လူတိုင်းဟာ နေ့စဉ်ဆုံးဖြတ်ချက် အမျိုးမျိုးချရပါတယ်.အထူးသဖြင့် အရေးကြီးတဲ့ ဆုံးဖြတ်ချက်မျိုးဆိုရင် အတိမ်းအစောင်း မခံဖို့လိုအပ်တယ်…

ဆရာသမားတွေဆီက နာယူမှတ်သားဖူးခဲ့ရတဲ့ သင်ခန်းစာလေးတခုကို မျှဝေပေးပါရစေ..

တခါက မြွေသားအမိ နှစ်ကောင်ရှိတယ်.. သူ့ရဲ့မိခင်က သူ့သားလေးမြွေကို ယခုလိုဆုံးမလိုက်တယ်…

သားရေ အပြင်ကိုသွားရင် မေမေကို ပြောပြရမယ်နော်။ နောက်တခု ဘာဘဲစားစား ချက်ချင်းမစားရဘူးနော် ဆိုတဲ့ ဆုံးမစကား နှစ်ခွန်းကို သူ့သားဖြစ်တဲ့ မြွေကလေးကို အဆုံးအမ ပေးလိုက်တယ်…

တနေ့တော့ သူ့သားမြွေလေးက .. သတိမရဘဲ ရုတ်တရက် အပြင်ကိုထွက်လည် လိုက်တယ်။ ထိုအချိန်မှာဘဲ…
မြွေအလပါယ်ဆရာနဲ့ တွေ့ပြီး အဖမ်းခံလိုက်ရတယ်။ သူကိုဖမ်းပြီး ထောင်ချောက်ထဲ ထဲ့ထားလိုက်တယ်။

ထိုသို့ထဲ့ထားပြီး နှစ်ရက်သုံးရက်လောက် အစားမကျွေးဘဲ လွတ်ထားလိုက်တယ်။
မြွေကလေးကတော့ အပြင်လည်းထွက်လို့မရ၊ အစာလည်းဆာဆိုတော့ စိတ်ဓါတ်ကျပြီးငိုင်နေသတဲ့..
ဒီလိုနဲ့ သုံးရက်ပြီးတော့ အစာဆာနေရော့မယ်ဆိုပြီး သူ့အတွက် ကြွက်ရှင်လေးတစ်ကောင်ကို ထောင်ချောက်ထဲ လွတ်ပေးလိုက်တယ်.

ဒီလိုလွတ်ပေးလိုက်တော့ မြွေကလေးလည်းဝမ်းသာပြီးကြွက်ရှင်ကိုစားတော့မည့်ဆဲဆဲ သူ့အမေပြောတဲ့စကားကို ချက်ချင်းသတိရပြီး ဘယ်ကိုဘဲသွားသွား အမေကိုပြောဖို့မှာခဲ့တာ အမေကိုပြောဖိုမေ့လို့ အဖမ်းခံလိုက်ရပြီ။ ဒီတခါတော့ အမေပြောတာ ဘာဘဲစားစား ချက်ချင်းမစားရဘူးတဲ့ ဆိုတဲ့ စကားလေးကို သတိရပြီး ချက်ချင်းမစားဘဲ ဟိုပြေးဒီပြေး ပြေးနေတဲ့ ကြွက်ရှင် လေးကိုကြည့် ပြီး….ဒီလိုနဲ့ဒေါင့် တနေရာမှာ သစ်သားပါးလေးနဲ့ လုပ်ထားတဲ့ ထောင်ချောက်
လေးကို ကြွက်ကလေးကိုက်ဖေါက်နေတာကို ကြည့်လိုက်သတဲ့….

ဒီလိုနဲ့ သစ်သားလေးလည်းအပေါက်ဖြစ်ပြီး ကြွက်ကလေးလည်း လွတ်သွားတယ်ပေါ့။ မြွေလေးလည်း

ကြွက်ကလေးဖေါက်ပြီးတဲ့ အပေါက်နောက်ကို အသာလေးလိုက်ပြီး သူလည်း မြွေအလပါယ်ဆရာလက်ထဲကလွတ်၊ ကြွက်ကလေးလည်းလွတ်သွားတယ်ပေါ့…

ဒို့အတွက် ဘာသင်ခန်းစာရလဲဆိုတော့….

– ချက်ချင်းမဆုံးဖြတ်လိုက်တဲ့ အတွက် အန္တရာယ်ကလွတ်သွားတယ်…

-မိဘဆရာသမားဆိုတာ သူဖြတ်သန်းလာခဲ့ရတဲ့ သမိုင်းအမွေ အကောင်း၊အဆိုးတွေကို နောက်လူတွေသိအောင် ထားခဲ့ရမယ် အကောင်းဆိုရင် ဆောင်ဖို့နဲ့ အဆိုးဆိုရင် ရှောင်ဖို့ပေါ့… အကောင်းကိုတော့ ထားရစ်လိုကြပေမဲ့ အဆိုးကိုကျတော့မထားရစ်လိုကြဘူး.. အမှန်တော့.. နောက်လူတွေ သင်ခန်းစာ ယူလို့ ရအောင် အမှန်အမှန် အတိုင်းပြောပြဖို့လိုတယ်..ကိုယ်မှားခဲ့တာ ကိုယ်အ ခဲ့တာကိုယ်ပြောပြရမယ်..ကိုယ့်ကိုယ်ကို အားမနာတန်းပြောရမယ်…

– လွတ်သွားတဲ့ အထဲမှာ ကိုယ်တစ်ယောက်တည်းမဟုတ်ဘဲ နှစ်ဦးစလုံး လွတ်သွားတာ ဘယ်လောက်ကောင်းလဲ…

– ဘာဘဲလုပ်လုပ် တချို့ အလုပ်တွေဟာ ရင့်ကျက်မှုရဖို့ အချိန်ဆိုတာစောင့်ပေးဖို့လိုတယ်။ စိတ်ရှည်ဖို့လိုတယ်…

– တချို့အရှုပ်ထုတ်တွေဟာ ကိုယ်ကိုယ်တိုင် လိုက်ဖြေရှင်းစရာမလိုဘဲ အချိန်က စကားပြောသွားလိမ့်မယ်ဆိုတာတွေပေါ့.. ကိုယ်ဖက်ကသာ အမှန်တကယ် အကျိုးလိုလားတဲ့စိတ်၊ သစ္စာရှိဖို့၊ သဘောထားရိုးရိုးဖြစ်ဖို့ဘဲ လိုပါတယ်..

– ထောင်ချောက်ကလွတ်တော့ သူ့ရဲ့ အစာဆိုပေမဲ့ မြွေကလေးက ကြွက်ကို လိုက်စားချင်မှစားမှာပါ။
အပြင်လောကရဲ့လွတ်လပ်မှု၊ အပြင်လောကရဲ့ အစာပေါကြွယ်မှုတို့ကြောင့် လွတ်လပ်မှုရဲ့ အရသာကြောင့်
မြွေကလေးလည်း အစာစားဖိုမေ့နေဦးမှာပေါ့ နော်…

– ကြွက်ကလေးဟာ မြွေထောင်ချောက်ကလွတ်ပါစေဆိုတဲ့ ရည်ရွှယ်ချက်နဲ့ သစ်သားကို ကိုက်ဖေါက်နေတာ မဟုတ်ပေမဲ့… ကျွဲကူးရေပါဆို သလို သိသာမြင်သာသော အလုပ် မဟုတ်ဘူးလို့ ထင်ရပေမဲ့ လူးသားတွေ အတွက် အကျိုးပြုတဲ့ အလုပ်တွေ အများကြီးရှိပါတယ်…

– တချို့ ကနာမည်ဆိုင်းဘုတ်သာ အထင်ကြီးကြွားနေကြတာ။ တကယ်လက်တွေ့ အလုပ်မဖြစ်တာတွေ အများကြီးပါ…

– နောက်တခြားကတော့ ကိုယ်ဥာဏ်ရှိ သလို ဆက်တွေးမယ်ဆိုရင်အများကြီးပါ။

အကြံကောင်းရှိရင်လည်း မှတ်ချက်မှာရေးပေးပါနော်….

About Ko out of...

Ko out of... has written 91 post in this Website..