ကံကော်ရာသီရောက်ခဲ့ပြီ

manawphyulayMarch 8, 20122min26020
ကံကော်ပန်းရဲ့အလှ

<img src="https://myanmargazette.net/wp-content/uploads/2012/03/DSCN0324-600×450.jpg" alt="" title="မနောဖြူလေး" width="600" height="450" class=”alignleft size-large wp-image-106854″ />

ဒီအပင်နိမ့်နိမ့်လေးကနေ ကံ့ကော်ပန်းတွေက အမြဲ ပွင့်တယ်လို့ပြောတာပဲ။

20 comments

  • Moe Z

    March 8, 2012 at 3:12 pm

    လှလိုက်တာမမမနောရေ .. ပွင့်ချပ်တွေကအကြီးကြီးပဲနော်
    အနံ့လေးတောင်ရလာသလိုပဲ 🙂

    • manawphyulay

      March 8, 2012 at 3:15 pm

      ဟုတ်တယ် မိုးဇက်ရေ အပင်လေးကလည်းသေးသေးလေးသိလား။ မျိုးလိုချင်တာ အရမ်းပဲ။ သူတို့ဆီမှာလည်း အဲတစ်ပင်ထဲရှိတယ်တဲ့။

      • နွေဦး

        March 8, 2012 at 3:30 pm

        မနောက မျိုးလိုချင်လို့တဲ့
        မျိုးကောင်း မှနော်….
        အပင်သေးသေးလေးနဲ့ ပွင့်မှ
        ရှိရင် ပေးကြပါ….

  • Ma Ei

    March 8, 2012 at 3:30 pm

    တစ်ခက်ထဲမှာ အပွင့်တွေအများကြီးဘဲနော်…
    လှလိုက်တာ…

  • နွေဦး

    March 8, 2012 at 3:34 pm

    မေ့ထားတာလေးတွေ သတိရအောင် လုပ်ရလားမနောရယ်..
    ကံ့ကောတော မှာ ပျော်ခဲ့တဲ့ အကြောင်းလေးတွေ မေ့ထားတယ်ဆိုမှ
    ကံ့ကော်ပန်းလေးပြပြီး လွမ်းအောင်လုပ်ရက်တယ်…ဟင့်…ငိုလိုက်မှာ..

  • Khaing Khaing

    March 8, 2012 at 3:35 pm

    ဓာတ်ပုံလေးရိုက်ထားတာလဲ တော်တော်ကောင်းတယ် ”ပန်းကံ့ကော်ရွေစကားတဲ့” အဲကဗျာလေးကို တောင် အမှတ်ရမိတယ်….ကျေးဇူးပါမမနော…ဘုရားတင်ချင်စိတ်တွေတောင်ပေါက်လာပြီ…….

  • Novy

    March 8, 2012 at 3:50 pm

    မျက်လုံးနဲ့ ကြည့်ပြီး ကံကော် ရနံ သင်းသင်းလေးကို ခံစားလိုက်ပါကြောင်း

  • Rose Minn

    March 8, 2012 at 4:19 pm

    ကံ့ကော်တွေက လှလွန်းလို့ ပန်ချင် မွှေးချင်တဲ့စိတ်ပေါက်တယ်။ သနပ်ခါး နဲ့တောင် ဝတ်ဆံလေးတွေထည့် လိမ်းချင်လာတယ်။ မနောရေ။

  • yaungchikha

    March 8, 2012 at 5:32 pm

    ကံ့ကော်ပန်းတွေက လှလိုက်တာနော်၊ ကျနော်က ကံကော်ပန်းပွင့်ရဲ့ ရနံ့လေးကို အရမ်းကြိုက်တာ၊ ပုံလေးတွေကြည့်နေရင်းနဲ့ ကံ့ကော်နံ့လေးကို ရလာသလိုပါပဲ….

  • ကံ့ကော်အလှ၊ တုမရ …
    နောင်ပွင့်မယ့် တုမရ
    အခု လှတယ်ထင်တဲ့ ကံ့ကော်ပင်မျိုးမှာ
    ပွင့်မယ်တဲ့ဗျာ ..
    ဘယ်လောက်များ ကျက်သရေရှိလိုက်ပါ့ ….

  • aye.kk

    March 8, 2012 at 10:55 pm

    မနောရဲ ့လက်ရာလေးကလည်းလှ
    ကံကော်ပွင့်ကလည်းအရမ်းလှ၍ကူးယူသွားပါသည်။
    အခြောက်ခံထားသည့်ဝတ်ဆံမှုံလေးများအား..
    ယခုလိုနွေရာသီအချိန်တွင်ရှင်မတောင်သနပ်ခါးလေးနှင့်သွေးပြီးရောလိမ်းပါက
    ပါးတွင်အေးမြခါမွှေးလွန်းလှပါသည်၊။(အသားအရေလည်းလှပါသည်)
    အပွင့်ကတော့အခြောက်ခံခါအမှုန် ့ကြိတ်၍တိုင်းရင်းဆေးအတော်များများတွင်ထည့်သွင်း
    ဖော်စပ်ခါအသုံးပြုကြပါသည်(လေဆေး၊ငန်းဆေးဖော်စပ်ရာတွင်အသုံးတည့်ပါသည်)။

  • padonmar

    March 9, 2012 at 12:38 am

    အပင်ငယ်ငယ်လေးနဲ့ အပွင့်ကလည်းလှ အရွက်နုလေးတွေလည်းရှိ ၊
    မနောရေ သွားရေကျအောင်လုပ်လိုက်သလိုပဲ။

    • ဆူး

      March 9, 2012 at 5:36 pm

      အပင် ပုပုနဲ့ ပွင့်တာ ယိုးဒယားမျိုးပါ.. တစ်တောင် သာသာ အပင်လေးကို ၁သောင်း က နေ ၁သောင်းခွဲ လောက်အထိ ဈေးခေါ်ပါတယ်။ အိမ်မှာ စိုက်ထားရင်းနဲ့ ၆လလောက် ကြာတဲ့ အခါမှာတော့ အပွင့်တွေ က ဆက်တိုက် ပွင့်လာတတ်ပါတယ်။ အိမ်က အပင်ကတော့၃လ တခါ တပင်လုံးပွင့်တယ်။ တပင်လုံး ပွင့်ရင် အပင် တပင်တည်းမှာတင် တနေ့ကို အပွင့် ၁၀ဝကျော် ပွင့်ပါတယ်။ အဖူးတွေ ဆက်တိုက် ဆက်တိုက် ပွင့်ရင်းနဲ့ ၁လလောက်ကို နေ့တိုင်းပွင့်ပါတယ်။

  • snow white

    March 9, 2012 at 1:14 pm

    ပန်းပွင့်ကတော်တော်ကြီးတယ်နော် ညီမအိမ်ကဘုရားစင်မှာတောင်ကပ်ချင်တယ် တော်တော်လေးလည်း လှတယ် အပွင့်ကလည်းကြီးတယ်နော် အနံ့ဆိုရင်တော့ပြောမနေနဲ့တော့ တော်တော်လေး မွှေးနေမှာဘဲနော်

  • ရွာစားကျော်

    March 9, 2012 at 8:16 pm

    တို့ရုံးရှေ့မှာလည်း ကံ့ကော်တွေ ပွင့်နေတာ အများကြီးပဲ
    အပင်နိမ့်နိမ့်လေးတွေနဲ့ပွင့်တော့ အားပေးလိုက်ကြတာလဲ အရမ်းပဲ

  • MaMa

    March 9, 2012 at 9:47 pm

    ကံ့ကော်ပန်းကို ကြိုက်ပေမယ့် ကံ့ကော်ပင် အပင်ကြီးတွေပေါ်မှာ ပွင့်နေတာတွေ့ဖူးတော့ အပွင့်လှသလောက် အပင်မလှဘူးလို့ ထင်မိတယ်။
    ခုလို အပင်ပုလေးမှာ ပွင့်နေတာ ရိုက်ပြတော့လည်း လှသား။

  • wine pyae

    March 12, 2012 at 1:43 pm

    တီချယ်ရေ……ကံ့ကော်ပန်းလေးက အရမ်းလှတာဘဲ။ရန်ကုန်မှာရိုက်တာ မဟုတ်ဘူးထင်တယ်နော်
    ဆိုင်ကယ်မြင်နေရသလားလို့။ တီချယ်ရော ကံ့ကော်ကြိုက်လားဟင်……….

  • a me

    March 12, 2012 at 5:26 pm

    အရမ်းကြိုက်တယ်

  • a me

    March 12, 2012 at 5:34 pm

    အေမီ ကတော့ အရမ်းကြိုက်လို့ ဘယ်ရှုထောင့်က ပဲရိုက်ရိုက် ကြိုက်တယ်

Leave a Reply