မနေ့က တပေါင်းလပြည့်နေ့။ ရွှေတိဂုံဘုရားကြီး နှစ် ၂၆၀၀ ပြည့်ပွဲတော်ကြီးရဲ့ နောက်ဆုံးရက်။ နယ်က ညီမတွေက သွားချင်တယ်ဆိုလို့
လပြည့်နေ့ဆို ရွှေတိဂုံဘုရားရှောင်လေ့ရှိတဲ့ ကျွန်တော် ရွှေတိဂုံဘုရားတက်ဖြစ်ခဲ့ပါတယ်။ လူတွေလူတွေ တချို့များ ထမင်းတွေဟင်းတွေ ချက်ယူလာပြီး ဘုရားပေါ်ကျမှ
ပျော်ပွဲစားထွက်သလို စားနေကြတာလည်း တွေ့ရဲ့။ လမ်းကို မနည်းလျှောက်ယူရလောက်အောင် လူတွေကများလွန်းပါတယ်။ ထုံးစံအတိုင်း ကင်မရာလေးနဲ့ လက်ဆော့လာခဲ့တယ် ပေါ့ဗျာ။ အဝေးရောက် မြန်မာပြည်ကို လွမ်းနေကြသူတွေ၊ နယ်မှာနေသူတွေအတွက် အလွမ်းပြေ ပေါ့ဗျာ။

တောင်ဘက်မုခ် ဓါတ်လှေကားနားက လက်ဆော့ထားတာပါ။

တပေါင်းလပြည့်နေ့ မနက် ၈ နာရီ သာသာလောက် လူစည်နေတဲ့ ရွှေတိဂုံ ရင်ပြင်တော်။

ရွှေတိဂုံ ဘုရား အောင်မြေမှာ ဒီလိုပါ။

လှည်းကူးမြို့နယ် က ဘုရားကပ်ထားတဲ့ သစ်သီးပွဲ နဲ့ ပန်းတွေ။

မှော်ဘီမြို့နယ် က ဘုရားလာကပ်ထားတာပါ။

တိုက်ကြီးမြို့နယ် ရဲ့ ဘုရားအလှူပွဲပါ။

မတူအောင် ကြိုးစားရိုက်ထားတဲ့ ရွှေတိဂုံ ဘုရား။

ကော့ကရိတ်မြို့ ကဘုရားလာဖူးကြတဲ့ မိသားစုရဲ့ ထမင်းချိုင့်လေးပါ။ ပကာသန မပါရှာပါဘူး။ အောင်မြေနားမှာ မြွေရေခွံအိတ်လေးခင်းပြီး စားနေကြတာလေး ရိုက်ထားတာပါ။

နိုင်ငံမတူ၊ လူမျိုးမတူ၊ ကိုးကွယ်ရာမတူ သို့သော် ချိုသော အပြုံးကတော့ တူကြတယ်။

ရွှေတိဂုံကို ရိုက်ချက်တစ်မျိုး။

ဘုရားလှူထားတဲ့ ပန်းတွေ။

သစ်သီးတွေ ပန်းတွေ သောက်တော်ရေတွေ ကပ်ထားတာပါ။

သင်္ဘောသီးနဲ့ မြန်မာ့လက်မှုပညာ သစ်သီးခြင်း။

ဘုရားကပ်ထားတဲ့ သစ်သီးတွေပါ။

ဘုရားကပ်ထားကြတဲ့ ပန်းတွေ သစ်သီးပွဲတွေရဲ့ အလှ။

ဘုရားကပ်ထားကြတာလေးတွေ လျှောက်ရိုက်ထားတာပါ။

ဆွမ်းကပ်ဖို့ ပြင်ဆင်နေတာလေး ရိုက်ထားလိုက်တာပါ။

မတူအောင် ရိုက်ထားတဲ့ ရွှေတိဂုံ ပါ။

နောက်ထပ်ရိုက်ချက်တစ်ခု။

သူ့အပြုံးကလည်း ခင်မင်စရာကောင်းပါတယ်။

ဘုရားပေါ်မှာ ဆွမ်းဟင်း ဆွမ်းထမင်းစားပြီး ငြိမ့်နေတဲ့ ကြောင်တွေထဲက ကြောင်လေးတစ်ကောင်။

ရွှေတိဂုံ အရံစေတီတွေ။

လူတွေတိုးဝှေ့နေတဲ့ကြားက ရလိုက်တဲ့ သူတို့နှစ်ယောက်ရဲ့ ချိုသော အပြုံးများ။

black chaw

About black chaw

black chaw has written 332 post in this Website..