ဒီမိုကရေစီ ဆိုတာ … ဘာလဲ ?

ဒီမိုကရေစီ ဆိုတာ ဘာလဲ ? ကျွန်တော်က မသိလို့ မေးကြည့်တာပါ ။ ကျွန်တော့် အပေါ်ကို ဖိနှိပ်ချုပ်ချယ် တာ ၊ ကျွန်တော် မတရားခံနေရတာကို ပြောတာက ဒီမိုကရေစီ မဟုတ်ပါဘူး ၊ အဲဒါက လူ့အခွင့်အရေးပါ။ ကျွန်တော်တို့တွေက လူ့အခွင့်အရေး ကိုတောင် သေသေချာချာ မသိသေးပါဘူး ။ မသိအောင်လည်း လုပ်ထားတယ်လေ ။ ကျွန်တော်တို့ အစိုးရ ကို ညံ့တယ် လို့ ဘယ်သူတွေက ပြောတာလဲ ။ တစ်ကယ်ကတော့ သူက အရမ်းတော်ပါတယ် ။ မညံ့ပါဘူး ။ ညံ့တာက ကျွန်တော် တို့ပါ ။ ( ကျွန်တော်က စာရေးဆရာ တစ်ယောက် မဟုတ်တော့ စကားလုံးတွေကို ဖွဲ့ဖွဲ့ နွဲ့နွဲ့ မရေးတတ်တာကို ခွင့်လွှတ်ပေးကြပါနော် ။ ) ဟင်္သာတ အနားက တလုတ်ထော် မှာ လူ့အခွင့်အရေး ဟော တဲ့ လူတွေ အရိုက်ခံရတယ် ။ ဘယ်သူကမှ မပြောရဲကြတော့ဘူးလေ ။ ခင်ဗျား သတ္တိရှိရင် ပြောကြည့်လိုက်ပါလား ။ အဲဒါတွေကို ထားလို့ ဒီမိုကရေစီ ဆို တာ ဘာလဲ ။ ဒီမိုကရေစီ ရရင် ဘာလုပ်ကြမှာလဲ ။ခုနေ ဒီမိုကရေစီ ပေးပြီဗျာ … ခင်ဗျားတို့ ဘာလုပ်ကြမှာလဲ ။ 48 ခုနှစ် January 4 ရက် မနက် 4:20 တုန်းက မြန်မာတွေ ဘာလုပ်ကြသလဲ ။အဓိက က လူပဲဗျ ။ မူ က ဒီလောက်ကြီးမဟုတ်ဘူး ။ ကျွန်တော်တို့ မြို့မှာ NLD က အကျီင်္ရောင်းနေတယ် ။ သော့ချိတ်တွေ စတစ်ကာ တွေ၊ ဦးထုပ်တွေ ရောင်းနေတယ် ။ လူတွေက ဝယ်ကြတယ်။ ဒေါ်စု အကျီဝတ်ထားတဲ့ သူတိုင်း ဒေါ်စု ဘက်က  လို့ ထင်နေလို့လား ။ တစ်ယောက်က ဝယ်ဝတ်လိုက်တော့ နောက်တစ်ယောက်က အရှုး ထ တာ ။ သူတို့ အာဏာရရင် ဘာလုပ်မှာလဲ ။ ကျွန်တော်ပြောမယ်နော် ၊ ဒေါ်စု ကို ထောင်ထဲထည့် ထားတဲ့ အကြောင်းရင်းက အစိုးက ကို ဆန့်ကျင်လို့ ။ ခု ဒေါ်စု က အာဏာရပြီ ထားဗျာ ။ ကျွန်တော်က ဒေါ်စုကို ဆန့်ကျင်ရင် ကျွန်တော့်ကိုရော မဖမ်းဘူးလား ။ ဒီမိုကရေစီ ဆိုတာ အုပ်စုဖွဲ့ပြီးတော့ ဗိုလ်ကျတာ ။ အဲဒါ အရှင်းဆုံးပဲ ။ အရက်သမားတွေ ချည်းပဲရှိတဲ့ ရွာတစ်ရွာမှာ လူကြီး ရွေးရင် အရက်သမားပဲ လူကြီး ဖြစ်မှာပေါ့ ။ ကျွန်တော်တို့ ရပ်ကွက်ထဲမှာ အရက်သမားက ၈ ယောက် နဲ့ ဘုရားတကာ ၂ ယောက်ရှိတယ် ဗျာ ။ ဒီမိုကရေစီ နည်းအတိုင်း ရွေးချယ်လိုက်ကြရင်  အရက်သမားပဲ မဲနိုင် မှာပေါ့ ။ အဲဒီတော့ တိုးတက်နိုင်ပါ့မလား ။ အဲဒါဟာ ဒီမိုကရေစီပဲ ။ ကျွန်တော် တို့ တိုင်းပြည်ထဲက တစ်ယောက်ကပဲ သမ္မတ ဖြစ်မှာလေ ။အမေရိကန်က လာပြီးတော့ အရွေးချယ်ခံလို့ မရဘူးလေ ။အဲဒါကြီးကို မသိကြတာလား ။  ကျွန်တော် တို့ အစိုးရကို ညံ့တယ်လို့ ပြောလို့ ဆက်လိုက်ပါဦးမယ် ။ ဦးသန်းရွှေ လက်ထက်က သူ့ကို မတရား ၊ အတင်း ပြောမှာစိုးလို့ ကြက်ဆူ ဘက်ကို ခေါင်းတည် လိုက်ကြတယ်လေ ။ အဲဒီတော့“ ပြည်သူတွေက ဒီကြက်ဆူ စိုက်တော့ ဘာဖြစ်မှာလဲ ” အဲလိုပြောကြတော့ ကြက်ဆူဘက်ကို ရောက်သွားတာပေါ့။ သူက ခင်ဗျားထက်တောင် သိသေးတယ် ။ ကြက်ဆူ စိုက်လို့ ဘာမှ မဖြစ်ဘူး ဆိုတာကို ။ နောက်ပြီးတော့ တိုင်းပြည်တစ်ပြည် ကို ဧကရာဇ် ဘုရင်လို အကြာကြီး အုပ်ချုပ်ချင်တယ် ဆိုရင် အဲဒီ တိုင်းပြည်က လူတွေ ကို ပညာ မတတ်အောင် လုပ်ထားရမယ် ။ ဆိုတာကို သူ သိတယ်။ အဲတော့ ပြည်ပကို ပညာတော်သင် မသွားရ ပေါ့ ။ ကျွန်တော် ခုရေးတာတွေကို သိရင် ကျွန်တော့ကိုလဲ ဖမ်းမှာပဲ ။ အဲဒါကြောင့် မပြောရဲကြတာပေါ့ ။ ဖမ်းပြီးတော့ ထားဝယ် လိုနေရာမျိုးက အချုပ်ထဲ ထည့်ထားတော့ ခင်ဗျား ဘာတတ်နိုင်သေးလဲ ။ဘယ်ကို တိုင်မလဲ ။ လူ့အခွင့်အရေး ဆုံးရှုံး တယ်ဆိုတာ တရားဥပဒေ ရဲ့ အကာအကွယ်ကို မရတော့တာ ကိုပြောတာ ။ ကျွန်တော် Sky Net ကကြည့်ဖြစ်လိုက်တဲ့ ဇာတ်ကားထဲမှာ လူဆိုးနှစ်ယောက်က ရဲအယောင်ဆောင်ပြီးတော့ လူ တစ်ယောက်ကို တားလိုက်တယ် ။ ကားပေါ်က လူက အောက်ကို မဆင်းခဲ့ပါဘူး ။ ရဲ က ဆင်းဖို့ပြောတော့ ခင်ဗျား ရဲမှန်ကန်ကြောင်း ID ပြပါတဲ့ ။ အဲဒါဟာ လူ့အခွင့်အရေး ပါ ။ ကျွန်တော် တို့ ဆီမှာ အဲလိုမျိုးပြောကြည့်ပါလား ။ သွားတွေ ဘုရားဖူး ထွက်သွားမှာပေါ့ ။ အဲဒါတွေကို နောက်မှ ပိုစ့် တစ်ခု ထပ်ရေးပါဦးမယ် ။ ခုတော့ ဒီမိုကရေစီ ဆိုတာ ဘာလဲ ။ ကျွန်တော်တို့ တိုင်းပြည်အတွက်ကို မေးချင်တာပါ ။ သိတဲ့သူများရှိရင် ဖြေပေးကြပါနော် ။

စိတ်ဆင်းရဲခြင်း အပေါင်းမှ ကင်းဝေးကြပါစေ…

ချစ်ရင်ထူး

12 comments

  • inz@ghi

    March 7, 2012 at 2:03 pm

    တနေ့ သေကြရမည်
    မသေခင် လုပ်ချင်တာလုပ်ကြ
    😀

  • နတ်ဆိုးလေး

    March 7, 2012 at 3:20 pm

    ဟုတ်ကဲ့ နတ်ဆိုးလေးကြားဖူးတာပေါ့နော်
    ဒီမိုကရေစီဆိုတာ အများကြီးရှိတယ်ဗျ ဒီမိုကရေစီ နိုင်ငံခြင်းတူပေမဲ့လို ကျင့်သုံးတဲ့ ဒီမိုကရေစီခြင်းမတူညီကြပါဘူး
    အခြေခံသဘောတရားကတော့

    အာဏာရှင်စနစ်နဲ့ လုံးလုံးလျားလျားးမတူညီဘဲ ဆန့်ကျင်ဘက်ဖြစ်တဲ့စနစ်ဖြစ်ပါတယ်…

    တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာဟာ လူတဦးတယောက် လက်ထဲမှာသော် ၎င်း လူတစု လက်ထဲမှာသော် ၎င်း စုပုံထားတာမဟုတ်ဘဲ ပြည်သူလူထုကသာလျှင် တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ပို်င်ဆိုင်တာဖြစ်တယ်…….

    ဒီမ်ိုကရေစီ စနစ်အားဖြင့် ပြည်သူတွေရဲ့ ဆန္ဒ အစစ်အမှန် ကိုဖေါ်ဆောင်နိုင်တာမို့ ပြည်သူတွေရဲ့ ဘဝလုံခြုံမှု၊ နိုင်ငံရေးတည်ငြိမ်မှု၊ တရားမျှတမှု၊ တရားဥပဒေ စိုးမိုးရေး၊ ငြိမ်းချမ်းရေးတွေကို ထိမ်းသိမ်းကာ ကွယ် မြှင့်တင်ဖို့ အကောင်းဆုံးစနစ်ဖြစ်ပါတယ်…………..

    မှားသွားခဲ့ရင်လည်း နတ်ဆိုးလေးကို ခွင့်လွှတ်နိုင်ကြပါစေ………..

  • နတ်ဆိုးလေး

    March 7, 2012 at 3:39 pm

    အချုပ်အားဖြင့်တော့
    ဒီမိုကရေစီ ဆိုတာ……….

    ပြည်သူအားလုံး တန်းတူညီမျှရမယ်…………

    ပြည်သူအားလုံး လွတ်လပ်မှုရှိရမယ်….

    အခြေခံ ဥပဒေက တိုင်းသူပြည်သားအားလုံးရဲ့ တရားဝင်လွတ်လပ်ခွင့်တွေ တန်းတူညီမျှမှုတွေကို အကာအကွယ်ပေးထားရမယ်….

    ကိုချစ်ရင်ထူးကျေနပ်မယ်လို ထင်ပါတယ် နတ်ဆိုးလေး တတ်သလောက်မှတ်သလောက် ပြန်ပွားလိုက်တာပါ

  • နတ်ဆိုလေးက အဓိပ္ပာယ်ပေးထားပီနော့်။ခုလိုရေးခွင့်ရတာလဲ ဒီမို ပါဘဲ။
    ကြိုက်လို ့…….

    ကျွန်တော် တို့ အစိုးရကို ညံ့တယ်လို့ ပြောလို့ ဆက်လိုက်ပါဦးမယ် ။ ဦးသန်းရွှေ လက်ထက်က
    သူ့ကို မတရား ၊ အတင်း ပြောမှာစိုးလို့ ကြက်ဆူ ဘက်ကို ခေါင်းတည် လိုက်ကြတယ်လေ ။
    အဲဒီတော့“ ပြည်သူတွေက ဒီကြက်ဆူ စိုက်တော့ ဘာဖြစ်မှာလဲ ” အဲလိုပြောကြတော့ ကြက်
    ဆူဘက်ကို ရောက်သွားတာပေါ့။ သူက ခင်ဗျားထက်တောင် သိသေးတယ် ။ ကြက်ဆူ စိုက်လို့
    ဘာမှ မဖြစ်ဘူး ဆိုတာကို ။ နောက်ပြီးတော့ တိုင်းပြည်တစ်ပြည် ကို ဧကရာဇ် ဘုရင်လို အကြာကြီး
    အုပ်ချုပ်ချင်တယ် ဆိုရင် အဲဒီ တိုင်းပြည်က လူတွေ ကို ပညာ မတတ်အောင် လုပ်ထားရမယ် ။
    ဆိုတာကို သူ သိတယ်။ အဲတော့ ပြည်ပကို ပညာတော်သင် မသွားရ ပေါ့ ။ ကျွန်တော် ခုရေးတာ
    တွေကို သိရင် ကျွန်တော့ကိုလဲ ဖမ်းမှာပဲ ။ အဲဒါကြောင့် မပြောရဲကြတာပေါ့ ။

  • alinsett

    March 7, 2012 at 7:45 pm

    ဒီမိုကရေစီ..ဆိုတာ……ဘာလဲ.။ မေးသင့်ပါတယ် ။
    ဖြေနိုင်သူတွေ.ဖြေသင့်ပါတယ် ။
    ဒါလိုအပ်ချက်တစ်ခုပါပဲ။

  • ရွာစားကျော်

    March 7, 2012 at 9:04 pm

    အေ့..
    ဒီမိုကရေစီ ဆိုတာ အုပ်စုဖွဲ့ပြီးတော့ ဗိုလ်ကျတာ .. ဟုတ်စ
    မသိလို့မေးတယ်လည်းဆိုသေး.. မေးရုံတင်မဟုတ်ဘူး အနှစ်သာရကိုပျက်အောင် မသိဘဲ လျှောက်ပြောနေတယ် ထွီ..အေ့
    ဘာတဲ့ အရက်သမားက ၈ ယောက် နဲ့ ဘုရားတကာ ၂ ယောက်ရှိရင် အရက်သမားပဲ နိုင်မတဲ့လား
    ဒီမိုကရေစီဆိုတာ ဗိုလ်ကျတာဆိုရင် နိုင်တဲ့ အရက်သမားက ကျုပ်ပုလင်းလုသောက်ရင် ကျုပ်မမူးပဲနေမှာ
    ဘုရားလူကြီးပဲ မဲပေးမှာပေါ့ဗျ.. ခေါင်းသုံးစမ်းဘာ.. အေ့
    ကျစ်စ်.. ခင်ဗျားပြောရတာ သောက်ထားတဲ့ဟာတောင် ဘယ်ရောက်ကုန်ဘီလဲ ထွီ
    ဟေ့.. နောက်တစ်လုံးထပ်ပေးစမ်း.. အေ့

  • Thel Nu Aye

    March 7, 2012 at 9:06 pm

    ဒီမိုကရေစီဆိုတာမြန်မာနိုင်ငံမှာကျင့်သားရအောင်တော်တော်မိတ်ဆက်ယူရအုံးမှာပါ။ ဒီမိုကရေစီရဲ့ အနှစ် သာရကိုသိသူတွေတော်တော်နဲနေပါသေးတယ်။ အစိုးရအဖွဲ့မှာတောင်သိသူနဲနေပါသေးတယ်။ အခုမှတိုင်းပြည်နဲ့လိုက်ဖက်မဲ့ဒီမိုကရေစီဆို တာကို မြေစမ်း ခရမ်းပျိုးတုန်းပါ။

  • အရှုံးတွေနဲ့ ကျွန်တော်

    March 7, 2012 at 9:19 pm

    ကိုချစ်ရင်ထူးရဲ့ အရေးအသားနဲ့ အကြောင်းအရာကိုပါ ကြိုက်နှစ်သက်မိပါတယ် အားလုံးကို အမှန်အတိုင်း တင်ပြသွားတာပါ ဟုတ်ပါတယ် ကျွန်တော်တို့အစိုးရ မညံ့ပါဘူး တော်လွန်းလို့ကို ခက်နေတာပါ

  • မ " တတ် ပါ့ "

    September 2, 2014 at 11:37 am

    ဟိုတလောက ပိုစ့်တစ်ခုမှာ တွေ့လိုက်ပါတယ် ပြောသွားတာ “ဒို့တွေ ရွာထဲမှာတောင် ဒီမိုကရေစီ မရသေးဘူး”ဆိုလား…

    {{ ဒီမိုကရေစီ ဆိုတာ အုပ်စုဖွဲ့ပြီးတော့ ဗိုလ်ကျတာ ။ }} တဲ့…

    မှန်လိုက်တာဟယ်… တိန် တိန် လို့တောင် မြည်တယ် သိလား…။

    • မြစာကလေး (23122011)

      September 2, 2014 at 2:28 pm

      ဒီ ရွာထဲမှာ
      ဘယ်သူတွေ က ???
      ဘယ်သူ့ ကို ???
      ဘယ်လို ပုံ နဲ့ ???
      အနိုင်ကျင့် နေတယ် လို့
      မ “တတ်ပါ့” ရဲ့ ကိုယ်ပိုင် အမြင် အစစ် ကို ပြောပြပါလား။

      ဟိုနား မှာ ဒီ လို ကြားလိုက် မိ တယ် ဆိုပြီး ပြောနေတာမှာ ရိုးသားမှု ပျောတ် နေတယ်။
      ရွာထဲ မှာ တစ်ခုခု ကို ထေ့ချင် ငေါ့ချင် မှ မျက်နှာဖုံးစွပ် ဝင်လာ ခဲ့တာမျိုက ပိုပြီး ရိုးသားမှု ပျောတ် နေတယ်။

      အချင်းချင်း ငြင်းခုံ နေတာ ပြသနာ မဟုတ်ဘူး။
      ကြား က နေ ဝင်ပြီး ဆွ နေတာ မျိုး တွေ က ပြသနာ။
      အခု မ”တတ်ပါ့” ပြောလိုက်သလိုပေါ့။

      ဒီလို ဝင်ပြော တာ ကိုရော ဗိုလ်ကျ ပြီး ပြောတယ် ဆိုချင် ဦးမလား။ lol:-))

      ဒီမို ကရေစီ ဆိုတာ ထဲ မှာ
      အခြေခံသဘော (၇) – မဲ အများစုရသူ အနိုင်ရသည်။
      စာသင်ခန်းတစ်ခုထဲ တွင် ကျောင်းသား အနည်းစုက တစ်တန်းလုံးကို ဘာလုပ်ကြ ဟု ပြောပါက ကျန်အများစုမှ ကြိုက်ကြပါမည်လား?
      အကယ်၍ ဆရာမှ တတန်းလုံးကို ပုံပြင်နားထောင်မလား၊ တစ်ခုခု ကစားမလား ဟု မေးသည် ဆိုပါစို့။
      ထိုအခါတွင် ကျောင်းသားအနည်းစုမှ တစ်တန်းလုံးကို လွှမ်းသွားအောင် အသံအကျယ် ကြီးဖြင့် သူတို့လိုရာသို့ ရစေရန် အော်ကောင်းအော်မည်။
      ကျောင်းသားအများစု ဆန္ဒအတိုင်း လုပ်ခြင်းက ပို၍ တရားမျှတမည် မဟုတ်ပါလား?
      ထိုကဲ့သို့တရားမျှတခြင်းသည်ပင်လျှင် ဒီမိုကရေစီနည်း ဖြစ်ပါသည်။
      ဆရာမှ အတန်းသားများ၏ ဆန္ဒကို ရယူလျှင် ကျောင်းသားအများစု ကြိုက်သောအရာက အနိုင်ရပေလိမ့်မည်။ အများစု၏ဆန္ဒမှ အနိုင်ရသည်။

      ချစ်ရင်ထူး ရေ
      ပိုပြီး အသေးစိတ် စိတ်ဝင် စားရင် Dr. Jerry Dean Epps, (Ph. D. in Human Services, M.A. in Sociology, B.A. in education) The Democracy ဆိုတာ ကို ဘာသာပြန် ထားတာကို ဖတ်ကြည့်ပါလား။

  • alinsett

    September 2, 2014 at 3:30 pm

    ဒီမိုကရေစီဆိုတာ ဘာ ပါ

    :mrgreen:

    တနည်းပြောရရင် ဘာ ဆိုတာ ဒီမိုကရေစီပါ။

  • ခင် ခ

    September 2, 2014 at 4:14 pm

    အများစု သဘောတူကြည်ဖြူဖို့အတွက် အများစု လွတ်လပ်သောဆုံးဖြတ်ပိုင်ခွင့်ဖြင့် ရွေးချယ်ခြင်းသည်ကား ဒီမိုကရေစီ၏ အစိတ်အပိုင်းတစ်ခုဖြစ်မလားဘဲဗျ။

Leave a Reply