တို့များ လွမ်းနေရတယ် ငပေါက်ဖော်ရယ် …

အရင်က ဂေဇက်ရဲ့ ညာဘက်အခြမ်းက Lastest Comments တွေကို ကြည့်လိုက်တိုင်း စိန်ပေါက်ပေါက် (ပေါက်ဖော်) ဆိုတဲ့ အမည်ကို အများကြီး တွေ့ရပါတယ်။ အခုတော့ မတွေ့ရ …။ မတွေ့ရတာမှ တစ်ပတ်ကျော်ပင် ကြာခဲ့ရပေါ့။ သူ မရှိတော့ ပျင်းခြောက်ခြောက်နဲ့ ….. ။

ဂေဇက်က လူတွေက သူ့ကို ချစ်ခင်ကြတယ်။ သူ့ရဲ့ ကွန်မန့်တွေကလည်း ဟာသဆန်တယ်။ ဖတ်လိုက်တိုင်း ပြုံး၊ ရယ်၊ ဟား စေတယ်။ မွန်းကြပ်နေတဲ့ စိတ်တွေကိုလည်း လွတ်လပ်စေပါတယ် …။

တကယ်လို့ ဂေဇက်ဟာ အငြိမ့်ပွဲတစ်ခု ဖြစ်ခဲ့ရင် သူက ပြောင်မြောက်တဲ့ လူရွှင်တော် တစ်ဦး …။ တကယ်လို့ ဂေဇက်ဟာ ဟင်းတစ်ခွက် ဖြစ်ခဲ့ရင် သူက ဆားကလေးပေါ့။ သူ မပါရင် အရသာ က ပေါ့ရွှတ်ရွှတ် ဖြစ်နေမှာ …။ ဒါက ဂေဇက်နဲ့ သူ့ကို တွဲဖက်ပြီး ကြည့်မိတဲ့ ကျနော့်ရဲ့ အမြင်။

အစ (ပျောက်စ) ကတော့ နေမကောင်းဘူးလို့ ထင်ခဲ့ …။ အမြန် နေကောင်းပါစေလို့ ဆုတွေလည်း တောင်းမိခဲ့။ အခုတော့ ရက်ကလေးကလည်း ကြာလာ၊ သူ ဘယ်ဆီမှာများလဲ ဆိုတဲ့ အတွေးနဲ့ ဂေဇက်ဆိုတဲ့ ရွာထဲက လွမ်းနေမိခဲ့ …။

တစ်စုံတစ်ခုသော စိတ်ထင့်စရာ အကြောင်းကြောင့်ဆိုရင် အမြန် ပြန်လာခဲ့ဖို့ တောင်းဆိုပါတယ် ငပေါက်ဖော်ရယ် …။ မင်း မရှိတော့ တို့များလည်း ပျင်းလှတယ်ကွယ့်။ မင်းက ပျော်တော်ဆက် မဟုတ်ဘူးနော်။ မင်းက အပျော်တွေ သယ်ဆောင်လာတတ်တဲ့ နတ်သားလေးရယ်ပါ …။

နောက်ဆုံးတစ်ခု ပေါင်းစုပြီး ပြောချင်တာက ရွာထဲက လူတွေက မင်းကို တောင့်တနေပြီကွယ့်။ မင်း ကိုယ်ထင်ပြလှည့်ပါတော့လား ငပေါက်ဖော်ရယ် …။

မင်းရဲ့ သူငယ်ချင်း အံစားတုံး နဲ့ ရွာထဲက မင်းကိုခင်တဲ့ ရွာသူားများ

52 comments

  • TITAN

    March 6, 2012 at 4:25 pm

    ဟေ့ကောင်မရေ့ ….. ပြန်လာခဲ့ပါတော့အေ့
    ဒို့ဒွေ လွမ်းလှဘီအေ့ (အေ့ =လေချဉ်တက်သံ) 😆
    လွမ်းထှာ ကောင်မဂျုတ်ရယ် 🙁

  • Thel Nu Aye

    March 6, 2012 at 4:36 pm

    ဟုတ်ပါ့။ အခုတလော comment တွေလဲဖတ်ရတာပျင်းခြောက်ခြောက်ကြီးလိုပဲ။ ဒေါ်စိန်ပေါက်ရောက် ရာအရပ်ကအမြန်ပြန်လာပါ။

  • စနေ

    March 6, 2012 at 4:44 pm

    မိစိန်ပေါက်ရေ …
    ရောက်ရာအရပ်က အမြန်ပြန်လာပါအေ … နင်မရှိတော့ ပျင်းစရာကြီး …. 🙁
    ဘဘ ဘလက်ရေ …
    မိစိန်ပေါက်တစ်ယောက် ဘာများဖြစ်နေလို့လဲ ….. အဘချောလဲ ပျောက်နေတယ် ….

  • kai

    March 6, 2012 at 4:46 pm

    ကြည့်ရတာ.. အင်တာနက်ကျကွဲသွားလို့နဲ့တူတယ်….. 😆

    • windtalker

      March 6, 2012 at 8:00 pm

      အလို ၊ ခင်ဗျားဂျီးဘဲ ၊ မန်းဂေဇက် ထူးရှယ်သတင်းခေါင်းစဉ် အတွက် ၊ သူ ့ကို ဆိုမာလီ ပို ့ပေးလိုက်တာ မဟုတ်ဖူးလား ရယ်လို ့။

    • htoosan

      March 6, 2012 at 9:13 pm

      အီးပန်းလွန်လို့ အိမ်သာ နက်ကွဲတာဖြစ်မယ် . . 😀

  • amatmin

    March 6, 2012 at 4:51 pm

    ကပေါက်ဖော် တယောက်ပျောက်နေတော့ ရွာထဲအတော်ငြိမ်သွားတာ အမှန်ပဲ..
    ကိုဘလက်လည်းအတူပျောက်ဆိုတော့ အင်းးး စဉ်းစားစရာပဲ. 🙂
    ကိုအံကြီးရေ..ဘယ်သူကများစမေးပါ့ မလဲလို့.. ကွက်တိဗျ
    ဒီလူပျောက်ကြော်ငြာ ပေါက်ဖော်မ တွေ့လောက်ပါ ရဲ့.. 🙁

  • မွန်မွန်

    March 6, 2012 at 4:54 pm

    ပန်းတုန်းပဲလားမသိ….
    ဒါမှမဟုတ် အိမ်သာထဲမှာ ကော်နက်ရှင်မမိလို့များလား….

  • Uncle Lay

    March 6, 2012 at 5:10 pm

    ရောက်ရာအရပ်က ပြန်လာပါ…။
    သူကြီးနဲ့တကွ ရွာသူရွာသားအားလုံးက ခွင့်လွှတ်ပါတယ်..တဲ့…။

  • TITAN

    March 6, 2012 at 5:36 pm

    တဂျီးရေ့ ….
    လူပျောက်ကြေညာတိုင်လိုက်ဗျာ။
    စိန်ပေါက်ပေါက် (ခ) ပေါက်ဖော် (ခ) ပေါက်ကျော်မ (ခ) မိပေါက်
    ရောက်ရာအရပ်က အမြန်ပြန်လာပါ
    အားလုံးကစိတ်ပူနေဒယ်၊
    ဖြားယောင်းသွေးဆောင်လက်ခံထားသူများအား ပြင်းထန်စွာတရားစွဲဆိုသွားမည်။
    ပုံ
    တဂျီး နှင့် ရွာသူားများ
    :mrgreen:

  • yaungchikha

    March 6, 2012 at 6:01 pm

    ရွာထဲမှာ ကိုပေါက်ဖော် ကွန်းမန့်တွေကို ဖတ်ရတာ သဘောကျတယ်၊ ကျနော်လည်း ရွာထဲမရောက်ဖြစ်တာကြာတော့မသိဘူး၊ အခုမှ ပို့စ်တွေကိုဖတ်ကြည့်ရင်း ကိုပေါက်ဖော်ကွန်းမန့်တွေ မတွေ့လို့ တစ်ခုခု လိုနေသလိုပါပဲ………

  • water-melon

    March 6, 2012 at 6:07 pm

    ပေါက်ဖော်ရေ
    ညည်းမရှိတော့ ငါလည်းလေနေတယ်အေ့
    ရွာထဲလည်း မဝင်ချင်တော့ဘူး
    စိတ်မပါဘူးဖြစ်နေတယ်
    အကြော်ရောင်းတဲ့ ကြီးမိုက်ရော နေကောင်းလား
    ငါတို့ အခြောက်အဖွဲ့ရဲ့ခေါင်းဆောင် စိန်ပေါက်ပေါက် နေကောင်းပါစေ ချစ်သူနဲ့အဆင်ပြေပါစေ

    • ဗြဲသီးရေ …
      ပေါက်ဖော် မရှိတော့ ရွာထဲမှာ နာတို့အတွက် နည်းနည်း ခြောက်ကပ်ကပ် ဖြစ်သွားတာတော့ အမှန်ပါပဲ …
      သို့ပေသိ ရွာထဲ မဝင်ဘဲနဲ့တော့ နေပါနဲ့လို့ … နော် …

  • weiwei

    March 6, 2012 at 8:11 pm

    တို့လဲ သတိရပါတယ် ….

  • ဦးဦးပါလေရာ

    March 6, 2012 at 8:46 pm

    အဲလို မပြောမဆို ခိုးရာလိုက်သွားရသလားလို့…

    တကယ်ဆို ဗီဒီယိုတွေ ဝတ္ထုတွေထဲကလို စာလေးဘာလေး တကြောင်းတလေရေးသွားရောပေါ့…

    • Thel Nu Aye

      March 6, 2012 at 9:03 pm

      သမီးမိုက်ကိုခွင့်လွှတ်ပါလို့ လား။

  • Thel Nu Aye

    March 6, 2012 at 9:06 pm

    ဟီဟိ မှန်းကြည့်ရရင် ဟိုအရူးမများသူအိပ်နေတုန်းလာမသွားလားမသိ။

  • aye.kk

    March 6, 2012 at 9:09 pm

    သူလာရင်ပမ်း..
    မလာလွမ်းသည်..
    တမ်းတခါမျှော်..
    အားလုံးပျော်အောင်..
    ပေါက်ဖော်မရယ်..
    ပျောက်ချည်းမနေပါနဲ့ကွယ်..။

  • kyeemite

    March 6, 2012 at 9:29 pm

    ဟေ့…ဒီကိစ္စအရေးကြီးတယ်…ဟိုတစ်ခါအလှူှုတုံးကလူတွေသူ့ ဖုန်းကိုသိလောက်ကြပါတယ်
    လုပ်ကြပါဦး..ဆက်သွယ်ပီးသတင်းပေးကြပါ…

  • htoosan

    March 6, 2012 at 9:48 pm

    etone များ သိမလား ?????

  • ကိုရင်မောင်

    March 6, 2012 at 9:49 pm

    မိစိန်ပေါက်ရောက်ရာအရပ်ကပြန်လာတော့ဟေ့
    ရွာသူရွာသားအပေါင်း စိတ်ပူနေကြပြီ………………

  • နွေဦး

    March 6, 2012 at 10:11 pm

    လင်နောက် လိုက်ပြေးတယ်ဆိုလဲ
    လူကြီးတွေကို အကြောင်းကြားခဲ့ပါဆို
    ခုတော့ အားလုံး စိတ်ပူနေဘီ..
    ရဲတိုင်ဘို့ကလဲ နင်က ၁၈နှစ်ကျော်နေတာ့
    လူပျောက်ဘဲတိုင်ရတော့မယ်..
    ဒါနဲ့ ရွာထဲ ဘယ်သူပျောက်နေသေးလဲ လူစစ်ကြပါအုံး..
    တောင်းပေးဆိုလဲ ဝိုင်းတောင်းပေးရအောင်…
    (မိစိန်ပေါက် နင့်အမေက သဘောတူပါတယ်တဲ့ ပြန်လာပါတော့တဲ့)

  • ခပ် KING ကင်း

    March 6, 2012 at 10:26 pm

    ပေါက်ဖော်ကို
    အခြောက်စော်လို့
    မှောက်အော်နေရတယ် ….. 😛
    (စာကြွင်း။ အခြောက်အား သွား၍နောက်ပြောင်သဖြင့် အခြောက်မှ တွေ့ရာတုတ်နှင့်ရိုက်လိုက်ရာ ကျောနာသွားသဖြင့်အိပ်ယာထက်တွင် မှောက်အော်နေရခြင်းဖြစ်ကြောင်း …. ထိုသို့သောကြောင့် ရွာထဲသို့ မဝင်နိုင်ခြင်းဖြစ်နေကြောင်း … စသည့်စသည့် အကြောင်းများစွာဖြင့်) 😆

  • Green Rose

    March 6, 2012 at 10:46 pm

    တစ်ခုမှ မဟုတ်ဘူး။ ပုလင်းပျောက်လို့ရှာနေတာတဲ့
    ကောက်ရထားတဲ့သူရှိရင် ထုတ်ပေးလိုက်ကြလေနော်။ အဲဒါဆို ပြန်လာမှာပေါ့။
    ပုလင်းပျောက်လို သတင်းပျောက်နေတာပေါ့လို့.. ဒါလေးတောင်မသိဘူးလား..ဟွန်း…

  • Green Rose

    March 6, 2012 at 10:48 pm

    တစ်ခုမှ မဟုတ်ဘူး။ ပုလင်းပျောက်လို့ရှာနေတာတဲ့
    ကောက်ရထားတဲ့သူရှိရင် ထုတ်ပေးလိုက်ကြလေနော်။ အဲဒါဆို ပြန်လာမှာပေါ့။
    ပုလင်းပျောက်လို့ သတင်းပျောက်ပြီး ဒင်း မှောက်နေတာပေါ့လို့.. . (Green Rose ထက်များအသက်ကြီးလား မသိပါဘူး.. ခင်လို့စတာ.. ကန်တော့နော်)

  • MaMa

    March 6, 2012 at 11:19 pm

    မယ်မယ်ပေါက် ကောင်းမှုနဲ့
    သဂျီးရဲ့သတင်းစာလည်း ပိုပြီးပီပြင်သွားအောင်
    လူပျောက်ကြော်ငြာ ကဏ္ဍတစ်ခုထပ်တိုးသင့်ပြီ ထင်တယ်။ 😆

    လူပျောက်ကြော်ငြာ-
    ပေါက်ဖော် (ခ) စိန်ပေါက်ပေါက် (ခ) ဒေါ်စိန်ပေါက်
    ကျား/မ မထင်ရှား
    (ပျောက်သွားပါသဖြင့် တွေ့ရှိသူများ အကြောင်းကြားပေးကြပါ။ ကျေးဇူးဆပ်ပါမည်။)

    သို့-
    ပေါက်ကျော်မရေ-
    ရောက်ရာအရပ်က အမြန်ပြန်လာပါ။
    လူကြီးများ စိတ်ပူနေသည်။
    အပြစ်အားလုံးခွင့်လွှတ်သည်။
    (ပြန်မရောက်ခင်အထိသာ)
    ပြန်ရောက်မှ တုတ်နဲ့ရိုက်ပြီး ဆုံးမရမယ်။ 😆

  • surmi

    March 6, 2012 at 11:35 pm

    ဒီည ရှစ်မိုင်မှာ ဧည်.စာရင်းသွားစစ်ရင်တွေ.နိုင်တယ် ။
    ဘယ်သူလိုက်မလဲ ဟေ.။
    ပေါက်ပေါက်ပျောက်လို.မဖြစ်ဘူး ရှာကြ ရှာ ကြ …….။

  • pooch

    March 7, 2012 at 12:09 am

    ကိုဘလက်များသိမလား?။ ကိုဘလက်လည်း ပျောက်နေတာ ။
    ဘယ်သူ့မေးရမှန်းလဲ မသိဘူး။ နေတွေ ဘာတွေများ မကောင်းတာလား။ အင်တာနက်မရတဲ့ နေရာကိုများ အလည်သွားနေလို့လား မသိဘူး။ 🙄

  • Swal Taw Ywet

    March 7, 2012 at 2:00 am

    မိစိန်ပေါက်ရေ,
    သတိရပါတယ်,ခိုးရာလိုက်သွားရသလား,သမီးမိုက်,စိတ်ပူနေကြပြီ,ရွာထဲ လူစစ်ကြပါအုံး..,
    အိပ်ယာထက်တွင်,ဒင်း မှောက်နေတာ,ကျား/မ မထင်ရှား,ဧည်.စာရင်းသွားစစ်,ဘယ်သူ့မေးရမှန်း
    မလာလွမ်းသည်..ဆိုမာလီ (အေ့ (အေ့ =လေချဉ်တက်သံ).
    Copy/ Paste by-
    With respect,
    Swal Taw Ywet.

  • kyeemite

    March 7, 2012 at 6:47 am

    အကြော်ရောင်းတဲ့ ကြီးမိုက်ရော နေကောင်းလား
    သတိတရသတင်းမေးတာကျေးဇူးပါ ဖြဲသီးမရေ…
    ငါလည်းအကြော်ရောင်းရင်း မျှော်နေတာဘဲအေ့
    ခါတိုင်းတော့ ညနေစောင်းဆို ဘီအီးပုလင်းကိုင်ပီး
    ငါ့ဆိုင်လာနေကြအေ့…မိစိန်ပေါက်မလာတော့
    ငါပါအရက်ငတ်နေတယ်..ဂေ့..ဂေ့..

  • Thel Nu Aye

    March 7, 2012 at 10:14 am

    သဂျီးရေ စိန်ပေါက်ပေါက်ရွာကိုနှုတ်ဆက်စာရေးပေးဖူးတယ်။ သူမပျောက်ခင်က။ သူ့မှာအစီအစဉ်ရှိပုံရတယ်။ အဲဒီပိုစ့်ပြန်ဖတ်ချင်လို့စတစ်ပြန်လုပ်ပေးပါလား။ တရွာလုံးကိုနှုတ်ဆက်သွားတာလေ။

  • ကြောင်ကြီး

    March 7, 2012 at 10:36 am

    ဂလောက်လေးနဲ့
    မကြောက်သေး
    မြောက်ပေးတဲ့
    ပေါက်ကလေးကို
    တထောက်ကျွေးမိလို့
    ပျောက်သွားတာများလား..။ 🙄

  • စိန်ပေါက်ကို မျှော် ..
    သိပ်မပျော် ..
    သို့ကြောင့်
    ဖိတ်ခေါ်မိခဲ့ …
    ရိတ်သော်ရှိ
    နှုတ်ခမ်းမွှေး
    ပြန်ပြန် ရှည်လာသလို ….
    စိန်ပေါက် အမြန်ပြန်ပေါ်ပါစေသော်ဝ် …… ။

  • Mr. MarGa

    March 7, 2012 at 2:05 pm

    ဦးမာဃတို.ရဲ့ နတ်ပြည်မှာများရှိမလားမသိဘူး
    ခဏအလည်သွားတာထင်တယ်။
    နတ်ပြည်မှာက အင်တာနက်မတပ်ရသေးဘူးကွယ့်
    ဦးမာဃ စားထားတာနဲနဲများနေလို့

    လေးစားစွာဖြင့်
    ဦးမာဃ (ခေတ္တ လူ့ပြည်)

  • စိန်ပေါက်ပေါက်(သတိ ပြောင်းပြန်မဖတ် ရ ချမ်းချမ်းကြားလျှင်စိတ်ဆိုးသွားမည်)
    ပေါက်ကျော်မ………………………
    သမီးခိုးသွားတဲ့ယောက်ျား(လောလောဆယ် ရွှေဘိုသားပျောက်နေ၏)
    ဘယ်လိုကလေကလွင့်ဖြစ်နေပါစေ ဖေကြီးပေါက် သဘောတူပါ၏။
    နှစ်ယောက်ခိုးသွားလျှင်လည်း သုံးယောက်စလုံးတင်ကြွေးထားပါမည်။
    ရွာထဲကို ရောက်ရာ အရပ်မှ သက်ရှိထင်ရှားရှိကြောင်း အမြန်သတင်းပို့ပါ။
    အားလုံးက မျှော်နေကြသည်(စားချင်၍မဟုတ်ပါ မရီရတာမပြုံးရတာကြာ၍ဖြစ်၏)
    သမီးပေါက်ကျော်မ မရှိတော့ အားလုံးက အတည်ပေါက်ကြီးနဲ့ခပ်တင်းတင်းတွေဖြစ်နေတာ
    ပေါက်ထွက်တော့ မယ့် ဘူဘောင်းတွေအတိုင်းဘဲ သမီးရယ်။
    သမီးဘတ်ကားစီးရင်း ထောက်လှမ်းရေးနဲ့တွေ့တာ ငြိမ်မနေပဲ ဝီစီသွားမူတ်မိလို့
    ပြန်ပေးဆွဲပြီးအသတ်များခံလိုက်ရသလားကွယ်။
    သူတို့လုပ်တာ ပဲ့ ပါသွားတာမှတ်လို့ ငြိမ်နေလိုက်ပြီးရော။
    သူထိနိုင်လှ အလွန်ဆုံး တစ်မှတ်တိုင်ပေ့ါကွယ်။
    ကဲထားတော့ သမီးအပေါ်မှာရစရာ ရှိတဲ့သူရော မရှိတဲ့သူရော လွမ်းနေတယ်ကွဲ့။
    အမျန်ပျန်လာနော်………………

    ဖေကြီးပေါက်

  • kotun winlatt

    March 7, 2012 at 4:02 pm

    ကပေါက်ဖော်ရေ …
    ပြည်ကြီးများပြန်သွားတာလား အေ…
    တစ်ရွာလုံးပွတ်လောရိုက်ကုန်ဘီ…
    မြန်မြန်ပြန်ခဲ့ဘာ အေ…။

  • water-melon

    March 7, 2012 at 4:42 pm

    ကိုပေါက်ဖော်ကိုတွေ့ပြီ
    သူ့ကလေးနေမကောင်းလို့တဲ့
    ရန်ကုန်က ရွာသူရွာသားများ အကူအညီပေးလိုက်ပါအုန်း။
    ကိုပေါက်ဖော်ကလေး အမြန်ဆုံးနေကောင်းပါစေ ဆုတောင်းပေးပါတယ်။

  • စိန်ပေါက်ပေါက်

    March 7, 2012 at 5:21 pm

    များကို ရွာထဲ အီးပန်းခွင့်ပေးတဲ့ သဂျီးအပါအဝင် မေးဖော်ရတဲ့ ကိုအံချာတုံးနဲ ့ ရွာသူသား အားလုံး အရမ်းကျေးဇူးတင်ပါတယ်ဗျာ..

    ရွာထဲနေရတာ ပျော်ပါတယ်..
    အဲတာကြောင့်..
    မကြာခင် လာပြီး..အီးလာပန်းမှာမို ့..လောလောဆယ်..ကိုယ့်ဘာသာ အရင် ပန်းနေနှင့်ကြပါဦးလို ့ပဲ..
    😆

    မေးဖော်ရတဲ့အတွက်..တစ်ရွာလုံး တိုင်းကျူးပါဗျို ့..
    လစ်လိုက်ဦးမယ်..
    ဘစ်..ဗစ်..ဘတစ်..ဗျစ်..

    • Thel Nu Aye

      March 7, 2012 at 6:44 pm

      ဟယ်သေအုံးမယ်ဒေါ်စိန်ပေါက်။ အားလုံးကိုစိတ်ပူအောင်လုပ်တယ်။ တော်ပြီအခုကစပြီးစိတ် မပူတော့ဘူး။

    • ဟာ .. စိန်ပေါက် ..
      အခုတော့ တွေ့ရပြီပေါ့ ………
      ဘယ်ပြေးမလဲ မိစိန်ပေါက် .. ဟဲ .. ဟဲ ..
      (ဂယ်ဆို ဗြဲသီးပြောလို့ သိရတာ 😀 )
      ဝမ်းသာရိုက်ဒါ ……… 😀

      ကိုပေါက်ဖော် ကလေး မြန်မြန် နေကောင်းပါစေလို့ …
      ဆုတွေ တောင်းပေးပါတယ်နော် ..

      ခင်တဲ့ .. အံစာတုံး

  • padonmar

    March 8, 2012 at 10:17 pm

    စိန်ပေါက်ပေါက်ကို စိတ်မပူပါဘူး၊ နားကပ်ကြီးအတွက်ပဲ စိတ်ပူတယ်။
    ကလေးနေမကောင်းလို့များ ပေါင်လိုက်ပြီလား။

  • alinsett

    January 22, 2016 at 11:08 am

    ဒီပိုစ့်တင်တုန်းက… မောင်စိန်ပေါက်ကို လွမ်းနေတဲ့အချိန်ပေါ့နော်…
    အခုကျတော့…မောင်အံဇာကြီးကို ပြန် လွမ်းနေရချိန်….

    တို့များ လွမ်းနေရတယ် မောင်အံအံ

    😆

Leave a Reply