ငါးလောင်းပြိုင် လူသတ်မှု နောက်ဆက်တွဲသတင်း (သို့မဟုတ်) စိန်စီသောည မှ အဆက်”

studentMarch 7, 20121min34316

မတ်လ ၃ ၂၀၀၈ ရက်နေ့က အမှတ် ၁၂၆၊ စိမ်းလဲ့ကန်သာလမ်း၊ ကမာရွတ်မြ့ိုနယ်တွင် မိသားစုဝင် ၄ ဦးနှင့် အိမ်အကူ လုပ်သားတဦးကို နေ့ခင်းကြောင်တောင် သေနတ်များဖြင့် ပစ်သတ်ခဲ့မှုများ ဖြစ်ပွားခဲ့သည်။ ရန်ကုန်မြ့ို၏ လူကုံထံ ရပ်ကွက်ရှိ အခင်းဖြစ်ပွားရာ နေရာသည် အစောင့်အကြပ် ထူထပ်ပြီး တစိမ်းတရံ မျက်နှာမွဲတဦး ဝင်ရောက် ဖြတ်သန်းရန်ပင် လွယ်ကူလှသည့် နေရာမဟုတ်။

ဦးချာလီ (ဦးစောကြည်ဖ) (၆ဝ နှစ်)၊ ဇနီးဖြစ်သူ ဒေါ်စန်းစန်းမြင့် (၅၈ နှစ်)၊ သမီးများဖြစ်သော ဒေါ်မြစန္ဒာ (၃၆ နှစ်)၊ မနှင်းပွင့်အေး (၂ရ နှစ်) နှင့် အိမ်ဖေါ် မအယ်ဖော (၁၅ နှစ်) တို့ ဦးခေါင်းတွင် သေနတ် ဒဏ်ရာများဖြင့် သေဆုံးနေသည်။

မဇ္ဈိမသတင်းဌာန—

“ငါးလောင်းပြိုင် လူသတ်မှု နောက်ဆက်တွဲသတင်း

(သို့မဟုတ်)

စိန်စီသောည မှ အဆက်”————————————–

ယောမင်းလေး ————————————–

ရန်ကုန်မြို့ မိုးကုတ်သူဌေးဦးမြမောင်၏ အဆက်အနွယ်ငါးဦး တစ်ပြိုင်နက်အသတ်ခံရမှုကို အမှု ပြန်လည်ဖော်ထုတ် စစ်ဆေးမည်ဟူသော သတင်းကို ကျွန်ုပ်တို့ သိုးသိုးသန့်သန့်ကြားသိနေရပေသည်။

၎င်းအမှုကို နအဖ၏ တရားစီရင်ရေးမှ အမှန်တကယ်ပဲ အမှုမှန်ပေါ်အောင် ဖော်ထုတ်နိုင်မည်လော။ အမှုမှန်ဖော်ထုတ်ရဲသော သတ္တိလည်း အမှန်ပင် နအဖတရားစီရင်ရေးဝန်ထမ်းများ ရှိကြပါမည်လော… ကျွန်ုပ်တို့ စိတ်ဝင်စားမိပေသည်။

ကျွန်ုပ်တို့သိရသလောက် ပထမအကြိမ် မှုခင်းအသွားအလာ စစ်ဆေးစဉ်က ကျည်ဆံနံပါတ်များမှာ သွားလေသူ ဗိုလ်ချုပ်မောင်ဘို (ဒုတိယဗိုလ်ချုပ်ကြီး မောင်ဘို)၏ နံပါတ်များ၊ အခြား မသွားသေးသူ ဗိုလ်ချုပ်တစ်ယောက်၏ ကျည်နံပတ်များ တွေ့ရှိရသည်ဟု သိရ၏။

ယခုအခါ စစ်ဆေးမည်ဟု သတင်းထွက်လာသောအခါ အများ၏ ထင်ကြေးမှာ ကွယ်လွန်သူ ဗိုလ်ချုပ်မောင်ဘို အပေါ် အားလုံးပုံချရန် ဖြစ်နိုင်ကြောင်း ထင်ကြေးပေးနေကြပေသည်။

ကျွန်ုပ်တို့သိရသလောက် ကျွန်ုပ်တို့၏ အတွင်းသတင်းပေးထံမှသိရသော သတင်းအမှန်မှာ “ရွှေသမင်ဘယ်က ထွက်၊ မင်းကြီးတာမှထွက်” ဟုဆိုရပေချိမ့်မည်။

စာရှုသူ ပရိသတ်ကြီး မှတ်မိပေဦးမည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ့ သမီးတော်လေး၏ မင်္ဂလာပွဲ-“စိန်စီသောည” ဗွီဒီယိုအခွေမှ စိန်တို့သည် ငါးလောင်းပြိုင်လူသတ်မှု၏ မြစ်ဖျားခံရာတို့ပေတည်း။

ဖြစ်ပုံမှာ မိုးကုတ်ဦးမြမောင်ဆိုလျှင် ရှေ့မီနောက်မီ ပုဂ္ဂိုလ်တို့ သိကြပေသည်။ ဆွေမျိုးစဉ်ဆက်မည်မျှ ချမ်းသာကြောင်း ယခုတိုင် သားသမီးမြေးတို့ကိုပင် ဘဏ်အကောင့်ဖွင့်၍ ငွေကြေးသုံးစွဲရန် ထားရှိခဲ့ကြောင်း အများသိပင်ဖြစ်သည်။

၎င်းစိန်တို့မှာ မိုးကုတ်ဦးမြမောင် ဆွေစဉ်မျိုးဆက်တို့၊ ဆွေမျိုးသမ္ပဇဉ်အဆက်ဆက်တို့ ထိန်းသိမ်း စောင့်ရှောက် ခဲ့သော ရှေးစိန်များ ဖြစ်ပေသည်။

ထိုဦးမြမောင် ဆွေမျိုး – အသတ်ခံရသူတို့သည် လုပ်ငန်းဆောင်တာ ဆက်သွယ်မှုအရ မန္တလေးတိုင်းမှူး ဖြစ်ခဲ့သော ဒုဗိုလ်ချုပ်ကြီးရဲမြင့် (တိုင်းမှူးဘဝက ဗိုလ်ချုပ်ရဲမြင့်)၊ ဇနီး ဒေါက်တာဒေါ်တင်လင်းမြင့်နှင့် ခင်မင်ရင်းနှီးခွင့်ရခဲ့ကြ၏။

ထိုသို့ခင်မင်ရာမှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသမီး မင်္ဂလာဆောင်မည်ရှိသောအခါ ခေတ္တပွဲနေပွဲထိုင် ငှားရမ်းပါမည့်အကြောင်း ဒေါက်တာ ဒေါ်တင်လင်းမြင့်မှတစ်ဆင့် စကားကမ်းလှမ်းငှားရမ်းခဲ့သည်ဆို၏။ ထိုသရောအခါ မငှားပြန်လျှင်လည်း မကောင်း၊ ဒေါက်တာ ဒေါ်တင်လင်းမြင့်နှင့် မျက်နှာနာသည်ကလည်း တစ်ကြောင်း၊ အာဏာအရှိန်အဝါ ကြောင့်တစ်ဖုံ ငှားရမ်းလိုက်ကြပေသည်။

သို့ငှားရမ်းပြီး မင်္ဂလာပွဲပြီးသည့်အခါ ဗိုလ်ချုပ်မှူးကြီးသမီးများက ဒေါက်တာဒေါ်တင်လင်းမြင့်မှတစ်ဆင့် စကားပါးလိုက်၏။ စိန်များကိုရောင်းပါ။ ဈေးဘယ်လောက်ဖွင့်မည်လည်းဟု အမေးခိုင်းလိုက်ပေသည်။

မိုးကုတ်ဦးမြမောင်မှာ ရှေးအစဉ်အဆက်မှပင် ပတ္တမြားတွင်းများပိုင်ခဲ့သူဖြစ်ရာ၊ ယခုတိုင် ပတ္တမြားများကို သေတ္တာများဖြင့် သိမ်းဆည်း သိုလှောင်ထားသူဖြစ်ပေရာ ငွေမလိုချေ။ “ငွေမလို၊ သည်စိန်တို့မှာ ဆွေမျိုးအစဉ်အဆက်ထိန်းသိမ်းစောင့်ရှောက်ခဲ့သော စိန်များဖြစ်သဖြင့် မရောင်းချနိုင်ပါကြောင်း၊ မိမိတို့မှာ ဆွေမျိုးဂုဏ်ကို ဆက်လက်ထိန်းသိမ်းရန် တာဝန်ရှိပါကြောင်း ကွယ်လွန်သူတို့မှ ပြန်ကြားခဲ့သည်ဆို၏။

ထိုအခါ ဗိုလ်ချုပ်မှူးကြီးသမီးများမှ “မြန်မာငွေမို့ ငြင်းသလား။ ဒေါ်လာနှင့်ပေးချေပါမည်။ ကြိုက်တဲ့ဈေးပြောပါ၊ ဒေါ်လာနှင့်ချေမည်” ဟုပြန်ပြောတိုက်တွန်းခိုင်းပြန်၏။ ကွယ်လွန်သူတို့မှ “မည်သို့မှ မရောင်းနိုင်ပါကြောင်း၊ ဒေါ်လာလည်း မလိုအပ်ပါကြောင်း၊ အခြားပစ္စည်း ဆိုလျှင် အလကားပင် လက်ဆောင်ပေးနိုင်ပါကြောင်း၊ ဤစိန်တို့မှာ ဆွေမျိုးစဉ်ဆက်ထိန်းသိမ်းရမည်ဟု အဖိုးမသေမီကပင် တာဝန်ပေး ခဲ့သော စိန်များဖြစ်သဖြင့် မရောင်းနိုင်ကြောင်း” ထပ်လောင်းပြောကြားခဲ့သည်ဟု သိရပေသည်။

သို့ဆိုလျှင် လယ်ပြင်မှာ ဆင်သွားသလို ထင်ရှား၍နေပေပြီ။ ထိုသို့ဖြစ်ပြီး များမကြာမီပင် ၎င်းငါးလောင်းပြိုင် လူသတ်မှုကြီး အုတ်အော်သောင်းနင်း ပေါ်ပေါက်၍လာပေရာ မည်သို့မည်ပုံ ဖြစ်တန်ရာသည်ဆိုခြင်းကို အရွယ်ရောက်စ လူတိုင်းပင် ပုံဖော်နိုင်ကြပေသည်။

ထိုစိန်စီသောညမှ ကြမ္မာငင်သော စိန်တို့သည် ငါးလောင်းပြိုင် လူသတ်မှု၏ မြစ်ဖျားခံရာ စိန်တို့ပါတည်း။ သမင်သည် လှပသော ဦးချိုကြောင့် အသက်ဆုံးရှုံးခဲ့ရ၏။ ကတိုးကောင်သည် ကောင်းမြတ်သော မိမိအမွှေးနံ့ကြောင့် အသက်ဆုံးရှုံးခဲ့ရရှာပေသည်။

ယခုအပေါင်းပါတစ်ဦးဖြစ်သော မောင်ဘိုသေဆုံးပြီးနောက် အမှုမှန်ဖော်ထုတ်မည်ဟု သတင်းသန့်သန့်ထွက်လာ၏။ တကယ်အမှု မှန်နိုင်ပါမည်လော… စောင့်ကြည့်ရန်သာရှိသည်။

ကျွန်ုပ်တို့သည် ဤအစိုးရလက်ထက်၌ ဤအမှုမှန် မဖော်ထုတ်နိုင်ဟု ယုံကြည်ခဲ့ပေသည်။

တလောက မန္တလေးမြို့၊ သိပ္ပံလမ်း၊ ကညနရုံးနားရှိ နိုဘယ်လ်စားသောက်ဆိုင်မှ မန္တလေး စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး မောင်ပု (Secretary of Mandalay City Development Committee Lt-Col Maung Pu)၏သား ပါဝင်ပတ်သက် နေသော လူသတ်မှုကိုလည်း ယခုအခါ အမှုမှန် ပြန်လည်ဖော်ထုတ်ရန်လိုက်နေသည်ဟု သတင်းရပေသည်။ ထိုအမှုကိုလည်း တကယ် အမှန်အတိုင်းဖော်မည်လော….စောင့်ကြည့်ရမည့် သတင်းများပါပေ။

တကယ်ဖော်လျှင်တော့ နအဖ၏ တရားစီရင်ရေး တကယ်ပြောင်းသွားပြီဟု ဆိုရပေတော့မည်တည်း။ ။

————————–

ငါးလောင်းပြိုင် လူသတ်မှု နောက်ကွယ်မှ ကြိုးကိုင်သူ

လွန်ခဲ့တဲ့ မတ်လ ၂ ရက်နေ့တွင် ကမာရွတ်မြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း၊ စိမ်းလဲ့ကန်သာလမ်းသွယ်က နာမည်ကြီး မိုးကုတ်အဆက် အိမ်တစ်အိမ်၌ ဖြစ်ပွားခဲ့တဲ့ ငါးလောင်းပြိုင် လူသတ်မှုူမှာ နအဖ စစ်ဘီလူး ခေါင်းဆောင် သန်းရွှေရဲ့ မိန်းမဒေါ်ကြိုင်ကြိုင် ပါဝင်ပတ်သက်နေတယ်လို့ မကြာခင်ကမှ မှုးယစ်ဆေးဝါးကိစ္စ နဲ့ ဖမ်းဆီးစစ်ဆေးခံရတဲ့ အောင်ဇော်ရဲမြင့် ရဲ့ အသိုင်းအဝိုင်းကနေ ထွက်ပေါ်လာခဲ့ပါတယ်။

မိုးကုတ်သူဋ္ဌေး ဦးမြမောင် နဲ့ ဒေါ်အုန်းကြည်တို့ရဲ့ တစ်ဦးတည်းသောသမီး၊ ဒေါ်စန်းစန်းမြ နဲ့ ခင်ပွန်း ဦးစောကြည်ဖေတို့ရဲ့ မွေးစားသမီးဖြစ်တဲ့ မမြစန္ဒာရဲ့ ခင်ပွန်းဦးသုဇော်ဟာ အလောင်းအစား ခုံမင်တယ်။ ဗိုလ်ချူပ်သာအေး သားအစရှိတဲ့ နအဖ စစ်ဗိုလ်ချုပ် သားသမီးတွေ အပါအဝင် ဦးသုဇော်တို့ လေးကောင်ဂျင် ကစားကြရာ ဦးသုဇော် အကြီးအကျယ် ရှုံးပြီး အကြွေးပါတင်သွားတယ်။

အဲ့ဒီအကြွေးတွေ ချေဖို့အတွက် ဒေါ်ကြိုင်ကြိုင်က ဦးသုဇော်ကို သူ့ယောက္ခမပိုင်တဲ့ ပတ္တမြားကြီးကို ယူပေးဖို့ စီမံညွှန်ကြားခဲ့ရာက ငါးလောင်းပြိုင် လူသတ်မှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်တယ်။

ယခု မှုးယစ်ဆေးဝါးကိစ္စနဲ့ ဖမ်းဆီးစစ်ဆေးခံရတဲ့ အောင်ဇော်ရဲမြင့်က သူ့ရဲ့ ကိစ္စကို အရေးယူ ဆောင်ရွက်မယ်ဆိုရင် ဒေါ်ကြိုင်ကြိုင် ပါဝင်ပတ်သက်ခဲ့တဲ့ ဒီငါးလောင်းပြိုင် လူသတ်မှုကို ဖေါ်ထုတ်မယ်လို့ ပြန်လည် ခြိမ်းခြောက်တယ်လို့ အောင်ဇော်ရဲမြင့် နဲ့ပတ်သက်ဆက်နွယ်နေတဲ့ အသိုင်းအဝိုင်းကနေ သတင်းတွေ ပြန်ထွက်လာပါတယ်။

ယခုလက်ရှိဖြစ်ပေါ်နေတဲ့ စစ်ဗိုလ်ချူပ်တွေအတွင်း ရာထူးအပြောင်းအလဲ အခြေအနေတွေ၊ လူသတ်မှု ကျူးလွန်စဉ်က သုံးစွဲခဲ့တဲ့ လက်နက်အမျိုးအစားတွေ နဲ့ တစ်ဦးတည်း ရှင်ကျန်ခဲ့တဲ့ ဦးသုဇော် အစရှိတာတွေကို ထောက်ချင့်ရင် ဖြစ်နိုင်တယ်လို့ ယူဆနိုင်ပါကြောင်း ….

ကိုထိုက်ဘလောက်မှ

စိမ်းလဲ့ကန်သာလမ်း ငါးလောင်းပြိုင် လူသတ်မှု အမွေခွဲပြီ

[By Yangon PressInternational]Facebook

ရန်ကုန်၊ မေ ၁၂ ၊ ၂၀၁၁ (YPI) – ရန်ကုန်မြို့ စိမ်းလဲ့ကန်သာလမ်းတွင် ၂၀၀၈ ခုနှစ် မတ်လက ဖြစ်ပွားခဲ့သည့် ငါးလောင်းပြိုင်လူသတ်မှုမှ ကျန်ရစ်သည့် ပိုင်ဆိုင်မှုပစ္စည်းများအား သေဆုံးခဲ့သူများ၏ဆွေမျိုးရင်းသူ နှစ်ဦးကို မကြာမီက ခွဲဝေပေးလိုက်ပြီဟု ၎င်းတို့နှင့်နီးစပ်သူ တဦးကပြောသည်။

သေဆုံးသူ ဦးချာလီ၏ ညီဖြစ်သူနှင့် ဒေါ်စန်းစန်းမြဘက်မှ အဖေတူ အမေကွဲ မောင်ဖြစ်သူတို့အား တဝက်စီ ဝေခွဲရရှိခဲ့ပြီး အတော်များပြားသည့် ငွေပမာဏကို အစိုးရဘဏ္ဍာနှင့် မေတ္တာကြေးအဖြစ်လည်း ပေးအပ်ခဲ့ရသည်ဟု ဆိုသည်။

လူသတ်မှုဖြစ်ပွားပြီးနောက် နေအိမ် ကားများနှင့် စိန်ရွှေ ရတနာများအား အစိုးရက တာဝန်ယူ သိမ်းဆည်းထားခဲ့သည်။ လူသတ်မှုဖြစ်ပွားပြီးနောက် ၃ လကြာမျှ ဖမ်းဆီးစစ်ဆေးခံခဲ့ရသည့် ဦးချာလီနှင့် ဒေါ်စန်းစန်းမြ၏ သားမက်ဖြစ်သူ သုဇော်အား ပိုင်ဆိုင်မှုပစ္စည်းများ ခွဲဝေပေးခြင်းမရှိခဲ့ပါ။

ပိုင်ဆိုင်မှု ပစ္စည်းများ၏ တန်ဖိုးမှာ အလွန်များပြားပြီး အသတ်ခံရရာ အိမ်နှင့် ကား ၄စီးအား ကျပ် သိန်း ၃ သိန်းဝန်းကျင်ဖြင့် တန်ဖိုးဖြတ်ခဲ့သလို ကျပ် သိန်း ၂ ထောင် ၃ ထောင်တန်သည့် တစ်ပွင့်စိန်များလည်း ပါဝင်သည်ဟု နီးစပ်သူကပြောသည်။

အခင်းဖြစ်ပွားရာနေရာတွင် မိသားစုအရင်းများအားလုံး သေဆုံးခဲ့ကြရသဖြင့် လူသတ်သမားများ လက်ထဲမည်၍ မည်မျှ ပါသွားသည်၊ မည်မျှ ကျန်ရစ်သည်ကို အတိအကျပြောနိုင်သူမရှိဟုလည်း သတင်းရင်းမြစ်များက ဆိုသည်။

၎င်းလူသတ်မှုတွင် မိသားစုဝင် ၄ ဦးနှင့် အိမ်ဖေါ်တဦးတို့ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရပြီး ဖြစ်ပွားသည့်နေရာသည်လည်း နိုင်ငံတော်ဧည့်ရိပ်သာနှင့် မဝေးသလို လူကုံထံများနှင့် သံတမန်များ နေထိုင်ကြသည့် တက္ကသိုလ်ရိပ်သာလမ်းတွင် ဖြစ်ပွားခဲ့သည့် အတွက် လူစိတ်ဝင်စားခံရဆုံး လူသတ်မှုတစ်မှု ဖြစ်ခဲ့သည်။

နေ့ခင်းအချိန်တွင် ကားဖြင့်ဝင်လာပြီး အိမ်ရှိမိသားစုအားလုံးကို သေနတ်ဖြင့် ပစ်သတ်သွားခဲ့ခြင်းအား အဆိုပါလမ်းသွယ်ရှိ နိုင်ငံတော် ဧည့်ဂေဟာတဝိုက်တွင် ထားရှိသည့် လုံခြုံရေးရဲများ မသိရှိလိုက်သည့် အဖြစ်ကလည်း မယုံနိုင်စရာ ကောင်းလောက်အောင် ထူးဆန်းနေသည်ဟု ရန်ကုန်မြို့ခံအချို့ ဝေဖန်ခဲ့ကြသည်။

အသတ်ခံရသူများမှာ တောင်ပိုင်စော်ဘွားကြီး စပ်ခွန်ဖ၏ သားဖြစ်သူ ဦးချာလီနှင့် မိုးကုတ် ဦးမြမောင်တို့၏ သမီးဖြစ်သူ ဒေါ်စန်းစန်းမြ၊ သမီး ၂ ဦးနှင့် အိမ်ဖေါ်တဦးတို့ ဖြစ်သည်။ သေနတ်သမားများက လက်၊ မျက်နှာနှင့် ဦးခေါင်းတို့ကို သေနတ်ဖြင့် အချက်များစွာ ပစ်သတ်ခဲ့ပြီး မီးခံသေတ္တာအတွင်းမှ ဒေါ်လာငွေများ တန်ဖိုးကြီး စိန်ရွှေ ရတနာများအား ယူဆောင်သွားခဲ့သည်။

လူသတ်သမားများ အနေဖြင့် မီးခံသေတ္တာ ၁ဝ လုံးအနက် ရ လုံးသာ ဖွင့်နိုင်ခဲ့ပြီး ၃လုံးမှာ ဖွင့်မရသဖြင့် ကျန်ရစ်ခဲ့သည်။ အဆိုပါ ကျန်ရစ်သည့် မီးခံသေတ္တာတွင်းမှ ဒေါ်လာငွေများ ၊ စိန်နှင့် အခြားရတနာ အများအပြား သိမ်းဆည်းရရှိခဲ့သည်ဟု ထိုစဉ်ကပါဝင်ခဲ့သူ ရဲဝန်ထမ်းတဦးကပြောဆိုသည်။

အဆိုပါလူသတ်မှုဖြစ်ပွားခဲ့ပြီး ၃ လကျော်အကြာတွင် နေပြည်တော်၌ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ရဲချုပ် ခင်ရီက “နီးစပ်နေပါပြီ ၊ မှန်းဆထားသည့်အချက်များ ရှိနေပါပြီ” ဟု ပြောဆိုခဲ့သည်။

လူသတ်မှု ဖြစ်ပွားပြီး ၃နှစ်ကျော်ကြာသည်အထိ တရားခံကို ဖမ်းဆီးနိုင်ခြင်းမရှိသေးပဲ ယခုလို အမွေခွဲဝေခြင်းကို တရားရုံးမှတဆင့် ပြုလုပ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်

ပုံပေါ်ကလစ်ပြီးကြည့်ပါ…

တကယ်တော့နအဖအစိုးရမဖေါ်ထုတ်ရဲခဲ့ပါ။

ဦးသိန်းစိန်အစိုးရကတော့ထိုအမှုကိုဖေါ်ထုတ်လိမ့်မည်ဟု……..

နောက်ဆက်တွဲ

16 comments

  • ကြောင်ကြီး

    March 7, 2012 at 10:42 am

    မဇ္ဈိမသတင်းမှာ မတွေ့မိပါ။ ပြီးခဲ့တဲ့ နှစ်မတ်လမှာ တင်ထားတဲ့သတင်း ဖြစ်ဖို့များတယ်။ ရက်ပြန်စစ်ကြည့်ပါ… အဲဒီလူသတ်မှုက ဒီလိုနဲ့ပဲ ပျောက်သွားမဲ့သဘောရှိတယ်… ဒီကောင်တွေ သက်ဆိုးရှည်သမျှပေါ့လေ..။

  • MTY

    March 7, 2012 at 11:21 am

    အဲဒီလောက်သေချာအောင်စုံစမ်းသိရှိနေမှတော့ဗျာ
    ရမ်ဗိုလိုအကုန်ရှင်းပလိုက်ပါလားဗျာ၊တစ်ယောက်မှ
    ကြည့်မရတော့ဘူး။မှုခင်းတစ်ခုအနေနဲ့ဘဝင်မကျတာ
    တော့သေချာတယ်။

  • က်ိုကိုအိုဗာ

    March 7, 2012 at 1:52 pm

    ဆာပုလင်းကိုနှင်းမေါင်၊ စနေမေါင်မေါင်၊ ကိုမိုးသီး၊ ကိုသေတ္တာ နှင့် ဦးဂွမ်တီး တို့ သာရှိရင်
    ဒီလို အမှု့မျိုးကို ဘယ်နေလိမ့်မှာတုန်း။

    • ဒီရွာထဲမှာတော့ …
      ပရော်ဖက်ဆာ ဒေါက်တာ ဘာညာသာရကာ နေကြာကွာစိ တောင်ကြီးပဲလှော် မဟာ့မဟာအကျော် မဟာရာဇာ အံစာတုံး ဆိုတာတော့ ရှိသကွဲ့ ….. 😀
      သဂျီးက နယ်ပို့ထားလို့ ကိုယ့်လူရေ …
      နို့မဟုတ်လို့ကတော့ ဟင်း … ဘယ်တောင်မှ မမှုဘူး … သေသွားမယ် .. 😀

  • က်ိုကိုအိုဗာ

    March 7, 2012 at 2:01 pm

    အက်မင်းကြီး ဘယ်လိုသဘောရသလဲဗျာ

  • ငပွကြီး

    March 7, 2012 at 4:54 pm

    ကူညီပါရစေ… ကူညီပါရစေ…ခင်ဗျ..
    ကူညီပါရစေ… ကူညီပါရစေ…ရှင့်…

  • kai

    March 7, 2012 at 5:50 pm

    အဲဒီခေတ်အာဏာရှိထိပ်ဆုံးပိုင်းကသူတွေလုပ်မယ်လို့.. မထင်ပါဘူး..
    အဲဒီရေးထားတာတွေလောက် လုပ်ပုံနည်းတွေက.. တုံး,အ မယ်မထင်မိဘူး.. 😆

    စကားမစပ်.. ကိုသုဇော်တယောက်ဘာမှမရလိုက်ဖူးပေါ့..။
    သေချာလို့လား..။
    အသိမမှားရင်.. ကိုသုဇော်အဖိုးက.. ဦးသန်းရွှေအထက်ရာထူးလောက်မှာရှိခဲ့တာ..။

    • student

      March 7, 2012 at 10:19 pm

      ဘယ်လိုလို့ ပေါ်မလဲဗျာ… စိန်စီသော အမှုဖြစ်နေတာကို. . .

    • kai

      March 8, 2012 at 12:01 am

      မြန်မာ့တပ်မတော်ထဲ.. စီနီယာအဆင့်ကို ပြောတာပါ..။
      အရင်မဆလရဲ့.. ဌာနကြီးမှုးတဦးဖြစ်ခဲ့တာလေ…။

  • က်ိုကိုအိုဗာ

    March 7, 2012 at 10:16 pm

    နောက်ဆုံးကြားဖြတ်သတင်း
    သမ္မတကြီးက ဖြေရှင်း ပေးမည်။ မကောင်းသူ ပါယ် ကောင်းသူကယ်မည်။
    တရားစီရင်ရေးစနစ် သန့်ရှင်းမှန်ကန် စေရမည်မှာ မုချ အမှန်အကန်ပါပေတည်း။

  • က်ိုကိုအိုဗာ

    March 7, 2012 at 10:18 pm

    nozomi says:

    ခဏလေး သည်းခံ ပြီး စောင့်ပေးကြပါ မြန်မာပြည်မှာ NIB လည်း ဖွဲ့ပြီးသွားပြီ အထူးတပ်ဖွဲ့တွေလည်း ဘင်လာဒင်ကို ဖမ်းမိပြီး နောက်တနေ့ကနေ စဖွဲ့နေပါပြီ ၁ဝ နှစ် မပြည့်ခင်မှာ ဘင်လာဒင်ကို ဝင်စီးသလို ဝင်စီးပြီး ဖမ်းပါမယ်တဲ့

    • student

      March 7, 2012 at 10:21 pm

      တရားခံ ဘယ်သူဆိုတာ အားလုံးသိတယ် ……. တောက်

  • ရဲစည်

    March 7, 2012 at 11:16 pm

    အောင်ဇော်ရဲမြင့်နှင့် မောင်ဝိတ်တို့သည် မူးယစ်ဆေးဝါးမှုမဟုတ် လက်နက်မှုဖြစ်ချေ၏
    သုဇော်သည်ကား ကိုယ့်အမျိုးသစ္စာဖောက်တည်း
    မိုးကုတ်ဦးမြမောင်ကို ဆရာသော်တာဆွေ စာအုပ်များတွင် ဖတ်ဖူး၏
    စိန်သည် အန္တရာယ်ရှိ၏ သိပ်များများမဖော်လို။အထက်တန်းလွှာများ သေသထက်သေ လောဘဇောတိုက်ကြကုန် တို့သာမာန်လူများနှင့်မဆိုင် ပိုသေလေ အရင်းရှင်ခေတ်ပျောက်လေ ဝမ်းသာ၏

  • သူရဇော်

    March 8, 2012 at 10:11 am

    အိမ်း
    အိမ်မှာတော့ ဒညင်းသီးဆားရည်စိမ်တွေရှိသကွဲ့…………မဖြစ်ချေဘူး စိမ်ကြောင့်တော့အသေမခံနိုင်ဘူး အကုန်ရောင်းပစ်မယ်……..ဈေးထဲသွားပီး……….

Leave a Reply