြင်း

တစ်ခါတစ်ခါ စာရေးသူရော စာဖတ်သူပါ စိတ်ညစ်တာတွေ၊ စိတ်မအီမသာဖြစ် တာတွေ ကြုံတွေ့တတ်ရပါတယ်။ ဒီလိုအချိန်မှာ အနားမှာ အားပေးဖော်သူငယ်ချင်း တွေရှိနေရင် ကို်ယ့်ရဲ့ညစ်နေတာလေးတွေကို မျှဝေလိုက်ရင် အဆင်ဖြေတတ်ပါတယ်၊
ဒါပေမဲ့ သူငယ်ချင်းတွေဆိုတာ အမြဲတမ်းကိုယ့်အနားမှာ ရှိမနေနိုင်ကြပါဘူး၊ ရှိနေပြန် ရင်တောင် ကိုယ့်ရဲ့စကားတွေကို အချိန်ပေးပြီး မမြဲတမ်းပေးပြီး နားမထောင်နိုင်ကြ ဘူးလေ၊

ဒီလိုဆိုရင် စိတ်ညစ်စရာတွေကြုံတွေ့လာတဲ့အခါ အားတင်းပြီးဖြေနိုင်ကြအောင် သူတော်ကောင်းကြီးတွေရဲ့ နှလုံးသွေးနဲ့ရေးသွားကြတဲ့ ဖြစ်ရပ်လေးတွေ ပြောပြချင်ပါ တယ်၊ သူတော်ကောင်းကြီးများဟာ သူတို့အပေါ်ဘယ်လောက်ပဲ ရက်စက်စက်၊ တိုက် ခိုက်တိုက်ခိုက် မေတ္တာနဲ့သစ္စာနဲ့ သာယှဉ်ပြိုင်အနိုင်ယူသွားကြတာပါ၊ ရက်ရက်စက်စက် စကားလုံးတွေ တုန့်ပြန်ရန်မူတာတွေနဲ့ အနိုင်မယူကြပါဘူး၊

ပထမဆုံးအနေနဲ့ ဘုရားအလောင်းတော် ဆဒ္ဒန်ဆင်းမင်း သူတော်ကောင်းကြီး အကြောင်းကိုပြောပြချင်ပါတယ်၊ ဆဒ္ဒန်ဆင်မင်းကြီးမှာ မဟာသုဘဒ္ဒါရယ် စူဠသုဘဒ္ဒါ ရယ်ဆိုတဲ့ ဆင်မမိဖုရားနှစ်ပါးရှိပါတယ်၊ တစ်နေ့တော့ ဆဒ္ဒန်ဆင်မင်းကြီးရယ် သူ့ရဲ့မိဖု ရားနှစ်ပါးနဲ့အတူ ဆဒ္ဒန်ရေကန်ကြီးထဲမှာ ရေချိုးကြပါတယ်၊ ရေချိုးနေရင်း ဆဒ္ဒန်ဆင်မင်းကြီးဟာ မိဖုရားတွေကိုချစ်လွန်းလို့ အင်းကြင်းပန်းတွေ ချိုးပြီးပေးပါတယ်၊

အဲဒီလိုပေးရာမှာ မဟာသုဘဒ္ဒါမိဖုရားကြီးကို ပေးတဲ့အခါ ဘာပြဿနာမှမဖြစ်ပေမဲ့၊ စူဠသုဘဒ္ဒါကိုပေးတဲ့အခါ အင်ကြင်းပန်းတွေထဲမှာ ခါကြင်ကောင်တွေပါသွားတော့ ခါကြင်ကောင်တွေက စူဠသုဘဒ္ဒါကိုကိုက်ပါတယ်၊ အဲဒီတော့ စူဠသုဘဒ္ဒါဟာ ငါကိုမချစ်လို့ ခါကြင်ကောင်တွေပါတဲ့ ပန်းတွေပေးတယ်လို့ စိတ်ကောက်ပါတယ်။

စိတ်ကောက်တာတင်ရပ်မနေပဲ စူဠသုဘဒ္ဒါဟာ အညှိုုးပါထားပါတယ်၊ အဲဒီအညှိုးတွေနဲ့ပဲ ပစ္စေကဗုဒ္ဓါတွေထံမှာ သစ်သီးတွေလှူဒါန်းပြီး “တပည့်တော်သည် နောက်ဘဝမှာ မင်းမိ ဖုရားဖြစ်ပြီး ဒီဆဒ္ဒန်ဆင်မင်းရဲ့အစွယ်ကို် နာကပ်လုပ်ပြီး ပန်နိုင်ပါရစေ”လို့ ဆုတောင်းပါ တယ်၊

တိုတိုပြောပြရရင် စူဠသုဘဒ္ဒါတောင်းတဲ့ဆုဟာ ပြည့်သွားပါတယ်၊ နောက်ဘဝမှာ ရှင်ဘု ရင်ရဲ့ မိဖုရားကြီးဖြစ်ပြီး လင်တော်မောင်ဘုရင်ကြီးကို ပူဆာကာ ဆဒ္ဒန်ဆင်မင်းရဲ့ အ စွယ်ကို ဖြတ်ဖို့ သောနုတ္တိုရ်မုဆိုးကို ဆဒ္ဒန်တောကြီးထဲလွတ်လိုက်ပါတယ်၊

ဒီလိုနဲ့ သောနုတ္တိုရ်မုဆိုးကြီးဟာ မိဖုရားကြီးတဖြစ်လဲ စူဠသုဘဒ္ဒါလမ်းညွှန်မှုနဲ့ ဆဒ္ဒန် တောကြီးထဲရောက်လာပါတယ်။ ရောက်ပေမဲ့ ဆဒ္ဒန်ဆင်မင်းရဲ့အစွယ်ကိုဖြတ်ဖို့ မပြော နဲ့ အနားတောင်မသီနိုင်ပါဘူး၊ ဆဒ္ဒန်ဆင်မင်းဟာ အခြံအရံဆင်ပေါင်းရှစ်သောင်းနဲ့ နေတာလေ၊ ဒါကြောင့် သောနုတ္တိုရ်မုဆိုးဟာ ဆဒ္ဒန်ဆင်မင်းရဲ့အစွယ်ကိုဖြတ်ဖို့အရေး ဉာဏ်နီဉာဏ်နက်တွေထုတ်ရပါတယ်၊ လိုလျှင်ကြံဆလိုက်တာ နောက်ဆုံး ဆဒ္ဒန်ဆင် မင်းဟာ ပစ္စေကဗုဒ္ဓါတွေကို အရမ်းကြည်ညိုတာသွားတွေ့ပါတယ်။ ဒါကြောင့် ဆဒ္ဒန်ဆင် မင်းအစွယ်ကိုဖြတ်ဖို့အရေး သင်္ကန်းကို ကိုယ်မှာပတ်ပြီး သူတော်ကောင်ယောင်ဆောင် လိုက်ပါတယ်၊

နောက်တစ်ရက်မှာ ဆဒ္ဒန်ဆင်မင်းရေချိုးပြီးတဲ့အခါ နားနေရာ အင်ကြင်း ပင်ကြီးအောက်မှာ ကတုတ်ကျင်းကြီးတူးပြီး၊ ပုန်းအောင်းနေလိုက်ပါတယ်၊ ဆဒ္ဒန်ဆင် မင်းကြီးကလည်း ရေချိုးပြီးတဲ့အခါ သူနားနေကြနေရာကို လာရောက်ပြီး ရေတွေစစ် အောင်နားနေပါတယ်။ အဲဒီအချိန်မှာ ကတုတ်ကျင်းထဲပုန်းအောင်နေတဲ့သောနုတ္တိုရ်လဲရေစက်တွေကျလာတာတွေ့ တော့ ဆဒ္ဒန်ဆင်မင်းကြီးအပေါ်မှာရောက်နေတာသိပါတယ် သိတယ်ဆိုရင်ပဲ အဆိပ်လူးထားတဲ့မြားကို တအားဆွဲပြီးလွှတ်လိုက်ပါတယ်၊

အဆိပ်လူးထားတဲ့မြားဟာ ဆဒ္ဒန်ဆင်မင်းကြီးရဲ့ ဝမ်းဗိုက်ကိုဖောက်ခွဲပြီး ကျောကနေ ပေါက်ထွက်သွားပါတယ်။ မြားဒဏ်ကြောင့် ဆဒ္ဒန်ဆင်မင်းကြီးဟာ တစ်တောလုံးဟိန်း သွားအောင်အော်လိုက်ပါတယ်၊
နောက်လိုက်ဆင်ပေါင်းရှစ်သောင်းလဲ ဆဒ္ဒန်ဆင်မင်း ကြီးအော်သံကြားတော့ ရန်သူရောက်နေပြီဆိုတဲ့ အသိနဲ့ တစ်တောလုံး တောနင်းရှာပါ တယ်၊ ဆဒ္ဒန်ဆင်မင်းကြီးကတော့မြှားဟာ”တောင်ကလဲတာတာမ ဟုတ်ဘူး၊ မြောက်က လဲလာတာမဟုတ်ဘူး၊ ငါချက်အောက်ကလာတာဆိုတော့ ရန်သူဟာ ငါရဲ့အောက်မှာ ရှိရမယ်ဆိုပြီး“စဉ်းစားပါတယ်။ စဉ်းစားမိတာနဲ့ အောက်မှာရှိတဲ့ သစ်ရွက်ခြောက်တွေ ဖုံးနေတဲ့ ကတုတ်ကျင်းကိုလက်နဲ့ယက်ကာဖယ်လိုက်ပါ တယ်။

အဲဒီအချိန်မှာ လေးတွေများတွေကိုင်ထားတဲ့ သောနုတ္တိုရ်မုဆိုးကိုတွေ့ပါတယ်၊ တွေ့တယ်ဆိုရင်ပဲ နှာမောင်းနဲ့ဆွဲကာ ကိုင်ပေါက်မယ်လုပ်ပါတယ်။ ဒီအချိန်ကြမှ သောနုတ္တိုရ်ဟာ“ အစွယ်လိုသူက မိဖုရား၊ အသွားစေသူကမင်းဧကရာဇ်၊ လေးပစ်သူက ဘုရားကျွန်တော်၊ ဒီသုံးဖော်မှာ နင်ချည်းသာကံကွက်ကြားလို့ သေစေချည်းဆိုရင် မတော်ဘူးထင်ပါတယ်ဘုရား”လို့ အသနားခံတာရယ်၊ ကိုယ်မှာဝတ်ထားတဲ့ သင်္ကန်းကို မြင်တာနဲ့ မသတ်တော့ပဲပြန်လွှတ်လိုက်ပါတယ်၊

ဒီနေရာမှာ စဉ်းစားစရာကောင်းတာက ဆဒ္ဒန်ဆင်းမင်းသူတော်ကောင်းကြီးဟာ သတ်မယ်လို့ပထမတွေးထားခဲ့တာပါ၊ နောက်မှ သင်္ကန်ရောင်မြင်တာနဲ့ မသတ်တော့ပဲ လွှတ်လိုက်တာဟာ သာသနာတော်ကြီးကို ကြည်ညိုလေးစားတဲ့ သူတော်ကောင်းကြီးမု့ိပါသင်္ကန်းဆိုတာ ရဟတ္တဓဇ ရဟန်းတွေရဲ့အလံတံခွန်လည်း ဖြစ်လို့ပါ၊

နောက်တစ်ခါတစ်ခါ ဘာကြောင့်သူ့ကိုမြားနဲ့ပစ်ရသလဲလို့မေးတော့ မိဖုရားကြီးတစ်ဖြစ် စူဠသုဘဒ္ဒါက အရင်ဆင်မင်းရဲ့ အစွယ်ကိုနားကပ်လုပ်ပြီး ပန်ချင်လို့လွှတ်လိုက်တဲ့ အတွက် အရှင်ဆင်မင်းကို မြှားနဲ့ပစ်ရတာပါလို့ပြော တော့၊

“ ကဲ သောနုတ္တိုရ်ရယ် ဒီလိုဆိုရင်လဲ ငါရဲ့အစွယ်ကိုဖြစ်ကာယူတော့လို့ ပေးပါတယ်၊ ဒါပေမဲ့ သောနုတ္တိုရ်မုဆိုးဟာ အစွယ်ကိုဖြတ်ရာမှာ ဆင်မင်းရဲ့အစွယ်ဟာကြီးလွန်းတာကြောင့် မဖြတ်နိုင်ပါဘူး၊ ဒါကြောင့်ဆင်မင်းကိုယ်တိုင်ပဲ အစွယ်ကိုချိုးပေးလိုက်ပါတယ်၊ ”ပြော လိုက်ပါကွယ် မင်းရဲ့အရှင်မမုဆိုးတပိုင်း မိန်းမရိုင်းကြီးကို ဒီဘဝဒီမျှနဲ့ အမုန်းဝဋ်ကြွေးတွေ ပြေပါစေတော့”လို့လဲ အမှာတော်ပါးလိုက်ပါတယ်၊ ဆဒ္ဒန်ဆင်မင်းလဲ အစွယ်တော်ဖြတ် တဲ့ဒဏ်ကြောင့် သေဆုံးသွားရပါတယ်၊

သောနုတ္တိုရ်မုဆိုး နန်းတော်ပြန်ရောက်တဲ့အခါမှာ။မိဖုရားကြီးတစ်ဖြစ်လဲ စူဠသုဘဒ္ဒါမိဖုရားကြီးဟာလဲ ဆင်စွယ်ကိုကြီးမြင်ပြီး ဘဝဟောင်း ကအကြောင်းတွေကိုသတိရ သောနုတ္တိုရ်ပြောကြားတဲ့ ဆဒ္ဒန်ဆင်မင်း အမှာတော်ပါးလိုက်တဲ့ မျက်နှာငွေလ ရွှင်ပြပြနဲ့ခင်မဝမ်းမြောက်ပါစေတော့ ဆိုတဲ့ စကားတွေကြားရောင်ရင်းရင်ကွဲနာကြသေပွဲ ဝင်သွားရပြန်ပါတယ်၊

ဆဒ္ဒန်ဆင်မင်းသူတော်ကောင်းကြီးဟာ ဘယ်လောက်လေးစားစရာ၊ကြည်ညိုစရာ ကောင်းလိုက်လဲ စာဖတ်သူရယ်၊ ကိုယ့်ကိုသတ်မဲ့ သူကိုလဲမသတ်ပဲနဲ့လွှတ်လိုက် တယ်။ နောက်တစ်ခါ လာရင်းကိစ္စအကြောင်းရင်းကို သိရတော့လဲသူကိုယ်တိုင် အစွယ်ကို ဖြတ်ပေးလိုက်တယ်၊ အသက်နဲ့လဲပြီးသူတော်ကောင်းပီသ အောင်ကျင့်ဆောင်ခဲ့တာဟာ အတုယူစရာဘယ်လောက်ကောင်းလိုက်လဲ၊

တစ်ခါတစ်ခါ ကိုယ့်ကိုယ်မနာလိုလို့ မချစ်လို့မဟုတ်ပဲ ကို အရမ်းချစ်တဲ့သူတွေနဲ့ အထင်လွဲစရာအကြောင်းကိစ္စလေးတွေနဲ့ ဘဝမှာကြုံတွေတတ်ပါတယ်၊ အဲဒီလိုကြုံ တွေ့လာတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ပြေလည်အောင် ဖြေရှင်း ကြတာကောင်း ပါတယ်၊ မဖြေရှင်းကြရင် အမှားတစ်ခုကနေ နောက်ထပ်အမှားတစ်ခုကို ထပ်ကူးကြရင် နာကြင်ကြေကွဲရမဲ့ အဖြစ်မျိုးတွေနဲ့ပဲ ဆက်ကာဆက်ကာကြုံနေကြရပါလိမ့်မယ်၊ အဲဒီလိုဆိုရင် နေရတဲ့ဘဝတိုတိုလေးဟာဘယ်လောက်နှမြောစရာကောင်းလိုက်မလဲ၊

စာရေးသူကတော့ ဒီဇာတ်ကြောင်းလေးဖတ်ပြီးတွေးဖြစ်နေပါတယ်၊ ငါသာဆိုရင် ငါ့ကို သတ်မဲ့သူကို ခွင့်လွွှတ်ခြင်းတွေနဲ့ ပေးဆပ်နိုင်ပါမလားလို့၊ ငါအရမ်းချစ်တဲ့သူတွေနဲ့ အထင်လွဲစရာအကြောင်းတွေပေါ်ခဲ့ရင် စူဠသုဘဒ္ဒါလို အမှားမျိုးအလုပ်ဖြစ်အောင် ဘယ်လိုလုပ်ဖြေရှင်းရရင် ကောင်းမလဲလို့ပါ။
စာဖတ်သူရော ဘယ်လိုများတွေးမိနေပါသလဲ၊ တွေးမိတာလေးများရှိရင် အောက်မှာချရေးကြည့်လိုက်ပါနော်၊ စာရေးသူနဲ့များ အတွေးတူနေမလားဆိုတာ သိချင်လို့ပါ၊
အတွေးတွေ ဖလှယ်ကြတာပေါ့ နော်………

4 comments

  • snow white

    March 6, 2012 at 5:14 pm

    လာရောက်ဖတ်ရှုသွားပါတယ်

  • တစ်ခါတစ်ခါ ကိုယ့်ကိုယ်မနာလိုလို့ မချစ်လို့မဟုတ်ပဲ ကို အရမ်းချစ်တဲ့သူတွေနဲ့ အထင်လွဲစရာအကြောင်းကိစ္စလေးတွေနဲ့ ဘဝမှာကြုံတွေတတ်ပါတယ်၊ အဲဒီလိုကြုံ တွေ့လာတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ပြေလည်အောင် ဖြေရှင်း ကြတာကောင်း ပါတယ်၊ မဖြေရှင်းကြရင် အမှားတစ်ခုကနေ နောက်ထပ်အမှားတစ်ခုကို ထပ်ကူးကြရင် နာကြင်ကြေကွဲရမဲ့ အဖြစ်မျိုးတွေနဲ့ပဲ ဆက်ကာဆက်ကာကြုံနေကြရပါလိမ့်မယ်၊ အဲဒီလိုဆိုရင် နေရတဲ့ဘဝတိုတိုလေးဟာဘယ်လောက်နှမြောစရာကောင်းလိုက်မလဲ။
    ……………
    ဟုတ်တာပေါ့ဗျာ။ဒါလေးကို နားလည်ဖို ့ဘဲပေါ့

  • windtalker

    March 6, 2012 at 8:13 pm

    ကျွန်တော် ငယ်ငယ်တုန်းက ဒီ ဆဒ္ဒန်ဆင်မင်း ဝတ္ထုတို ့၊ သရုပ်ဖော်ကာတွန်းတို ့ဖတ်ပြီးအတိုင်း မျက်ရည်ဝဲရတယ် ။ “ မုဆိုးတစ်ပိုင်း မိန်းမရိုင်းကြီး ” ဆိုတဲ့ စကား ကို အခုထိ မှတ်မိနေတုန်းဘဲဗျာ ။ အရွယ်ရောက်တော့လဲ ၊ တစ်ချို ့ခွင့်မလွှတ်နိုင်လောက်အောင် အဖြစ်မျိုးကြုံရပြန်တော့လဲ ၊ ဆဒ္ဒန်ဆင်မင်း ထုံး နှလုံးမူပြီး ဇွတ်ကြိတ်မှိတ် ခွင့်လွှတ်ရတဲ့ အဖြစ်မျိုးတွေလဲ ကြုံရတာပေါ့နော ။

    • စောဝေတင့် (ပုဂံ)

      March 7, 2012 at 10:55 am

      ကျွန်တော်ကိုယ်တိုင်လည်း
      ကြုံတွေ့နေရပါတယ်ဗျာ

Leave a Reply