အလွယ်ကူဆုံး သူဋ္ဌေးဖြစ်နည်း…

Ko out of...March 6, 20121min937

တခါက သူဋ္ဌေးဖြစ်နည်းစာအုပ်မျိုးပေါင်း (၁၀၀)ကျော်ကိုရေးသည့် စာရေးဆရာ တစ်ယောက်ရှိလေသည်။

တနေ့သောအခါ သူ့စာဖတ်ပရိတ်သတ်တစ်ဦးက ခွက်ကလေးတစ်လုံးနှင့် လမ်းဘေးတွင် တောင်းစားနေသော

ထိုစာရေးဆရာအား တွေ့လိုက်လေသည်။ သူက တအံ့တဩ ဖြင့် ထိုစာရေးဆရာအား မေးမြန်းရာ . . .

ဆရာ ဆရာကိုယ်တိုင် သူဋ္ဌေးဖြစ်နည်းစာအုပ်ကိုရေးသားပြီး ဘာဖြစ်လို့ ဆရာကိုယ်တိုင်
ဒီလိုခွက်လေးတစ်လုံးနဲ့ လမ်းဘေးမှာ ဘာဖြစ်လို့ တောင်းစားနေရလဲဆရာ.. .

အေး…ငါရေးတဲ့သူဋ္ဌေးဖြစ်နည်း ပေါင်းတစ်ရာကျော်မှာ ဒီတောင်းစားတဲ့ နည်းက အလွယ်ကူဆုံးလေကွာ ဆိုပြီးပြော လိုက်သတဲ့…

ပြောချင်တာ ယနေ့ ဒို့နိုင်ငံမှာ ကိုယ့်ကိုယ်ကို အားကိုးပြီး အလုပ်လုပ်ချင်တဲ့လူတွေ သိပ်နည်းနေပြီ သူများပေးတဲ့ အကူအညီကို စောင့်မျှော်နေတာတို့၊ ကိုယ်ကိုယ်တိုင်မသိမမြင်ရတဲ့ အရာကို သိတယောင်ယောင် ဟန်ဆောင်ပြီး လူတွေကို လိမ်နေတဲ့လူတန်းစားတွေကို အကြွင်းမဲ့ယုံကြည်တာတို့၊ လက်တွေ့မကျတဲ့ စိတ်ကူးအတွေးတွေဟာ သူတောင်းစား ဖြစ်ဖို့ အလားအလာ တွေဘဲ. . .ဒါတွေကို ဒို့လူငယ်တွေ အလွတ်ကျက် သင်ယူခြင်း ချည်းချည်းမလုပ်ဘဲ..ဝေဖန်ပိုင်ခြားခြင်း ပြုလုပ်နိုင်မှ ဖြစ်မယ်နော

We learn dog and we educate man. ယခု လိုပညာခေတ်ကြီးမှာ Educate လုပ်နိုင်မှ ဒို့နောက်မကျမှာ . . . အခုတော့သူများ ဘာပြောပြော ဟုတ်ကဲ့ ဟုတ်ကဲ့ လို့ဘဲလွယ်လွယ်နဲ့ခေါင်းငြိမ့်နေကြတော့ . . . လွယ်လွယ်နဲ့ ခေါင်းငြိမ့် တဲ့လူဟာ ကြာလာရင် ကိုယ့်အခန်း ကဏ္ဍပျောက်သွားမယ်လို့ လူငယ်တွေကို အသိပေးမျှဝေ လိုက်ပါရစေ..

7 comments

  • ယနေ့ ဒို့နိုင်ငံမှာ ကိုယ့်ကိုယ်ကို အားကိုးပြီး အလုပ်လုပ်ချင်တဲ့လူတွေ သိပ်နည်းနေပြီ သူများပေးတဲ့ အကူအညီကို စောင့်မျှော်နေတာတို့၊ ကိုယ်ကိုယ်တိုင်မသိမမြင်ရတဲ့ အရာကို သိတယောင်ယောင် ဟန်ဆောင်ပြီး လူတွေကို လိမ်နေတဲ့လူတန်းစားတွေကို အကြွင်းမဲ့ယုံကြည်တာတို့၊ လက်တွေ့မကျတဲ့ စိတ်ကူးအတွေးတွေဟာ သူတောင်းစား ဖြစ်ဖို့ အလားအလာ တွေဘဲ. . .ဒါတွေကို ဒို့လူငယ်တွေ အလွတ်ကျက် သင်ယူခြင်း ချည်းချည်းမလုပ်ဘဲ..ဝေဖန်ပိုင်ခြားခြင်း ပြုလုပ်နိုင်မှ ဖြစ်မယ်နော
    …………..

  • windtalker

    March 6, 2012 at 8:51 pm

    တောင်းစားတယ်ဆိုတဲ့ စကား ဟာ လွယ်တယ်လို ့ထင်ရပေမယ့် တစ်ကယ်မလွယ်တဲ့ အလုပ်နောဗျ ။ ဒီလိုရေးလို ့တောင်းစားဖူးတယ်လို ့လဲ မထင်ကြပါနဲ ့ဦး ။ တစ်ခြားမပြောနဲ ့၊ ကိုယ့်ဆွေမျိုးသားချင်းဆီကနေ ဘဲ အရင် မုန် ့ဖိုး ၊ လဘက်ရည်ဖိုး အရင် စမ်းတောင်းကြည့်ရင် တန်းသိရမှာပါ ။ တောင်းတဲ့အခါ မျက်နှာအနေအထား ၊ ကိုယ်အမူအရာ ၊ အသံ … အိုဗျာ အများကြီးပါဘဲ ။ ပြောချင်တာကတော့ ၊ ဘယ်အရာမှ မလွယ်ပါဘူး ။ အဲ…တောင်းစားမယ်ဆိုရင်တောင် ၊ အရင်းအနှီးအဖြစ် ၊ ခွက်တစ်လုံးလောက် ရှိမှ ဖြစ်မှာပါ ။

    • ရှမ်းပြည်သား (တောင်ပိုင်း)

      March 6, 2012 at 11:00 pm

      တောင်းစားတဲ့ခွက်တောင်အသစ်ဖြစ်နေရင်ဘယ်သူမှမထည့်လို့ ခွက်ကိုစုတ်အောင်
      အရင်ထုထောင်းရဦးမှာလဲ ထည့်ပါဦးကိုပေရဲ့……..
      ခြေလေးလက်လေးလဲခေါက်ထားကွေးထားမှ မသန်မစွမ်းလို့မြင်မယ်
      တစ်ချို့များကောင်းလျက်နဲ့ ဝတ်ကောင်းစားလှဝတ်ပြီးတောင်းတဲ့ ဂုဏ်သရေရှိသူတောင်းစားများ
      ကလည်းရှိသေး ပြောချင်တော့ပါဘူး ခဏနေလက်ကောက်ဝတ်ကယားယားလာလို့……..
      နီးရာဓါးကြောက်ရသဗျ။

  • htoosan

    March 6, 2012 at 10:29 pm

    ခွက်ထဲ ထည့်ဖို့ ခဲလည်းရှုာရဦးမှာဗျ နော် ကိုပေ..

  • aye.kk

    March 7, 2012 at 4:27 am

    ကုဋေရှစ်ဆယ်သူဌေးသားဟာ..
    ပညာမတတ်လို့ခွက်စုတ်တစ်လုံးနဲ့ရွာပြင်ထွက်ခါတောင်းစားရရှာတယ်..
    အခုခေတ်ပညာတတ်လူငယ်များအချို ့ကတော့
    သူဌေးဖြစ်ချင်လို့စီးပွါးရေးအကွက်မြင်ပြီး..
    အဝှာထဲ ဝင်ပြီးအဝှာလေးကိုင်ပြီးဟန်ရေးတပြပြနဲ့အဝှာတွေဆီကနေ
    တောင်းစားကြတာ..။(ပညာရှိသူများတွေးယူကြပါကုန်)
    သူဌေးခဏလေးဖြစ်သွားတာတွေ ့နေကြရတယ်..(မယုံမရှိနဲ့..ဘူတာရုံမှာ..သင်္ဘောကြီးတွေမောင်းလို့တဲ့..)ဆိုတဲ့..
    “အာလူးလာမပေးနဲ့လေတွေနဲနဲလျှော့”ဆိုတဲ့သီချင်းထဲကလိုပါဘဲ…
    အခုခေတ်ကပြောကိုမပြောချင်ပေါင်..။။(မမြလေးလေသံဖြင့်)

  • Ko out of...

    March 7, 2012 at 6:42 am

    ယခုခေတ်မှာ တောင်စားတယ်ဆိုတာလည်း အသွင်သဏ္ဍာန် အမျိုးမျိုးရှိတယ် ဟန်ဆောင်ပြီးတောင်းစားတဲ့ လူတွေကို လွယ်လွယ်ကူကူနဲ့ မသိနိုင်ဘူး…

  • နတ်ဆိုးလေး

    March 7, 2012 at 11:02 am

    ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ တောင်းပုံတောင်းနည်းတွေကလဲ လိုက်ပြီးပြောင်းလဲသွားပြီလေ
    သူတို့ကလဲ အမြဲ up to date လုပ်နေကြတာဘဲ….ခေတ်ဟောင်းအတိုင်းတောင်းရတာ အဆင်မပြေတော့ ပြောင်းလဲရတော့တာပေါ့………..စော်ကားတာတော့ မဟုတ်ပါဘူး နတ်ဆိုးလေးလဲ မြန်မာလူမျိုးဘာပဲ.. ကိုးကွယ်တာလဲ မြတ်စွာဘုရားရှင်ပါ…ဒါပေမဲ့ မန်းလေးမှ သံဃာတော်တွေ (အများဆုံးက ကိုယ်ရင်တွေ၊ သီလရှင် ပေါက်စလေးတွေ) အလှူခံနေကြတာဟာ မနှိုင်းချင်ပါဘူးဗျာ….နတ်ဆိိုးလေးကနေ ကြာရင်ဒါတွေပြောရတာနဲ့ နတ်ဆိုးကြီးဖြစ်တော့မယ်….. မန်းလေးမှာနေတဲ့ပရိတ်သတ်ကြီး သိပါတယ် ဘယ်လိုဘယ်ပုံဖြစ်နေကြလဲဆိုတာ….မန်းလေးက ကျောင်းထိုင်ဆရာတော် ကြီးတွေ အနေနဲ့ ကြပ်မပ်သင့်တယ်လိုထင်ပါတယ်…နယ်တွေရောက်တော့တစ်မျိုး အကြီးပိုင်း သံဃာတော်တွေပါ အယောင်ဆောင်တွေအရမ်းဘဲပေါပါတယ်….နတ်းဆိုးလေးတော့ ငရဲပါရောက်တော့မယ်နဲ့တူတယ် အရပ်ကတို့ရေ့ ကယ်ကြပါအုံး နတ်ကွန်းလေးဆောက်ပြီးတော့ ;-0

Leave a Reply