5 comments

  • Computer

    March 7, 2012 at 10:04 pm

    စည်းကမ်းမဲ့ဈေးသည်များမှာပလက်ဖောင်းအပေါ်တွင်သာမက ကားလမ်းမပေါ်သို့တက်ပြီးဈေးဆိုင်ခင်းရောင်းချနေသဖြင့်လိုင်းကားစောင့်သူများမှာလမ်းမအလယ်ကောင်
    နီးပါးရောက်ပြီးလွန်စွာမှအန္တရယ်များလှပါသည်။
    TAXI များမှာလည်းပလက်ဖောင်းဘေးကားလမ်းမပေါ်နှစ်ထပ်ရပ်ပြီးလူခေါ်နေကြပြန်ရာ–
    စည်ပင်ရဲတွေဘာလုပ်နေကြသနည်း။
    သီပေါမင်းလက်ထက်မြန်မာတွေစည်းကမ်းဖောက်လို့ထီးနန်းလည်းပျောက်ခဲ့ရပြီ-ဟုဆိုရိုးမှာမှန်မမှန်။

  • ဦးဦးပါလေရာ

    March 8, 2012 at 9:58 am

    ရန်ကုန်တိုင်းဝန်ကြီးချုပ် ၊ မြို့တော်ဝန်ကြီး နဲ့ သက်ဆိုင်ရာတာဝန်ရှိသူများ ကို…..
    ဒီလိုစည်းပျက်ကမ်းပျက်မြို့ကြီးနဲ့ စည်းပျက်ကမ်းပျက်လူတွေကို ကိုင်တွယ်ဘို့
    အရည်အချင်းလုံလောက်တယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်ပါသလား …..
    ဒါမှမဟုတ် မယုံကြည်ပဲနဲ့ –
    ကံသာလျှင်မအမိ ကံသာလျှင်အဖ ဆိုပြီး
    မျက်နှာလွှဲခဲပစ် မသိချင်ယောင်ဆောင်နေကြပါသလား… လို့

    လျှောက်မတွေးကြနဲ့နော်-
    လူကြီးတွေကိုပြစ်မှားရင် ငရဲကြီးမယ်။ စိတ်နဲ့ပြစ်မှားရင် မနောကံတဲ့။ ဒါဗျဲ။

  • TITAN

    March 8, 2012 at 10:07 am

    သောက်စည်းကမ်းမရှိပဲ မစင်စွန့်ချင်သလိုစွန့် (အဲ့လေ ဟုတ်ပါဘူး)ရောင်းချင်သလိုရောင်း ၊
    စည်ပင်က ဖမ်းတော့ ဖမ်းတဲ့လူအပြစ်ပြော။အဲ့ဒါတရားလား??? ကားတွေ၊ဆိုင်ကယ်တွေ ကလည်းရပ်ချင်သလိုရပ်၊လမ်းပိတ်တာ လာမပြောနဲ့ ကိုယ်ရပ်လို့ရရင်ပြီးရောဆိုတဲ့စိတ်ဓာတ်တွေ။
    ဟင်းးးးး အဲ့ဒီလိုစိတ်ဓာတ်တွေမပြင်ဘဲနဲ့ သောက်ပါးစပ်တွေက သောက်ရှက်မရှိ ဒီမိုကရေစီ အော်ချင်ကြသေးတယ်၊ တန်ရဲ့လားဆိုတာလည်းစဉ်းစားကြအုံး။
    ဒီလိုစိတ်ဓာတ်တွေနဲ့ကတော့ ဗိုလ်ချုပ်မိန့်ခွန်းထဲကလိုပဲ ဖာနိုင်ငံဖြစ်မှာတော့သေချာတယ်။
    (ရိုင်းသွားရင်ခွင့်လွှတ်ပါ)

  • သူရဇော်

    March 8, 2012 at 11:14 am

    စံပြဈေးဘက်ကို ညနေ ၅ နာရီနောက်ပိုင်းသွားကြည့်ပါလား………အရမ်းစိတ်ညစ်ဖို့ကောင်းတယ် ဈေးသည်တွေက ပလက်ဖောင်းပေါ်မှာ နေရာအပြည့်ယူထားကြတယ်…….. Taxi ၊ လိုင်းကား အို ရှုပ်ယှက်ကိုခက်နေတာပါဘဲ……… လမ်းလယ်မှာ မော်တော်ပီကယ်တွေတော့ တရွှီရွှီပါဘဲ……. မှုတ်တာပဲသိတယ်……….ကားကတော့ ပိတ်မြဲ……. စည်ပင်ရဲတွေလဲဖမ်းပါရဲ့ ပလက်ဖောင်းပေါ်မှာတော့ ဈေးသည်တွေပြည့်မြဲ……..ပြည့်စဲ……….. ဘယ်သူတွေလိုသလဲဆိုတာ ပြည်သူတွေသိပြီးသားကြီးဆိုတော့လဲ……………အွန်း တော်သေပြီ……….

Leave a Reply