မြန်မာ့ဆက်သွယ်ရေးမန္တလေးက ဝန်ထမ်းတွေငွေလိမ်တောင်းနေပါတယ်ဗျို့

ေရႊညာသားMarch 8, 20121min22012

မြန်မာ့ဆက်သွယ်ရေးမန္တလေးက ဝန်ထမ်းတွေငွေလိမ်တောင်းနေပါတယ်ဗျို့

 

အရင်ပေါ် (၁၅)သိန်းတန် GSM တွေကို ဒီလ (၁ – ၃ – ၂၀၁၂ )နေ့မှာ ငွေဖြည့်ကဒ်

စံနစ်ပြောင်းလိုက်တဲ့အတွက် အကုန်အဆင်ပြေပြီဆိုပြီးတော့မှဝမ်းသာနေရာကနေပြီး

ဒီနေ့ ဆက်သွယ်ရေးရုံး မန္တလေးက ဝန်ထမ်းတွေကြောင့် ခံစားခဲ့ရတာကို တင်ပေးလိုက်ပါတယ်။

ဘာကြောင့်လဲဆိုတော့ မနေ့က ( ရ – ၃ – ၂၀၁၂ ) နေ့ကြီး လပြည့်နေတောင်မှ

Message ဝင်လာပါတယ်။ကြွေးကျန်ရှိနေတဲ့အတွက် ( ၁၆ – ၃ – ၂၀၁၂ )နောက်ဆုံးထားပြီး

အကြွေးသွင်းပါရန်ဆိုပြီးမှပါ။ဒီတော့ အဲဒီ့ ဆက်သွယ်ရေး – စောက်ရုံးကိုသွားရပြန်တာပေါ့။

ဒါပေမဲ့ ငွေဖြည့်ကဒ်စံနစ်သုံးမို့ ကြွေးကျန်ပဲဆောင်မယ်ဆိုတာကို ဆက်သွယ်ရေးက

ကောင်မ ( သူများမယားငယ်ခံတဲ့ ကောင်မ )တွေက ကြွေးက ၁ – ထောင်ကျော်ပဲ ဒါပေမဲ့

အနည်းဆုံး ၃၀၀၀ဝ မဆောင်ရင်လိုင်းပိတ်ပစ်မယ်ဆိုပြီး ပြောပါတယ်။

ငွေဖြည့်ကဒ်သုံးနေတာဆိုတော့လည်း မရဘူး။မသွင်းရင် လိုင်းပိတ်မယ်လို့ပြောပါ

တယ်။ဒီတော့ Mandalay Gazette မိသားစုဝင်တွေစဉ်းစားကြည့်ပါ။

ငွေဖြည့်ကဒ်စံနစ်ပြောင်းတာကို နောက်မှ ကြွေးစာရင်းရှင်းပြီးအကုန်လုံး ( ဇန်နဝါရီ +

ဖေဖော်ဝါရီအတွက် ) ပေါင်းတောင်းရင်ရရဲ့သားနဲ့ မပေးသွင်းလိုင်းပိတ်မယ်ဆိုပြီးတော့မှ

မာရေကျောရေနဲ့ဆက်ဆံပါတယ်။

တိုင်မယ်ဆိုတော့လည်း ဝန်ထမ်းတွေကို အရေးယူခြင်းမရှိပါဘူး။တိုင်ချင်ရာတိုင်

ဆိုတဲ့သဘောနဲ့ပါပဲ။

ဆက်သွယ်ရေး က အရေးမယူရင် ဝန်ကြီးချုပ်က တစ်ဆင့် နေပြည်တော်အထိ တိုင်ကြားပါ့မယ်။

အမြန်ဆုံး ပြည်သူကိုမချေမငံဆက်ဆံတဲ့ ဝန်ထမ်း ( ငွေသွင်းကောင်တာက ကောင်မ)

တွေကို အရေးယူပေးပါရန်နှင့်

ဖုန်းဘီလ် ကျသင့်ငွေ (  Call စာရင်း ) ပြန်လည်ထုတ်ယူခွင့်ကို အလွယ်တကူ

လျှောက်လွှာထုတ်ယူခွင့်ကိုလည်း လွယ်ကူအောင်ဆောင်ရွက်ပေးစေချင်ပါတယ်။

ဘာကြောင့်လည်းဆိုတော့ အရင် ၁၅ – သိန်းတန် GSM တွေဟာအလွန်နစ်နာနေတဲ့

အပြင် လိုင်းပွားခြင်း ( ဆက်သွယ်ရေးကသာလုပ်လို့ရတဲ့ အဆင့် ) ခံနေရပါတယ်။

သာမန်ပြည်သူတွေက လိုင်းပွားသုံးလို့မရနိုင်ပါဘူး။လုပ်လဲ မလုပ်တတ်ပါဘူး။

ဒါကို Billing List ကိုထုတ်ယူခွင့်ကိုလည်း ဆက်သွယ်ရေးပွဲစားမှတစ်ဆင့်သာ ထုတ်လို့ရအောင်လုပ်ထားပါတယ်။

လွယ်လွယ်ကူကူထုတ်လို့မရနိုင်အောင်လျှောက်လွှာကတစ်ဆင့် ကန့်သတ်ထားတာပါ။မယုံရင် သွားလုပ်ကြည့်လေ။

လျှောက်လွှာတောင် ဝယ်မရစေရဘူး။

၁၅ – သိန်းဖုန်းတွေဟာ နောက်ပေါ်တဲ့ ၅ – သိန်း GSM , CDMA တွေလောက်တောင်

Connection နဲ့ အဆင့်မရှိအောင် နှိမ်ခံနေရတာပါ။

နစ်နာမှု့ကိုလည်း ဘာမှလှည့်မကြည့်ပါဘူ။ခံပေရော့ပဲ။

ပြည်သူတွေကို လိမ်စားနေတဲ့ စောက်ဆက်သွယ်ရေးကို အကုန် ဝိုင်းပြီးတိုက်ဖျက်ကြပါစို့။

 

ရွှေညာသားအနေနဲ့  စစ်ကိုင်းတိုင်း ကသာမြို့ က လာဘ်စားတဲ့ တရားသူကြီးမ ဒေါ်နွဲ့နွဲ့ဝင်း  နဲ့

ယခင် မယက ဗိုလ်ကြီးမင်းအောင် ( ယခု ခရိုင်အုပ်ချုပ်ရေးမှူး ) တွေအကြောင်းကို  Mandalay Gazette မှာရေးပြခဲ့တုန်းကလည်း

သူတို့ကတော့ နေသာသပလေညာကပါပဲ။

ရောက်လေရာမြို့တွေမှာ စားနေဆဲ ( မသဒ္ဒါရေစာပေါ့ ) ။ ခွေးငတ်နဲ့ ဝမ်းပျက်ကောင်တွေ့သလိုပေါ့။

ဒီလိုအကျင့်ပျက်ဝန်ထမ်းတွေကြောင့် ပြည်သူတွေခံစားနေရတာတွေများနေပါပြီ။

မတတ်နိုင်ရင်တော့ DVB , BBC and VOA တွေမှာရော  သတင်းအနေနဲ့ထည့်သွင်း

ပြီးသမ္မတကြီးဆီအထိပါစာတင်ပြီး အရေးယူစေချင်လှပါပြီ။ပြည်သူကျွေးတာစားပြီးပြည်သူတွေ

ကို ခြိမ်းချောက်နေတဲ့ အကျင့်ပျက် ( တရားသူကြီးမ နွဲ့နွဲ့ဝင်း ၊ အုပ်ချုပ်ရေးမှူးမင်းအောင် – ယခင် ကသာမြို့နယ် မယက နှင့် ခရိုင်အုပ်ချုပ်ရေးမှူး )

“ ဆန္ဒခံယူပွဲမှာ အတင်းကြိုတင်မဲ ကောက်ခံခဲ့သူ မ.ယ.က ဖြစ်ပါတယ်”

တို့လို ( ယခုဆက်သွယ်ရေးကောင်မတွေလိုမျိုးတွေကိုပါ ) အမှန်တကယ်အရေးယူစေချင်ပါတယ်။

ဒါတွေကို ပြည်သူတွေရဲ့ကိုယ်စား Mandalay Gazette ဝင်တွေသိအောင်တင်ပြပေးတာပါပဲ။

မန္တလေး ဆက်သွယ်ရေး  အနေနဲ့အရေးမယူရင်

စာတိုက်နှင့်ကြေးနန်းဝန်ကြီးဋ္ဌာနကိုပါ မန်းဂေဇက်ဝင်တွေကိုယ်တိုင် ပူးပေါင်းတိုင်ကြား

ကြရအောင်ပါ။ရွေးကောက်ပွဲမှာမဲမရအောင်များ တမင်လုပ်နေလေသလား ဝန်ထမ်းတွေရယ်။

ငွေသွင်းကောင်တာက ကောင်မတွေကိုအမြန်ဆုံးအရေးယူပေးပါရန်။

 

မန်းဂေဇက်ကိုချစ်တဲ့

ခရီးသွားနေတဲ့ –  ရွှေညာသား

 

 

 

 

 

 

 

 

 

 

 

 

12 comments

  • zawmyothu

    March 8, 2012 at 5:42 pm

    ကျွန်တော်လဲ အစ်ကို. လိုပါပဲ 7-3-2012 က မက်ဆေ.ရောက်လာပါတယ်။
    အကြွေးကျန်တဲ. အတွက် ၁၆ – ၃ – ၂၀၁၂ နောက်ဆုံး ဘေ လာဆောင်ပါတဲ.ဗျား။ သွင်းထားတာ ဘယ်လောက်မှ မကြာသေးဘူး 09-20 နဲ. စတဲ. ဖုန်းတွေ အကုန်ပို.တာလားမသိဘူးဗျ။ နည်းနည်းတော. ထူးဆန်းတယ်ဗျာ။

  • ကိုရွှေညာသားရေ……

    ဆက်သာလုပ်ပါဗျာ။အားပေးနေပါတယ်။ခုလို အကျင့်ပျက်ဝန်ထမ်းတွေ
    ကိုထိရောက်အောင် အရေးယူပေးဖို ့တောင်းဆိုရမှာ တိတိကျကျသာ
    ဆော်ပါဗျာ။

  • windtalker

    March 8, 2012 at 7:54 pm

    ဆက်ကြိတ်စေလိုပါတယ် ရွှေညာသားရေ ။
    ဘရာဗိုး ။

  • MTY

    March 8, 2012 at 8:01 pm

    အားပေးတယ်။တိုင်သာတိုင်ကိုယ့်လူရေ။
    နံမည်ပါထည့်ဗျာ၊အကူအညီလိုရင်အော်လိုက်ဗျို့။

  • TTNU

    March 8, 2012 at 9:18 pm

    ရွှေညာသားရေ…
    နာမည်ပါစုံစမ်းပြီးဓာတ်ပုံလေးနဲ့ တင်ပါ့လား။
    ဒါမှ ဖြုံသွားမှာ။

  • ဇွဲမာန်(အင်းဝ)

    March 8, 2012 at 10:43 pm

    ရွှေညာသားရေ…
    များများသာဆော်ဗျ ဒါမှမှတ်မှာ

  • htet way

    March 9, 2012 at 10:27 am

    ဆက်ရေးပါ ဖြစ်နိုင်ရင် အယ်ဒီတာပေးစာပါတဲ့ ဂျာနယ်တွေမှာရေးပါ
    နောက်မဆုတ်နဲ့ ကိုကံချွန် အဲ …ကိုရွှေညာသား

  • etone

    March 9, 2012 at 3:10 pm

    ရွှေညာသားရေ … တင်းတာကတော့ … တင်းတာပေါ့နော် … ဒါပေမယ့် …အများသူငါ ဖတ်နေတဲ့ စာတစ်ပုဒ်ထဲ ကိုယ့်အရေးသားပြင်းပြင်းပျပျတွေ ထည့်မရေးစေချင်ပါဘူး … ။

    မတရားတာမျိုး … အကျင့်ပုပ်တာမျိုး .. လက်တလုံးကြားလိမ်တာမျိုးဆို .. ကျွန်မလည်းကြည့်မရပါဘူး … ။ ကိုယ့်လို တခြားလူတွေမဖြစ်စေချင်တဲ့ စေတနာနဲ့ရော ၊ သူတို့လုပ်ရပ်လူသိဖို့အတွက်ရေးတယ်ဆိုတာ … ဖြစ်လည်း ဖြစ်သင့်ပါတယ် …. ။ ရေးလည်း ရေးသင့်ပါတယ် …… ။

    သူတို့နဲ့ ထိုက်တန်တဲ့ စကားလုံးတွေ သုံးထားပေမယ့် …. ဖော်ဝေါ့ဒ်လုပ်ပြီး ရှဲပေးမယ့်… စိတ်ကူးတော့ … နည်းနည်း တွန့်သွားမိတယ် …. ။
    ဆက်သွယ်ရေးကလူတွေ မန္တလေးဂေဇက်မဖတ်မိလျှင် ကိုယ်ရေးတာပဲ အဖတ်တင်တော့မယ် … ဒီတော့ …. အရာရှိနဲ့ ထိပ်တိုက်သွားတွေ့ပြီး ကွန်ပလိန်းတင်တာက ပိုပြီးထိရောက်မယ်လို့ ထင်ပါတယ် … ။ 🙄

  • Diamond Key

    March 9, 2012 at 4:56 pm

    ငွေသွင်းကောင်တာဝန်ထမ်းတွေရဲ့ နောက်ဆုံးပေးတဲ့ ဒုက္ခတွေပေါ့ ရွှေညာသားရေ။
    ကျွန်တော်လည်း နောင် ဒီလို ဒုက္ခတွေနဲ့ လွတ်အောင် ကဒ်စနစ်ကို ပြောင်းလိုက်တယ်ဗျို့။
    ကျွန်တော်လည်း ရုံးတွေရောက်တိုင်း ကောင်တာနောက်မှာ ထိုင်နေတဲ့ သူတွေပေးတဲ့ စိတ်နာမှုတွေ ရနေတတ်ပြီး ခေတ်အပြောင်းကို မျှော်နေတာပါဗျာ။ လွတ်တာတွေလည်း ရှိလာပါပြီ။ ဥပမာ ဘဏ်လုပ်ငန်းဆိုရင် ရှောင်နိုင်သလောက် ကင်းအောင်နေလို့ရပြီ။ မီးရထားလက်မှတ်မဝယ်ပဲ ကားနဲ့ သွားလို့ ရတဲ့ ခရီးတွေ ရှိလာပြီ။ အားလုံးတော့ တစ်နေ့တော့ လွတ်တော့မှာပါဗျာ …………

  • အာဖျံကွေး

    March 10, 2012 at 8:30 am

    အမလေးတော့ ရွှေညာသားရယ် ရိုးလိုက်တာဂျာ
    သဒို့ဂ လူလိမ် ဖိုးတွမ်တီးတွေလေ ဂျာ
    လိမ်ဦးမှာ လိမ်ဦးမှာ တိလား… ခိခိ

  • shwe tallatr

    March 12, 2012 at 10:46 am

    ဟုတ်တယ်ဗျို့ ရွှေညာသားရေ ဆော်သာဆော် ကျုပ်တို့နယ်မြို့တွေမှာလဲလိုင်းဖုန်းတွေကို ပွားပြီးတောာရွာတွေကိုချပေးနေတာသိ့ထားတယ်ဗျ ဖုန်ဘီကိုလဲမူလပိုင်ရှင်ကသာကျခံနေရတယ် လုံဝမပြောဘဲ 3 လလောက်ပိတ်ထားတဲ့ဖုန်းကို ဖုန်းဘီ 30000 လောက်ကျနေတာ သူတို့ရဲ့မူမမှန်မှုတွေဘဲ ကောစာရင်းတောင်းတော့လဲဟိုလိုဒီလိုနဲ့ဗျ စီဒီနဲ့ထုတ်ရမှာဆိုပြီး 5000 တောင်းတယ်ဗျ စီဒီထွက်လာတော့လဲ ဖုန်းပိုင်ရှင်လုံးဝမခေါ်ထားတဲံနံပတ်တွေပါလာတယ်ဗျ သူတို့ကိုပြောတော့လဲ ခေါ်လို့ပါတာပေါ့ဆိုပြီးအခြေအတင်ဖြစ်ရတယ်ဗျာ ဖုန်ပိုင်ရှင်သူငယ်ချင်းက နေပြည်တော်အထိ့တက်တိုင်လိုက်တာ ဘီ တဝက်လောက်သက်သာသွားတယ်ဗျ သူငယ်ချင်းလုပ်ချင်တယ်ဆိုရင် ဘယ်လိုလုပ်ရတယ်ဆိုတာစုံစမ်းပေးမယ် နောက်မဆုတ်နဲ့ဗျာ လိုအပ်ရင် ဂေဇက်ရွာသားတွေပါစစ်ကူတောင်းရအောင်

  • ဖိုးထောင်

    June 23, 2012 at 1:54 pm

    အားပေးနေပါတယ် ကိုရွှေညာသားရေ ပြည်သူအများခံစားနေကြရတာပါ

Leave a Reply