မြို့ရွှေမန်းကသတင်းစကား အပိုင်း(၃)

လာဘ်စားသော မန္တလေးတိုင်းဝန်ကြီးချုပ်ဦးရဲမြင့်

 

Judgement အနေနဲ့ပြီးခဲ့တဲ့ ချဲထွက်မဲ့နေ့မှာ  ချဲကိုတရားဝင်လုပ်ကိုင်ခွင့်ရနေတဲ့

ဒိုင်တွေအကြောင်းကို Mandalay Gazette မှာဖွင့်ချခဲ့ပေမဲ့ ဘယ်ရဲမှဖမ်းတာမတွေ့ရပဲနဲ့

အကုန်လုံးဘယ်သူမှအဖမ်းခံရတယ်မကြားမိပါဘူး။

ဒါဟာ သက်ဆိုင်ရာ တိုင်းဝန်ကြီးချုပ် ဦးရဲမြင့်လာဘ်စားတယ်ဆိုတာဟာ တနိုင်ငံလုံးသိ

အောင်ကြေညာလိုက်တာပါပဲ။ဘာကြောင့်လဲဆိုတော့ မြို့တော်ဝန် ဦးဖုန်းဇော်ဟန် လာဘ်စားတာကိုလည်း ပိုပြီးတော့မှ လာဘ်ယူလို့ကောင်းတဲ့ ဘဏ္ဍာရေးဝန်ကြီးနေရာကိုပို့

လိုက်ပါတယ်။ဦးရဲမြင့် ဘယ်လောက်ရတယ်ဆိုတာ သူပဲသိပါလိမ့်မယ်။

အဲဒီ့နေက ချဲဒိုင်တွေစာရင်းနဲ့ အမှတ်(၆)စခန်းမှူး နဲ့အဖွဲ့ လာဘ်ယူတဲ့ ဓါတ်ပုံ ၊ အမှတ်(၈) စခန်းမှူးနဲ့ အဖွဲ့ လာဘ်ယူတဲ့ပုံတွေကို တင်ပြပေးခဲ့တဲ့အပြင် သက်ဆိုင်ရာ ရဲမှူးကြီး

ရဲ့ လာဘ်ယူပုံကိုဝန်ကြီးချုပ်ဦးရဲမြင့်ဆီကိုတရားဝင် စာပို့ တင်ပြပေးခဲ့ပါတယ်။အရေးလဲမယူခဲ့ပါဘူး။

ဒါကြောင့် ဦးရဲမြင့်အနေနဲ့ လာမဲ့ ရွေးကောက်ပွဲမှာ ပြုတ်ဖို့သေချာနေပါပြီ။

NLD နဲ့ပြိုင်တဲ့ရွေးကောက်ပွဲဆိုရင်တော့ ပြည်သူ့ရွေးချယ်ခံ ဘ၀ကို ဦးရဲမြင့်လုံးဝမရ

နိုင်တော့ပါဘူး။

ဦးရဲ့မြင့်အနေနဲ့ လာဘ်ယူတဲ့ ရဲမှူးတွေ ၊ စခန်းမှူးတွေကိုအရေးမယူခဲ့တာဟာ ပြည်သူတွေကို လောင်းကစားနွံထဲနစ်နေစေချင်တာပါ။ဘောလုံး ၊ နှစ်လုံးထီ နဲ့ ချဲ ကိုအရေး

မယူသရွေ့ ဦးရဲမြင့်ဟာ လုံးဝ လာဘ်ယူသော (နန်းတွင်းထဲချဲဒိုင်တရားဝင်လုပ်ကိုင်ခွင့်ပေးထားသော) ၊တစ်မြို့ လုံးကို တရားဝင်လောင်းကစားလုပ်ခွင့်ပေးထားသော

ဝန်ကြီးချုပ်ဆိုတာပေါ်လွင်နေပါပြီ။

ပြည်သူတွေမွဲလေ ၊ ကြံ့ဖွတ်တွေကြိုက်လေပေါ့။ဒီတော့ ဒီတစ်ခါ Judgement အနေ

နဲ့ နိုင်ငံတော် သမ္မတကြီးဦးသိန်းစိန်ထံကိုလိပ်မူပြီး ဦးရဲမြင့် ညံ့ဖျင်းပုံနဲ့တကွ ချဲဒိုင်တွေရဲ့

လုပ်ပုံ ကိုင်ပုံတွေကို ဖွင့်ချပြီး စာတင်တော့မယ်ဆိုတာကို Mandalay Gazette မိသားစုဝင်တွေဆီကိုအကြောင်းကြားတာပါ။

တရားမ၀င်တဲ့ လောင်းကစားပပျောက်ပြီး သာသနာတော်ကို သန့်ရှင်းစေချင်တဲ့

စေတနာသန့်သန့်နဲ့ပါ။Mandalay Gazette ၀င်တွေထောက်ခံပေးကြပါလို့။

 

 

မန်းဂေဇက်ဝင်တွေကို ခင်မင်လျက်

Judgement

About JUDGEMENT

has written 4 post in this Website..