အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ အလှူ

minn_annawarMarch 8, 20121min887

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့     post နဲ့  ပါတ်သက်ပြီး Activities လေးတွေသိချင်လို့   ဒီနေ့  မနက် ရွှှေဂုန်တိုင်က NLD ရုံးကိုဝင်မေးခဲ့ပါတယ်၊  NLD ရုံးမှာလည်း သူတို့ အလုပ်နဲ့သုတို့ ရှပ်နေကြပါတယ်။  Activities များနဲ့ ပတ်သက်ပြီးသိလာတာလေး မျှဝေပေးချင်ပါတယ်။

အခုလောလော ဆယ်ရှိနေတဲ့ Activities များကတော့

၁။  HIV / AIDS ဝေဒနာရှင်များကူညီစောင့်ရှောက်ရေး၊

၂။ ပညာဒါန ကူညီရေး၊

၃။ နိုင်ငံရေး အကျင်းသားများကူညီစောင့်ရှောက်ရေး၊

၄။ ကျန်းမာရေး စောင့်ရှောက်ရေး၊

၅။ သွေးလှူဒါန်း (သွေးကူညီပေးရေး)လုပ်ငန်း၊

၆။ အမျိုးသမီးလုပ်ငန်းအဖွဲ့  ၊(ငွေချေး)

၇။ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး စသည်များဖြစ်ပါတယ်။

စကားလုံးအတိအကျတော့မဟုတ်ပါ။  နှုတ်နဲ့ပြောပြလိုက်တာကိုပြန်ရေးပြတာပါ။

တကယ်တော့ ဒါမျိုး အတွက်  ကြောညာစာရွက်လေးများရခဲ့ရင်ပိုကောင်းမှာပါ။

ကဲ အလှူခေါင်းစဉ် ရပြီဆိုတော့ ဘယ်လိုလှူရင်ကောင်းမလဲ စဉ်းစားလို့ ရပြီပေါ့။

 

 

7 comments

  • TITAN

    March 8, 2012 at 10:36 am

    ခေါင်းစဉ်အားလုံးအတွက် MG ရွာသူားတွေစုပေါင်းပြီးတော့ ရာသက်ပန် ငွေပဒေသာပင်စိုက်ပေးရင်ကောင်းမလား။

  • ဦးဦးပါလေရာ

    March 8, 2012 at 10:53 am

    အဲဒီခေါင်းစဉ်တွေ(၁+၂+၄+၅+၆+၇)အတွက်တော့ MG ရွာသားတွေ ပေါင်းလှူနိုင်ပါတယ်။

    ရွေးကောက်ပွဲ အောင်နိုင်ရေး နဲ့
    နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး
    အတွက်ဆိုရင်တော့ တဦးချင်းအမည်နဲ့ပဲ လှူသင့်ပါတယ်။

  • weiwei

    March 8, 2012 at 10:58 am

    ကျွန်မကပဲ ခပ်ပိန်းပိန်းဖြစ်နေလားမသိဘူး … အလှူကိစ္စကို စိတ်ထဲမရှင်းဘူးဖြစ်နေတယ် …
    သူကြီးဖြစ်စေချင်တာက NLD ပါတီကို ထောက်ပံ့ပေးချင်တဲ့သဘော … ဘယ်နေရာမှာပဲသုံးသုံး ပါတီရန်ပုံငွေအနေနဲ့ပေါ့နော် …
    အခုတင်ပြထားတဲ့ လုပ်ငန်းတွေက NLD က ဦးစီးပြီးလှုပ်ရှားနေတဲ့ ပရဟိတလုပ်ငန်းတွေ …

    ကျွန်မတို့ ရွာသူားတွေအနေနဲ့က ဘယ်လိုလှူချင်ကြတာလဲ??? ပရဟိတအလုပ်တွေကို ပံ့ပိုးချင်တာလား? ပါတီစည်းရုံးရေးအတွက် ရန်ပုံငွေကိုထည့်ချင်တာလား??? အဲဒီနှစ်မျိုးလုံးကို အတူတူပဲလို့ သတ်မှတ်ထားတာလား??

    ပရဟိတလုပ်ငန်းတွေအတွက်ဆိုရင်တော့ တကူးတက NLD ကို သွားလှူစရာမလိုဘူးလို့ထင်မိတယ် … ပထမတစ်ခေါက် စုပေါင်းအလှူတုံးက နာရေးကူညီမှုအသင်းကိုလှူခဲ့သလိုမျိုး တခြားလိုအပ်နေတဲ့နေရာတွေ အများကြီးကို တိုက်ရိုက်သွားရောက်လှူဒါန်းနိုင်တယ် ..
    ကျွန်မတစ်ယောက်ထဲအမြင်ကတော့ နိုင်ငံရေးပါတီကြီးတစ်ခုကနေ ဦးဆောင်နေတဲ့ ပရဟိတလုပ်ငန်းတွေထက် သာမန်ပြည်သူလူထုထဲက ဦးစီပြီးလုပ်ကိုင်နေကြတဲ့ ဘာအကျိုးကိုမှ မမျှော်မှန်းကြတဲ့ လုပ်ငန်းများကို ပိုပြီးအားပေးချင်ပါတယ် ….

    ပါတီကို ထောက်ခံအားပေးတဲ့အနေနဲ့ ရန်ပုံငွေရရှိအောင် ပါတီကဦးဆောင်ပြီး တစ်ခုခုလုပ်တယ်ဆိုရင် (ဥပမာ တီရှပ်ရောင်းတာပဲဖြစ်ဖြစ် … ရန်ပုံငွေပွဲလုပ်တာပဲဖြစ်ဖြစ် … လက်မှတ်တစ်ခုခုရောင်းတာပဲဖြစ်ဖြစ်) အားပေးချင်ပါသော်လည်း ဒီအတိုင်း ပိုက်ဆံသွားလှူတာကိုတော့ လုပ်ချင်တဲ့ဆန္ဒမရှိဘူး …
    စိတ်ထဲမှာ မရှင်းတာကို ပွင့်ပွင့်လင်းလင်း ပြောကြည့်တာပါ … မထောက်ခံလို့မဟုတ်ကြောင်းပါ …

  • ကြောင်ကြီး

    March 8, 2012 at 11:35 am

    ငွေချေးတဲ့လုပ်ငန်းကို ထည့်ဝင်ကူညီတာ အကောင်းဆုံးဖြစ်မယ်ထင်တယ်။ ထာဝရ ငွေပဒေသာပင် စိုက်သလိုလည်း ဖြစ်သွားမယ်….။

  • amatmin

    March 8, 2012 at 2:17 pm

    သဂျီးနှိုင်းယှဉ် ပြထားတာကို ခံစားမိတာတော့ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ပံ့ပိုးပေးချင်တာလားလို့..
    အခုဒီမှာက NLDပါတီကိုသာ နိုင်စေချင်တယ်..ထိရောက်တဲ့ပံ့ပိုပေးမှု(ငွေကြေး)အပိုင်း (သိသလောက်)အားနည်းတယ်ဆိုတော့..
    မန်းလေးဂေဇက် ကသာဆန္ဒရှိလို့ ဝိုင်းလှူကြမယ်ဆို အစကောင်းတခုတော့ ဖြစ်မှာပဲ …
    ပရဟိတ/ပါတီ ဆိုတာထက် ကောင်းတဲ့အလုပ်ကို တကယ်လုပ်နေကြတဲ့ အဖွဲ့အစည်းတရပ်ကို တတ်နိုင်သလောက်.
    ဝိုင်းဝန်းကြတဲ့သဘောလို့ မှတ်ကြတာပေါ့…
    တကယ်မကောင်းတဲ့ အခြေခံ အုတ်မြစ်ကိုလည်း သူတို့ကမှ မြေလှန်နိုင်မှာလို့ ယူဆရတာကိုး…
    ပြီးတော့ကာ ထောက်ခံတာထက် ကို တကယ်လိုအပ်နေသလားလို့….

  • water-melon

    March 8, 2012 at 6:46 pm

    သေသေချာချာမေးပေးကြပါလား
    ရန်ကုန်က MG ရွာသူားတို့
    NLD အတွက်ဆို ဖရဲတို့က 😆

Leave a Reply