ကိုချစ်ရင်ထူးသို့… “ဒီမိုကရေစီ” ဆိုတာ ဘာလဲ?

ကိုချစ်ရင်ထူးရေ…

“ဒီမိုကရေစီ” ဆိုတာဘာလဲသိချင်ရင် အလွယ်ဆုံးနည်းလေး ပေးချင်ပါတယ်။
ဗိုလ်ချုပ် ရဲ့ ၁၉၄ရ ဇူလိုင် ၁၃ မိန့်ခွန်း မှာပါတဲ့ လွတ်လပ်ရေး ဆိုတဲ့ စကားလုံးတွေနေရာမှာ ဒီမိုကရေစီ လို့ အစားထိုးပြီး ဖတ်လိုက်ပါဗျာ။

မြင်သာအောင် ကျွန်တော် စာလုံးအမည်းနဲ့ ပြပေးထားပါတယ်။

(((ဗမာ့လွတ်လပ်ရေးတုန်းက အဲဒီတုန်းကဆိုလို့ရှိရင် လွတ်လပ်ရေးရပြီ ဆိုတော့ကာ ဟင်္သာတနယ်ထဲမှာ ကျနော်တွေ့ခဲ့တာ၊ ဘာတွေ့သလဲဆိုရင် လမ်းမပေါ်မှာ ထွက်ပြီး ဆေးတွေလှန်းတယ်။ အဲဒီတော့ လမ်းသွားလမ်းလာလုပ်တဲ့သူတွေ အတော်ဂွကျတယ်။ အဲဒါဟာ လွတ်လပ်ရေးမဟုတ်ဘူး။ လွတ်လပ်ရေးဆိုတဲ့ အဓိပ္ပာယ်က ဘာလဲ။ လွတ်လပ်ရေးဆိုတာဟာ ကိုယ့်တစ်ဦးတစ်ယောက် ကောင်းစားဖို့ဖြစ်စေ၊ တမျိုးသားလုံး ကောင်းစားဖို့ဖြစ်စေ၊ လုပ်တဲ့နေရာမှာ အခြားတစ်ဦးတစ်ယောက်ရဲ့ အကျိုးကို မထိခိုက်ပဲနဲ့၊ အခြားလူတွေရဲ့ အကျိုးကို မထိခိုက်ပဲနဲ့ လွတ်လွတ်လပ်လပ် ကိုယ့်တိုးတက်မှုအတွက် လုပ်နိုင်တာဟာ လွတ်လပ်ရေးပဲ။ဒီတော့ လွတ်လပ်ရေးဆိုတဲ့ အဓိပ္ပာယ်ဟာ စည်းမဲ့ကမ်းမဲ့သဘောမျိုး မဟုတ်ဘူး။ စည်းနဲ့ကမ်းနဲ့ သဘောမျိုးသာဖြစ်တယ်။ စည်းနဲ့ကမ်းနဲ့ ရှိမှသာလျှင် လွတ်လပ်ရေးဆိုတာ ဖြစ်နိုင်တယ်။ အဲဒီတော့ လွတ်လပ်ရေးဆိုတာကို ကျနော်တို့ ရတဲ့အခါမှလည်း နားလည်ရမှာက ငါတို့ တိုင်းပြည်ဟာ ပိုပြီး စည်းကမ်းရှိဖို့လိုတယ်။ ငါတို့တိုင်းပြည်ဟာ လွတ်လပ်ရေး ရအောင်လည်းပဲ စည်းကမ်းရှိရှိနဲ့ လုပ်ရမယ်။ အဲဒီလိုအားဖြင့် စည်းကမ်းသဘောတွေကို နားလည်ပြီး စည်းနဲ့ကမ်းနဲ့ အလုပ်လုပ်ကြမှ လွတ်လပ်ရေးဆိုတာ တကယ်ရမယ်။အဲဒီတော့ကာ ခင်ဗျာတို့ဟာ လွတ်လပ်ရေးကို လိုချင်ရင် လွတ်လပ်ရေး ရနိုင်လောက်တဲ့ စည်းကမ်းကို ရှိကြပါ။ လွတ်လပ်ရေးကို လိုချင်လို့ရှိရင် လွတ်လပ်ရေးကို ရနိုင်တဲ့ ညီညွတ်မှုကို ထိန်းသိမ်းထားပါ။ လွတ်လပ်ရေးကို လိုချင်လို့ရှိရင် လွတ်လပ်ရေးကို ရနိုင်တဲ့ ထူထောင်မှုကို လုပ်ကြပါ။ အဲဒီလို လုပ်ပြီးတဲ့နောက် ရှေ့ကို လွတ်လပ်ရေး အရသာကို ခံစားစံစားချင်တယ်ဆိုရင် အလုပ်လုပ်ကြဖို့၊ စည်းကမ်း ရှိကြဖို့၊ ယခုကတည်းက ခင်ဗျားတို့ကိုယ်ကို အကျင့်ဆိုးတွေ၊ အကျင့်ဟောင်းတွေ၊ စောက်ကျင့်တွေကို ပြင်ကြဖို့ လိုပြီဆိုတာ ကျနော် ကနေ့ ပြောခဲ့ချင်တယ်။)))

ဒီမိုကရေစီ အနှစ်သာရ သိရှိခံစားနိုင်ကြပါစေ…

14 comments

  • ရွာစားကျော်

    March 8, 2012 at 11:07 am

    ကျန်သွားလို့ ကွန်မင့်နဲ့ ထပ်ဖြည့်ပါတယ်
    ၁၉၄၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထအကြိမ်မြောက် နိုင်ငံခေါင်းဆောင်များ အစည်းအဝေးတွင် ဗိုလ်ချုပ်
    မြွက်ကြားသည့် မိန့်ခွန်း ကောက်နှုတ်ချက်

    ဒါကြောင့် ကျနော်တို့ဟာ ဒီမိုကရေစီဝါဒကိုသာ ခေတ်စားအောင် လုပ်ရမယ်။ ဒီမိုကရေစီဝါဒသာ
    လတွ ်လပ်ရေးန့ ဲ ဆီလျော်တယ်။ ဒီဝါ ဒသာ ငြိမ်းချမ်းရေးကို အားပေးတယ်။ အဲဒါကြောင့် ဒီဝါဒကိုသာ
    ကျနော်တို့ ရည်ရွယ်ရမယ်။ နောက် လွတ်လပ်စွာ ဖော်ပြခွင့်၊ စည်းရုံးခွင့်၊ အစည်းအဝေးခေါ်ခွင့်နှင့်
    စီတန်းလမ်းလျှောက်ခွင့်၊ လွတ်လပ်စွာ တွေးတောခွင့်နှင့် ကိုးကွယ်လိုရာဘာသာ ကိုးကွယ်ခွင့်၊
    တရားနှင့်မညီသော အဖမ်းအဆီး အချုပ်အနှောင်မှ ကင်းလွတ်ခွင့်၊ ကိုယ်ရေးလွတ်လပ်ခွင့်၊ ကိုယ့်အိမ်
    ကိုယ့်ယာနှင့် နေထိုင်ခြင်းကို မတရားသဖြင့် နှောင့်ယှက်ခြင်းမှ ကင်းလွတ်ခွင့်၊ လူတိုင်း
    ပညာသင်ကြားနိုင်ခငွ ့်၊ အခမဲ့ ဆေးဝါးအကူအညီ ရရှိခွင့်၊ မတရားသဖြင့် စီးပွားချုပ်ချယ်မှုများမှ
    လွတ်ငြိမ်းချမ်းသာခွင့်၊ အလုပ်သမား လယ်သများများရဲ့ အနည်းဆုံးအခွင့်အရေးများကို အစိုးရက
    စောင့်ရှောက်ပေးခြင်း၊ တိုင်းပြည်တွင် တိုင်းရင်းသားလူမျိုးတိုင်း ကိုယ့်ဘာသာ ကိုယ့်ဓလေ့
    ကိုယ့်ယဉ်ကျေးမှုအတိုင်း ဆောင်ရွက်နိုင်ခွင့်၊ အိုစာနာစာ အထိအခိုက် လျော်ကြေး ရန်ပုံငွေ
    အစရှိသည်တို့ကို အစိုးရကထားပြီး အိုမင်း၍လည်းကောင်း၊ ဖျားနာ၍လည်းကောင်း၊
    ထိခိုက်နာကျင်၍လည်းကောင်း၊ အလုပ်လုပ်ချင်သော်လည်း အလုပ်မရနိုင်၍လည်းကောင်း၊
    အသက်မွေးဝမ်းကျောင်း မပြုနိုင်စွမ်း ရှိသူများသည် အစိုးရ၏ အထောက်အပံ့ကို ရရှိခွင့်နှင့် ဒီမိုကရေစီ
    အခွင့်အရေးမျိုးတွေလည်း ရှိရမယ်။

  • သူရဇော်

    March 8, 2012 at 11:19 am

    အိမ်း…………ချစ်ရင်ထူးရေ အမျှ အမျှ အမျှ ပါကွယ်………..

  • ahnyartamar

    March 8, 2012 at 11:30 am

    I fully agreed for Ko ရွာစားကျော် reply posted.
    Ko Chit Yin Htoo, Please read very carefully for posted by ရွာစားကျော်. It is good make sense for you.

  • “” လွတ်လပ်ရေးကို လိုချင်လို့ရှိရင် လွတ်လပ်ရေးကို ရနိုင်တဲ့ ထူထောင်မှုကို လုပ်ကြပါ။ အဲဒီလို လုပ်ပြီးတဲ့နောက်
    ရှေ့ကို လွတ်လပ်ရေး အရသာကို ခံစားစံစားချင်တယ်ဆိုရင် အလုပ်လုပ်ကြဖို့၊ စည်းကမ်း ရှိကြဖို့၊ ယခုကတည်းက
    ခင်ဗျားတို့ကိုယ်ကို အကျင့်ဆိုးတွေ၊ အကျင့်ဟောင်းတွေ၊ စောက်ကျင့်တွေကို ပြင်ကြဖို့ လိုပြီဆိုတာ ကျနော် ကနေ့
    ပြောခဲ့ချင်တယ်။””
    ဗိုလ်ချုပ်မှာ သွားတဲ့အခါ နောက်တကြိမ်ပြောခွင့်မရတော့မှာလို နှုတ်ဆက်သံတွေနဲ ့ဗျာ။ဘဘ ကိုရှိနေစေချင်မိတယ်။
    “ကနေ ့ပြောခဲ့ချင်တယ်”ဆိုတဲ့နှုတ်ဆက်သံက ကြေကွဲစရာဗျာ။

    • ရွာစားကျော်

      March 8, 2012 at 1:06 pm

      ဗိုလ်ချုပ် သွေး ချွေး နဲ့ သန္ဓေတည် မွေးဖွားပေးခဲ့တဲ့
      ဗမာ့တပ်မတော်ကြီးရဲ့ နောက်ပိုင်းမျိုးဆက်တွေကိုယ်တိုင်က
      ဗိုလ်ချုပ်ရဲ့လမ်းစဉ်နဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျန်နေတဲ့
      အာဏာရှင်စနစ်ကို ကျင့်သုံးနေတာ ပိုပြီး ရင်နာတယ်ဗျာ

  • MTY

    March 8, 2012 at 1:23 pm

    လိုက်နာကြရန်သာပိုမိုပြီးလိုအပ်ပါကြောင်း။

  • chityimhtoo

    March 8, 2012 at 3:09 pm

    ဘုရားဘုရား ငါက အင်္ဂလိပ်လို chityimhtoo နော်။ chityimhtoo ဘယ်နှစ်ကိုခွဲရှိလည်းဟင်

    • ရွာစားကျော်

      March 8, 2012 at 3:38 pm

      ကို အင်္ဂလိပ်လို chityimhtoo ရေ
      http://myanmargazette.net/106507/uncategorized-other/copypaste ပို့စ်ရေးသူ
      မြန်မာလို ချစ်ရင်ထူးနှစ် လို့ နစ်နိမ်းပေးထားသူသို့ ရည်ရွယ်ပါတယ်ခင်ဗျ
      သူ့ ပို့စ် အောင်ခြေမှာ ချစ်ရင်ထူး လို့ပဲ ရေးထားလို့
      တစ်ခုခုခံစားသွားရရင် ဆောရီးပါခင်ဂျ အဟီး 🙂 8)

      • ရွာစားကျော်

        March 9, 2012 at 10:00 am

        မရှင်းရင် လင့်ခ်မှာ ကြည့်လိုက်လည်းရပါတယ်
        သူ့ပို့စ်အောက်ဆုံးမှာ ချစ်ရင်ထူးလို့ လက်မှတ်ထိုးထားတာလဲ အမှန်ပါပဲ
        အဲဒါကြောင့် သူများလဲ ကိုချစ်ရင်ထူးသို့လို့ပဲ ပြန်စာရေးမိတာ..(တစ်၊ နှစ်တွေ ထည့်တော့ဘူးလေ)
        သူများကြောင့် ကိုအင်္ဂလိပ်လို chityimhtoo တစ်ခုခုခံစားသွားရရင် ဆောရီးပါလို့
        တောင်းပန်တဲ့ဟာကို ဘယ်သူက ဘာမကျေနပ်လို့များ
        အနီပေးသွားတာပါလိမ့်
        လွဲသမျှ စိတ်မကောင်းဖြစ်နေတာ ခုတော့..
        အဟင့် သူများ သိပ်ဝမ်းနည်းတယ်. အဟင့် အီး 😥

  • surmi

    March 9, 2012 at 12:45 am

    နတ်အကြောင်းတွေရေးတာ ဘယ်ချစ်ရင်ထူးလဲဗျာ …..
    အဲဒီချစ်ရင်ထူးက ပထမဆုံး ချစ်ရင်ထူူးပဲ ဗျ ။

    • ရွာစားကျော်

      March 9, 2012 at 10:35 pm

      ဟုတ်ကဲ့
      ကျွန်တော့် အပြစ်၊ ကျွန်တော်ရေးတာ လိုသွားတာပါခင်ဗျာ
      nick name မှာကို တစ်ယောက်က chityinhtoo ဖြစ်ပြီး
      ကျန်တစ်ဦးကလည်း ချစ်ရင်ထူးနှစ် ဟု ရှင်းရှင်းလင်းလင်းပေးထားကြပါတယ်
      ဘယ်သူက အရင် ဘယ်သူကနောက်၊ ဘယ်နှစ်ကိုယ်ကွဲတာ အသာထားလို့
      ပို့စ်ရဲ့ အနှစ်သာရကိုပဲ ဝေဖန် ခံစားပေးကြပါလို့ တောင်းပန်လိုက်ပါတယ်..

      ရွာစားကျော်

  • ချစ်ရင်ထူးနှစ်

    March 9, 2012 at 11:18 pm

    အပင်ပန်းခံပြီး ဖြေကြားပေးလို့ ကျေးဇူးတင်ပါတယ် ကိုရွာစားကျော် ခင်ဗျား ၊
    —————————————————————————————————————
    နတ်အကြောင်းရေးတာက ကျွန်တော်ပါ ခင်ည ….
    chityimhtoo က အရင်မှတ်လို့ ကျွန်တော်က နှစ် လို့ တပ်လိုက်ကြောင်းပါ ခင်ဗျ..
    mandalaygazettemembers@im.partych.at ဆိုတဲ့ Party chat room ကို ထောင်တဲ့သူပါခင်ဗျ …
    chityinhtoo374@gmail.com ပါခင်ဗျ..

  • ချစ်ရင်ထူးနှစ်

    March 10, 2012 at 12:49 am

    ကို ရွာစားကျော်ရ ခင်ဗျား မန့်ထားတာကို ပြန်ပြောချင်လို့ဗျ…
    ကျွန်တော် ပြောတာက ဒီမိုကရေစီ ဆိုတာ အများသဘော နဲ့ လုပ်ဆောင် တာဆိုလို့ ဥပမာ ပေးလိုက်တာလေ..
    အဲဒီ အများဆိုတာ မကောင်းတဲ့လူတွေ များနေရင် မကောင်းတာဖြစ်မယ် ကောင်းတဲ့ လူတွေများနေရင် ကောင်းတာ ဖြစ်မယ် ……
    လူတိုင်းလို ကိုရွာစားကျော် လို ဦးနှောက်မျိုး( အတွေး ၊ အသိပညာ )ရှိတယ် မှတ်လို့လား…
    ဟို ပိုစ့် ကနေဆက်လိုက်ရရင် —
    ကျွန်တော် ပြောခဲ့ပါတယ် အချိန်အကြာကြီး မင်းမူ ချင်ရင် ပညာရေးကို ပိတ်ပင် ထားရမယ် လို့လေ
    အဲလို ပိတ်ပင် ထားတော့ ဘယ် သိတော့မလဲ ဗျ … သိတဲ့လူ တစ်ယောက် တစ်လေ လောက်ကို ဆွဲစိ ထားလိုက်တယ်လေ ကျန်တဲ့ကောင် ဟ ရဲ ဟ ကြည့်ပါလား ။ ကျွန်တော် တို့ အစိုးရက အရမ်းတော်ပါတယ် ဒါပေမယ့် သူ့ဘက်မှာပဲ တော်နေတာက ခက်တယ် ကျွန်တော် တို့ဘက်များ တော်လိုက်ရင် …………
    ကျွန်တော်တို့ တိုင်းသူပြည်သားတွေရဲ့ ကံကြမ္မာ လို့ပဲ ပြောရလေမလား မသိတော့ပါဘူး …
    ပြန်ကောက်ရရင်…
    ဒီမိုကရေစီ ဆိုတာ လူအများသဘောထားကို ဆန္ဒမဲနဲ့ ယူတယ် ။ အဲဒီ လူအများ ဆိုတဲ့ ဟာက မကောင်းတဲ့လူတွေပဲ ဆိုရင် ရလာတဲ့ ဆန္ဒ ဟာလည်း မကောင်းတာပဲ ဖြစ်မှာပဲ ။ ကောင်းတဲ့လူတွေ ဆိုရင် ကောင်းတဲ့ အကြံအစည် ကိုရမယ် ။ အဲဒါကြောင့် ပညာရေးကိုဖွင့်ရမယ် လို့ပြောတာ ..

  • တွတ်ပီ

    March 10, 2012 at 1:06 am

    ချစ်ရင်ထူး မင်းပြောချင်တာကို ငါ သိလို့ ဝင်ပြောလိုက်ဦးမယ်…
    အဲလောက်ကြီး မပြောနဲ့ကွ ..
    မင်းပြောတာမှန်တယ် ပညာရေးကို ပိတ်ထားလို့ လူတွေ အသိပညာ မတိုးတာ ၊ ပညာမတတ်တော့ ဘာမှလုပ်လို့မရဘူးလေ.. ငြိမ်ခံ နေရတာ.
    ခုဆိုရင် မဲတောင်မပေးတတ်တဲ့လူတွေ အများကြီး…
    မဲသာပေးတာ ဘာမှန်းမှ မသိတာတွေအများကြီးပဲ…
    အဲဒီလိုဖြစ်အောင် လုပ်ထားတာက နှစ် 40 လောက်ရှိနေပြီလေ အကျင့်ဖြစ်နေပြီ .. ပြန်ပြင်မယ်ဆိုရင် တော်တော်လေး ကိုမလွယ်ဘူး …
    အရှင်းဆုံးပြောမယ်ကွာ ဒီမိုကရေစီ ပေးပြီပဲထားဦး လူ့အခွင့်အရေး ကိုမှ အကုန်လုံးနားမလည် ၊ ဥပဒေ မသိ ၊ အဲဒါဆိုရင် အလကားပဲ ။ မျောက်အုန်းသီးရ ပဲ ဖြစ်မှာပေါ့ ကျွန်တော် တို့ချည်းပဲ သိနေလို့ မရဘူးလေ ။ တစ်နိုင်ငံလုံးက သိမှ ဖြစ်မယ့် ကိစ္စလေ ။
    ခု ဆို အောက်ခြေမှာ ဘာတွေဖြစ်နေပြီလဲ …
    ရပ်ကွက် အုပ်ချုပ်ရေးမှူး လိုလူကတောင် ဘယ်လိုတွေ ဖြစ်နေပြီလဲ …
    ဟိုတစ်ခါ ဘယ်သူ့ ပိုစ့်လဲ မသိဘူး ဖတ်လိုက်ရသေးတယ်
    လာဘ်ပေး လာဘ်ယူ ကိစ္စ..
    တိုင်မယ့်သူ မရှိဘူးလေ ဘာလို့ ဖုန်းနံပါတ် ပေးထားရတာလဲ ..
    တရားခံက တရားသူကြီးကို ပေးတာ
    ထောင်ငါးနှစ်ကျ မှားစိုးလို့ 5 သိန်းပေးလိုက်တာ တစ်နှစ်ပဲ ကျတော့တယ်လေ
    အဲဒီကောင်က တိုင်ပါ့မလား
    တရားလို ဘက်ကရော …
    တရားလိုမသိအောင်ပေးတာလေ ဘယ်လိုသွားတိုင်မလဲ
    အထက်ရုံးထိအောင် ပေးထားပြီးသား
    တိုင်စရာမှ မလိုတာ..
    ကျေနပ်လို့ပေးတာလေ
    တရားလိုက တိုင်ချင်တဲ့နေရာသွားတိုင်လေ
    ဆောရီး လို့ပြောလွှတ်လိုက်မှာပေါ့
    ချစ်ရင်ထူး မင်းပြောချင်တာအဲဒါလေ
    တရားဥပဒေ ရဲ့ အကာအကွယ် (အစောင့်အရှောက်) ကိုမရတော့ဘူးလေ
    လူ့အခွင့်အရေး ဆုံးရှူံး တယ် ဆိုတာ အဲဒါကိုခေါ်တာ
    နောက်ဆို သိပ်မပြောနဲ့တော့
    မောရုံပဲ ရှိမယ်
    ငါလည်း မပြောဖြစ်အောင် နေမယ်…

Leave a Reply