ဒီကနေ့ တပေါင်းလပြည့်နေ့မို့ အလုပ်ပိတ်ပါတယ်။

ဇာတိမြို့မှာလည်း နှစ်စဉ် တပေါင်းလပြည့်နေ့မှာ ဘုရားပွဲတော်၊
စတုဒိသာ ကျွေးမွေးလှူဒါန်းပွဲနဲ့ ဆွမ်းဆန်စိမ်း လောင်းလှူပွဲတွေရှိလို့
မိသားစုတွေ၊ ဆွေမျိုးတွေ၊ မိတ်ဆွေတွေနဲ့ အတူ သွားဖြစ်ခဲ့တယ်။

ကိုပေါက်နဲ့အပြိုင် လမ်းတစ်လျှောက်မှာ လက်ဆော့ထားတာ


ရန်ကုန်ရောက်သူတွေ စုပေါင်းဖွဲ့စည်းထားတဲ့ မြို့နယ်အသင်းက စတုဒိသာ ကျွေးပွဲကို ဦးဆောင်လှူဒါန်းပါတယ်။

သူ့လို လူရိုင်းလေး လုပ်ချင်လား။ သူမလေးက ကူညီပါရစေတဲ့။

တမြို့တနယ်ရောက်နေကြတဲ့ မြို့သူ မြို့သားတွေကလည်း ကိုယ့်ဇာတိကို ချစ်ခင်ကြတဲ့ စိတ်ကလေးတွေကိုယ်စီနဲ့
ရောက်အောင်ပြန်လာကြတာတွေ့ရလို့ ၀မ်းသာကြည်နူးမိပါသေးတယ်။

ကိုယ့်မြို့စာသင်တိုက်က ဆရာတော်ကိုလည်း သွားဖူးခဲ့ပါသေးတယ်။

စားကြဦးမလား မွမွချိုချို မန်းမရွေး


အဲဒီကျောင်းတိုက်မှာ သီတဂူဆရာတော်ကြီးရဲ့ ဦးဆောင်ပံ့ပိုးမှုနဲ့ မြို့ခံဆရာတော်ရဲ့ အနီးကပ်ဦးဆောင် ကြိုးစားမှုတွေနဲ့
မျက်စိခွဲစိတ်ကုသဆောင်နဲ့ မျက်စိဆေးခန်းကို အောင်မြင်စွာ ဖွင့်လှစ်ကုသနိုင်ခဲ့တာ
အခုဆိုရင် ၁၀နှစ်ကျော်ပြီ ထင်ပါတယ်။

တစ်ပတ်ခြား တစ်ကြိမ် တနင်္ဂနွေနေ့တိုင်း ကုသပေးတာဖြစ်ပါတယ်။

တောနယ်တွေကနေ မျက်စိကုသဖို့ ရောက်လာကြသူတွေဟာ
ဘုန်းကြီးကျောင်းထဲမှာ နားနေနိုင်၊ ညအိပ်နေနိုင်သလို
စားသောက်စရိတ် မတတ်နိုင်သူတွေအနေနဲ့လည်း ဘုန်းကြီးကျောင်းမှာ စားနိုင်ပါတယ်။

မျက်စိကုသဖို့အတွက် ခွဲစိတ်ကရိယာနဲ့ ဆေးရုံသုံးပစ္စည်းတွေကို သီတဂူဆရာတော်က အဓိက လှူဒါန်းပေးပြီး
ဆရာဝန် ဆရာမတွေကလည်း လုပ်အားဒါန ပေးလှူကြပါတယ်။

စရိတ်မျှပေး ကျန်းမာရေးနည်းနဲ့ ကုသတာဖြစ်လို့ တတ်နိုင်တဲ့လူနာတွေအနေနဲ့
ဆေးဝါးနဲ့ ခွဲစိတ်ပစ္စည်း စတာတွေကို ကိုယ်တိုင်ဝယ်ဖို့လိုပါတယ်။

မတတ်နိုင်တဲ့ လူနာတွေကိုတော့ အလှူ့ရှင်များရဲ့ လှူဒါန်းငွေထဲက ကုန်ကျခံပြီး ကုသပေးပါတယ်။

အဲဒီလိုနည်းလမ်းတွေနဲ့ မျက်စိဆေးခန်းမှာ လူနာပေါင်းများစွာရဲ့ အမြင်တွေကို ကြည်လင်အောင် ဆောင်ရွက်ပေးနိုင်ခဲ့တာကြောင့်
ကိုယ့်မြို့တစ်မြို့တည်းတင်မကပဲ အနီးအနားက မြို့ရွာတွေကတောင် လာရောက်ပြီး မျက်စိကုသမှုကို ခံယူကြပါတယ်။

အောင်မြင်နေတဲ့ လုပ်ငန်းတစ်ခုအနေနဲ့ အမြတ်အစွန်းကိစ္စက စိတ်ဝင်စားစရာ ကောင်းလှပါတယ်။

မျက်စိဆေးခန်းတစ်ခုအနေနဲ့ ကုသမှုအပိုင်းမှာ အောင်မြင်ပေမယ့်…..
ပရဟိတ လုပ်ငန်းတစ်ခုအနေနဲ့ အလှူ့ရှင်များရဲ့ ပံ့ပိုးမှုနဲ့ ဖြည့်ဆည်းပေးမှုတွေနဲ့ လည်ပတ်နေရတာဖြစ်တာကြောင့်….

အမြတ်အစွန်းအနေနဲ့ တစ်နှစ်လုံးမှ ၀င်ငွေထွက်ငွေစာရင်းရှင်းရာမှာ ကျပ်ငွေတစ်သိန်းကျပ်တိတိသာ ရရှိပါတယ်။

လုပ်ငန်းလည်ပတ်နေတာကလည်း ဆယ်နှစ်လောက်ရှိပြီဆိုတော့ ယခုနှစ်မှာ အမြတ်ခွန်ဆောင်ဖို့အတွက် ဆင့်ခေါ်ခံရတယ်လို့ ဆရာတော်က ပြောပြပါတယ်။

အခုလောလောဆယ်တော့
အမြတ်ခွန်အရာရှိထံကို တာဝန်ခံဆရာဝန်ကပဲ သွားတွေ့ရမလား……
ဦးဆောင်လုပ်နေတဲ့ ဆရာတော်ကပဲ သွားအစစ်ခံရမလား …….
ဖြစ်နေရပါတယ်။

ကဲ…. အမြတ်ခွန်ကို မှန်ကန်စွာပေးဆောင်စေလိုကြသော သဂျီးတို့၊ FR တို့လို ဗဟုသုတကြွယ်ဝကြသော ရွာသူားကြီးများအား အကြံဥာဏ်များ တောင်းလိုပါတယ်။

အကြံကောင်း ဥာဏ်ကောင်းများ ပေးလှူကြပါဦး………

About Ma Ma

Ma Ma has written 143 post in this Website..

ဗေဒင်ဆရာ မမေးပဲ နာမည်ပေးလိုက်မယ်။ သိပ္ပံမောင်ဝရဲ့ ခေတ်ဆန်းစာပေကို အားကျပြီး ရေးမိရေးရာ ရေးထားတဲ့ လက်စမ်းစာပေလို့။ THAKHIN CJ #8212010 ( 5/2/2016)