နေပြည်တော်မှာ မဲဆွယ်နေတဲ့ Lady Su

နေပြည်တော်မှာ Lady Su မဲဆွယ်ဖို့

အခက်အခဲတွေ ဟောပြောမဲဆွယ်မယ့်ကွင်းပြင်နေရာအတွက် ကန့်ကွက်မှုတွေရှိခဲ့ပေမယ့်

လယ်သမားတွေက လယ်ကွင်းတွေသုံးခွင့်ပေးကြ၊ ရွာသူရွာသားတွေ၊ အလုပ်သမားတွေနဲ့

အစိုးရဝန်ထမ်းတွေပါမကျန် တခဲနက် ကြိုဆိုအားပေး ထောက်ခံခဲ့ကြပါတယ်..

နေပြည်တော်ဇမ္ဘူသီရိမြို့နယ်မှာ Lady Su ရဲ့ မဲဆွယ်တရားပွဲကို

ကိုယ်တိုင် သွားရောက် ကြိုဆို အားပေးခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေ

ဂေဇတ်မိသားစုဝင်များအတွက် ပြန်လည်ဝေငှလိုက်ပါကြောင်း

ပုံ-၁ အလေးအမြတ်ထားတဲ့ တို့ ဗိုလ်ချုပ်ရဲ့သွေးပါ
ပုံ-၂ ခရီးဝေးလည်း တို့တမိသားစုလုံး စီးတော်ယာဉ်နဲ့ လာခဲ့တယ်
ပုံ-၃ သူကြီးရေ သွေးကျဲရင် နှစ်လုံးပြူးကြီးဖက်နေရစ်ခဲ့ ကျုပ်ကတော့ ရဲတယ်
ပုံ-၄ ပရိတ်သတ်ကြီး
ပုံ-၅ မမောပါ မပန်းပါ
ပုံ-၆ ဒီမိုကရေစီလရောင်ဆမ်း ပွင့်လန်းသည့် The Lady ကုမုဒြာ
ပုံ-၆ နိဂုံးချုပ် နှုတ်မဆက်မီလေး
ပုံ-ရ ကားတန်း ပြန်အထွက် လူထုကတခဲနက်
ပုံ-၈ လူကြားထဲတိုးဝှေ့၊ လေးပေါက်လက်ရာမမီလည်း the Lady my admire ပါပဲ

အန်တီစု တရားဟောတုန်း ရိုက်ထားတဲ့ movie လေးတွေကတော့ ဒီ connection နဲ့  တင်ဖို့ လုံးဝ မဖြစ်နိုင်တာသိလို့ စိတ်လျှော့ထားလိုက်ရပါတယ်လို့သာ

18 comments

  • အမေရိကန်ငတုံး

    March 7, 2012 at 12:47 am

    ပရိတ်သတ်၆၀၀၀ဝကျော်ပါတယ်အစ်ကို ကျွန်တော်ကိုယ်တွေ.ကြုံခဲ.ပါတယ်။
    နေပြည်တော်ကဝန်ထမ်းတွေတော်ရုံတန်ရုံဘယ်သူမှမသာွးရဲကြပါဝူး။
    ဖိအားတွေအများကြီးနဲ.ပါ။ကျွန်တော်ဒေတာတွေတင်ပေးဖို.ကြိုးစားပါတယ်။
    အဆင်မပြေခဲ.ပါဝူး။ချက်ချင်းကိုမန္တလေးဂေဇာတ်မှာပါစေချင်လို.
    Update ဖြစ်ချင်လို. ဓာတ်ပုံတွေလည်းမတင်ချင်တော့ပါဝူး
    တွေ.ပီးသားတွေပဲနေမှာပါ :cry :

    • ရွာစားကျော်

      March 7, 2012 at 9:10 am

      အန်တီမဲဆွယ်မယ့် လက်ကမ်းကြော်ငြာထဲမှာ ဇမ္ဘူသီရိကို ၄-၆ pm
      ဟောပြောမယ်လို့ဆိုထားပါတယ် (၆ နာရီကျော်မှ ကွင်းထဲရောက်လာပါတယ်)
      ဝန်ထမ်းတွေအနေနဲ့ ၄း၃ဝ ရုံးဆင်း၊ ဖယ်ရီစီး သို့ ဘတ်စ်နဲ့ ကွင်းထဲရောက်အောင် သွားနိုင်ဖို့အချိန် အဲဒါတွေကြောင့်လည်းပါတယ်ဗျ..
      ရုံးကအစောလစ်ထွက်ရင်လည်း ဘာမှမဖြစ်တော်သေး ကွိုင်ရှာခံရရင် နာအုံးမှာလေ
      နေပြည်တော်ကဝန်ထမ်းတွေတော်ရုံတန်ရုံဘယ်သူမှမသာွးရဲကြပါဝူး ဆိုတော့ ကိုယ့်ကိုယ်ကို တော်တော်မြောက်သွားတယ်.. 😆
      သောက်ပြောမခံချင်လို့ မတော်ကွိုင်ရှာလာရင်ပြန်ဖြဲနိုင်အောင်လို့ ခွင့်တစ်ရက်ယူပြီးတော့ကို
      ၃ နာရီတည်းက ကွင်းထဲရောက်နေခဲ့တာပါ..

  • kai

    March 7, 2012 at 1:19 am

    (ဦး)ဇေယျာသော်က.. ဝင်ပြိုင်မယ့်နေရာက.. ပြည်ခိုင်ဖြိုးပါတီရဲ့.. stronghold မဲဆန္ဒနယ်ပါ..။ အထူးလုံ့လစိုက်သင့်တယ်..။ ဖြစ်နိုင်ရင်.. အိမ်တိုင်းစေ့ တံခါးခေါက်ပြီး..(ဦး)ဇေယျာသော်ကို်ယ်တိုင်.. မဲဆွယ်သင့်တယ်..။
    အချိ်န်သိပ်ရတော့တာမဟုတ်.. ၁လတောင်မကျန်တော့တာ…
    ဒေါ်စုပြန်ရင်.. (ဦး)ဇေယျာသော်ဆက်လုပ်ရမှာပါ…။

    ငွေကြေးနဲ့.. အသာရမှုကွာရင်.. ယူအက်စ်က အမတ်တွေ..သမ္မတတွေ အဲလိုလုပ်ခဲ့ဖူးကြတယ်..

    အဲ..
    ပုံတွေအတွက် ကျေးဇူးပါခင်ဗျား..

    • ရွာစားကျော်

      March 7, 2012 at 9:26 am

      ကျွန်တော် အားမရတာလည်း အဲဒီအချက်ပဲ သူကြီးရဲ့
      ဒီချုပ်ဟာ ဝန်ထမ်းတွေရဲ့ မဲပြားတွေကို တားဂတ် ထားရဲ့လားလို့ သံသယဖြစ်မိတယ်
      စည်းရုံးရေး အားနည်းတယ်ဗျာ.. ယုံကြည်ပြီးသားလူတွေကို ပိုခိုင်မာအောင် မဝံ့မရဲဖြစ်နေတဲ့ သူတွေကို ကိုယ့်ဘက်ပါလာအောင်လုပ်ရမှာ မဟုတ်လား..
      တကယ်ဆို နေပြည်တော်မှာ နှစ်ရက်မဲဆွယ်တယ် ဝန်ထမ်းနယ်ပဲဟာ.. ပိတ်ရက်တွေကြားထဲက ရုံးဖွင့်ရက်နှစ်ရက်မှာလာသွားတာ၊ ပိတ်ရက်တစ်ရက်ပဲပါကြည့် ဒီထက်ပရိသတ်များမှာ လောင်းရဲတယ်
      ခုတော့ ကြောက်တတ်တဲ့သူက စိတ်တောင်မကူးရဲဘူး၊ တော်ရုံတန်ရုံလူက အမေရိကန်ငတုံးပြောသလို မရောက်တော့ဘူးပေါ့ဗျာ..
      ကိုဇေယျာသော်ရေ သူ့လူတွေကို ကိုယ့်ဘက်သားဖြစ်အောင် စည်းရုံးနိုင်တဲ့ အရည်အချင်းလေးတွေ ပြဖို့လိုသေးတယ်ထင်တယ်
      “ကျွန်တော်တို့ နေပြည်တော်မှာဗျာ (၂)” ပို့်စ်ထဲမှာလည်း ကျွန်တော်ပြောထားပါတယ်..
      အဲ အဲဒီပို့စ်မှာ သူကြီး ကွန်မင့်လေး မတွေ့မိသလိုပဲ ဟဲဟဲ
      http://myanmargazette.net/97241/creative-writing

  • အရှုံးတွေနဲ့ ကျွန်တော်

    March 7, 2012 at 1:41 am

    ဟုတ်ပါတယ် မြန်မာနိုင်ငံမှာ မီဒီင်္ယာအား နည်းမှုကြောင့်ပေပဲလား ပါတီတွေ အမတ်လောင်းတွေရဲ့ ကြိုးစားအားထုတ်မှု နည်းသောကြောင့်ပေပဲလား ပြည်သူတွေကပဲ ပင်ကိုယ်အခံ သိချင်မှု သိလိုမှု စိတ်ဝင်စားမှု နည်းခြင်းကြောင့်ပေပဲလား ပြည်သူတွေအနေနဲ့ ဘယ်မဲဆန္ဒနယ်မှာ ဘယ်သူတွေ ပြိုင်ကြမယ် ဘယ်ပါတီတွေ ပြိုင်ကြမယ် ဘယ်အမတ်လောင်းရဲ့ ကိုယ်ရေးရာဇဝင်က ဘယ်လိုဆိုတာတွေကို ဘာဆိုဘာမှ ရေရေရာရာ မသိကြပါဘူး အဲဒီတော့ ဘယ့်သူ့ကို မဲပေးသင့်တယ် ဘယ်သူ့ကို ထောက်ခံသင့်တယ်ဆိုတာကို ဘယ်လိုလုပ်ပြီး ရွေးရတော့မှာလဲဗျာ ဘယ်လိုလုပ်ပြီး နှိုင်းယှဉ်စဉ်းစားရတော့မှာလဲ အဲဒါတွေကြောင့် နီးစပ်ရာ လွယ်ကူရာကိုသာ မဲထည့်လိုက်ကြရလေ့ ရှိတယ် ကိုယ်မဲထည့်လိုက်တဲ့သူဟာ ဖြူသလား မဲသလား ဝသလား ပိန်သလားတောင် မသိလိုက်ရတဲ့သူတွေ အများကြီးပါ လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာလဲ အလားတူဖြစ်ရပ်မျိုးတွေ အများကြီး ကြုံတွေ့ရပါလိမ့်ဦးမယ်လို့ ထင်ပါတယ် အဲဒီအဖြစ်အပျက်မျိုးတွေဟာ မဖြစ်သင့်ဘူးလားလို့ပါပဲ
    လေးစားစွာဖြင့်
    အရှုံးတွေနဲ့ ကျွန်တော်

    • ရွာစားကျော်

      March 7, 2012 at 10:28 am

      မီဒီယာတွေကတော့ တတ်နိုင်သမျှ ဖော်ပြပေးနေတာတွေ့ရပါတယ်
      အဓိကအားဖြင့် ပါတီအမတ်လောင်းများ ကြိုးစားအားထုတ်စည်းရုံးမှု နည်းနေတယ်လို့မြင်ပါတယ် ရန်ပုံငွေအရလည်းဖြစ်နိုင်ပါတယ်
      သာမန်ပြည်သူတွေအနေနဲ့က ပင်ကိုယ်အခံ နိုင်ငံရေးအမြင် အသိ စိတ်ဓာတ်မရှိရင်
      မီဒီယာ ဂျာနယ်ဆိုတာတွေနဲ့ အလှမ်းဝေးနေဆဲပါ
      ကိုယ်ဝင်ပြိုင်မယ့်နယ်မှာ ကိုယ့်ရာဇဝင်၊ ကိုယ့်ခံယူချက်၊ ကိုယ်သွားမယ့်လမ်းစဉ်ကို လူသိအောင် နည်းအမျိုးမျိုးနဲ့ ဖြန့်ဖြူးရမှာ အမတ်လောင်းများရဲ့ တာဝန်ပါပဲဗျာ

  • aye.kk

    March 7, 2012 at 4:35 am

    လူထုအတွက်..
    အမေစုဆိုတာ..အချစ်တွေစုနေတဲ့သူပါ။

  • Khin Latt

    March 7, 2012 at 5:15 am

    မြန်မာပြည် ကပြည်သူ တွေဟာ (အဓိက ကျေးလက်က) မိဘချစ်ခြင်း မေတ္တာ ငတ် နေတဲ့ ကလေးတွေ နဲ့ တူတယ်လို့ ဘဲ ဆိုချင်ပါတယ်။
    ဒီတော့ ကိုယ့်ကို အရေးပေး ဂရုစိုက် မဲ့ သူကို ဝိုင်းချစ်ကြတာ အထူးအဆန်း တော့ မဟုတ်ပါဘူး။
    ဒါကို ချမ်းသာပြီး ဖြစ်သူ တွေ က ကိုယ်ချင်းစာနိုင်မှာ မဟုတ်ဘူး။
    သူတို့ နေရာ က ဝင်ကြည့်ပြီး နဲနဲ လေး တွေးကြည့်လိုက်ကြဖို့ ကောင်းပါတယ်။
    ပုံ(၃) က ကောင်လေး ခမျာ ချိုင်းထောက် လေးနဲ့ လားမသိဘူး။
    တကယ်က အဲဒီ နယ်ဘက် ကလူတွေ ဟာတကယ် သနားဖို့ကောင်း တာ။
    ကိုယ့်တစ်ဘို့ ထဲဘဲ ကြည့်တတ်တဲ့ သူတွေ။
    မပြောချင်တော့ပါဘူး။ 👿

    • ရွာစားကျော်

      March 7, 2012 at 11:36 am

      အရီးမန့်ထားတာ စကားနှစ်ခွဖြစ်သွားဘီနော်
      ဟုတ်ကဲ့
      ဒီ နယ်ဘက် ကလူတွေ ဟာတကယ် သနားဖို့ကောင်း တာကို
      သူတို့ နေရာ က ဝင်ကြည့်ပြီး နဲနဲ လေး တွေးကြည့်ဖို့၊ ကိုယ်ချင်းစာနိုင်ဖို့လိုနေတဲ့
      ချမ်းသာပြီး ဖြစ်သူ တွေကိုသာ ကိုယ့်တစ်ဘို့ ထဲဘဲ ကြည့်တတ်တဲ့ သူတွေ လို့
      အရီးပြောချင်တာပါ နော်.. ဟုတ်တယ်မလား
      စောစောက အနီတခုတွေ့လိုက်လို့….

      • Khin Latt

        March 8, 2012 at 5:06 am

        ဘို့ တစ်ဘို့ ထဲကြည့်သူ ဆိုတာ ရိုးသား သူ များ ကို မဆိုလိုပါ။
        အရီး ရှင်းအောင် မရေးမိတာ စောဒီး ပါ။
        မင်းပြောသလိုပါဘဲ။ ပြန်ရှင်းရေးပေးလို့ ကျေးဇူးပါနော်။ 🙂

        အနီ ကတော့ စိတ်ထဲထည့်မနေပါနဲ့ ရွာစားကျော်ရေ။
        အရီး က အနီရရင် ဘာကြောင့်နီတယ် ဆိုတဲ့ မှတ်ချက်ပါ ရရင် အရမ်းကောင်းမှာ လို့ အမြဲတွေးမိတယ်။ 🙄
        ဒါမှ ပိုကောင်းတာ ပိုစဉ်းစားလို့ ရမှာ မဟုတ်လား။

  • kyeemite

    March 7, 2012 at 6:26 am

    ရွာစားကျော်ရေ..ပုံတွေတင်ပေးတာကျေးဇူးပါဗျာ..
    သူဂျီးပြောသလိုပါဘဲ..နေပြည်တော်မဲနဲ့ အကဲဖြတ်ရမှာမို့ နေပြည်တော်ပရိပ်သတ်ကိုကရုစိုက်စည်းရုံးသင့်တယ်ဗျို့

  • TITAN

    March 7, 2012 at 10:07 am

    ဘယ်သူတွေ ဘယ်လိုပဲ ဖိနှိပ်ထာပါစေ
    ပြည်သူတွေရဲ့ရင်ထဲမှာ အမေစုပဲရှိနေတယ်ဆိုတာ
    စည်းရုံးရေးခရီးစဉ်တိုင်းက သက်သေပြနေပါတယ်

  • windtalker

    March 7, 2012 at 12:41 pm

    မဲဆွယ်တယ် ဆိုတဲ့ ကိစ္စ နဲ ့ပတ်သက်ပြီး ၊ လွန်ခဲ့တဲ့ တစ်လကျော်လောက်တုန်းက မန်းတလေး ထုတ် ဂျာနယ် တစ်စောင်ထဲ မှာ ၊ ပါတီတစ်ခုက အဘိုးကြီး တစ်ယောက် က သူ ့ဘိုင်အိုဂရပ်ဖီ နဲ ့သူ ့ဓါတ်ပုံ နဲ ့အတူ ဖတ်ခဲ့ရဖူးတယ် ဗျ ။ ကိုဇေယျာသော် တို ့ကိုလည်း အဲဒီလိုမျိုး ဖြစ်စေချင်သား ။

  • နေပြည်တော်က ဝန်ထမ်းတွေမှာ ထုတ်ဖော်မပြောရဲတာဘဲရှိတာပါ။
    နေရာလေးပြုတ်သွားမှာစိုးလာကိုး။ဒါပေမယ့် စိတ်ထဲမှာတော့
    အမေစုရှိပြီးသားပါ။နေပြည်တော်ကိုလဲ အမေစု သိမ်းပြီးသားပါဗျာ။

    • ရွာစားကျော်

      March 8, 2012 at 9:44 am

      အန်တီစုလည်းပြောသွားပါတယ်ခင်ဗျ
      ဝန်ထမ်းတွေအတွက်လည်း အကာအကွယ်ပေးရမယ်တဲ့
      အထက်လူကြီးသဘောမကျလို့ အပြစ်ပေးခံရတာ၊
      လူကြီးမကြိုက်တာလုပ်ရင် အလုပ်ထုတ်တာမျိုးတွေမဖြစ်အောင်
      ဥပဒေတွေရှိရမယ် ဥပဒေနဲ့ အကာအကွယ်ပေးထားရမယ်တဲ့

  • MaMa

    March 8, 2012 at 7:08 am

    ရွာစားကျော်ရဲ့ လက်ချက် အတော်သွက်တာပဲ။
    ခွင့်တောင်ယူပြီး သွားတယ်ဆိုတော့ … 🙂
    အခုဆိုရင် ဗိုလ်နီနဲ့အတူ ရွာစားကျော်ဆိုတဲ့ ရွာအတွက် အမာခံတွေ နေပြည်တော်မှာလည်း များလားပြီဆိုတော့
    နေပြည်တော်သတင်းတွေအတွက် ပိုပြီး အားရှိလာတာပေ့ါ။

    • ရွာစားကျော်

      March 8, 2012 at 9:48 am

      ဟီး အစကတည်းကမြောက်နေပါတယ်ဆို ပင့်လိုက်ပြန်ပီ မမရယ်
      မမပြောတဲ့ ဗိုလ်နီဆိုတာ တရပ်တည်းသားချင်းဖြစ်ပြီး မရင်းနှီးသေးဘူးဗျ
      ကိုအံစာတုံးလုပ်နေတဲ့ စာရင်းမှာ ပြေးကြည့်လိုက်ဦးမယ်

Leave a Reply