iPad မျိုးဆက်အသစ်ပြီးရင်း အသစ်

ပိုမိုပါးလွှာပြီး အမြင်အာရုံခံစားမှု အလွန်ကောင်းမွန်စေမည်ဖြစ်ကာ မြန်နှုန်းမြင့်လာမည့် iPad အသစ်ကို Apple က ယနေ့ စတင်မိတ်ဆက် ပွဲထုတ်လိုက်သည်။ ဆန်ဖရန်စစ္စကိုရှိ Yerba Buena Center for the Arts ပြုလုပ်သည့် သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲတွင် ၎င်းတို့၏ iPad အသစ်ကို မိတ်ဆက် ပွဲထုတ်လိုက်ခြင်း ဖြစ်သည်။
Apple ၏ iPad အသစ်တွင် ယခင် iPad များနှင့် အဓိက ကွာခြားမှုအဖြစ် ပိုမိုပါးလွှာ၍ အမြင်အာရုံခံစားမှု အလွန်ကောင်းစေမည့် display နှင့် အသုံးပြုရာတွင် ပိုမိုမြန်ဆန်စေမည့် CPU တို့ ပါဝင်လာခြင်းပင် ဖြစ်သည်။ iPad အသစ်၏ display ကို “Retina Display” ဟူ၍ Apple က တင်စားပြောဆိုသွားသည်။ iPad အတွက် application အသစ်မျာကိုလည်း မိတ်ဆက်သွားခဲ့သည်။ အသစ်ထုတ်လုပ်လိုက်သည့် iPad ကို “The new iPad”ဟု Apple က သတ်မှတ်ခေါ်ဝေါ်လိုက်သည်။
“The new iPad” ၏ အဓိက အချက်အလက်အချို့မှာ အောက်ပါအတိုင်းဖြစ်သည်။
* Display – ပိုမိုပါးလွှာ၍ အမြင်အာရုံခံစားမှု အလွန်ကောင်းမွန်စေမည့် “Retina Display” ဟု Apple က တင်စားခေါ်ဝေါ်ခဲ့သည်။ Resolution မှာ 2048 X 1536 ဖြစ်သည်။
* CPU – A5X (quad-core chip)
* Connectivity – 4G LTE network (AT&T နှင့် Verzion network တို့တွင် သုံးနိုင်သည်)
* Camera – 5-megapixel
* အသံကို မှတ်သားထားနိုင်သည့် လုံခြုံရေးစနစ် voice dictation ပါဝင်မည်ဖြစ်ပြီး အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်နှင့် ဂျပန် ဘာသာများဖြင့် အသုံးပြုနိုင်သည်။
* Storage ပမာဏအလိုက် အမေရိကန်ဒေါ်လာ ၄၉၉ မှ ၈၂၉ အတွင်း ကျသင့်မည်ဖြစ်ပြီး ကြိုတင်မှာကြားဝယ်ယူမှုကို မတ်လ ရ ရက်တွင် စတင်လက်ခံပြီဖြစ်ကာ မတ်လ ၁၆ ရက်တွင် တရားဝင်ရောင်းချသွားမည်ဖြစ်သည်။
By: Planet Myanmar Network
မနှစ်က ကျနော်ဝယ်တော့ iPad 16GB ကို(၅၄၀၀၀ဝကျပ်)ပါ။ကျနော်ဝယ်ပြီး သုံးလလောက်
နေတော့ ipad-2ထွက်လာပြန်ရော။ခုတခါ iPad -3 နောက်သုံး၊လေးလခြားပြီး နိုင်ဝင်ဘာလမှာ
iPad -4ထွက်လာမယ်ပြောနေပြန်ပီ။ဟူးးးးးးး
ရုပ်ဝတ္တုပစ္စည်းတွေနောက် လိုက်မယ်ဆိုရင်လဲ တခါမှ ဆုံးတော့မည်မထင်ပါ။ဒါပေမယ့် လိုချင်မိတယ်။

19 comments

  • inz@ghi

    March 8, 2012 at 11:39 am

    ပလန်းနက် ကအချက်အလက်ကလေး နည်းနည်း လွဲ သလိုဖြစ်နေတာ
    ဖြည့်ပါရစေချင့်….

    ငါအပြားကြီးအသစ် ဟာ ငါအပြားကြီး-၂ထက်
    ပိုမို ပါးလွှာတယ်ဆိုတာ မဟုတ်ပါ..
    နည်းနည်း ပိုထူပြီး
    နည်းနည်း ပိုလေးသွားတာပါ..

    ငါအပြားကြီးအသစ်
    Height: 9.50 inches (241.2 mm)
    Width: 7.31 inches (185.7 mm)
    Depth: 0.37 inch (9.4 mm)
    Weight: 1.44 pounds (652 g)

    ငါအပြားကြီး-၂
    Height: 9.50 inches (241.2 mm)
    Width: 7.31 inches (185.7 mm)
    Depth: 0.34 inch (8.8 mm)
    Weight: 1.33 pounds (601 g)

    စီပီယူ ကိစ္စကလည်း လွဲပါတယ်…
    CPU – A5X (quad-core chip) မဟုတ်ပါ
    dual core ပဲဖြစ်ပါတယ်…။
    CPU ထဲက GPU လို့ခေါ်တဲ့ ဂရပ်ဖစ် ပရောဆက်ဆင်း ယူနစ် ကသာ
    ကွက်ကိုး ဖြစ်သွားတာပါ
    ငါအပြားကြီး-အသစ် ဟာ ငါအပြားကြီး-၂ ထက်
    ဂရပ်ဖစ်ပိုင်း အရင်ထက် ၂ဆမြန်မယ်လို့ ဆိုပါတယ်…
    http://thenextweb.com/apple/2012/03/07/apples-new-ipad-a5x-processor-dual-core-processor-quad-core-graphics/

    တီဂရာ ထက် အေဖိုက် ၂ဆမြန်ပြီး အေဖိုက်ထက် အေဖိုက်အိပ် က ၂ဆမြန်တဲ့အတွက်
    တီဂရာထက် ၄ဆ မြန်တယ် ဆိုပါတယ်…

    အားဖြည့်သွားပါတယ် ကို သန်းထွဋ်ဦးရေ ….

  • ဟုတ်တာပေါ့ ကိုဂီရေ…..ဒါကြောင့်လဲ Apple နဲ ့ဆိုရင် သူကြီးက ကိုဂီကိုညွှန်းတာကိုးဗျ။
    ကျေးဇူးနော် ကိုဂီ။နာမည်ပေးတာမိုက်လှချည့် ကိုဂီ“ငါအပြားကြီး”တဲ့။ဟီးး

  • koaung

    March 8, 2012 at 2:25 pm

    မြန်မာဖွန့်ဒေါင်းလို့ရရင်စိတ်ဝင်စားတယ်ဗျာ ဒေါင်းလို့ရရင်ကျောကျပါဗျိုး

  • koaung

    March 8, 2012 at 6:17 pm

    ကျေးကျေး ဝယ်ဖို့ဆုံးဖြတ်လိုက်ပြီ :mrgreen:

  • koaung

    March 8, 2012 at 7:45 pm

    ၁ကထဲကဝိတ်နေတာမဝယ်ဖြစ်သေးဘူး ၃ကိုဝယ်မယ်စဉ်းစားနေတာ HTC ဖုံးနဲ့လဲသုံးနေလို့အစဉ်ပြေနေတာနဲ့

  • inz@ghi

    March 8, 2012 at 7:56 pm

    ကိုသန်းထွဋ်ဦးနဲ့ ကိုအောင်ရေ….
    အမှတ်မှား မှာစိုးလို့ ပြန်ပြောပါရစေနော…
    ပန်းသီးက ရည်းစားဦးဖြစ်ခဲ့ပေမယ့်…
    ကျုပ်က ပန်းသီးပိတ်သတ်မဟုတ်ပါဘူးဗျာ ….
    😀

    ပိတ်သတ် ..မဟုတ်တဲ့အပြင် ပန်းသီး ကိုချဉ်တောင် ချဉ် တဲ့ လူပါ..
    (ဒီရွာထဲ သဂျီးနဲ့ ကျုပ် ပန်းသီးဆို လွှတ်ချဉ်ပေါ ့….)
    ကျုပ်တချို့ ပိုစ့်အဟောင်းတွေ ပြန်ကြည့်ရင် သိမှာဖြစ်ပါကြောင်း..

    သဂျီးကတော့ ကင်းကင်းနေနိုင်ပေမယ့်…
    ကျုပ်ကတော့ ဒီလောကထဲ နေ ဒီအလုပ်နဲ့ ထမင်းစားသူဆိုတော့…
    ကျကျနန ချဉ်လို့ရအောင် ကျကျနန လေ့လာထားရသကိုးဗျို့….
    အာဟိ…

    (ပန်းသီးမကောင်းပြောတဲ့ အရေးအသားတွေ့ရင် …ကျုပ် ကြပ်ပေးသလိုဖြစ်မှာစိုးလို့
    ကြို ဝန်ခံထားရတာဗျို့ …..)

    ကောင်းတာမကောင်းတာကြိုက်တာ မကြိုက်တာကတော့
    ကိုယ့်ဆြာတို့ရဲ့ ပါဆက်ပ်ရှင်းပဲမို့ …. အကြံမပြုလိုကြောင်း…..
    ကျုပ်ကတော့ မကြိုက်လို့ မသုံးပါကြောင်း…
    ရွာသားအချင်းချင်းမို့…. သိတာလေး ရှဲတာသာဖြစ်ပါကြောင်း..

    မောထှာ ..
    ချူးဟိုင်လေး သွားမော့ဦးမှ

    ဒက်ဂလောက်…ဒက်ဂလောက်…

  • koaung

    March 8, 2012 at 8:12 pm

    ဝင်ဒိုးမိုဘိုင်းကိုသုံးလာတာ ၈နှစ်နီးပါးပဲ ပန်းသီးအမ်ပီ၃ ၈ဝဂျီဘီကိုဒေါ့သုံးဘူးတယ် ၅နှစ်သုံးပြီးပျက်သွားတာ ပြင်ဒေါ့ဈေးကြီးလို့မပြင်ပဲဒီအတိုင်းထားတာ (သံဝေဂမရသေးပါ) မြန်မာပြည်ကလူတွေက ပန်းသီးမှပန်းသီးနော်
    မနောက်နဲ့ ကိုယ်ဒို့ထက်ခေတ်မှီလယ် :mrgreen:

  • ရှမ်းပြည်သား (တောင်ပိုင်း)

    March 8, 2012 at 10:22 pm

    ရှမ်းပြည်သားတို့ကတော့ ပန်းသီးအတုပဲသုံးတော့မယ် ဒါပေမယ့်ပန်သီးအစစ်နီးနီးကောင်းပါတယ်။
    အိုအက်စ်ကတော့ အန်းဒရွိုက်ပဲ
    တရုတ်ပန်းသီး တရုတ်ငါအပြားကြီး (ဂီဂိ လေသံဖြင့်) ခုနှစ်သောင်းခွဲပဲ အန်တာနိုက်လဲရတယ် အိမ်သာနက်လဲရတယ်
    သွားအပြာကြီးဖွင့်ထားလည်း အားသိပ်ကုန်ဘူး။
    ဒုတ်ခဲလဲကောင်းတယ်။ ရှမ်းပြည်သားကျောင်းတက်နေတုန်းက ဝိုင်ယာလက်ချိတ်ပြီးအဆောင်မှာတုန်းဖူးတယ်။
    သူနယ်ချင်းတောင်းလို့လှူခဲ့လိုက်တာ ………. ခုလဲနောက်တစ်ပြားထပ်ဝယ်ဖို့စဉ်းစားထားတယ်။
    (မှတ်ချက်။ ။အစစ်ကိုတော့ဘယ်မှီမလဲနော်၊ အလုပ်=ဂျော့ သံမဏိ=စတီး အဆောင်=ဝပ် က လူပါးကြီး
    ရယ် တရုတ်ရန်တော့ကြိုကာလုပ်သွားလေရဲ)

  • အမလေးဗျာ ဟုတ်ပဟုတ် ကန် ့သတ်ချက်တွေများတဲ့ ပန်းသီးကို ကျနော်လဲ
    မကြိုက်ပါဘူး။Android ဒါမှမဟုတ် window phone လေးဘဲကောင်းမယ်
    ထင်တယ်။
    ဒါနဲ ့ဗျာ ကိုယ့်အကိုတွေ စကားတွေမပီကြတော့ဘူးနော်။

  • inz@ghi

    March 9, 2012 at 1:15 pm

    တွေ့သလောက်တော့ လိုက်စိမ်းခဲ့ပါရဲ့ဗျို့ ….

    ပန်းသီး-အပျော့-စက်ရုပ် တို့ဟာ
    အချင်းချင်း သတ်ဖြတ်ပြိုင်ဆိုင်ရင်းနဲ့ပဲ

    ပိုကောင်းတဲ့မနက်ဖြန်ကို ရှိပ်ပ် လုပ်သွားမယ်လို့
    မျှော်လင့် ယုံကြည်ပါကြောင်း….

    ကိုယ်ကြိုက်တာ ကိုယ်အားပေးနိုင် မကြိုက်တာ ဝေဖန်နိုင်ပါကြောင်း
    ခြေခြေမြစ်မြစ်တော့ ရှိဖို့လိုပါကြောင်း …..
    လက်သီးပုန်းအနီကတ်တော့ မီလုပ်သင့်ပါကြောင်း…

    ပန်းသီးကောင်းတာလေး ထုတ်ပြောရရင်ဖြင့်…
    ဘလိတ် ၅ချပ်ပါတဲ့ ပန်းသီးကင်မလာ ဟာ f2.4 ဖြစ်တာကြောင့်
    အတော် အပေါက်ကျယ်တဲ့ ကင်မလာ ဖြစ်ပါကြောင်း
    ၅မဂ္ဂါ ပစ်ဇယ် မို့ လက်တွန့်နေသူများ ရှိခဲ့မယ်ဆိုရင်
    (သူ့အနေအထားနဲ့သူ)အတော်အတန်ကောင်းတဲ့ ကင်မလာဖြစ်တာမို့
    မဂ္ဂါပစ်ဇယ်လ် တခုတည်းနဲ့ ပုံတပုံရဲ့ ခွာလ်ထီ ကို ဆုံးဖြတ်လို့ မရနိုင်စကောင်းပါကြောင်း
    လက်တို့လိုက်ရပါတယ်…

    ခင်တဲ့
    ဂီ

  • အပေါ်က လူတွေကို အားကျလိုက်ပါဘိ …..
    ပန်းသီး စာလုံးချင်းကို ထပ်လို့ ..
    ဂယ်ပဲ … များတို့ကတော့ ပန်းသီး ပြောနဲ့ ..
    ပန်း တောင် ဝယ်ပန်နိုင်သေးဘူးတော်တို့ရေ့ ……. 😀

  • FattyCat

    March 9, 2012 at 5:02 pm

    ကဲ…
    ပန်းသီးအကြောင်းပြောပြန်တော့လဲ…မနေနိုုင်လိုု့ ဝင်မန့်ရသေးတာပေါ့နော်…
    ဟဲ..ဟဲ…စကားအတင်းစပ် အခုု ကော်မန့်ကိုု Macbook Pro နဲ့ Lion ပေါ်ကနေမန့်လိုုက်တာ…
    ပန်းသီးကထုုတ်တဲ့ Hardware တွေလိုု ကောင်းတဲ့ Hardware တွေကိုု တခြား Brand တွေကထုုတ်နိုုင်တယ်
    ဆိုုတာ ကျွန်တော်မငြင်းလုိုပါဘူး…
    အသုုံးရအလွယ်ဆုုံးနဲ့ Stable အဖြစ်ဆုုံး OS ကိုုတော့ ဂီဂီလေသံအတိုုင်းပြောရရင်…
    အပေါ့ရော၊ စက်ရုုပ်ရောက ခြေဖျားတောင်မမီသေးဘူးဆိုုတာတော့ ပန်းသီးပရိတ်သတ်မဟုုတ်တဲ့လူတွေ
    ဝန်ခံရလိမ့်မယ်…

    ခင်တဲ့-
    ကြောင်ဝတုုတ်

    • inz@ghi

      March 9, 2012 at 10:01 pm

      ကိုကြောင်ဖက်ရေ …
      ခုမှ မြင်လို့ ခုမှ မန့်ဖြစ်တာဗျ..
      ညည့် သိပ်နက်နေလို့ …..
      နက်ဖန်မှ ချေပခွင့်ပြုပါဗျာ….

      ကိုယ့်ဆြာ ပြောသွားတဲ့အချက်ကို
      မငြင်းပါဘူး …. for a typical point of view
      အတွက်မှန်သဗျာ ….

      ကျနော်က သို့သော် ဆိုတာရဲ့နောက်ဖက်……အပြင်
      သို့မဟုတ် ဆိုတဲ့ အပိုင်းကိုပါ တူးဆွချင်တာပါ….
      အချိန်နည်းနည်ေးပးပါဗျ…….

      ကျနော့်မှာ ဘဝတွေနဲ့ ရင်းထားတဲ့ case study တချို့ ရှိပါရဲ့….

      ခင်တဲ့
      လေးစားတဲ့
      ဂီ

Leave a Reply