Myanmar leaked documents

kaiMarch 7, 20121min32610

ခုတလော မြန်မာအစိုးရဖက်က.. ရုံးတွင်းစာတွေ ပေါက်ထွက်နေတာတွေ့ရပါတယ်..။
အောက်ကစာက တခုပေါ့..
အဲဒီစာတွေကို ဧရာဝတီဘလော့င်္ဂကတွေ့တာပါ။ Swe Swe Kyi/Facebook လို့ရေးထားပေမဲ့ ဖေ့စ်ဘုတ်မှာတော့ ရှာမတွေ့ပါဘူး..။
“အမေရိကန်ဆန်ရှင်ရုတ်သိမ်းအောင် သိန်းစိန်အစိုးရ အောက်လမ်းနည်းသုံးပြီ” ဆိုတဲ့စာကို ဘယ်သူရေးသလည်းမသိပါဘူး..
Swe Swe Kyi/Facebook လို့ထင်ပါတယ်.. အဲဒီကို ခရက်ဒစ်အပြည့်ပေးပါတယ်နော..။

မှတ်တမ်းကျန်ရစ်အောင် မူရင်းအတိုင်းကူးထားလိုက်တာဖြစ်ပါကြောင်း…။

အမေရိကန်ဆန်ရှင်ရုတ်သိမ်းအောင် သိန်းစိန်အစိုးရ အောက်လမ်းနည်းသုံးပြီ – Swe Swe Kyi/Facebook

မြန်မာအပေါ် အမေရိကန် စီးပွားရေးဒဏ်ခတ်မှု (ဆန်ရှင်) ကို ပြန်ရုတ်သိမ်းရေးအတွက် သိန်းစိန်အစိုးရက နည်းမျိုးစုံ ကျင့်သုံးနေတယ်။ ဒေါ်စုနဲ့ သိန်းစိန်အစိုးရ အပေါ်ယံ လောကွတ်ဆက်ဆံရေးကနေ အမေရိကန်ဘက်က ဆန်ရှင်ရုတ်သိမ်းရေး လွယ်လွယ် လုပ်မပေးဘူးဆိုတာ သိန်းစိန်အစိုးရ သိလာတယ်။

ဒီမှာတင်သိန်းစိန်အစိုးရက အောက်လမ်းနည်းတွေသုံးလာတယ်။ ဒီနည်းကတော့ အမေရိကန်သမ္မတ အိုဘားမားကို မြန်မာအပေါ်ဆန်ရှင်တွေ ဖွင့်ပေးပါလို့ အမေရိကန် မဲဆန္ဒရှင်တွေက စာရေးဖိအားပေးတဲ့နည်းပါ။

အမေရိကန် နယူးရောက်မြို့ မြန်မာသံရုံးကနေ နယူးရောက်မြို့မှာရှိတဲ့ အမေရိကန်နိုင်ငံသား တရုတ်မြန်မာအသင်းကြီးရဲ့ ဥက္ကဌ ဦးသိန်းဟန်နဲ့ အလှည့်ကျသဘာပတိ ဒေါက်တာဟာဘီချူးကို သမ္မတ အိုဘားမားထံ စာရေးပေးဖို့ လျို့ဝှက်ညှိနှိုင်းခဲ့ကြတယ်။ အဲသလို နယူးရောက်မြန်မာသံရုံးနဲ့ နယူးရောက် တရုတ်မြန်မာအသင်းလူကြီးတွေ လျိူ့ဝှက်ဆွေးနွေးတဲ့ မှတ်တမ်း အထောက်အထားတွေကို ခု ဖော်ထုတ်လိုက်တယ်။ (အင်တာနက်ပေါ်မှ တွေ့ရှိချက်)

-အတိုက်အခံဘက်က နယူးရောက် မြန်မာသံရုံးနဲ့ တရုတ်မြန်မာအသင်းကို ဝိုင်းပြီး ဖိအားပေးသင့်တယ်။

-သိန်းစိန်အစိုးရရဲ့ ခိုးကြောင်ခိုးဝှက် လုပ်ရပ်ကြောင့် ကြားဖြတ်ရွေးကောက်အပြီးမှာ သိန်းစိန်အစိုးရနဲ့ဒေါ်စုကြား ဆန်ရှင်နဲ့ ပတ်သက်ပြီး အကြီးအကျယ် စကားများမဲ့အလားအလာရှိတယ်။

-ဒေါ်စုနဲ့ သိန်းစိန်အစိုးရ အပေါ်ယံ လောကွတ်ဆက်ဆံရေးဟာ စလယ်ဝင် ဖင်မမဲခင်က ကွဲမဲ့အရိပ်အယောင်တွေ မြင်နေရတယ်

-သိန်းစိန်အစိုးရ ခုလို လိမ်နေတဲ့အကြောင်း အိုဘားမားထံ စာရေးကြပါ။ နယ်မြေ ဆီနိတ်တာတွေထံ စာရေးကြပါ။ ခုစာကို ပူးတွဲပေးပို့ပါ သက်သေအနေနဲ့။

10 comments

  • pwint pwint

    March 7, 2012 at 4:20 am

    မကြာသေးခင်က မန်းလေးဂေဇက်မှာ ဆန်ရှင်ရုပ်သိမ်းသင့်၊ မသင့် စစ်တမ်းကောက်ယူခဲ့ပြီး ရတဲ့ရလာဒ်များကို အမေရိကန်ဆီးနိတ်သို့ ပေးပို့သွားမယ်လို့ သိရပါတယ်။ ဒီစစ်တမ်းကောက်ယူမှုကကော အထက်မှာဖော်ပြထားတဲ့ အောက်လမ်းနည်းနဲ့ ဆက်စပ်မှုရှိမရှိသိချင်ပါတယ်။ အယ်လ်အေက လူမှုရေးအဖွဲ့စည်းကြီးရဲ့ ဥက္ကဌဖြစ်သူပေးပို့ထားတဲ့ အီးမေးလ်တခုမှာ ဆန်ရှင်ရုပ်သိမ်းပေးဖို့အတွက် ဆီနိတ်တာတွေကို စာရေးကြဖို့ တိုက်တွန်းစာတွေပါပါတယ်။ ဆက်စပ်မှုတစုံတရာ ရှိပါသလား။

    • kai

      March 7, 2012 at 4:44 am

      မန်းလေးဂေဇက်မှာ ဆန်ရှင်ရုပ်သိမ်းသင့်၊ မသင့် စစ်တမ်းကောက်ယူခဲ့တာအပါအဝင် မန်းလေးဂေဇက်နဲ့ သက်ဆိုင်တဲ့ အီးမေလ်းတွေဟာ မြန်မာပြည်အစိုးရ၊ သံရုံးအပါအဝင်မည်သည့်ပါတီအဖွဲ့အစည်းနဲ့မှ ပါတ်သက်ဆက်စပ်မှုမရှိပါဘူး..

      အဲဒီလောက်တော့ အာမခံပြောလို့ရပါတယ်..။

  • htoosan

    March 7, 2012 at 9:01 am

    သူကြီး ရေးထားတာ တွေ့လို့ အစိုးရ က လိုက်လုပ်တယ်ထင်တယ်။
    ဒါ အောက်လမ်းနည်းလို့ ပြောလို့ မရဘူးလို့ထင်ပါတယ် ။ ဆန်ရှင် ရုတ်သိမ်းစေချင်သူများကို နည်းလမ်းပေးတာ ကို အောက်လမ်းနည်း အဖြစ်မယူဆပါဘူး ။
    တစ်ဦးတစ်ယောက်က ဘဲ အများလိုလိုနဲ့ အကောင့်တွေခွဲ ဆိုင်းတွေအများကြီးထိုးပို့ လုပ်သာမျိုးမှသာ အောက်လမ်းနည်းလို့ ပြောလို့ရမယ်ထင်ကြောင်းပါ ။

    • windtalker

      March 7, 2012 at 12:34 pm

      ဟုတ်ပါတယ် ။ မြန်မာနိုင်ငံ ကောင်းကျိုးအတွက် လုပ်ဆောင်တဲ့ ကိစ္စမျိုးကို အောက်လမ်းနည်း လို ့ခေါ်တာ မှားတယ်လို ့ပြောပါရစေ ။
      ဗရာဗို ကိုထူးဆန်း ။
      ဆန်ဘဲလှူလှူ ၊ ခေါက်ဆွဲခြောက်ဘဲလှူလှူ
      အငတ်ဘေးကနေ လွတ်မြောက်စေဖို ့လှူတဲ့ သဘောလို ့သုံးပါရစေ ။

  • ကြောင်ကြီး

    March 7, 2012 at 11:27 am

    အဲဒီ တယုတ်အသင်းကတော့ ပြောမနေနဲ့တော့… ကိုယ်ကျိုးစီးပွားအတွက်ဆို အကုန်လုပ်တယ်.. အသင်းလူကြီး ဦးသိန်းဟန်ဆိုတာ နယူးယောက်မှာ တည်းခိုခန်းကြီးတွေ ပိုင်တယ်ပြောတယ်.. တရုတ်ပြည်မှာလည်း စီးပွားရေးတွေရှိသတဲ့… ယူအက်စ်မှာရှိတဲ့ စစ်အစိုးရသံအမှုထမ်းတွေနဲ့ ပလူးပလဲနေသူများထဲမှာ ထိပ်ဆုံးကပေါ့..။ တရုတ်အသင်း သင်္ကြန်ပွဲဆို မြန်မာသံအမတ်သာမက တရုတ်သံအမတ်ပါ ဖိတ်သဗျ…။ စစ်အစိုးရနဲ့ တရုတ်ကြီးရဲ့ ဒေါက်တိုင်တွေပေါ့ဗျာ…။

  • Thanlwinoo

    March 10, 2012 at 10:15 am

    ၃-၂-၂၀၁၂ နေ့ထုတ် The Wall Street Journal ရဲ့ ဆောင်းပါးတစ်ခုမှာ ရန်ကုန်မြိ့မှာရှိတဲ့ တီးဝိုင်းတစ်ခုက သူတို့အခွေမထွက်နိုင်တာ အမေရိကန်စီးပွားရေးပိတ်ဆို့မှုကြောင့်လို့ဆိုတဲ့အကြောင်း ဖတ်ရပါတယ်..။
    Side Effet ဆိုတဲ့တီးဝိုင်းအဖွဲ့ဟာ သူတို့ရဲ့ပထမဦးဆုံးအခွေထုတ်ဖို့ အင်တာနက်ကနေ အလှူငွေကောက်ခံဖို့ကြိုးစားခဲ့ရာမှာ အမေရိကန် ကာလီဖိုးနီးယားအခြေစိုက် indeGoGo ကတဆင့် ဒေါ်လာ ၂၀၀ဝ စုဆောင်းရရှိခဲ့သော်လည်း အမေရိကန်စီးပွားရေးပိတ်ဆို့မှုကြောင့် (မြန်မာနိုင်ငံမှာရှိတဲ့)တီးဝိုင်းအဖွဲ့ဆီ ပေးပို့နိုင်ခြင်းမရှိဘဲ အလှူရှင်တွေဆီ ပြန်အမ်းပေးခဲ့ရတယ်လို့ ဆိုပါတယ်..။
    “ကမ္ဘာကြီးနားဆင်ဖို့အတွက် အခွေက အဆင်သင့်ဖြစ်နေပါပြီ..။ ဒါပေမယ့် အခွေထုတ်ဖို့ပိုက်ဆံ မရှိပါဘူး..။ (အမေရိကန်ရဲ့)စီးပွားရေးပိတ်ဆို့မှုကြောင့် ကျွန်တော်တို့ရဲ့လမ်းစတွေ ပျက်စီးကုန်ပါပြီ” လို့ အသက် (၃၀)အရွယ်ရှိ တီးဝိုင်းအဖွဲ့ရဲ့ ဆို/တီး Darko C. ဆိုသူက ပြောကြောင်း ရေးထားပါတယ်..။
    မြန်မာအစိုးရဘက်က အပြောင်းအလဲများ ပြုလုပ်သော်လည်း အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက ပိတ်ဆို့မှုများ မရုပ်သိမ်းသေးကြောင်းနဲ့ ဥရောပက ထိန်းချုပ်မှုအချို့ဖြေလျှော့ပေးပေမယ့် အမေရိကန်ကတော့ ဘာမှ မထူးခြားသေးဘူးလို့ ဆောင်းပါးရှင်က ရေးထားပါတယ်..။
    http://online.wsj.com/article/SB10001424052970204624204577182894159653920.html?KEYWORDS=Garage+Rock+Ban
    ………………………………………………………………………………………………………………………
    ရန်ကုန်မြို့မှာ ဒီလိုတီးဝိုင်းအဖွဲ့မျိုးရှိတယ်ဆိုတာ နည်းနည်းတော့ ထူးဆန်းသလိုဘဲ…။

    • htoosan

      March 10, 2012 at 10:31 am

      မြန်မာ တိုင်းမ် ထဲမှာလည်းပါခဲ့ဘူးပါသည်။

    • ကြောင်ကြီး

      March 10, 2012 at 12:36 pm

      ဆိုးလိုက်တဲ့ ကမာ္ဘကြီးရဲ့ကံ….ဒန်တန်တန်.. 😆

  • kai

    March 10, 2012 at 1:37 pm

    မြန်မာပြည်ဆန်ရှင်ဟာ.. ဆယ်စုနှစ်တခုမကလုပ်ခဲ့တာ..။

    ခရိုနီတွေများထိခိုက်တယ်..စစ်ဗိုလ်ချုပ်တွေများထိနေတယ်ဆိုနေကြလေရဲ့..
    ဟိုက..မီလျှံနာတွေဖြစ်ပြီး.. အမေရိကားတောင် နေကြထိုင်ကြ..လာဈေးဝယ်ကြတာ.. ချောင်းပေါက်တော့မယ်..။
    ရယ်စရာ…
    ယူအက်စ်မှာ….ဗိုလ်ချုပ်ရွာတောင်ပြောင်းတည်တော့မယ်..။ 😀
    =
    ထားပါတော့..
    .. မြန်မာ-အမေရိကန်အများစုဆန္ဒအတိုင်းဖြစ်လာမှာပါပဲ..
    အဲ..
    ကျုပ်ကတော့..
    ယူအက်စ်က
    ကြားဖြတ်ရွေးကောက်ပွဲရလဒ်ကို.. အဓိကစောင့်ကြည့်နေတယ်ထင်မိတယ်..။
    ဒါပေမဲ့.. ဒေါက်တာမီမီဝင်းပြောတဲ့အတိုင်းဆို.. ဆန်ရှင်ဆိုတာက.. ဥပဒေ(များ)ဖြစ်တာမို့.. လွယ်လွယ်သိမ်းရုပ်လို့မရပါဘူး..
    ဆိုတော့…
    ကြားဖြတ်ရွေးကောက်ပွဲရလဒ်ကို.. ကြိုက်ကြရင်..
    …တဆင့်..၂ဆင့်လျှော့ပေးမယ်ထင်တာပါပဲ..။

    စကားအတင်းစပ်ပြောပြရရင်..
    မြန်မာပြည်ကို.. ယူအက်စ်ဆန်ရှင်အထားစေချင်ဆုံးသူတွေက.. ချိုင်းနားပြည်မအစိုးရနဲ့..သူ့ခရိုနီတွေဖြစ်ပါကြောင်း..။

Leave a Reply