ကနဦးတပ်ဆင်ခ တဲ့ဗျာ…

နွေဦးMarch 8, 20121min1506

ဖုန်းစဘော် တင်ထားတဲ့ငွေတွေ ပြန်မပေးရင်..
ဘာညာ ဘာ ညာ ဆိုတာတွေကြားတော့ ဒီငတိ တွေ
ဘာလုပ်မလဲလို့ ကြည့်မိ တွေးမိသေးတယ်

၁၅ သိန်းဂျီ ကိုင်ဆောင်သူအချို့ ဆက်သွယ်ရေးသို့ ဖုန်းအပ်ပြီး ငွေပြန်ထုတ်ပေးရန် အရေးဆိုမည်

၁၅ သိန်း ၅ သောင်းGSMဖုန်းကိုင်ဆောင်သူ အချို့ကဖုန်းများ ပြန်လည် အပ်နှံပြီး

ငွေပြန်လည် ထုတ်ယူ နိုင်ရန်အတွက် အရေးဆိုသွား မည်ဟု သတင်းရရှိသည်။
”ကျွန်တော်တို့ စတင်သုံးစွဲဖို့ လျှောက်ထားကတည်းက ဂျီ အက်(စ်)အမ် ဖုန်းလိုင်း

ငှားရမ်းခွင့် ဆိုပြီး လျှောက်ထားခဲ့ရတာပါ။ ဒါကြောင့် အခုအချိန်မှာ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းကို

ပြန် လည်အပ်နှံပြီး ကျွန်တော်တို့ငွေကို ပြန်လည်ထုတ်ယူဖို့ ဆောင်ရွက်တာ ပါ။

ပြန်လည် လက်ခံပေးဖို့ အတွက်လည်း ကိုင်ဆောင်သူအချို့ နဲ့ ပူးပေါင်းပြီး အရေးဆိုမှုများ ပြုလုပ်သွားမှာပါ”ဟု

ပြန်လည် အပ်နှံရန် စီစဉ်နေသူ တစ်ဦးက ပြောသည်။
လက်ရှိတွင် ယင်းဖုန်းနှုန်းထား မှာ ယခင်ဈေးနှုန်းထက် ၁၃ သိန်း ကျော်ခန့်တန်ဖိုးလျော့ကျ လျက်ရှိ သည်။
အဆိုပါသတင်းများနှင့် ပတ် သက်၍ မြန်မာ့ဆက်သွယ်ရေးလုပ် ငန်း အကြီးတန်းအရာရှိတစ်ဦးက ”ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

အရင် တုန်းကကားတစ်စီးသိန်းတစ်ထောင် ကျော်ပေးပြီး ဝယ်ခဲ့ရတယ်။ အခု အဲဒီဈေးနဲ့ ပြန်ရောင်းလို့ရ လား။

သူ့ခေတ်နဲ့သူ့ဈေးဆိုတာ ရှိပါတယ်။ လုံးဝဖြစ်နိုင်ခြေမရှိပါဘူး” ဟုပြော သည်။
မြန်မာ့ဆက်သွယ်ရေးလုပ် ငန်း ၏ ဂျီအက်(စ်)အမ် မိုဘိုင်းဖုန်းများ ငှားရမ်းသုံးစွဲခွင့် စာချုပ်ထဲတွင်

ပါဝင် သည့်အချက်များအား သိရှိစေပြီးမှ သာလျှင် ငှားရမ်းသုံးစွဲခွင့် ပြု ခြင်းဖြစ်ကြောင်း

မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ သိရသည်။
ယင်းစာချုပ်ထဲတွင် ငှားရမ်းသုံး စွဲသူအနေနှင့် လျော်ကြေးတစ်စုံ တစ်ရာ ဖြစ်စေ၊

ငှားရမ်းခပြန်လည် ထုတ်ပေးရန်ဖြစ်စေ တောင်းခံ ပိုင်ခွင့်မရှိဟု ပါရှိကြောင်း

မြန်မာ့ ဆက်သွယ်ရေးမှ သိရသည်။

အခုတော့ လူလည်တွေ အခေါ်အဝေါ်တွေ
ပြောင်းနေပြီ..အရင်က စဘော်ငွေ (Deposit)
ဆိုပြီး စာချုပ်ချုပ် ခဲ့တာ..
ခုတော့ ငှားရမ်းခ တဲ့…တောင်းခံပိုင်ခွင့်မရှိတဲ့..
နောက်ဆုံးတမျိုးထပ်ပြီးသုံးတဲ့ စကားလုံးက
ကနဦး တပ်ဆင်ခ     ပါတဲ့ဗျား
ပြန်ရဘို့တော့ မရှိ ဘူး ထင်ပါရဲ့…

လုပ်ကြပေါ့…ရှင်တို့က……

6 comments

  • htoosan

    March 8, 2012 at 4:31 pm

    လိုချင်တုန်းက လောဘတွေတက်ပြီး ငါကွ ဆိုပြီး ယူခဲ့ ကြတာ ..
    မရ အရ ဟိုလှု့ကပ် ဒီလူ့ကပ် ရအောင်လုပ် ကြ ။ ဖုန်းလေးတွေ ခါးကြားထိုး ပြီး လူမမြင် မြင်အောင် လုပ်ခဲ့ ကြ ။ ခု မှ ဘာမှားပါပြီလဲ .. 😀

    ဆက်သွယ်ရေးက သနားလို့နော်.. ဟင်းဟင်း ..စည်းကမ်းအတိုင်းသာလုပ်ရင် အများကြီး ကွိကြဦးမယ် ။
    ဥပမာ…
    ၆။ ဌာန အနေနှင့် ဆက်သွယ်မှုကို အချိန်မရွေးဖြတ်ထားနိုင်သည် ။ ၎င်းအပြင် ငှားရမ်း အသုံးပြုသူများအား သတ်မှတ်ပေးထားသည့် နံပါတ်ကို အချိန်မရွေး ပြောင်းလဲနိုင်သည်။

    ၈။ ငှားရမ်းအသုံးပြုသူ အနေနှင့် တစ်ဆင့်ငှါးရမ်းခြင်း ၊ အခြားသူများအား ရောင်းချခြင်း၊ အခြားနည်းဖြင့် လွဲပြောင်းပေးခြင်း စသည်တို့ကို လုံးဝ ခွင့်မပြုပါ ။ စစ်ဆေးတွေ့ရှိပါက လို်င်းပိတ်သိ်မ်းခြင်းခံရမည် ။

    ၁၀။ ဌာနမှ လက်ရှိပြဌာန်းထားသည့် နည်းဥပဒေသ များကို ငှားရမ်း အသုံးပြုသူများက လိုက်နာရမည်။ ငှားရမ်း အသုံးပြုသူက ပြန်အပ်နှံလိုလျှင်လည်းကောင်း ဌာနက အကြောင်းတစ်ခုခုကြောင့် ငှားရမ်း အသုံးပြုသူ၏ အသုံးပြုခွင့်ကို ရပ်စဲလိုလျှင်သော်လည်းကောင်း ဤပဋိဉာဉ်စာချုပ်ကို ရပ်စဲနိင်သည်။ ရပ်စဲသည့် အချိန်တွင် သဘာဝအတိုင်း ဟောင်းနွမ်း ယိုယွင်းခြင်းမှ တစ်ပါး ထုတ်ယူသွားစဉ်က အခြေအနေ အတိုင်း ဝါယာလက်အော်တိုတယ်လီဖုန်းနှင့် ကိရိယာများကို ငှားရမ်း အသုံးပြုသူက ဌာနသို့ ပြန်လည် ပေးအပ်ရပါမည်။ ငှားရမ်း အသုံးပြုသူ အနေနှင့် လျော်ကြေးတစ်စုံတစ်ရာဖြစ်စေ ၊ငှားရမ်း ခပြန်လည်ထုတ်ပေးရန်ဖြစ်စေ တောင်းပိုင်ခွင့် မရှိပါ။

    အားလုံးသော စည်းကမ်းချက်များကို ထပ်ဖြတ်လိုက်တာက …

    ၁၅။ ဤကတိပဋိဉာဉ်စာချုပ်နှင့် ပတ်သက်ရ်ျ အငြင်းပွားမှု တစ်စုံတစ်ရာ ပေါ်ပေါက်ခဲ့ပါလျှင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ ဦးဆောင်ညွှန်ကြားရေးမှုးထံသို့ အမိန့်ချမှတ် ဆုံးဖြတ်ပေးရန် အတွက် တင်ပြရပါမည်။ ၎င်း၏ ဆုံးဖြတ်ချက်သည် သက်ဆိုင်သူများအပေါ်တွင် အပြီးသတ်ဆုံးဖြတ်ချက် ဖြစ်စေရမည်။

    . စည်းကမ်းချက်တွေမှာ သူ အသာ ယူပြီးရေးထားတာဘဲလေ ..

    ၁။ ဌာန က သတ်မှတ်ထားသော ငှားရမ်းခ နုန်းထားများကို ငှားရမ်း အသုံးပြုသူက ဌာနသို့ ပေးသွင်းရန်တာဝန်ရှိပါသည် ။ မည်သည့် အကြောင်းကြောင့်ဖြစ်စေ တယ်လီဖုန်းဆက်သွယ်မှုပ အနှောက်အယှက်ဖြစ်ခြင်းကြောင့် ပျက်စီးခြင်း (သို့မဟုတ်) ဆုံးရှုံးခြင်းစသည်တို့ကြောင့် ဌာနတွင် တာဝန်မရှိစေရပါ။ တယ်လီဖုန်းဆက်သွယ်မှုနှင့် စပ်လျဉ်းသည့် ချို့ယွင်းချက်များကို ငှားရမ်း အသုံးပြုသူက စာဖြင့် ရေးသားပေးပို့သည့် အကြောင်းကြားစာရလျှင် ရခြင်း တတ်နိုင်သမျှ လျှင်မြန်စွာ ဌာနမှ ကြိုးစားရျ်ပြုပြင်ပေးပါမည် ။

    ၁၁ ။ ဆက်သွယ်မှု့ ချို့ယွင်းမှု့ကြောင့် ဆုံးရှုံးမှု့ ပျက်စီးမှု့ တစ်စုံတစ်ရာအတွက် ဌာနတွင် တာဝန်မရှိစေရပါ။

    တရားစွဲမယ် ဆိုတဲ့ သူတွေ လာထား . . .. ဖြတ်ထားလို်က်မှာ မပူနဲ့ ။

    နှစ်သိန်းတန်လဲ ဒီလိုဘဲလာမှာ ။။ သဘောမတူရင် မဝယ်နဲ့နော် … ငါးထောင်တန်စောင့် .. 😀

  • ဟုတ်တယ်ဗျာ။ကိုထူးဆန်းရေ စာရွက်ထဲမှာရေးထားတဲ့
    အချက်အလက်တွေအရ ဆိုရင် ပဋိညဉ်စာချုပ်ကို MPT
    ကခုပြင်၊ခုဖျက်လုပ်လို ့ရတဲ့ပုံနော်။မလွယ်ပါဘူး။မမှန်း
    တော့နဲ ့။ဝေးနေတယ်။

  • Kaung Myat Thu

    March 8, 2012 at 9:43 pm

    အမှန်ပါပဲ။၁၅သိန်းတန်ကို ကိုယ့်သဘောနဲ့ကိုယ်ဝယ်ထားခဲ့ကြတာပါ။ကျွန်တော်လည်း၅သိန်းတန်ဝယ်ထားခဲ့
    တာပဲ။အခု၂သိန်းနဲ့ရတော့မှမကျေနပ်ရင်ဘယ်ဖြစ်မလဲ။ဒါဆိုရင် ၅၀၀ဝတန်ထွက်လာရင်၂သိန်းသမား တွေက အရေးဆိုကြဦးမှာပေါ့။

  • သော်ကြီး

    March 8, 2012 at 10:03 pm

    ဒါကြောင့်ပြောတာ ။ စာချုပ်မယ်ဆိုရင် သေသေချာချာဖတ်ပြီးမှ လက်မှတ်ထိုးပါလို့ ။ အခုတော့ ကောင်းကြ သေးရဲ့လား ရွာသူ/ရွာသားတို့ရေ ။

  • unclegyi1974

    March 8, 2012 at 10:34 pm

    စီးပွားရေးလက်ဝါးကြီးအုပ်တာကိုသူများတွေကအာဏာနဲ့ပြန်ထိန်းတယ်
    ဥပမာမိုက်ကရိုဆော့ကိုတရားစွဲတာမျိုး
    ဒိီမှာကစီးပွားရေးကိုအာဏာနဲ့လုပ်တာဘာနဲ့ပြန်ထိန်းမလဲ
    ထိန်းနို်င်တာပြည်သူပဲရှိတယ်ပြည်သူညီရင်သူတို့ဘာမှလုပ်လို့မရပါဖူး
    သူတို့ဖုန်းတွေမဝယ်နဲ့ ၅၀၀ဝတန်းစောင့်
    ပြောသာပြောတာဘယ်သူမှစောင့်မယ်မထင်
    ဒါကြောင့်
    မင်းတို့ကိုလည်းအပြစ်မတင်…

  • အာဖျံကွေး

    March 10, 2012 at 8:32 am

    ဟိုဒင်းဂျာ
    အဲ့ဂလို ကျောချင်တယ်
    ကနဦး ဖဏ် -င် ခ လို့ ပြောလိုက်တော့မယ် .. ခ်ခ်

Leave a Reply