“လမ်းကျဉ်းကျဉ်း ယာဉ်များများ စည်းမဲ့သော……………….သို့သော်………………….”

1 ဘုရားကြိးအရှေ့မုဒ် လမ်းပြောင်းပြန်စီးလာတဲ့ကား
2ဘုရားကြီးအရှေ့မုဒ်လမ်းပြောင်းပြန်ဝင်လာတဲ့ဆိုင်ကယ်
3 -42လမ်းပေါ်လမ်းပြောင်းပြန်ဝင်လာတဲဆိုင်ကယ် လမ်းမှန်တဲ့သူက ဦးထုပ်မဆောင်း
4လမ်းပြောင်းပြန်ဝင်လာတဲ့ မိန်းမ မောင်းတဲ့ဆိုင်ကယ် 42လမ်းမ
5 လူစည်ကားတဲ့ 84ဈေးချိုလမ်းမ တောင်ကနေမြောက်သွားလို့မရ
5ခ အပေါ်စီးကမြင်ရတဲ့ဈေးချိုလမ်းမ 84လမ်း မြောက်ဘက်ကနေတောင်ဘက်ု်ကိုမြင်ရတာလေ
6 ဈေးချို ရှေ့84လမ်းမ တောင်ဘက်ကနေမြောက်ဘက်ကိုမြင်ရတာလေ
7 မြင်ရတာနဲ့ စိတ်ထဲမှာပြည့်ကျပ်သွားသလိုခံစားရတဲ့လမ်းမ(84လမ်းမ)
8 မဝင်ရဆိုတဲ့ ဆိုင်းဘုတ်ဘေးမှာ လမ်းပေါ်ရပ်ထားတဲ့ကားနဲ့ လမ်းပေါ်တက်ပြီးငှားသူစောင့်တဲ့ဆို်က်ကား
9 ပြည့်ကျပ်ညပ်နေတဲ့ မန်းမြန်မာ ပလာဇာနဲ့ ဈေးချို 27လမ်း 84-85ကြား ဝမ်းဝေး
10 27လမ်းမ ဝမ်းဝေးရဲ မြင်ကွင်းလေးပါ
11လမ်းဆိုပေမယ့် သွားစရာက လယ်ကန်သင်းရိုးလောက်ဘဲရှိတော့တယ်
  “လမ်းကျဉ်းကျဉ်း ယာဉ်များများ                            စည်းမဲ့သော……………….သို့သော်………………….”

 

တစ်ရက်မြို့သစ်က ပြန်လာတော့ ဘုရားကြီးအရှေ့မုဒ် လမ်းကနေပြန်လာပါတယ်။

အဲဒီလမ်းက ဝမ်းဝေးပါ။

အရှေ့ကနေ အနောက်ကို သွားရတဲ့လမ်းပါ။

ဒါပေမယ့် အဲဒီဘုရားကြီးအရှေ့မုဒ်ကို ဝင်စရာ လမ်းက ဒီတစ်လမ်းဘဲရှိပါတယ်။

အနောက်ကနေ အရှေ့ကိုလာမယ်ဆိုရင် ဟိုးမြောက်ဘက်

(42)လမ်းကုန်းကျော်တံတားကနေသွားမှရမှာပါ။

အဲဒါက အနီးဆုံးလမ်းပါဘဲ။

လမ်းကျဉ်းတယ်ဆိုပြီးတော့ ဒီလမ်းကို အရှေ့ကနေ အနောက်တစ်လမ်းမောင်းလုပ်လိုက်ပါတယ်။

အဲတော့ ဝမ်းဝေးချင် ဝေး မဝေးချင်နေ အနီးဆုံးလမ်းကနေဘဲ ပြောင်းပြန်စီးပါတော့တယ်။

42လမ်းလည်းထို့အတူပါဘဲ။

အရှေ့ကနေ အနောက်ကိုဘဲဆင်းလို့ရပါတယ်။

ဒါပေမယ့် ဆိုင်ကယ်ကား စက်ဘီး တော်တော်များများက ဝမ်းဝေးကို ပြောင်းပြန်စီးပါတော့တယ်။

လူတော်တော်များများ က စည်းကမ်းဖောက်တာ မဖောက်တာထက ်လွယ်တာကိုဘဲစဥ်းစားလို့

ပြောင်းပြန်စီးကြပါတယ်။

လမ်းမှားမှား မှန်မှန် အတို်က်မခံချင်တဲ့ကောင်က ဘေးဖယ် ပြောင်းပြန်စီးသူကတော့ ဖယ်မယ်မထင်နဲ့နော် ဆိုတာလိုပါဘဲ။

ကြာတော့လဲ သူများမောင်းတာ ကြည့်ရင်း တစ်လမ်းမောင်းလား နှစ်လမ်းမောင်းလားကို မသိကြတော့တာ အမှန်ပါဘဲ။.

 

နောက်ဝမ်းဝေးတစ်ခုကတော့ ဈေးချိုတော်ရှိတဲ့ 84လမ်းမကို (26ဘီလမ်းနဲ့ 28လမ်း)ကြားကို ဝမ်းဝေးလုပ်ထားတာပါ။

မြောက်ကနေတောင်ကိုဘဲသွားရပါတယ်။

84လမ်းမအကျယ်ကြီးကို တောင်ဘက်ကနေမြောက်ဘက်ကိုတည့်တည့်ကြီးစီးလာ

ယောင်ပြီး 28လမ်းကိုကျော်လိုက်တာနဲ့ အဖမ်းခံပေတော့။

စည်းကမ်းမဲ့တာကိုဗျ။

မဝင်ရ ဆိုင်းဘုတ်ကိုမှ မဖတ်တာကိုး။

ဒါပေမယ့် မန်းလေး ရဲ့ဝမ်းဝေးထုံးစံအရ ကားတွေက ဟိုဘက်ဒီဘက်အပြည့်ရပ်။

ဆိုင်ကယ် ကား ရပ်နားစခန်းတွေလုပ်။

အဲတော့ လမ်းဘယ်လောက်ကျယ်ကျယ် အချိန်တန်တော့ကျဉ်းသွားတာပါဘဲ။

ဝမ်းဝေးလို့သတ်မှတ်ပေမယ့် ကားက နှစ်ထပ်ရပ်။

ဆိုင်ဖွင့်တဲ့သူကဖွင့်။

ငှားမယ်သူ့ကိုစောင်းတဲ့သူကစောင့်။

ပစ္စည်းရပ်တင်တဲ့သူကတင်။

ဈေးချိုတော်နဲ့မန်းမြန်မာ ပလာဇာကြားမှာလဲ ဒီအတိုင်းပါဘဲ။

တစ်လမ်းမောင်းသတ်မှတ်ထားတော့ ရှုပ်ယှက်တွေခပ်။

 

မှားတော့မှားနေတာပါဘဲ။

အဲတော့ပြန်စဉ်းစားရင် စည်းကမ်းဖောက်တဲ့သူရဲ့ အမှားသက်သက်လား။

ဒါမှမဟုတ်ထုတ်ထားတဲ့စည်းကမ်းကဘဲ အများပြည်သူမလိုက်နာနိုင်လောက်တဲ့

စည်းကမ်းဖြစ်နေသလား။

ပြန်စဉ်းစားဘို့တော့ လိုပြီထင်ပါတယ်။

မန်းလေးက ဝမ်းဝေး တွေကို။

 

 

ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ ရလာတဲ့အတွေးပါးပါး။

(7-3-2012)

 

 

 

 

35 comments

  • water-melon

    March 9, 2012 at 8:23 am

    လေးပေါက် ၁ဝ ပုံက ဘယ်ကနေတက်ရိုက်ထားတာလဲ
    တံတားပေါ်ကလား
    လေးပေါက်ရေ one way တွေကတော့ပြောမနေနဲ့ မော်တော်ပီကေမရှိဘူးဆိုဝင်တာဘဲ
    ရှိရင်တော့မဝင်ကြဘူးဗျ။ ဒဏ်ငွေသာကြောက်ကြတာ စည်းကမ်းရှိလားဆိုတော့မရှိ။

    • water-melon

      March 9, 2012 at 9:00 am

      ရပါတယ် ရှင့်
      သမီးက မန်းလေးကိုထုံးလိုမွှေ aရလိုနောက်ထားတာပါ 😆
      ဘဘလိုက်မပို့နဲ့တော်ကြာ သမီးပုံပါလာမှာစိုးလို့ :mrgreen:

  • Zaw Wonna

    March 9, 2012 at 9:15 am

    ယာဉ်စည်းကမ်း အဖောက်ဖျက်ဆုံးမြို့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ပါ။ ဒါပေမယ့် တစ်ယောက်ကို တစ်ယောက် နားလည်စွာနဲ့ မောင်းနှင်ကြတယ်၊ ဆဲဆို ရန်ဖြစ်တာ မရှိသလောက်ပါ။ အက်ဆီးဒင့် ဖြစ်မှာကြောက်လို့ ယာဉ်စည်းကမ်းကို လိုက်နာတာက ရန်ကုန်ပါ။ ဒါပေမဲ့ ကားသမားပါးစပ်က ထစ်ခနဲဆို ဆဲတော့တာပဲ။ အက်ဆီးဒင့်ဖြစ်ပြီဆို ရန်ပွဲကို ရှင်းရတာက အရင်။ လူတိုက်မိလို့ကတော့ ဘေးကလူအုပ်ကလည်း ထုပလိုက်မယ်ဆိုတာချည်းပဲ။ မန်းလေးမှာတော့ ကျနော်ထင်တယ်၊ သက်ဆိုင်ရာကလည်း အချိန်ပေး လေ့လာပြီးမှ ဝမ်းဝေးတို့ ဘာတို့ သတ်မှတ်သင့်တယ် ထင်တာပါပဲ။ လူတွေ လိုက်နာဖို့ ခက်ခဲတဲ့ စည်းကမ်းတွေက လူတွေကို စည်းကမ်းဖောက်ဖျက်အောင် တမင်လုပ်ထားသလို ဖြစ်နေတတ်လို့ပါ။ စည်းကမ်းဖောက်မိပြီ ဆိုတာ ကိုယ့်ကိုကိုယ် သိရင်လည်း ဂုဏ်သိက္ခာကျသလို ခံစားမိတတ်ပါတယ်။ ကိုယ့်ကိုယ်ကို လေးစားစိတ် လျော့သွားရင် နောက်ထပ် စည်းကမ်းဖောက်ဖို့ ဝန်မလေးတော့ပါ။

  • kaung kg16

    March 9, 2012 at 9:27 am

    ယဉ်စည်းကမ်းလမ်းစည်းကမ်း တွေထုတ်ပါရဲ့ ဒါပေမယ့်သက်ရောက်မှုမရှိတာခက်တယ်ဗျ…..အော်….လူတွေလူတွေ…

  • စည်းကမ်းထုတ်သူကလဲ အများပြည်သူ လဲလိုက်နာနိုင်အောင် ဖြစ်လဲ ဖြစ်သင့်တဲ့ စည်းကမ်းမျိုးထုတ်သင့်ပါတယ်။
    ထုတ်ထားတဲ့စည်းကမ်းကိုလဲ ပြည်သူပြည်သားက လိုက်နာသင့်ပါတယ်။
    နောက် စည်းကမ်းကို တကယ်လိုက်နာမူ့ရှိမရှိကိုလဲစောင့်ကြည့်သင့်ပါတယ်.။
    စည်းကမ်းဖောက်ဖျက်တယ်ဆိုရင်လဲ ထိရောက်စွာအရေးယူသင့်ပါတယ်။
    အဲအရေးယူရင်တော့ ကျောသားရင်သား မခွဲခြားရင်အကောင်းဆုံးပေါ့။
    ဒါပေမယ့် ………………………..

    • Zaw Wonna

      March 9, 2012 at 11:17 am

      လိုအပ်သလို အရေးယူတာလည်း လိုအပ်သလို လူတွေရဲ့ အမြော်အမြင်ကြီးမှုလည်း လိုအပ်တယ်လို့ ထင်ပါတယ်။ တိုးတက်တဲ့ နိုင်ငံတွေမှာ ကလေးတွေ စကိတ်စီးတာ၊ စက်ဘီးစီးတာက အစ ဟဲလ်မက် ဆောင်းကြပါတယ်။ တခါတခါ တွေးမိတယ်၊ ငါတို့ မြန်မာတွေ ကိုယ့်အသက်ကို တန်ဖိုးမထားတာလားလို့။ ဟဲလ်မက် မဆောင်းပဲ ဆိုင်ကယ်မှောက်လို့ သေသွားတဲ့ ကျနော့် အသိတွေကို မနည်းပါ။ အားလုံး အရွယ်ကောင်းတွေချည်း။ သူငယ်ချင်း တစ်ယောက်ကတော့ သုံးမရအောင် ဂေါက်သွားတယ်။ ကားမောင်းရင်လည်း ထိုင်ခုံခါးပတ်ဆိုတာ ဘယ်ဆီနေမှန်းမသိ။ လူကြီးတွေကအစ စံနမူနာ လုပ်ပြကြပါ။ လူငယ်တွေ လိုက်လုပ်ကြပါလိမ့်မယ်။ နောက်ဆို စည်းကမ်းဖောက်တဲ့လူကို အခြားလူတွေက အထင်သေးတဲ့ အကြည့်နဲ့ ကြည့်တာ ခံရပါလိမ့်မယ်။

  • water-melon

    March 9, 2012 at 10:20 am

    ကျောသားရင်သား မခွဲခြားဆိုပြောရအုန်းမယ်
    ဖမ်းသင့်တာ ကျောင်းသားတွေကိုရောပေါ့
    GTC ကွန်ပြူတာ ဘယ်ကျောင်းသားဖြစ်ဖြစ်ပေါ့ ဦးထုပ်မပါလည်း ဒီတိုင်းမောင်း ထိုင်ကြည့်နေတာဘဲ
    ဖမ်းသင့်ပါတယ်။စည်းကမ်းက စည်းကမ်းဘဲလေ ဘာဘဲဖြစ်ဖြစ်ပေါ့။

    • Mလုလင်

      July 16, 2012 at 1:24 am

      ကျောင်းသား ဖမ်းလို့ ပိုက်ဆံ မှ တောင်းမရ တာ … ကွာ .. ဒီကောင်တွေ မဖမ်းချင်ပါဘူး။

  • jasmine Thiri

    March 9, 2012 at 2:50 pm

    တကယ်ဆိုရင် အထက်တန်း ကျောင်းသားအရွယ်တွေလည်းပါတယ်… သူတို့တင်မကဘူး… ဆိုင်ကယ်ပေးစီးတဲ့ မိဘ၊အုပ်ထိန်းသူတွေကိုပါ အရေးယူမယ်ဆိုရင် ပိုကောင်းမယ်…

  • စိန်ပေါက်ပေါက်

    March 9, 2012 at 4:47 pm

    အူးလေး..အူးလေး..
    များတို ့ ပြောင်းပြန် အီးပါရင်ကော ရွာထဲ ဖွမှာယားဟင်
    ဖွပါနဲ ့နော်
    များက စတန် ့ထွင်ပြီး ပါချင်ရို ့
    တစ်ခါတလေ ကင်းမီးကောက်ထောင်ပြီး လဲ ပါတတ်တယ်တိရား..
    ဖွရဝူးနော်
    လူဂျိုး..
    ဂျွတ်..အဲလေ..ဇွတ်

  • koaung

    March 9, 2012 at 4:59 pm

    ပြင်သင့်တာပြင်ကြပါဒေါ့ဗျိုး ကောင်းစေချင်တဲ့ စေတနာသက်သက်နဲ့ပြောနေကြတာပါ

  • သတ်မှတ်ထားတဲ့စည်းကမ်းကိုဖောက်ဖျက်တာကို သူရဲကောင်းဆန်တဲံလုပ်ရပ်လို ကျင့်သုံးနေရင်
    အခုလိုဘဲ မှားနေကြအုံးမှာပါဘဲ။

  • MaMa

    March 9, 2012 at 10:07 pm

    ဟုတ်တယ် ကိုပေါက်ရေ-
    (စည်းကမ်းဖောက်တဲ့သူရဲ့ အမှားသက်သက်လား။
    ဒါမှမဟုတ်ထုတ်ထားတဲ့စည်းကမ်းကဘဲ အများပြည်သူမလိုက်နာနိုင်လောက်တဲ့ စည်းကမ်းဖြစ်နေသလား)
    ဆိုတာကို စဉ်းစားသင့်ပြီ။
    စည်းကမ်းတစ်ခုထုတ်ပြန်တော့မယ်ဆိုရင် နည်းလမ်းတကျ သေသေချာချာ လေ့လာပြီး သတ်မှတ်ထားတာ ဖြစ်သင့်တယ်။

  • unclegyi1974

    March 9, 2012 at 10:50 pm

    စည်းကမ်းဆိုတာလိုက်နာဖို့ထုတ်တာပါ
    ထုတ်ပြန်ထားတဲ့စည်းကမ်းကိုလို်က်နာရပါမယ်
    အများကမလိုက်နာနိုင်လို့စည်းကမ်းပြင်ရမယ်ဆိုလည်း
    ကိုယ်တိုင်ရောအများရောလိုက်နာရင်းနဲ့ထုတ်ထားတဲ့စည်းကမ်းကိုပြင်ပေးအောင်တောင်းဆိုရမှာ
    ပါ အခုကတမင်သက်သက်ဥပဒေကိုချိုးဖောက်ကျူးလွန်နေကြတာလို့မြင်ပါတယ်ကိုပေါက်
    အဓိကကစည်းကမ်းကိုမရှိကြတာပါ
    ထုတ်ပြန်ထားတဲ့ဥပဒေကိုပြင်စရာမလိုပါဖူးလိုက်နာအောင်ကြပ်မတ်ရမှာပါ
    ဒီလိုစည်းမရှိသူတွေများနေတဲ့နေရာမှာဘယ်လိုလုပ်ကရေစီဖြစ်နိုင်ပါ့မလဲ

  • padonmar

    March 9, 2012 at 11:01 pm

    ယာဉ်စည်းကမ်းကို လိုက်နာဖို့လိုပါသည်။
    လမ်းစည်းကမ်းကို လိုက်နာဖို့လိုပါသည်။
    ကျွန်နော်တို့လည်း တာဝန်ရှိပါသည်။ဝိုင်းဝန်းကာကူညီ။
    ကျွန်မတို့လည်း တာဝန်ရှိပါသည်။ ဝိုင်းဝန်းကာကူညီ။

  • တွတ်ပီ

    March 10, 2012 at 1:36 am

    ကြိုက်လို့ပါ…..
    (((ဒါပေမယ့် ဆိုင်ကယ် ကား စက်ဘီး တော်တော်များများက ဝမ်းဝေးကို ပြောင်းပြန်စီးပါတော့တယ်။
    လူတော်တော်များများ က စည်းကမ်းဖောက်တာ မဖောက်တာထက ်လွယ်တာကိုဘဲစဥ်းစားလို့
    ပြောင်းပြန်စီးကြပါတယ်။
    လမ်းမှားမှား မှန်မှန် အတို်က်မခံချင်တဲ့ကောင်က ဘေးဖယ် ပြောင်းပြန်စီးသူကတော့ ဖယ်မယ်မထင်နဲ့နော် ဆိုတာလိုပါဘဲ။
    ကြာတော့လဲ သူများမောင်းတာ ကြည့်ရင်း တစ်လမ်းမောင်းလား နှစ်လမ်းမောင်းလားကို မသိကြတော့တာ အမှန်ပါဘဲ။.)))
    နေရာတိုင်းမှာ အဲဒီလိုတွေ ဖြစ်နေပါပြီ …
    ကျွန်တော့်ကို အရာရှိတစ်ယောက်က ပြောဖူးပါတယ် ..
    “ မင်းအဲဒိလို မဝေဖန်ဘဲနဲ့ အကြံဉာဏ်ကောင်းလေး ပေးပါလား ” တဲ့
    ကျွန်တော်က တစ်ခွန်းပဲ ပြန်ပြောလိုက်ပါတယ်
    “ မင်းတို့ ငါ့ကို မဖမ်းဘူး ၊ ငါပြောတဲ့ အတိုင်းလုပ်မယ် ဆိုရင် ပြောဖို့ စဉ်းစားမယ် ”လို့…….
    အမြင်ကျဉ်းသော ခေါင်းဆောင်များနဲ့ ပညာ မတတ်သော နောက်လိုက်များ လက်ထဲကို ရောက်ခဲ့တဲ့ လွပ်လပ်ရေး ကြီး ပါလို့ ဦးအောင်သင်း ကပြောပါတယ် ။

  • အကြံပေးတာကို လက်ခံမယ်ဆိုရင် လမ်းဒေါင့်တိုင်းမှာ စာတိုက်ပုံးလေးသာချထားပေးလို်က်ပါ.။

  • မှန်ပါသဗျာ အန်ကယ်ဂျီး

    ဆိုင်ကယ်ဦးထုပ်ဆောင်းဘို့ဆိုတဲ့ စည်းကမ်းမျုိုးက လုံးဝကိုလိုက်နာရမှာပါ။
    ပြင်ပေးစရာမလိုတာပါ။
    အခုအချိုသောဝမ်းဝေးသတ်မှတ်ထားတာတွေက လွယ်ကူသက်သာဘို့ထက်
    ကားရပ်စရာ နေရာရအောင်ဖန်တီးပေးသလိုဖြစ်နေလို့ပြောတာပါ။
    ဝမ်းဝေးဆိုတဲ့နေရာမှာ လမ်းသွားစရာနေရာမကျန်အောင် ရပ်ထားကြတာပါ။
    ဒီလိုမျိုးဆိုရင်ပြန်စဉ်းစားရမှာပါ။
    ကားဆိုင်ကယ် စက်ဘီး အပ်ဘို့ လက်ခံတာကို ဝမ်းဝေးလုပ်ထားတဲ့နေရာမှာ လက်ခံထားတာကရော မှန်မမှန်ပြန်စဉ်းစားရတော့မှာပါ အန်ကယ်ဂျီးရေ။
    ကားပိုင်ရှင်တွေက လမ်းဘယ်ညာအပြည့်ရပ်ထားတာတွေ အမှားတွေပါဘဲ။
    တိကျ သေချာသော ဥပဒေနှင့် စည်းကမ်းလိုက်နာတတ်သော ပြည်သူ တွဲနေမှာ တိုင်းပြည်တိုးတက်မှာပါ။
    မကောင်းဘူးဆို ဝိုင်းပြောနေတာထက် ကိုယ်တိုင်ကစ ပြုပြင်ရမှာဖြစ်ပါတယ်။
    အဲလိုဖြစ်စေချင်လို့ ဒီပိုစ်ကို တင်ပေးတာပါ။

  • Mr. MarGa

    March 10, 2012 at 11:29 am

    အရင်က စက်ဘီးမြို့တော်
    အဲဒီတုန်းက သိပ် မကျပ်သေးဘူး
    အခုတော့ ဆိုင်ကယ်မြို့တော်
    နေရာတကာမှာ လမ်းပိတ်နေတယ်။
    ဆိုးတာက
    လမ်းတွေကို ထပ်ချဲ့လို့ မရတော့ဘူး
    ဆိုင်ကယ်တွေက ရရင်ရသလို မောင်းတယ်။
    ဆိုင်ကယ်စီးသူတော်တော်များများက စည်းကမ်းကို နားမလည်ဘူး
    အဲဒီမှာ လမ်းတွေ စ ပိတ်တာပါပဲ
    ပြီးတော့
    အသက် ၁၈ နှစ်ပြည့်မှ မောင်းခွင့်ပေးတဲ့ ဆိုင်ကယ်ကို
    အထက်တန်းကျောင်းသားလေးတွေကအစ တဝှီးဝှီးနဲ့ မောင်းနေကြတယ်
    မိဘတွေကလဲ ခွင့်ပြုထားတယ်
    ဒါတွေကတော့ တော်တော် ကို ဆိုးပါတယ်။
    နောက်ပြီး
    မန္တလေးမြို့က အဆောက်အအုံတွေမှာ ကားပါကင် တော်တော်နည်းတယ်
    အဓိက ကတော့ ဈေးချိုပေါ့လေ
    မန်းမြန်မာ မှာပဲရှိတာပါ
    ဒီ ဈေးဧရိယာ အကျယ်ကြီးမှာ ကားတွေ ဆိုင်ကယ်တွေထားဖို့ လမ်းတွေပိတ်ပြီး လုပ်ပေးရတယ်။
    ဘယ်တော့ကြည့်ကြည့် ၈၄လမ်းက ကားတွေနဲ့တင် ပိတ်နေတတ်တယ်။
    ဒါတွေလဲပြင်ရမှာပေါ့
    ဆိုင်ကယ်တွေကိုလဲ ခုံးကျော်တံတားပေါ် တက်ခွင့် မပေးဘူး(ဒါကတော့ ရေတိုဖြေရှင်းတာပါပဲ)
    ဘေးကလမ်းတွေ ဝမ်းဝေး လုပ်ပေးတယ်
    ညနေ ငါးနာရီနောက်ပိုင်းဆိုရင် အဲဒီလမ်းတွေမှာ ဆိုင်ကယ်တွေအပြည့်ပဲ(လမ်းပြောင်းပြန်တွေလဲ ပါ ပါတယ်)
    အဲဒီအချိန်မှာ ရထားဝင်လာတော့ လမ်းတွေ ပိတ်ရတယ်။
    အနည်းဆုံး ဆယ်မိနစ်တော့ရှိတယ် လမ်းပိတ်တာက
    ပြန်ဖွင့်လိုက်တဲ့အချိန်ဆို လမ်း၈ဝ မှာ ထပ်ပိတ်တယ်
    ၃၅လမ်း ဘက်ကလာတဲ့ ယာဉ် တွေနဲ့ ၃၆လမ်းအတိုင်း အနောက်ဆင်းတဲ့ဆိုင်ကယ်တွေ ထပ်ဆုံတာကိုး
    အဲဒီတော့ ဒီလမ်းပိတ်တဲ့ကိစ္စကို ဖြေရှင်းဖို့ နည်းလမ်းရှာမထားရင် နောက် ငါးနှစ်လောက်ဆို တော်တော်ဆိုးလာဖို့ရှိတယ်။
    ရန်ကုန်လို တစ်မြို့လုံး ဆိုင်ကယ် မဝင်ရ လုပ်လိုက်ရင်တော့ မဆိုးဘူး
    ဒါပေမဲ့ မန္တလေးရဲ့ အဓိက သယ်ယူပို့ဆောင်ရေးက ဆိုင်ကယ်တွေ စက်ဘီးတွေ ဖြစ်နေတယ်။
    ဒါတွေကို နယ်နှင်ရင် သယ်ယူပို့ဆောင်ရေးမှာ အရမ်း ပြဿနာတက်နိုင်တယ်။
    အကောင်းဆုံးကတော့ မိုးပျံလမ်းတွေဆောက်ပြီး အရေးယူမှုတွေ များများ လုပ်တာပါပဲ။
    ၂၆လမ်းနဲ့ ၃၅လမ်း ကြားမှာ လမ်း၈ဝ နဲ့ ၇၈လမ်းကို ဆက်ပေးသင့်တယ်။
    ဘူတာကြီး ခုံးကျော်ကတော့ ပိုက်ဆံကောက်တဲ့အတွက် တော်တော်များများက မသွားကြဘူး။
    တခြား နေရာမှာ ထပ်လုပ်ပေးရင်တော့ ကောင်းမလားပဲ
    ကျွန်တော့်အမြင် ကို ပြောပြတာပါ

    လေးစားစွာဖြင့်
    ဦးမာဃ (ခေတ္တ လူ့ပြည်)

  • Mr. MarGa

    March 10, 2012 at 11:35 am

    ဒါနဲ့ ပုံတွေက ဘယ်ပေါ်တက်ရိုက်ထားတာလဲ
    အဲဒီနားမှာတော့ ကြော်ငြာဆိုင်းဘုတ် ပဲရှိတယ်ထင်တာပဲ
    အဲဒီအပေါ်များ တက်ရိုက်တာလားဟင်

  • Mr. MarGa

    March 10, 2012 at 12:58 pm

    အော်
    ပေါက်ပြီ ပေါက်ပြီ

  • Yoko Ono Bono

    March 10, 2012 at 2:34 pm

    အရပ်ကတို ့ရေ…. မန်း လေး မှာ ကားမောင်းရမှာ ထက်ကျားဖင်သာပြေးနှိုက်ချင်တယ်……..ဂယ်ပါပဲ

  • kai

    March 10, 2012 at 2:35 pm

    ဒါတွေမဖြစ်အောင်.. အာမခံစံနစ်နဲ့ ထိမ်းရမယ်လို့ထင်မိတယ်..။
    ဆိုတော့..
    ကားလမ်းပြောင်းပြန်ဝင်လာရင်.. လမ်းအတည့်လူက..ဝင်တိုက်ပလိုက်…
    တရားဆိုင်ရင်.. ပြောင်းပြန်ဝင်လာသူရဲ့အာမခံက.. လျှော်ပေးရမယ်..။

    မရပ်ရတဲ့နေရာရပ်ထားရင်.. အမှန်သမားက.. ဝင်တိုက်ပလိုက်..။
    မှားတဲ့သူအာမခံလျှော်ပေးရမယ်..။

    မှားတဲ့သူက ခဏခဏမှားနေရင်.. လျှော်ပေးရတဲ့အာမခံက.. ပရီမီယံကြေးတင်မယ်..။
    အဲဒါက.. နိုင်ငံတကာကလုပ်နေတဲ့..
    ငွေကြေးနဲ့..စည်းကမ်းကို ထိမ်းသိမ်းလိုက်နိုင်တဲ့စံနစ်…။
    အောင်မြင်နေတဲ့.. လုပ်ထုံးလုပ်နည်းတွေပါ..။

    • jujuma

      March 10, 2012 at 5:07 pm

      မှန်ပါတယ်ဗျာ..
      ဒါပေမယ့် မြန်မာနိုင်ငံမှာ အဲ လို မှန်တိုင်းသာတိုက်ရမယ်ဆိုရင် တစ်နေ့တစ်နေ့ ရေခဲ တိုက်တောင် တုံကင် ရမယ်မထင်ဘူးဗျ…

  • သူကြီးရေ မန်းလေးမှာက အဲလိုအာမခံလုပ်ငန်းမထွန်းကားသေးဘူးဗျ။
    ဝင်တိုက်လို့ပျက်ရင် ကိုယ့်ကား ကိုယ်ပြင်ရမှာ။
    အဲတော့ …………………

    • Mလုလင်

      March 11, 2012 at 12:01 am

      ယာဉ်ကြီး၊ ယာဉ်ငယ် ဥပဒေ ဆိုတာက ရှိသေးမလား ….

    • kai

      March 11, 2012 at 3:04 am

      ဆန်ရှင်ကြောင့် နိုင်ငံတကာက.. အာမခံဌာနတွေ ဝင်မရပဲ.. စောင့်နေရတဲ့ သဘောရှိပါတယ်..။
      တကယ်တော့.. အာမခံစံနစ်က.. တိုင်းပြည်ရဲ့ထောက်ပို့တိုင်ကြီးတခုသာပါပဲ..
      မြန်မာပြည်ရဲ့.. စည်းကမ်းတော်တော်များများက.. အာမခံစံနစ်မရှိလို့.. ဗရမ်းဗတာထဲ.. စံနစ်တကျဖြစ်နေကြတာ..

  • unclegyi1974

    March 10, 2012 at 9:41 pm

    သူကြီးအကြံကိုအကြိုက်ဆုံးပဲဗျာ
    ဒီမှာကအာမခံကအဲလောက်မထွန်းကားသေးဖူး
    ဒါကြောင့်နဲနဲပြင်မယ်
    အမှန်မောင်းလာတဲ့ကားနဲ့လမ်းပြောင်းပြန်မောင်းလာတဲ့ဆိုင်ကယ်တိုက်ရင်
    ဆိုင်ကယ်သမားကလျှော်ပေးရမယ်ဥပဒေအရအရေးယူခြင်းလည်းခံရမယ်
    ကားသမားလွတ်စေ

  • inz@ghi

    March 10, 2012 at 11:38 pm

    ကျုပ်သိတာတော့…. မန်းလေးကွ ဆိုတဲ့ စိတ်ဓါတ်က နေစပြီးပြင်ရမှာ…
    ချစ်လို့ပြောတာပါ မန်းဒလေး ….
    ကိုယ့်ဆြာတွေလောက်လည်း …စကားမတတ်ပါဘူူး…

    တခုလေးပေါ့နော့်….ထောက်ကြန့်မှာမွေး ရန်ကုန်မှာစာသင်
    ကလောကို နှစ်ချိုက်.. ကော့သောင်းမှာ မပုတင်လုပ်………
    ညောင်ရွှေကို ရွှေထင်ခဲ့ပေမယ့်…….

    ကြယ်ဂေါင်ဟာ ဘယ်လောက်ကြီးကျယ်သလဲ
    လွယ်ဆန်မ်ဆစ် လက်ရှိဘဝက ဘာလဲမြင်ပြီးနောက်…………..

    မန်းလေးကွ. ….. ရန်ကုန်ဆိုတာ ပျံကျကွ …
    လုပ်တဲ့လူဒွေလည်း …မီးဒုတ်ပဲ……………..
    ရန်ကုန်ကွ … ယနေ့ထိ စီးပွားရေးအရ မြို့တော်ဖြစ်နေဆဲ ဘာညာသာဒကာလည်း
    မီးဒုတ်ဗျ.
    လေးပေါက်တို့ အဲ့လိုပြောတယ် လို့ မဆိုလိုပါ …
    မရေးပါဗျာ ….တချို့တချို့ ရှိဆဲ ဆိုတာလေးပါ………………..

    ဆိုတော့…
    ဟေ့..
    ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာကြစို့ဗျာ…D
    မန်းလေး-ရန်ကုန် မခွဲကြေး
    မင်းတို့လည်းချစ်တယ်
    ကျုပ်တိုလည်းချစ်တယ် သည်ပြည်ထောင်စုကိုလေ…
    တူတူသွားကြတာပေါ့ဗျာ………
    😀

  • metallic

    March 11, 2012 at 12:00 am

    တွေးမိတိုင်းရှက်တယ်
    အရင်တုန်းကပေါ့ မန်းလေးမှာ
    သူငယ်ချင်းဆိုင်ကယ်ကို ရဲဖမ်းသွားတယ် အဲဒါတခြားသူငယ်ချင်းတွေနဲ့အတူ ဆိုင်ကယ် အစီး ၂ဝ လောက်နဲ့ အုပ်စုလိုက်သွားပြီးသောင်းကျန်းကြတယ် ငါတို့ကကျောင်းသားတွေပေါ့ လာမထိနဲ့
    ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီးတော့
    အမှန်မှာ ကိုယ့်လူကမှားနေတာ
    ယဉ်ထိန်းရဲတွေ မော်တော်ပီကယ်တွေ အကျင့်ပျက်လို့ ခြစားလို့မုန်းနေတဲ့ အခံ အစွဲနဲ့
    အမှားအမှန်မခွဲခြားတော့ပဲ သူများယောင်တိုင်းလိုက်ယောင်မိတာကိုလေ

    • မောင်ပေ

      July 15, 2012 at 8:54 pm

      ဒုအပိုင်းကျမှဘဲ
      ကျုပ်တွေ ့နေရတဲ့
      နေ ့စဉ် ကြုံနေရတဲ့
      လမ်းစည်းကမ်း လိုက်နာကြပုံများကို
      ဝင်မန် ့တော့မယ်ဂျာ

Leave a Reply