အပြောင်းအလဲ ကို ခွဲခြမ်းစိတ်ဖြာခြင်း

uncle kyawMarch 6, 20121min1075

ခုတလော လူတိုင်းပါးစပ်ဖျား ရေပန်းစားနေတဲ့ အပြောင်းအလဲ ဆိုတာကို ကျွန်တော် နားလည်သလို ခွဲခြမ်း စိတ်ဖြာ ကြည့်ပါတယ်..အဲဒီလို ခွဲခြမ်းလိုက်တော့ ပြန်ဆက်လို့တောင် ခက်သွားတယ်

အပြောင်း = တစ်နေရာမှ တစ်နေရာသို့ ရွှေ့ သွားသည်။ ပြောင်းသွားသည်။ အခေါ်အဝေါ်များ ပြောင်းသွားသည်။ပျက်ပြယ်သွားခြင်း ပျောက်ကွယ်သွားခြင်းမဟုတ်။ အဆင်မပြေလျှင် ပြန်ရွှေ့လာမည်။ အဆင်ပြေလျှင် အခြေချမည်။

အလဲ = အဝတ်အစားလဲသည်။ အကျင်္ ီလဲသည် ၊ ဘောင်းဘီလဲသည်။ နေရာလဲသည်။ ပစ္စည်းချင်းလဲသည်။ အလိုက်ပေးလဲသည်။ ဒဲ့ (တည့်) လဲသည်။

လောလောဆယ် နားလည်မိသော အပြောင်းအလဲ ဆိုသည်မှာ –

အပြောင်း + အလဲ = အပြောင်း နှင့် အလဲ ဟု တွေးမိသည်။

အထက်ပါ အပြောင်း + အလဲ အတွက် ထွက်ရမည့် အဖြေမှန်မှာ အပြောင်းအလဲ ( Change ) ဖြစ်သင့်သည်။

အဲသလိုတွေးမိတာ ကြာနေပြီဗျ..တစ်ယောက်တည်း တအုံ့နွေးနွေး ဖြစ်နေတာလေးတွေကို ရွာသူား တွေနဲ့ ဆွေးနွေးကြည့် ဦးမှ ပဲ ..စဉ်းစားပြီး ရေးသားလိုက်ပါကြောင်း….။

5 comments

  • Khin Latt

    March 6, 2012 at 11:14 pm

    Change…. we can believe in.
    အိုဘားမား ရဲ့ ၂၀၀၈ က presidential campaign slogan 😆

  • TITAN

    March 7, 2012 at 10:12 am

    ဟုတ်တယ် အန်ကယ်ကျော်ရေ့
    စစ်မှန်တဲ့ CHANGES တွေဖြစ်မှာ
    အခုဟာက Back ဂီယာ ထိုးချင်နေတဲ့ သေချင်းဇိုးတွေရှိနေတယ်

  • ကြောင်ကြီး

    March 7, 2012 at 11:14 am

    ပြောင်းလဲ
    အဟောင်းကဲ
    မကောင်းဝဲ
    မြောင်းထဲ၊
    လောင်းလဲ
    ဖောင်းလ်ပွဲ
    ဂေါင်းပဲ
    ကောင်းဆဲ…။

  • Ko out of...

    March 7, 2012 at 1:32 pm

    ပြောင်းလဲမှုသုံးမျိုးရှိတယ်လို့ ကြားဖူးတယ်… change, transform, Revolution ဒီသုံးမျိုးမှာ..မြန်မာပြည်မှာ ကတော့ Revolution မှဘဲရမယ်ထင်တယ်…Revolution ကျတော့ never go backward ဘဲ…

Leave a Reply