နောက်ထပ်ဈေးတစ်ဈေးလောင်ပြန်ပြီ

pho zawMarch 7, 20121min17512

ယနေ့ ၇.၃.၂၀၁၂ ရက်နေ့ နံနက် (၄)နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ ဈေးတွင်မီးလောင်မှု တစ်ခုထပ်မံဖြစ်ပွားခဲ့တယ်လို့ သတင်းဆိုးတစ်ခုရရှိခဲ့ပါတယ်။ အဆိုပါမီးလောင်မှုကြောင့် ဆိုင်ခန်းပေါင်း (၃၀၀)ကျော်မီးထဲပါသွားတယ်လို့ အကြမ်းဖျင်းသိရှိရပါတယ်။ အသေးစိတ်ကိုမသိရှိရသေးတဲ့အတွက် ဒီလောက်ပဲတင်ပြနိုင်တာကို သီးခံခွင့်လွှတ်ပေးကြပါလို့ တောင်းပန်လိုက်ပါတယ်။ အပြည့်အစုံသိရရင် ထပ်တင်ပေးပါ့မယ်။

12 comments

  • water-melon

    March 7, 2012 at 12:56 pm

    အမလေး
    လောင်ဘဲလောင်နိုင်လွန်းတယ်
    နောက်ထပ်ဘယ်ဈေးတွေကျန်သေးလဲ။

  • ဟာ လောင်ပြန်ပီ ဈေးဘဲ။
    ခက်နေပီဗျာ တနိုင်ငံလုံးက ဈေးတွေကို လိုက်ပြိီးရှို ့နေတာ
    များနေပီ။ပြီး လက်သယ်မပေါ်ဘူးဆိုပြီးဖျောက်ပစ်မယ်။ဒါလား
    ဟဲ……….

  • ဦးဦးပါလေရာ

    March 7, 2012 at 2:40 pm

    ကြည့်ရတာ မလောင်သေးတဲ့ဈေးတွေလဲ
    မလောင်ခင် မြန်မြန်ပြန်ဆောက်မှထင်တယ်။

  • kotun winlatt

    March 7, 2012 at 3:44 pm

    ဟုတ်ပါတယ်ခင်ဗျာ…
    ကသာမြို့က ဈေးမီးလောင်ပါတယ်….
    ကျနော်တို့ဆီက မီးသတ်ကားကိုပါ အကူအညီတောင်းတဲ့အတွက်
    မနက်က ကျနော်တို့ဆီမှ မီးသတ်ကား ကသာကိုသွားလိုက်ရပါတယ်…။

  • tree

    March 7, 2012 at 6:16 pm

    ဈေးတွေမီးလောင်နေတာ မသင်္ကာစရာပဲ

  • coconut

    March 7, 2012 at 7:39 pm

    မြန်မာတစ်နိုင်လုံးရှိသောဈေးသူ/ဈေးသားများအားလုံး မိမိတို့ဆိုင်ခန်းများလုံခြုံရေး-မိသားစုများစားဝတ်နေရေးအဆင်ပြေစေချင်ရင် ကိုယ့်မီးကင်းကိုကိုယ်စောင့်ကြပါရန်နှင့်
    စည်ပင်သာယာဝန်ထမ်းများကိုအားကိုးနေပါက ၎င်းတို့ကိုယ်တိုင်မီးတင်ရှို့လျှက်ရှိပါကြောင်း
    သံတွဲဈေးမီးလောင်မှုအခြေအနေဖြစ်ရပ်မှန်ကို နမူနာယူကြိုတင်အသိပေးလိုက်ပါတယ်။

  • သော်ကြီး

    March 7, 2012 at 9:52 pm

    အခုဈေးမီးလောင်တဲ့ပုံတွေကို ရွာသားများမြင်သာထင်သာရှိစေရန် ပို့စ် တင်နေပါတယ်။ ဈေးမီးလောင်တာက ဝါယာရှော့ခ်ဖြစ်တာလို့သိရပါတယ်။ခရိုင်မြို့ဖြစ်သည့်အတွက် အခြားမြို့နယ်များမှ မီးသတ်ကားများပါ ကူညီငြိမ်းသတ်နိုင်ရေးအတွက် သွားရောက်ရပါတယ်။ အင်းတော် ထီးချိုင့်၊မော်လူး၊ဗန်းမောက်၊ဝန်းသို၊ကောလင်းမြို့နယ်များမှ မီးသတ်ကားများသွားရောက်ရပါတယ်။ထိုသို့ သွားရောက်ရာမှာ နောက်ဆုံးသတင်းအရ မီးညွှန်းကျိုးသွားပြီဟု သိရ၍ ဝန်းသို မြို့မှ မီးသတ်ကားမှာ ပြန် လှည့်ရာ ထီးချိုင့်မြို့နယ်အပိုင် ဒိုးပင်တောင်အတက်တွင် တိမ်းမှောက်ခဲ့၍ မီးသတ်တပ်ဖွဲ့ဝင်(၂)ဦးသေဆုံး ပြီး (၂) ဦးမှာ ထိခိုက်ဒဏ်ရာများရရှိ၍ အင်းတော်မြို့နယ် ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူလျက်ရှိကြောင်း ။ တိုင်းဒေသကြီး ဝန်ကြီးချုပ် ကိုယ်တိုင် လာရောက်ကြည့်ရှု၍ ပြန်လည်ထွက်ခွာ သွားပြီးဖြစ်ကြောင်းသိရ။ မီးလောင်နေတဲ့ပုံတွေကို နံနက် (၁၀) နာရီမှ စတင်၍ ပို့စ်တင်နေရာ တင်မရဖြစ် နေသည့်အတွက် ယခုညအချိန်တွင်မှ တင်ရပါကြောင်း ။

  • ရဲစည်

    March 7, 2012 at 11:32 pm

    အားအားရှိ ဝါယာရှော့ သိုပေမဲ့ မင်ဂလာတောင်ညွန့်ကျ ဝါရာရှော့ဟုတ်ဘူးတဲ့ စိတ်လေတယ်

  • JUDGEMENT

    March 7, 2012 at 11:34 pm

    ဓါတ်ပုံတွေတင်ပြီးပြီဆို မြင်လဲမမြင်ရပါလား ကိုသော်ကြီးရေ–

  • သူရဇော်

    March 8, 2012 at 10:34 am

    ဪ ဈေးသည်များဘဝသည်လဲ တကယ့်ကို သံသရာစက်ဝန်းကြီးအလားပါလားနော်…….

Leave a Reply