“ ပြီးစီးလုနီးပါးဖြစ်သဖြင့် မကြာမီ ” စသည်ဖြင့် အခြေသတင်းကြီးနေတဲ့ ၂၄လက်မ ပိုက်လိုင်းကြီး ကတော့“ ပြီးပါပြီ ”တဲ့။ ပြီးပါပြီ ဆို တာ ရေစုန်မျောသွားတာကိုပြောတာမဟုတ်ပါဘူး။ တကယ်ပြီးသွားတာပါ။ ဘယ်လိုတကယ်ပြီးသွားတာလည်းဆိုတော့ မပြီးရင် ၀န်ကီး (၀န်ကြီး) ပြုတ်စော်နံလာလို့ ပြီးအောင်ကို ပြီးလိုက်တာပါ။ အခု ဇွန်လ ရှစ်ရက်နေ့မှာ စမ်းသပ်လည်ပတ်ပါတော့မယ်လို့ မခိုင်လုံသော သတင်းရပ်ကွပ်က မရဲတရဲပြောတာကို ကြားမိပါတယ်။ တကယ်ပဲ လျှပ်စစ်မီးတွေ ထိန်ထိန်လင်းနေတဲ့ ရန်ကုန်ကို ဒီလထဲမြင်ရတော့မလား။ ဒါမှမဟုတ် မီးကို အပြည့်မပေးတာကြာတော့ လျှပ်စစ် ခွဲရုံတွေမှာ ဘာညာချို့ယွင်းတာတွေ အခုမှ ပေါ်လာပြန်ဦးမလား မသိတော့ပါလေ။ စွမ်းအင်ဘက်ကတော့ တာဝန်ကျေအောင် ကျေပေးလိုက်ပြီဆိုတော့ လျှပ်စစ် ( ၁တွေ ၂တွေ ) ဘက်က ဘာတွေ မှ မချို့ယွင်းပါစေနဲ့။ တော်တော်ကြာ ဟတ်စကော့လို့ လူပြောများနေတဲ့ ( ဘာစကားမှန်းတောင်မသိပေမယ့်၊ လူတိုင်းအဓိပ္ပါယ် သိ ) ဟာလိုဖြစ်မှာ စိုးလို့ပါ။

ကဲ အခုလောလောဆယ် လျှပ်စစ်မရလို့ ပို့သတဲ့မေတ္တာများကို အောက် က မေတ္တာစာ လေးများကြည့်ပြီး သုံးသပ်တော်မူကြပါ။

(ကွန်မင့်တွေပါ ၊ မီးလာမယ် လိုလို ပြတ်မယ်လိုလို သတင်းကို ၀ိုင်းဝန်း ပို့ပေးသော မေတ္တာစာလေးများပါ။ )

၁။

ပြောရမယ်ဆိုရင် ကျနော်တို့  ရှေဖူ ပြောတလို

“အောက်ဆီဂျင် က ကိုယ်တိုင်တော့ မီးမလောင်..မီးလောင်းခြင်းကိုတော့ အားပေးတယ်။

မြန်မာနိုင်ငံဟာ … အောက်ဆီဂျင်လို ပါ ပဲ။
ကိုယ်တိုင်လည်း မီးတော့ မီးမလာ… တခြားနိုင်ငံတွေ မီးလာတာတော့ အားပေးတယ်…ကိုယ့်ကိုတာ လျှပ်စစ်တွေမလော က်တာ…တခြားနိုင်ငံ တွေတော့ရောင်းတယ် ”
ဝမ်းနည်းမိတယ်။

မှန်လိုက်တာဗျာ။ ရှိသေးတယ်။ ကိုယ့်ပိုက်လိုင်းတော့ပေါက်တယ်။ သူတို့နိုင်ငံခြား ရောင်းစားတဲ့ပို က်တွေ မပေါက်ပါလား ?????
အဲလိုပေါက်တာ မကြားပါလား… ဘာလို့လဲ…
သူတို့က နိုင်ငံခြားမှာေ နလို့လားဟင်…

ကဲ… မြန်မာပြည်သူပြည်သားများ ကိုယ့်နိုင်ငံမှာမျက်နှာငယ်နေရတ ယ်… မီးတောင် ရန်ကုန်တိုင်း တခုတောင် မပေးနိုင်ဘူး။ အဲလိုလူတွေ ဆက်ပြီးတာဝန်မယူ ပါနဲ့တော့လို့ပဲ ပြောလိုက်ပါရစေ…။

၂၊အစ မကောင်း လို့ အနှောင်း မသေချာ။ ဒီလိုဖြစ်တာ အပြစ်လား ကွယ် တို့။
ပေါက်ပြန် ပဟေ့။ ရှေ့ အပါတ် ပေါက် ဦး မည် ။ မျှော်။

၃။ အရင်တခေါက်က ပြောတော့ လျှပ်စစ်က အရာရှိကြီးရေ … ၂၄ လက်မ ပိုက်က သွယ်လို့  ပြီးပြီ မေလ တတိယ ပါတ်လောက် စမ်းလွတ်မယ်တဲ့ အခုကျတော့ ပိုက်ဟောင်း က ပြန်ပေါက်တာလား ရှေ့  က ပြောတာနဲ့  နောက်က ပြောတာ မညီပါလား ။ ရန်ကုန် လို တမြို့  တည်း တောင် မီးမှန် အောင် မလုပ်ပေးနိုင်ရင် တပြည်လုံးဆို ခင်ဗျားတို့  သားမြေး တစ်သက် ဖြစ်နိုင်မယ် မထင်တော့ဘူးဗျာ ။ ရှက်စရာကြီး ။ ဒါဆိုလည်း ခင်ဗျားတို့  မလုပ်တတ် ရင်မလုပ်နဲ့  နိုင်ငံခြားသား ကို လုပ်ခိုင်း မြန်မာတွေချည်း လုပ်ရင် ခိုးနေတာနဲ့  ကုန်မှာဘဲ ။ သူများ ရောင်းဖို့ ကျတော့ သိက္ခာကျသလေး ဘာလေးနဲ့  ကိုယ်ကျတော့ လည်း ဘာမှ သုံးစားလို့  မရဘူး ။ လေဖြီးတွေ ။ သတင်းစာ တွေတောင် မကိုင်ရဲ တော့ဘူး ဓါတ်လိုက်မှာစိုးလို့  အိမ်က မီးကြိုး က အချိန်မရွေးကိုင် လို့  ရတယ် မီးမှမလာတာ ။ စိတ်ချရတယ်လေ ။ မြန်မာပြည်ကြီး ရင်လေးစရာ …အော် ဒုက္ခ ဒုက္ခ

ဝေ.လည်ကြောင်ပတ်လုပ်စားနေတာနျစ်20 ရှပြီလေ ဘာမှမထူးပါဘူြးေ ပာနေလည်းမီစက်သာ ၀ယ်ကြ အစိုးရကပေးတဲ.မီးထက်ကိုက်တယ် လိုချင်ရင်နိုးလိုက်ပြီပြီ ဒါဘဲမြန်တယ် ထွေထူးပြီးမကုန် ပါဘူး မီတာထိန်သိမ်စော င်.ရှေက် ခကျတော. 1000 တဲ.ကယ်မီကမလာဘူး မီတာသံးတာကတစ်လမှ 850 တဲ.ကယ် အရပ်ကတို.ရေေ၇ေ၇

၎။

ကောင်းအောင်တစ်ခါတည်းလုပ်ရင် တစ်ခါပဲစားရမှာေ ပါ့၊ စည်ပင်ကလမ်းတွေလို ခဏ ခဏ ပြင်တော့ ခဏ ခဏ စားရတာပေါ့။ ပြီးတော့လမ်းတံတားတွေ အတွက်ဘယ်လောက်အကုန်အကျ ခံပြီးပါပြီဆြို ပီး စာရင်းပြ၊ အိတ်ထဲထည့်။ နိုင်ငံ့တာဝန်ယူထားတာပါဆိုပြိး ပြောတဲ့လူတွေ တာဝန်ဆိုတာယူပြီးရင် တာဝန်ခံတတ်ရတယ်။ တာဝန်ခံတယ်ဆိုတာ
နားမလည်ရင် အခုရာထူးကထွက်ပေးလိုက်တဲ့ဂျပန် ဝန်ကြီးချုပ် ကိုသွားမေး။ ဘယ်လိုတာဝန်ယူတာ လဲလို့။
ဦးနှောက်မရှိ၊မျက်နှာပြောင်တို က်၊ရှက်ဖို့ကောင်းလိုက်တဲ့ နိုင်ငံရေးတာဝန် ယူုထားတဲ့သူတွေရ ယ်

နဂိုတည်းက မီးမလာရတဲ့ကြားထဲ
ပေါက်လိုက်ရတဲ့ ပိုက်လိုင်းတွေ…
သြော်…တကယ်ပါ…
မြန်မာပြည်က သူတွေ ..ဖယောင်းတိုင်ကို င်နေရတာ
မြင်ရင်….အယ်ဒီဆင်တောင်..ထိုင်ငိုနေဦးမ လားမသိဘူး..

ကဲ ဒီလောက်ဆိုရင် ဖတ်ရတာလည်းပျင်းသွားလောက်ကြပါပြီ။ ဒါမှ မဟုတ် ဆဲချင်လာကြမယ် ဖြစ်လို့..

၈ ရက် ဇွန် လက စကာ ဘာတွေဖြစ်မယ် မျှော်လင့်ကြပါစို့။

အကောင်းတွေပဲဖြစ်လာပါစေ။

About လင်းဝေ

LIN KYAW has written 154 post in this Website..

Man in the middle of nowhere…. But in the heart full of hope with pragmatic view in optimism