သေချာတွေးကြည့်ရင် ဘ၀ဟာ ခါးသက်တဲ့ဆေးတစ်ခွက်လိုပါပဲ

မချစ်သော်လဲ အောင့်ကာနမ်းရတဲ့ အဖြစ်မျိုးတွေနဲ့ပေါ့……..

 

ဘ၀ဆိုတာ တိုက်ပွဲတဲ့လား ?

ငါ့အတွက်တော့ မဆုံးနိုင်တဲ့ စစ်ပွဲတစ်ခုလိုပါပဲ……

 

နောက်ပြီး တိုက်ပွဲတိုင်းမှာ ငါက ရှုံးနိမ့်ခဲ့ရသူလေ…..

 

တကယ်ပါပဲ…..

 

အရှုံးဆိုတဲ့စကားလုံးဟာ ငါ့အတွက်များ ဖန်တီးခဲ့ရလေသလား တွေးနေမိတယ်

ကြေကွဲတယ် ဆွေးမြေ့တယ် ၀မ်းနည်းတယ်ဆိုတာ

ငါ့ဆီကို လာလည်နေကျ ဧည့်သည်တွေလိုပါပဲ

 

ကိုယ်က အကောင်းဆုံးပေးဆပ်ပေမယ့် အဆိုးဆုံးအခြေအနေတွေ

ဘာ့ကြောင့်များ ဖြစ်နေရတာလဲ?

လူတိုင်းအပေါ် စေတနာထားပါ တစ်နေ့မှာ ကိုယ့်စေတနာတွေ ရောင်ပြန်ဟပ်လာမှာပါတဲ့ တကယ်ရော ဟုတ်ရဲ့လား?

လူတကာအပေါ် စိတ်ကောင်းထားတာဟာ တကယ်တော့ ကိုယ့်အတွက် မကောင်းဘူး………..

ဟား အဲဒါဟာ ငါ့ရဲ့ စိတ်ရင်းအမှန်ပဲလား

 

အဲဒီလို ယုတ်ညံ့တဲ့အတွေးမျိုးတွေ ငါ့စိတ်ထဲ ဘယ်တုန်းကများ ရောက်နေပါလိမ့် ?

ပတ်ဝန်းကျင်ရဲ့ အရောင်ဆိုးမှုကြောင့်လို့ပဲ အပြစ်ပုံချလိုက်ရတော့မှာလား ?

တဖြည်းဖြည်းနဲ့ ငါဟာ ရိုင်းစိုင်းတဲ့ တောကောင်တစ်ကောင် ဖြစ်မှန်းမသိ ဖြစ်ခဲ့ပေါ့……….

 

ဒီလိုနဲ့ပဲ ဘ၀ကို လက်မြောက်အရှုံးပေးလိုက်ရတော့မှာလား ?

ကိုယ့်လမ်း ကိုယ်ဖောက်လို့ ကိုယ့်ဘ၀ ကိုယ်ဆက်လျှောက်ရတော့မှာပေါ့………

အားအင်ကုန်ခမ်း မောပန်းတဲ့အခါတွေ၊ ခလုတ်ထိလို့ လဲကျမိတဲ့အခါတွေမှာ

အနားမှာအားပေးဖော်အဖြစ် အနည်းဆုံးတော့

အမေ ရှိနေသေးလို့ တော်သေးတာပေါ့………

About အရှုံးတွေနဲ့ ကျွန်တော်

အရှုံးတွေနဲ့ ကျွန်တော် has written 8 post in this Website..