mg Irraweddy eyeMarch 7, 20121min1246

ဂျာနယ်တစ်စောင်တွင် မီတာဈေးနုန်းကို ဖတ်လိုက်ရပြီး အံဩမိသည်။မီတာ ကစုစုပေါင်းမှ ၈၅၀၀ဝပဲကျသည် နယ်မြို့တွေနှင့်ကွာခြားသည်မှာခေါက်ချိုးကွာ၏။

မီတာသည်မိမိမပိုင်။အစိုးရပိုင်သည်။မီတာပျက်စီးလျှင် ဖျက်စီးလျှင် ဥပဒေပုဒ်မ၆၊၁နှင့်အရေးယူနိုင်သည်။

မီတာမရှိဘဲမီးကြိုးဆွဲသုံးလျှင်ပုဒ်မ၃၈ဝနှင့်အရေးယူနိုင်သည်။မီးခိုးမူသည် ခိုးမူပုဒ်မနှင့်အတူူပင်။အခုအီးပီစီလျှပ်စစ်ဝန်ထမ်းတွေ နယ်မြို့တွေမှာ လုပ်စားနေကြသည်။

မီးတာကို တစ်သိန်းသုံးသောင်းနှင့်လျှောက်ယူကြရသည်။ပွဲစားနှင့်လုပ်လျှင် တစ်သိန်းခွဲ၊လုပ်ပုံကလှသည်။လျှပ်စစ်ဝန်ထမ်းကမီတာလျှောက်မလား၊

ပေးပိုက်ဆံပင်ဖြစ်ပါသည်။

ပိုက်ဆံကို တစ်ဝက်သွင်းရင် မီတာကမရှိပဲမီးချိတ်ပေးလိုက်သည်။မီတာခမပေးရပဲသုံးလို့ရနေသည်။၎င်းပိုက်ဆံကို ရင်းနှီးသုံးစွဲထားသည်။မီတာလျှောက်သူက

လည်း မီတာခမပေးရ၍ ပြဿနာမလုပ်။နောက်လူတွေလျှောက်လာလျှင်လည်းဒီအတိုင်းလုပ် မရသေးဘူးလားပြဿနာလုပ်သူကို တပ်ပေးလိုက်သည်။

နောက်လူတွေပိုက်ဆံဖြင့်အရင်လူကိုတပ်ပေး၊အရင်ပိုက်ဆံက လှည့်သုံးထား။အင်မတန်ကောင်းမွန်ပေသည်။

မီးကို ကြိုသွယ်လျှင်၊မီတာမရှိပဲခိုးသုံးလျှင် ပုဒ်မ၃၈ဝ ဖြင့် အရေးယူနိုင်သည်ဆိုက နယ်မြို့များတွင် ဖမ်းရလျှင်ထောင်မဆန့်နိုင်အောင်များနိုင်သည်။

ဧရာဝတီတိုင်းလျှပ်စစ်ဝန်ကြီး ကြည့်လျှင်သိနိုင်သည်။

မီတာခတွေက တစ်ယူနစ်ကို ၃၅ကျပ် အိမ်ရှေ့မှာ ဆိုင်သေးသေးလေးရှိရင်တော့ လုပ်ငန်းရှင်ဆိုပြီး ၇၅ကျပ်ကောက်သည်။ကျူရှင်ဆိုလျှင် လည်း၇၅ကျပ်

ကောက်လို့ ကျူရှင်ဆရာတစ်ယာက်က မကျေမနပ်ပြောဖူးသည်။

နယ်မြို့တွေမှာ မီတာမရှိလည်း မီးလင်းအောင် လျှပ်စစ်ဝန်ထမ်းတွေက လုပ်ဆောင်ပေးသည်။ကောင်းလေစွ။မီတာလျှောက်သူတွေကိုလည်းရုံးလာစရာမလို သူတို့ လုပ်ပေးသည်။တစ်သိန်းခွဲတော့ပေးရသည်။ ၅၀၀၀ဝရှိလျှင် ကြိုးချိတ်ပေးသည်။ဘယ်လောက်ကောင်း သလဲ။

လုပ်ချင်ရာလုပ်လိုရာ လျှပ်စစ်ဝန်ထမ်းက လုပ်သည်။ ဘယ်ကအရေးယူသလဲ။စစ်ဆေးရေးလာလျှင် ကြိုသိသည်။အကုန်ဖြုတ်ထား၍ ဖမ်းလို့မရ။

ကဲ  ဧရာဝတီတိုင်းဒေသကြီးက   မကောင်းဘူးလားဗျာ။ မီတာအတွေက်ကတော့ စိတ်အေးရသည်။ ဝန်ထမ်းလည်း လျှပ်စစ်ရုံးက သူ့ ဝင်ငွေပဲဆိုတော့ အလုပ်ကြိုးစားသည်။ဒီကြားထဲလစဉ် ငွေပေးလျှင် အလွတ်တန်းတောင် ကြိုးချိတ်ပေးသည်။တစ်လတော့ ၃၀၀ဝပေးရသည်။ ကောင်းလေစွ။

မယုံလျှင် ကွင်းဆင်းလေ့လာ။ သေချာတယ်။ငွေရှာတယ်။

6 comments

  • htoosan

    March 7, 2012 at 11:17 am

    ပိုသေခြာသွားအောင် မြို့ ရွာ နံမည်လေးပါထည့်လိုက်ပါလား ။ ရပ်ကွက် ပါ ထည့်ပေါ့ ။ အားမနာနဲ့ သိလား ၊ 😀

  • ကျနော် ပြောချင်တာကတော့ …
    ဒီကောင်တွေက ဒီလိုပါပဲ …… လို့ …
    ကျုပ်သာ သမ္မတ ဖြစ်လို့ကတော့ …
    ဒီလို အကောင်တွေကို အလုပ်ဖြုတ်ပြီး မှတ်လောက် သားလောက်အောင် ပြစ်ဒဏ်ပေးပစ်မယ် … 😀
    အခု အစိုးရ က ပိတ်နေတဲ့ မျက်စိကို မှေးမှေးလေးပဲ ဖွင့်ထားသေးတာဆိုတော့ မြင်အောင် ကြည့်သေးဘူးပေါ့ဗျာ …

  • htet way

    March 7, 2012 at 2:29 pm

    အင်း…. ကျုပ်တို့ မြို့မှာ……။
    မီတာတွေ ကောင်းပါတယ် အိမ်က မီတာကတော့ အိုက်ရင် ရှေ့မှာ ရပ်နေလိုက်တာပဲ
    လေပန်ကာလား မှတ်ရပါတယ်။

  • မီတာထိန်းသိမ်းခ……ကိစ္စနဲ ့လျှပ်စစ်ဝန်ထမ်းတွေ ဝေစားမျှစားပြဿနာ
    တွေ ဘယ်တော့ပျောက်ပြီး ပြည်သူတွေ ဘယ်တော့များမှ မီးမှန်မှန်ရနိုင်
    ပေါ့မလဲ။

  • htet way

    March 7, 2012 at 9:12 pm

    တကယ် တိတိကျကျ လုပ်တဲ့တစ်နေ့ပေါ့
    အလုပ်နဲ့ သက်သေပြတဲ့တစ်နေ့
    လက်ရေချိုးပြီးစောင့်ပါဆရာ

  • cherry phyu

    March 8, 2012 at 10:46 am

    နယ်ကအိမ်မှာဆို မီတာဘောက်တစ်လုံးရဖို့လျှောက်လွှာတင်ထားတာ ခြောက်နှစ်လောက်စောင့်လိုက်ရတယ်
    ကျလာတော့ သူတို့က လာဘ်ထိုးတဲ့သူတွေကို အရင်ပေးတာ
    မပေးတဲ့သူက နောက်မှရတာပေါ့
    မီတာဘောက်တစ်လုံးကို ခြောက်သိန်းပေးရတယ်
    ်အဲဒီဟာကို သောင်းဂဏန်းပ ဲပေးရတယ်လို့ လက်မှတ်ထိုးခဲ့ရတယ်
    လွန်ခဲ့တဲ့ရှစ်နှစ်ကပါ..

Leave a Reply