ကြောင်းကျိုးဆိုတာ ဒီလိုလား?..

Ko out of...March 8, 20121min21314

တခါက သူငယ်ချင်းနှစ်ယောက် အကြောင်းအကျိုးနှင့်ပတ်သက်ပြီး ဆွေနွေးကြရာ…

ပထမလူ ။ အကြောင်းအကျိုးဆိုတာမင်းသိလား…

ဒုတိယလူ ။ သိတာပေါ့…

ပထမလူ ။ ပြောပါဦး…

ဒုတိယလူ ။ မင်းငါ့ကိုထိုးတာ အကြောင်း၊မင်းကို ငါပြန်ထိုးလို့ မင်းပါးရောင်တာ အကျိုးပေါ့ကွ…

ပထမလူ ။ မင်းရော ဘယ်လိုနားလည်လဲ…

ဒုတိယလူ ။ ဒီလိုကွ နွားက ပိုင်ရှင်ကို ခဏခဏကန်တော့ ပိုင်ရှင်က တုတ်နဲ့ ရိုက်တယ်။ ဒီလိုတုတ်နဲ့ခဏခဏ ရိုက်တော့ နွားကမှတ်မိသွားတယ်။ နောက်ပိုင်း ပိုင်ရှင်က အနားဖြတ်လာရင် ခြေထောက်နဲ့ မကန်ရဲတော့ဘူး။
ခြေထောက်နဲ့ ကန်တာက အကြောင်း ပိုင်ရှင်တုတ်နဲ့ အရိုက်ခံ လိုက်ရတာအကျိုးပေါ့ကွ လို့ဆိုလိုက်တယ်. .

ပြောချင်တာ ဒီအကြောင်းအကျိုးလောက်တော့ လူတိုင်းသိတယ်..တိရိစာ္ဆန်တွေကျွဲနွား တွေတောင်သိတယ် လို့ဆိုလိုချင်တာပါ။ ဘုရားပြောတဲ့ အကြောင်းအကျိုးဆိုတာ ဒီလိုလွယ်လွယ်နဲ့ မသိနိုင်ပါဘူး။ စဉ်းစားလို့ရအောင် နာယူမှတ်သားဖူးခဲ့ရတဲ့ ဥပမာလေး နဲ့တင်ပြပါရစေ…သစ်ပင်ဟာ သစ်စေ့ကနေပေါက်ဖွါးလာတဲ့ အကျိုးဆိုရင် သစ်ပင်ဟာ သစ်သီး ဖြစ်ဖို့ အကြောင်းပေါ့ အရာတစ်ခုတည်းမှာပင် အကြောင်းအကျိုးရှိနေတယ်။ သစ်ပင်ဟာသစ်စေ့ ကနေ ရင့်ကျက်လာတဲ့ အသွင်သဏ္ဍာန်ဘဲ ဘယ်နေရာမှ မရွှေ့ဘူး၊ ကာလအကြာကြီးလည်း မခြားဘူး။ အရိပ်ဟာ ကိုယ့်နောက်ကို ထပ်ချပ်မကွာ လိုက်နေမည် ဆိုရင် အရိပ်တခြား လူတခြား မဟုတ်ပါဘူး။ အခုချက်ချင်း အရိပ်ပေါ်ပါတယ်။ ဝါးပင်ဟာ မြစ်ကနေ ရင့်ကျက်လာတဲ့အသွင်ဘဲ…ကာလမခြားဘူး…

ပြုလုပ်ချင်တဲ့ ကိလေသာဟာ တချိန်ကဝိပါက်ကြွင်းခဲ့လို့ဖြစ်တာ.. ဒါဆိုဝိပါက်က အကြောင်း ပြုလုပ်ချင်တဲ့ကိလေသာ အကျိုး.. ဝိပါက်ဟာ တချိန်က ကံလွန်ကျူးခဲ့လို့ ဖြစ်တယ် ဒါဆို ဝိပါက်ဟာ အကျိုးပြန်ဖြစ်ပြီး ကံဟာ အကြောင်းခံပြန်ဖြစ်တယ် လို့ပြောရပါတယ်..
ပြုလုပ်ချင်တာ(ကိလေသာ)၊ ပြုလုပ်တာ(ကံ)၊ ပြုလုပ်သူဖြစ်တာ(ဝိပါက်)ကိလေသာ၊ကံ၊ဝိပါက် တွေဟာ တခုကိုတခု ထောက်ပြီး (သစ်ပင်၊သစ်သီး၊သစ်စေ့) အကြောင်းအကျိုး တွေဟာတခုကိုတခု အကြောင်းသည်ပင်လျှင်အကျိုး၊ အကျိုးသည်ပင်လျှင် အကြောင်း ဒီလိုဖြစ်နေတာပါ။ဒါတွေဟာ ဘယ်သူက စဖြစ်တယ်ဆိုတာ မသိနိုင်ဘူး။ ဒါကိုဘုရားမပွင့်ရင် ဘယ်သူမှ မသိနိုင်ဘူး။ဘုရားက ဒီဝဋ်သုံးပါး သံသရာကလွတ်မြောက်သူဘဲ။ ဘုရားက ဒါကိုစဖေါ်ထုတ်ပေးသူဘဲ…

– ခံစားမှု အကြောင်း အကျိုးဟာ သဘာဝအရ ဘယ်သူမှသင်ပေးစရာ မလိုဘူး..သူ့လက်ဖြတ်လို့ ကိုယ့်လက်ပြန် အဖြတ်ခံရတယ်.. သူဥစ္စာ ခိုးလို့ ကိုယ့်ဥစ္စာ ပြန်အခိုးခံရတယ်ဆိုတဲ့ အကြောင်းအကျိုးကို ဘုရားမဟောပါဘူး.. ဒါတွေလုပ်နေရဲ့သားနဲ့ ဘာမှမဖြစ်တဲ့ လူတွေကမာ္ဘမှာ ဒုနဲ့ဒေးပါ..နောက်ဆုံးထောင်ဒဏ်ချအပြစ်ပေးလိုက်လို့ ပြန်ခိုးပြန်သတ်နေကြတဲ့လူတွေလည်း အများကြီးပါ…ဒီအကြောင်းကျိုးကို သူတို့ပိုသိမယ်ထင်တယ်.. အရိုက်လည်းခံရ အမျိုးမျိုးနှိပ်ဆက်ခံရတာဘဲ..ဒါတွေဟာ ဘုရားဟောတဲ့ အကြောင်းကျိုးမှန်ကို မသိကြလို့ဘဲ…

လောကကြီး အမှန်တကယ်ငြိမ်းချမ်းဖို့ အတွက် ကိုယ့်ရဲ့ တလှံမျှသော ကိုယ်မှာ လည်ပတ်နေတဲ့ ကိလေသာ၊ကံ၊ဝိပါက် အကြောင်းအကျိုး တခုနဲ့တခုထောက်ပြီး လည်ပတ်နေတာကို မြင်အောင်ကြည့်နိုင်ကြပါစေ..သိရှိနားလည်ပြီး လူးသားတွေငြိမ်းချမ်းဖို့ သာယာဝပြောဖို့ တတ်နိုင်သလောက် စွမ်းဆောင်နိုင်ကြပါစေ…

14 comments

  • ကိလေသာ=အမိုက်အမှောင်

    ပြုလုပ်ချင်တဲ့ ကိလေသာဟာ တချိန်ကဝိပါက်ကြွင်းခဲ့လို့ဖြစ်တာ.. ဒါဆိုဝိပါက်က အကြောင်း ပြုလုပ်ချင်တဲ့ကိလေသာ အကျိုး.. ဝိပါက်ဟာ တချိန်က ကံလွန်ကျူးခဲ့လို့ ဖြစ်တယ် ဒါဆို ဝိပါက်ဟာ အကျိုးပြန်ဖြစ်ပြီး ကံဟာ အကြောင်းခံပြန်ဖြစ်တယ် လို့ပြောရပါတယ်..

  • manawphyulay

    March 8, 2012 at 1:47 pm

    အင်း.. အကြောင်းရှိလို့ အကျိုးဖြစ်တာ။ အကျိုးဖြစ်လို့လည်း အကြောင်းရှိလာတာ။ ဘယ်ဟာကို ဘယ်လိုသတ်မှတ်ရမှာပါလိမ့်… ကံ ကံ၏အကျိုးတော့ ယုံကြည်မိတယ်။

  • နွေဦး

    March 8, 2012 at 4:21 pm

    ဒီလိုများ ဖြစ်မလား..
    အကျိုးဖြစ်ခဲ့တာကို သီးသန့်ထားပြီးကြည့်မယ်ဆိုရင် လွယ်မလားပေါ့..
    လက်ရှိ အခြေအနေမှာ တခုခု ကို လုပ်တယ်ဆိုပါစို့..
    ဒီလုပ်လိုက်တဲ့ အလုပ်ဟာ..အကြောင်း ဖြစ်ပါတယ်..
    ဒီအလုပ်ကြောင့် ကိစ္စ တခုပြီးတယ်..ဒါက အကျိုးပါ..
    အကြောင်းကြောင့်ဖြစ်တဲ့ အကျိုးပါ
    သိပ္ပံ ပညာရှင်တွေကလည်း အလုပ် တိုင်းမှာ သူ့ရဲ့ အစွမ်းကြောင့် အလုပ်တခု
    ပြီးတယ် ဆိုတာ လက်ခံထားပါတယ်..
    ဒီပေါ်မှာ ကျွန်တော်တို့ နားလည်သင့်တာက
    ကျွန်တော်တို့ လုပ်တယ်ဆိုတဲ့ အကြောင်းပါ။
    ဘာလုပ်လုပ် သူ့ရဲ့ အကျိုးကို ရမှာ..
    ပြောကြတယ် မဟုတ်လား တူသောအကျိုးပေးတယ်ဆိုပြီး
    တူတာတွေလုပ်ရင် တူသောအကျိုးပေးမှာလေ..။
    ကောင်းတဲ့အလုပ်ကို တူအောင်လုပ်ရင် တူညီတဲ့ ကောင်းကျိုးရမှာပေါ့။
    လူတိုင်းကောင်းချင်ရင်တော့ လူတိုင်း ကောင်းအောင် လုပ်ဖို့ပါဘဲ…
    အဲ…တခုတော့ သတိပြုပေါ့..
    ဘယ်ဟာက တကယ်ကောင်းတယ် ဆိုတာ သိဘို့ပါခင်ဗျား…

  • Ko out of...

    March 8, 2012 at 8:49 pm

    – ရူပဗေဒ သဘောတရား မှာတော့.. ကျောက်တုံးတစ်တုံး ကို အားအင်ကုန်အောင်ဘယ်လောက် တွန်းနေတွန်းနေ နေရာက မရွေ့လျှင် အလုပ်လုပ်တယ်လို့ မခေါ်ဘူးဆိုတာ လက်ခံထားပါတယ်..

    – တူသောအကျိုးပေးဆိုတာ မျက်စိနား နာခေါင်းစသည့် အာရုံခံ အဂါင်္နဲ့ကြည့်လို့ မြင်ရတဲ့ အရာ မျိုးမဟုတ်ပါဘူး…ဉာဏ်နဲ့ ကြည့်မှ မြင်ရတဲ့ အရာပါ..လူမှာ တခြားအကောင် ထက်သာတာဆိုလို့ ဉာဏ်ဘဲ ရှိပါတယ်.. အနှံ့ခံ အာရုံကောင်းတာလည်း ယင်ကောင်၊ ခွေးကောင်တို့ကို မမှီလောက်ဘူး.. လက်အားခြေအား လည်းမျောက်လောက် စွဲအား မကောင်းလောက်ဘူး..စဉ်းစား စရာလေးပါ..ဆူနာမီဖြစ်တုံးက အကောင်ပလောင်တွေသိပ်မသေကြဘူးလို့ ပညာရှင်တွေ ပြောတာ ကြားဖူးတယ်…. ငလျှင်လှုပ်ခါနှီး လင်းပိုင်တွေဧရာဝတီ မြစ်ကြောင်းဆန်တက်ပြီး ဖြစ်လာ မည့် အန္တရာယ်ကို ကြိုသိနေကြ သလိုဘဲ…

    နောက်တခု ပိုပြီးရှင်းအောင်…
    ကြိုးစားပြီးဖြေ ကြည့်ပေးပါမယ်…ဥပမာ..ကိုယ့်က ဘိန်းရှုတဲ့ လုပ်ငန်းကို လုပ်လိုက်လို့ ကောင်းတယ်ဆိုပါတော့..အဲဒီ အကောင်းဟာ လုပ်ပြီးပေမဲ့ ဒီမှာတင် မပြီးသွားဘူး..ဝိပါက်ဆိုတဲ့ အကျိုးကြွင်းကျန်ခဲ့ပါတယ်..ကြွင်းကျန်ခဲ့တာ ဘယ်လိုလုပ် သိလည်းဆိုရင်.. နောက်ထပ်ပြန်လုပ်ချင်တဲ့ ကိလေသာစိတ်ကို ဖြစ်စေတယ်..ဒါကြောင်းသူက နောက်ထပ် ထပ်ခါ ထပ်ခါ ပြန်ပြုလုပ်..ပြန်လုပ်လို့ ဘိန်းသမားဘဝဖြစ်…ဒါကြောင့် ဒီဘိန်းသမားဘဝ သံသရာ ကမထွက်နိုင်တာ…

    ပြုလုပ်ချင်တာ၊ပြုလုပ်တာ၊ပြုလုပ်သူဖြစ်တာဟာ ကာလမခြား(အင်ဂျင်စက်လှည်သလိုပေါ့)တခုကို တခုထောက်ပြီး ဆက်ဖြစ်နေတာ တူသော အကျိုးပေးပေါ့…အခုဘဝ လုပ်လိုက်လို့ နောင်ဘဝမှ အကျိုးပေးတယ်ဆိုတာ ကာလ အများကြီးခြားသွားပြီ ဖြစ်တဲ့ အတွက်တူသော အကျိုးပေးလို့ မခေါ်ပါဘူး..တရားဂုဏ်တော် (၆)ပါးနဲ့လည်း မကိုက်ညီပါဘူး..တကယ်လို့ နောက်ဘဝမှ အကျိုးပေးရင် နောက်ဘဝမှ အကြွေးဆပ်ရမယ် ဆိုတဲ့ အသိကြောင့် မိုက်တဲ့ လူတွေအတွက် အခွင့် အရေးပေါ့.. သူတို့လုပ်ရင် သူတို့ခံ လို့ပြောပေမဲ့ မခံရတဲ့ လူတွေတပုံကြီးပါ…တခါတရံ သူများလက်ဖြတ်လို့ ကိုယ့်လက် အဖြတ်ခံရတာ ရှိကောင်းရှိမှာပါ.. ဒါလည်း အပုံတရာပုံ တစ်ပုံလောက်ဘဲ ရှိပါတယ်..ဘုရားဟာ မင်းအဆိပ်ရေ မသောက်နဲ့.. မင်းလက်ကို ဓါးနဲ့ မခုတ်နဲ့ လို့မဟောပါဘူး.. ဘာဖြစ်လည်းဆိုတော့ … ခုတ်ရင် ဖြစ်လာမည့် အကျိုးကို လူတိုင်းသိလို့ဘဲ…

    နောက် အလုပ်လုပ်တာ အကြောင်း အမြတ်တခုခုရတာ အကျိုးဆိုတာလည်း ဘုရားမဟောဘူး..ဘာဖြစ်လည်းဆိုတော့ အလုပ်လုပ်ရင် ရလာဘ်တခုခု ရမယ်ဆိုတာ လူတိုင်းသိလို့ဘဲ..
    ဒါဆို လိမ်တဲ့ ပညာ ခါးပိုက်နှိုက်တဲ့ ပညာကိုသင်တာ အကြောင်း လိမ်နည်းပညာကို တတ်တဲ့ အတွက် သူများပစ္စည်းဥစ္စာ ကိုများများရတာ အကျိုးလို့လည်းပြော လို့ရတယ်…

    ဘုရားကတော့ ကာမအကုသိုလ်မှ မလုပ်ကောင်းတာ မဟုတ်ဘူး.. ကာမကုသိုလ်လည်း မလုပ်ကောင်းဘူး.. နောက် ဒီကာမဘဲလား မဟုတ်သေးဘူး ရူပ၊အရူပ လည်းမလုပ်ကောင်းဘူးတဲ့..ဒါဆို အဆိုးလုပ်လည်းသံသရာလည်..အကောင်းလုပ်လည်း သံသရာလည် ဆိုတော့ နားမလည်နိုင်စရာဘဲ…
    တနည်းအားဖြင့် … မစင်ဆိုရင် သူတောင်းစားရဲ့ မစင်ဘဲဖြစ်ဖြစ်.. ရှင်ဘုရင်ရဲ့ မစင်ဖြစ်ဖြစ် အကုန်နှံမှာ ဘဲလို့ ဘုရား ဥပမာပေးပြီးပြောခဲ့တယ်…ကံဆိုရင် ဘယ်ကံဘဲ ဖြစ်ဖြစ် မလုပ်ကောင်းဘူးတဲ့..

    ဒါကြောင့် လူတိုင်းသိတဲ့ ကြောင်းကျိုးက တကယ်မငြိမ်းချမ်းဘူး.. ဘုရားဟောတဲ့ ကိလေသာ၊ကံ၊ ဝိပါက် တခု ကိုတခုထောက်ပြီး လှည်ပတ်နေတဲ့ အကြောင်းအကျိုးကို သိမှ တကယ်လွတ်မြောက်ငြိမ်းချမ်းသူ ဖြစ်ပါတယ်…

  • TTNU

    March 8, 2012 at 9:00 pm

    Ko Out Of ရေ…
    ပဋိစ္စသမုပ္ပါဒ် သဘောတရားတွေ ပေါ့နော်။

    • Ko out of...

      March 10, 2012 at 9:25 pm

      ွှမင်္ဂလာပါ TTNU

      ပဋိစ္စသမုပ္ပါဒ် သဘောတရားတွေ ဆိုတာမှန်ပါတယ်.. ဒီပဋိစ္စသမုပ္ပါဒ် ဟာ ဖြတ်လို့ ရတဲ့ ပဋိစ္စသမုပ္ပါဒ်ပါ.. ကိုယ်အရင်ကသိတဲ့ ပဋိစ္စသမုပ္ပါဒ်ဟာ ဒုတိယ အကွက်မှာရောက်နေတော့ ဘာမှ လုပ်လို့ မရတော့ပါဘူး…ဝေဒနာ နှင့် တဏှာကြားဖြတ်တယ်ဆိုတာ..ခံစားချက် ဖြတ်တဲ့ ပဋိစ္စသမုပ္ပါဒ်ပါ …အခုကမဟုတ်ပါဘူး.. သိလိုက်တာနဲ့ အလင်းရလိုက်တာနဲ့ အမှောင်ပျောက်ပါတယ်.. ပထမအကွက်ကနေသိအောင်လုပ်ပြီးဖြတ်ရတဲ့ ပဋိစ္စသမုပ္ပါဒ် ပါ…

  • siamonone

    March 8, 2012 at 9:33 pm

    ဟုတ်တယ် နော် .. အရာရာဟာ အကြောင်းနဲ့ အကျိုး ဆိုတာရှိတယ် .. .

    • siamonone

      March 16, 2012 at 9:39 pm

      hite ဘာမှလည်း မပြောဘဲ negative နီနီ ကြီးပေါ်နေပါတယ် .. eeeeee

      • Ko out of...

        March 17, 2012 at 7:09 am

        တချို့သောမေးခွန်းတွေဟာ ကျွန်တော်ပြောတဲ့ အထဲမှာ အဖြေပါပြီး ဖြစ်တယ်လို့ ယူဆထားလို့ ပြန်မဖြေကြား ပေးရတာ…ခွင့်လွတ်နားလည်ပေးပါနော်..

  • aye.kk

    March 8, 2012 at 10:05 pm

    ဖတ်ထားဘူးသည်ကိုပြန်လည်မျှဝေလိုက်ပါသည်။
    လူတစ်ဦးမှာစိတ်၄မျိုးသာဖြစ်နိုင်သည်…
    (ကုသိုလ်စိတ်၊အကုသိုလ်စိတ်၊ဝိပါတ်စိတ်၊ကြိယာစိတ်)
    ကုသိုလ်စိတ်နဲ့အကုသိုလ်စိတ်တို့ဟာထိုလူရဲ ့စေတနာပေါ်မူတည်ပြီးဖြစ်ပေါ်ကြတယ်
    ဝိပါတ်စိတ်တို့က၊အတိတ်ကံများရဲ့အကျိုးအနေနဲ့ဖြစ်ပေါ်ကြတယ်
    ကြိယာစိတ်တို့ကဖြစ်သင့်တဲ့နေရာမှာဖြစ်ပေးရတဲ့ပြုကာမတ္တစိတ်များဖြစ်ကြတယ်…
    လူတစ်ယောက်ဟာဝိပါတ်စိတ်နဲ့ကြိယာစိတ်များကချုပ်ထိန်းနိုင်စွမ်းမရှိဘူး၊ဒီစိတ်မျိုးကဖြစ်သင့်တဲ့
    ကံအတိုင်းဖြစ်ပေါ်ကြပြီး၊ကံအစွမ်းသတ္တိကိုလည်းမချန်ရစ်ပေးကြဘူး..
    ကုသိုလ်စိတ်နဲ့အကုသိုလ်စိတ်တို့ဖြစ်အောင်၊မဖြစ်အောင်ဆိုတာကိုတော့
    ထိုလူကိုယ်တိုင်ချုပ်ထိန်းနိုင်စွမ်းရှိတယ်၊ကုသိုလ်စိတ်နဲ့အကုသိုလ်စိတ်တို့ကဘဝကုသိုလ်ကံ
    အကုသိုလ်ကံမျိုးစေ့များကိုချန်ရစ်ပေးကြပြီး၊ကောင်းကျိုးမကောင်းကျိုးများကိုဖြစ်ပေါ်စေကြတယ်
    လူတစ်ယောက်ဟာမိမိပြုလုပ်ခဲ့တဲ့ကုသိုလ်ကံ၊အကုသိုလ်ကံတို့ရဲ ့
    ကောင်းမွေဆိုးမွေကိုခံယူရပါတယ်၊မိမိပြုထားတဲ့ကံများသာလျှင်မိမိရဲ့ကိုယ်ပိုင်ဥစ္စာဖြစ်တယ်
    ကိုးကွယ်လဲလျောင်းရာဖြစ်တယ်မိမိဘဝအကောင်းအဆိုးတို ့ရဲ ့အကြောင်းရင်းဖြစ်တယ်..။
    ကောင်းကံတို့က၊အထက်တန်းကျတဲ့လူ့ဘဝ၊နတ်ဘဝများနဲ့ပန်းခင်းတဲ့လမ်းကိုဖန်တီးပေးကြလိမ့်မယ်
    ဆိုးကံတို့ကအောက်တန်းကြတဲ့အပါယ်ဘုံသားဘဝများနဲ့ဆူးခင်းထားတဲ့လမ်းကိုဖန်တီးပေးကြလိမ့်မယ်
    လူတစ်ဦးစီဟာမိမိနှစ်သက်တဲ့ဘဝခရီးလမ်းကိုမိမိကိုယ်တိုင်ဖန်တီးခွင့်ရှိပါတယ်၊ဆူးပြွမ်းတဲ့လမ်းခရီးကို
    ရှောင်ရှားပြီးပန်းခင်းတဲ့လမ်းခရီးကိုရွေးချယ်နိုင်ကြပါစေ..။။

  • Ko out of...

    March 10, 2012 at 9:11 pm

    မင်္ဂလာပါ aye.kk …
    နှိုင်းယှဉ်စဉ်းစားလို့ရအောင် မှတ်သားဖူးတာလေးနဲ့ ပြန်ဝေဋ္ဌ ပေးလိုက်ပါတယ်…

    -အဘိဓမ္မာ မှာကတော့.. ကာမာဝစရစိတ်၊ ရူပါဝစရစိတ်၊ အရူပါဝစရစိတ်၊ လောကုတ္တရာစိတ် လေးမျိုးရှိတယ် လို့ မှတ်သားဖူးတယ်..

    – တချို့ ဖတ်ဖူးတာကျတော့ ကာမအကုသိုလ်၊ ကာမကုသိုလ်၊ ရူပကုသိုလ်ကံ ၊အရူပကုသိုလ်ကံ ဆိုပြီး ဒါကံ ကို သရုပ်အနေနဲ့ပြောရင်ပေါ့..သင်္ခါရ အနေနဲ့ ကျတော… ကာမအကုသိုလ်ကံ သင်္ခါရ၊ ကာမကုသိုလ်ကံ င်္သခါရ၊ရူပ ကုသိုလ်ကံ အဘိသင်္ခါရ၊ အရူပ ကုသိုလ်ကံ အဘိသင်္ခါရ ဒီလေးမျိုးကို မမှီဝဲ ရဘူးလို့ ဘုရာဟော ထားတာလည်းဖတ်ရဖူးတယ်…

    – ဒါကြောင့် ကုသိုလ်စိတ်၊အကုသိုလ်စိတ်၊ဝိပါတ်စိတ်၊ကြိယာစိတ် ဆိုတာ..ကျွန်တော်မတွေ့ရဘူး.. အဟိတ်စိတ် (၁၈)ပါးမှာ အကုသလဝိပါက်စိတ် ရပါး.. အဟိတ်ကုသဘလဝိပါက် ၈ပါး.. အဟိတ်ကြီယာစိတ် ၃ပါး ..ဆိုတာလည်း အဘိဓမ္မာ မှာဆိုထားပြန်တယ်.. ကြိယာစိတ်ကို ဘုရား၊ရဟန္တာမှာဘဲ ဖြစ်ကောင်းတယ် ကျန်တဲ့လူ မဖြစ်ကောင်းဘူး ဆိုတာလည်း ပြောတာကြားဖူးတယ်..

    တချို့ကျတော့ ပြုလုပ်တိုင်းကံ မမြောက်တာ ကြိယာစိတ်တွေဘဲ…

    အဘိဓမ္မာ မှာကတော့ ပရမတ္တ တရား (၄)ပါးဆိုတာ မှတ်သားခဲ့ ဖူးပါတယ်…
    စိတ်၊ စေတသိတ်၊ရုပ်၊ နိဗာန် လေးမျိုးရှိတယ်တဲ့ .ဒါဆို သတိ္တဆိုတာ ရုပ်ထဲမှာထဲ့မလား? စိတ်ထဲမှာထဲ့မလား? စေတသိတ်ထဲမှာ ထဲ့ မလား? နိဗာန်မဟုတ်တာကတော့ သေချာတယ်..

    တချို့ကျတော့.. ဒီလေးပါးအပြင် သတိ္တဆိုတာကို ထည့်ပေါင်းပြီး (၅)ပါးထပ် လုပ်မလား?
    စိတ်နဲ့အတူဖြစ်တဲ့ စေတသိတ် ဆိုတာလည်း စိတ်နဲ့ အတူဖြစ်…စိတ်နဲ့ အတူချုပ်..စိတ်နှင့်တူသော အာရုံရှိခြင်း..စိတ်နှင့်တူသောမှီရာဝတ္တုရှိခြင်း လို့အဘိဓမ္မာမှာ တွေ့ဖူးတယ်… ဒါဆို သတိ္တတခြား ရုပ်တခြားလား မေးစရာရှိတယ်.. ဥပမာ..ဆားငံတယ်ဆိုတာ ငံတာတခြား ဆားကတခြား အဲလိုမဟုတ်ပါဘူး?..ငံတာ ဆားရှိမှငံတယ်လို့ပြောရမယ်ထင်တယ်…ဒါကြောင့် နောက်ဘဝ ကူးတာ သတိ္တ လို့ပြောရလောက်အောင်..အထက်ပါ ဆား ဥပမာလေးနဲ့ စဉ်စားနိုင်ပါစေ..

  • aye.kk

    March 11, 2012 at 7:30 am

    ုုko out of..ရေ
    စဉ်းစားနိုင်ဖို့အသိဖလှယ်ပြောပြပေးတာကျေးဇူးပါ။
    သိထားတာလေးထပ်မျှဝေဌချင်ပါတယ်…
    ကုသိုလ်စိတ်၊အကုသိုလ်စိတ်တို့ရဲ ့အကျယ်အနေနဲ့ရှင်းပြချင်တာပေါ့နော်…။
    ကုသိုလ်စိတ်(၂၁)ပါး..
    မဟာကုသိုလ်စိတ်(၈)ပါး
    ရှူပကုသိုလ်စိတ်(၅)ပါး
    အရှူပကုသိုလ်စိတ်(၄)ပါး
    လောကုတ္တရာကုသိုလ်စိတ်(၄)ပါး=ပေါင်း(၂၁)ပါး။
    ——————————————————–
    အကုသိုလ်စိတ်…
    လောဘမူစိတ်(၈)ပါး
    ဒေါသဟမူစိတ်(၂)ပါး
    မောဟစိတ်(၂)ပါး=ပေါင်း(၁၂)ပါး။
    ကုသိုလ်စိတ်သည်အကုသိုလ်စိတ်ထက်အရေအတွက်ပိုများ၏။
    ကုသိုလ်သည်အကုသိုလ်ထက်အားကြီး၏။
    —————————————————————–
    ဘဝသစ်ဖြစ်တာဟာကံနှင့်တဏှာဆိုတဲ့အကြောင်းနှစ်ပါးကြောင့်ပေါ့နော်..
    တဏှာမရှိရင်ကံသက်သက်ကဘဝသစ်ကိုမဖြစ်စေနိုင်ဘူး၊ရဟန္တာများမှာတဏှာမရှိသောကြောင့်
    ကံဟောင်းများကပဋိသန္ဓေအကျိုးကိုမဖြစ်စေနိုင်တော့ပေ၊ဒါကြောင့်ဘဝသစ်ဖြစ်ရာမှာတဏှာက
    အရင်းခံအကြောင်းပဲလို ့မှတ်သားဘူးပါတယ်။
    ———————————————————————-
    ကံအရာ၌ဇောရချက်ရှိသည်..
    ပထမဇောသည်ဒိဋ္ဌဒမ္မဝေဒနိယကံမျိုးဖြစ်၍ယခုဘဝမှာအကျိုးပေး၏။
    သတ္တဇောသည်ဥပပဇ္ဇေဝေဒနိယကံမျိုးဖြစ်၍ဒုတိယဘဝမှာအကျိုးပေးသည်။
    အလယ်ဇောငါးချက်သည်အပရာပရိယဝေဒနိယကံမျိုးဖြစ်၍တတိယဘဝမှစ၍အခွင့်ရရာဘဝ၌
    နိဗ္ဗာန်ရသည့်ဘဝတိုင်လိုက်ပါသည်။
    —————————————————————————-
    ကံအမျိုအစား…
    ၁။ကိစ္စ၏အစွမ်းအားဖြင့်ဖြစ်သောကံလေးပါး
    (၁)ဇနကကံ-ဝိပါတ်ကဋတ္တာရုပ်ကိုဖြစ်စေသောကံ
    (၂)ဥဘထမ္ဘကကံ-ထောက်ပံ့စေနိုင်တတ်သောကံ
    (၃)ဥပပိဠကကကံ-ကပ်၍နှိပ်စက်တတ်သောကံ
    (၄)ဥပဃာတကာကံ-ကပ်၍သတ်တတ်သောကံ
    ၂။အကျိုးပေးတရားအစဉ်အားဖြင့်ဖြစ်သောကံလေးပါး
    (၁)ဂရုကံ-၄ပါးသောကံ(အကုသိုလ်မှာပဉ္စနန္တိယကံကိုယူ-ကုသိုလ်မှာမဟာဂ္ဂုတ်ကုသိုလ်နှင့်လောကုတ္တရာကုသိုလ်ကိုယူ)
    (၂)အာသန္နကံ-သေခါနီးကာလ၌အောက်မေ့၍ပြုသောကံ
    (၃)အာစိန္နကံ-မပြတ်လေ့ကျင့်အပ်သောကံ
    (၄)ကဋတ္တာကံ-အကျိုးပေးခါမျှဖြစ်သောကံ
    ၃။အကျိုးပေးရာကာလ၏အစွမ်းအားဖြင့်ဖြစ်သောကံလေးပါး
    (၁)ဒိဋ္ဌဓမ္မဝေဒနိယကံ-မျက်မှောက်သောကိုယ်၏အပြစ်၌ခံစားအပ်သောကံ(ပထမဇောစေတနာကိုကောက်လေ)
    (၂)ဥပပဇ္ဇဝေဒနိယကံ-နှစ်ခုမြောက်သောဘဝ၌ခံစားအပ်၊အကျိုးပေးအပ်သောကံ(သတ္တမဇောစေတနာကိုကောက်လေ)
    (၃)အပရာပရိယဝေဒနိယကံ-သုံးခုမြောက်သောဘဝမှစ၍နိဗ္ဗာန်ရသည့်ဘဝတိုင်အောင်အကျိုးပေးခြင်းလက္ခဏါရှိသောကံ
    ံ(အလယ်ဇောငါးချက်ကိုကောက်လေ)
    (၄)အဟောသိကံ-အကျိုးပေးပြီးသည်လည်းမဟုတ်၊ပေးလတ္တံသည်လည်းမဟုတ်ဖြစ်ပြီးသည်သာကံမည်သောကံ။။

  • kai

    March 11, 2012 at 7:44 am

    ယေ ဓမ္မာ ဟေတုပ္ပဘဝါ, တေသံ ဟေတုံ တထာဂတော အာဟ။
    တေသဉ္စ ယော နိရောဓော၊ ဧဝံဝါဒီ မဟာသမဏော။

    အကြင်တရားတို့သည် အကြောင်းကိုမှီ၍ ဖြစ်ကုန်၏။ ထိုအကြောင်းတရားတို့ကို လည်းကောင်း, ထိုတရားတို့ ချုပ်ခြင်းကို လည်းကောင်း တထာဂတသည် ဟောတော်မူ၏။ ရဟန်းမြတ်သည် ဤသို့အယူရှိ၏။

    ဗုဒ္ဓ၏ လက်ယာတော်ရံမထေရ် ဖြစ်လာမည့် အရှင်သာရိပုတ္တရာပရိဗိုဇ်အား ပဉ္စဝဂီငါးပါးအနက်မှ တစ်ပါးဖြစ်သော အရှင်အဿဇိမထေရ် အကျဉ်းဟောကြားသော ဂါထာဖြစ်သည်။

    =
    ကျုပ်တွေးမိတာပြောရရင်..
    လူသတ်လို့.. လူသေသွားရင်.. လူသတ်တဲ့အကြောင်းကြောင့် လူသေတဲ့အကျိုးဖြစ်တယ်လို့ပဲပြောမယ်..
    အဲဒီလူသတ်တဲ့အကြောင်းကြောင့်..ကိုယ်က နောက်ဘဝမှာ.. ပြန်အသတ်ခံရတဲ့.. အကျိုးဖြစ်မယ်ဆိုတာကို.. လက်မခံဘူး..
    ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းကို.. တခြားသူဆီသွားမလှည့်ဘူး..။ လက်ရှိကိုယ့်ဆီမှာပဲလှည့်မယ်..။

    အဲဒီကိုယ့်ဆီမှာလှည့်/လည်နေတဲ့.. သံသရာဘဝစက်ဝိုင်းအကြောင်းသိတော်မူတာ.. ဗုဒ္ဓလို့ ပြောမယ်..။
    ဘဝစက်ဝိုင်းချုပ်ငြိမ်းနည်းတွေကို.. တရားလို့ခေါ်မယ်..။
    တရားတွေကို..တဆင့် ပြန်လှန်ဟောပြောရှင်းပြသူကို.. ရဟန်းလို့နားလည်ထားတယ်..။

    အဲလို… 😆
    =============================
    လောကီရေးနဲ့ဆက်စပ်ပြီး..ဖွင့်ဆို ရေးခဲ့ဖူးတယ်..
    http://myanmargazette.net/397/mandalay-gazette-2/editors-notes-announcements-letters-to-the-editor

  • Ko out of...

    March 11, 2012 at 8:36 am

    ကြောင်းကျိုး တို့ အဖြစ်အပျက်တို့ဆိုတာ အမျိုးမျိုးရှိပါတယ်…အဖြစ်ပျက်ဆိုတာလည်း နိုင်ငံရေး အဖြစ်အပျက်၊ စီးပွါးရေး အဖြစ်အပျက်.. စသည်ဖြစ်ပေါ့..ကြောင်းကျိုးဆိုတာလည်း အကျိုးတရားတွေ များများရအောင် ဘယ်လို အကြောင်းတရားတွေရှာရမယ်…အသက်ရှည်ရှည်နေရအောင် ဆိုတဲ့ အကျိုးကိုလို ချင်ရင် ကျန်းမားရေး ကောင်းအောင်ဘယ်လို အကြောင်းတရားရှိရမယ်ဆို တာတွေလည်း အကြောင်းကျိုးတွေပါ… ဘုရားဆိုလိုတဲ့ အကြောင်းကျိုး ကို ဘယ်လိုနားလည်းရမယ်ဆိုတာ သိဖို့လိုမယ်ထင်တယ်..ဘာဖြစ်လည်းဆိုတော့ ဘုရာဟာသူ့ကို အလုံးစုံသိသူသဗေညုတလို့တာ ငါ့ကိုစွပ်စွဲတာဘဲ..ငါကိုတေဝိဇာ ငါသိတာ သုံးခုဘဲရှိတယ်လို့ ပြောတာလည်းကြားဖူးလို့ပါ… ဒါကြောင့် ရှိသမျ အကြောင်းကျိုး အားလုံးဖြစ်ပျက်အားလုံး ကို ဘုရားဟောတဲ့ တရားချည်းချည်းဘဲလို့ သတ်မှတ်ရင်.. တိကျသေချုာစွာ ချပြနိုင်တဲ့ သိပံပညာ တွေဟာ ရုပ်ဝတ္တုတွေကို အသေးဆုံးရှာဖွေနိုင်လို့ အမျိုးမျိုး ခိုင်းစားနိုင်တာလည်း အကြောင်းကျိုးကို နားလည်ကြ လို့ပါဘဲ…ဒါဆို ဒီသိပံပညာရှင်တွေ ဘုရားဖြစ်ပြီလား?..ဘုရားဟာ လောကမှာရှိသမျှအရာ အားလုံးကို ညွှန်ကြားပြသသူလား?
    လူတွေဘယ်လိုနေရင် ပဋိပက္ခ ကလွတ်မြောက်မယ်ဆိုတာကို ညွှန်ပြသူလား? ….ကျွန်တော်တို့ ထပ်ပြီး ဖြန့် ကျက်တွေးခေါ်ဖို့ လိုမယ်ထင်တယ်…
    ဆရာတော်တပါးဟောတာ မှတ်သားခဲ့ရဖူးပါတယ်.. ဗုဒ္ဒတရားဟာ Believe system..
    pray system မဟုတ် way of life လို့ဟောထားပါတယ်…

Leave a Reply