အားလပ်ရက်တစ်ရက်မှာရိုက်ခဲ့သမျှ

kaunglayMarch 8, 20127min22714

တောင်သမန်အင်း

ငွေတိုက်

ငွေတိုက်



ပြည်ကြီးမွန်ဖောင်တော်

ဂေါ်ဝိန်ဆိပ်က နေဝင်ဆည်းဆာပုံတွေပါ























နားရက်တစ်ရက်မှာ ရွာထဲကတင်ထားတဲ့ပုံတွေအားကျလို့ ရိုက်ကြည့်မိတာပါ။
မနက် ၉နာရီကျော်လောက်မှာ ပထမဆုံး ဦးပိန်ကိုရောက်ခဲတယ်။ ဦးပိန်ကအပြန်မှာတော့ လေးပေါက်ပြောတဲ့ ငွေတိုက်ဆိုတဲ့နေရာကိုရောက်ခဲ့တယ်..
ပြီးတော့ ကန်တော်ကြီးက ပြည်ကြီးမွန်ဖောင်တော်ကိုလည်း ရိုက်ယူခဲ့ပါတယ်။ ညနေရောက်တဲ့အချိန်မှာတော့ ဘယ်သွားရိုက်ရင်ကောင်းမလဲစဉ်းစားတော့ နေဝင်ဆည်းဆာကိုရိုက်ချင်တဲ့စိတ်ပေါ်လာခဲ့တယ်။
ဒါနဲ့ပဲ 35လမ်းတိုင်းအနောက်ကိုဆက်သွားရင်းနဲ့ ဂေါဝိန်ဆိပ်ကမ်းကို ရောက်ခဲ့တယ် ၊ အဲဒီမှာ
နေဝင်ချိန်ထိ တောက်လျှောက် ရိုက်ယူခဲ့ပါတယ်။ အားပေးကြပါဦး… လိုတာရှိလည်း သင်ပေးကြပါလို့ ပြောရင်း……..အားလပ်ရက်တစ်ရက်ကိုကုန်လွန်စေခဲ့ပါတယ်။
နောက်အပတ်များမှာလည်း……….

14 comments

  • ကောင်လေးရေ မိုက်တယ်ဟ။
    နောက်အားတဲ့ရက်ကျရင် မင်းရယ် ငါရယ် ငွေတိုက်ထဲဝင်ကြည့်ရအောင်။
    ဟိုတစ်ခါက ငါတစ်ယောက်ထဲမို့ မဝင်ဘဲ အဝကနေရိုက်ပြန်လာတာ။
    လှတယ် ဆက်ရိုက်။
    ဓါတ်ပုံဝါသနာရှင်တစ်ယောက်တိုးလာပြီဟေ့။

  • kaung kg16

    March 8, 2012 at 11:05 pm

    ဟုတ်တယ်ကိုကောင်လေးဓာတ်ပုံတွေက ကောင်းလားတယ်ရိုက်ချက်တွေ ငွေတိုက်ပုံ(ဒုတိယ) ရယ် တောင်သမန်အင်းပုံရယ်အကြိုက်ဆုံးပဲ…………..အကုန်တော့သူ့ဟာနဲ့သူလှနေတာပဲ ……………..လှေသေးသေးနဲ့နေဝင်တဲ့ပုံ က ပန်းချီဆွဲသလားအောက်မေ့ရတယ်……

  • Ma Ei

    March 9, 2012 at 9:21 am

    ဂေါဝိန်ဆိပ်ရဲ့ နေဝင်ဆည်းဆာ ဓါတ်ပုံတွေ လှလိုက်တာ…
    ကိုယ်တိုင်တွေ့မြင်နေရသလိုဘဲ…
    ကျေးဇူးနော်…

  • Khaing Khaing

    March 9, 2012 at 10:50 am

    ကောင်လေးရေ ငွေတိုက်ကိုစိတ်အဝင်စားဆုံးပဲ ရှေးကျပြီး နံမည်မကြီးတာတွေ မပြုပြင်ထားတဲ့နေရာတွေဆို သိပ်သဘောကျတယ် အဲဒါမျိုးမှ တစ်ကယ့်ကို ရှေးအမွေအနှစ်ကို ကောင်းကောင်းခံစားရတာ….ကြိုးစားပေ့ါ လေးပေါက်နဲ့ပေါင်းပြီ မန်းမြို့တခွင်ကို ပြဲပြဲစင်အောင်ရိုက်ပေတော့ မန္တလေးကို မလာပေမယ့်နေ့တိုင်းတော့ ရောက်ဖြစ်နေတာပေ့ါလေ…..

  • ဒီနေဝင်ချိန်ကို ဘယ်မေ့မလဲ x x x အမှောင်ဝင်လာတယ် ဒီညထဲ x x x
    ဘိုဖြူရဲ့ သီချင်းလေးကို သီဆိုရင်း အားပေးသွားပါတယ် …..

  • kyeemite

    March 9, 2012 at 11:35 am

    အင်း..ငယ်ဘဝကိုလွမ်းသွားသဗျာ…
    ကျုပ်ငယ်ငယ်က အဲဒီငွေတိုက် ဆိုတာကြီးရဲ့အလယ်ကောင်က
    မြေကွက်လပ်လေးမှာ ကရာတေးသင်ခဲ့ဖူးပါရဲ့…
    အဲဒီအချိန်လောက်က မန်းလေးမှာ ကရာတေးခေတ်ထခဲ့သေးတယ်..
    ကရာတေးမသင်ရင်ဘဲ ခေတ်မမှီသလိုဘဲ…

  • kaunglay

    March 9, 2012 at 2:05 pm

    အခုလို comment လေးတွေဖတ်ရတာ တင်ရသူမှာ အတိုင်းမသိဝမ်းသာပျော်ရွှင်ရပါ၏။
    နောက်များမှာလည်း ရောက်တဲ့နေရာလေးတွေကို အဆင်ပြေသလို တင်သွားမှာပါ ။
    လိုအပ်တာရှိတာလေးတွေကိုလည်း ပြုပြင်ပေးသွားပါလို့။

  • water-melon

    March 9, 2012 at 3:29 pm

    အမလေး ရွာထဲ မန်းလေးက ဓာတ်ပုံဆရာတွေတိုးလာတော့
    ဖရဲတို့တော့ ဘုံပျောက်ပါပြီ
    တော်ကြာ ချစ်သူလေးနဲ့ချိန်းတွေ့နေတုန်း ဖျတ်ခနဲ လှမ်းရိုက်သွားရင် ဒုက္ခ
    ဦးတောင်လေး မန်းလေးသားဆို မုန့်ကျွေးနော် မီးမီးကို :mrgreen:

  • aye.kk

    March 9, 2012 at 3:32 pm

    ဟေး…………kaunglayရေ
    လှမှလှအရမ်းလှတယ်ဟေ့…
    အန်တီကမျက်မှန်နဲ့ဆိုတော့…
    မျက်စိတောင်ကျိန်းသွားတယ်…သိလား
    နေဝင်ဆည်းဆာလေးက……အန်တီတို့ဘဝအရွယ်တွေကိုညွန်းနေသလိုပါ။

  • Diamond Key

    March 9, 2012 at 4:27 pm

    ကောင်လေး တောင်သမာန် ငွေတိုက် ဓါတ်ပုံရိုက်တော့ ကောင်မလေး ဘယ်နားရပ်ခိုင်းထားလဲ 😛 မနက်ကနေ ရိုက်လိုက်တာ ညနေခင်း ဂေါဝိန်ဆိပ်ပုံတွေ အထိဆိုတော့ ကောင်မလေးခမျာ အတော်ပန်းရှာမယ် ထင်တယ်။ 😀
    နောက်တစ်ခေါက်တော့ လေးပေါက်လိုက်မယ်ဆိုတော့ ဟိုငွေတိုက်ကြား သတိထားသွားနှော် 😆 သူက တစ်ယောက်ထဲမို့ မဝင်တာ နှစ်ယောက်ဆို အထဲဝင်မယ် လုပ်နေတာကြည့်၊
    လူကြီးပါတော့ ခြေချော်လက်ချော် ဖြစ်မှာစိုးလို့ပါ :mrgreen:

  • snow white

    March 9, 2012 at 5:17 pm

    ရှုခင်းလေးတွေကအရမ် ကောင်းပါတယ် အရမ်းလှပါတယ် ကောင်းတဲ့ရိုက်ချက်တွေပါဘဲ

  • kaunglay

    March 9, 2012 at 6:52 pm

    ကိုစိန်သော့ ပြောမှပဲ လေးပေါက်နဲ့သွားရင်တော့ သတိထားသွားရအုန်းမယ် 😛

  • venus lay

    March 9, 2012 at 8:48 pm

    beautiful pic: thz kaunglay!

Leave a Reply