ဓါတ်လုံး ဆောင်ကြမလား

htet wayMarch 8, 20121min34816

မိတ်ဆွေတွေထဲက ကိုရင်စည်သူတို့ ကို ကမ်းကြီးတို့ တွေ မိတ်ဓါတ်ရအောင် ဓါတ်လုံးဆောင်ချင်ကြရင် နည်းပေးချင်ပါတယ်။ဆိုင်မှာထားရင်လည်း ဈေရာင်းကောင်းတယ်

အိမ်မှာလည်း မိတ်ဖက်ဖြစ်စေတယ်။ အိမ်ထောင်ကျချင်ရင်လည်း မျက်နှာပွင့်စေတဲ့ သွပ်ပြဒါးလေးပါ။

တိုင်းရင်းဆေးမှာ ဆေးဒန်းအပ်လုပ်တာဖိုးထိုးရပါတယ် ရုက္ခမူဆေးဆိုလည်း လုံနဲ့ ဖိုူထိုးရတယ်။ ဒါကြောင့် အဂ္ဂိရ ပညာလေးအကြောင်းနည်းနည်းပြောချင်ပါတယ်။

သွပ်၂ကျပ်ကိုလုံထဲထည့်ပြီးအပူပေးပါ ။စောင့်ကြည့်နေပါ ကြည့်နေစဉ်မှာ ဘုရားဂုဏ်တော်ရွတ်တာတို့ စိတ်တည်ငြိမ်အောင်သတိကပ်တာတို့ လုပ်ဖို့လိုပါတယ်။

သွပ်ပျော်ကြလာရင်အောက်ချ။သဲကို ခင်းထား လုံ  မလဲအောင် သဲနဲ့ တွယ်ထား သဲကြပ်တယ်လို့ခေါ်ပါတယ်။

ပြဒါးတစ်ကျပ်သားကိုလုံ ထဲထည့်ထား ဇွန်းဖင်လေးနဲ့ ကော်ပြီး   စောစောက သွပ်ထဲကို ထည့်ကြည့်  ပျံထွက်သွားရင် ခဏထား စိတ်ထဲမယ် ၁၂၃၄….. ၁ဝထိရေတွက်

ပြီးရင် ထည့်ကြည့် သွပ်ထဲ ပြဒါးမြုပ်သွားရင်  စောစောက ပြဒါးကို သွပ်ထဲလောင်းချလိုက်တော့ သွပ်ထဲ ပြဒါးမြုပ်သွားမယ်။

ပြဒါးသွပ်ထဲဝင်သွားရင် သံချောင်းနဲ့မွှေပါ။သွပ်ပြဒါးအေးသွားရင် ခေါက်ချ၊ သံဆုံထဲထည့်ထောင်းပါ။ကြေသွားရင် ဒုတ္ထာ ၅ကျပ်သားထောင်း စတီးဇလုံ ဖြစ်ဖြစ်ကြွေခွက်ဖြစ်

ဖြစ် ထဲထည့်ပြီး ထည့်မွှေပေးပါ ရေလောင်းထည့်ပါ ေျွှပါ။ပူလာမယ် ရေနွေးလောက်ပူလာမယ်။ အေးသွားရင် အပေါ်ရေကြည်လောင်းချပြီး ကျန်တဲ့ အနှစ်ကို လုံထဲထည့်ပါ

လက်ချားနှစ်ကျပ်သားလောက် ထောင်း အမှုန့်လုပ် စောစောက လုံထဲထည့် ဇော်မံပြီး (ရွှံ့နဲ့ မံတာ) မီးနဲ့ ဖုတ်ပေးပါ။အာပေါမီးလျှံလို့ခေါ်တဲ့ (မီးအေး)နဲ့ ထိုးလိုက် နားလိုက်လုပ်

နုတ်ခမ်းငြိမ်းခြေသိမ်းရင်(လုံးနေတဲ့ ) အခဲလေးရရင် ဖြစ်ပြီ။အဝါခဲလေးရပါမယ်။

လာဘ်ခေါ်လာဘ်ပွင့် ပြောဆို တဲ့ အခါမိတ်ပွားတယ်။ ဒါဟာ မြန်မာ့ ရိုးရာ အဂ္ဂိရ ပညာပါ။ကျွန်ပ် လူတွေကို လုပ်ပေးတဲ့ အခါ သိဒ္ဓိ ဖြစ်တာတွေ့ရပါတယ်။ဈေးရာင်တဲ့ လူတွေ

လူပျိုကြီးတွေဆောင်ရင်ကောင်းပါတယ်။

မှတ်ချက်။     ။ပျင်းပျင်းရှိတာနဲ့ အဂ္ဂိရ အကြောင်းလေးရေးမိတာပါ။ တခါတလေ ကျွန်တော်က ဖိုထိုးပါတယ်။ဖိုသမားကို ဖွတ်က ဆရာခေါ်ရပါတယ်။

16 comments

  • water-melon

    March 8, 2012 at 6:41 pm

    ကိုထက်ဝေးပဲ ရွာသူရွာသားတွေအတွက်ပေါင်းထိုးပေးတော့
    ပစ္စည်းတွေဝယ်ရမှာဆိုတော့ အဆင်မပြေလောက်ဘူး
    ဓာတ်ကတော့ နေ့တိုင်းရှိနေတာ အကို
    နေ့တိုင်း ဓာတ်လိုက်လို့လေ 😆

  • htet way

    March 8, 2012 at 6:48 pm

    လိုချင်သူရှိရင် လုပ်ပေးရတာပေါ့ အပျိုကြီးတွေ လူပျိုကြီးတွေ အတွက်ဆိုရင်
    ကူညီတဲ့ အနေနဲ့ ပါ

  • ဘိုးဘိုးထက် ခင်ဗျား …
    ကျနော်မျိုးကို အဲဒီလို ဓာတ်လုံးလေး တစ်လုံးလောက်လုပ်ပြီး မစပါလားလို့ …
    စကားမစပ် ကျနော်မျိုးက လူချိုဂျီး မို့ပါ … 😀
    (ရှူး … တိုးတိုးနော် .. ရွာထဲက အပျိုဂျီးတွေ မြင်သွားရင် ရင်ခုန်နေဦးမယ် 😀 )

  • blackchaw

    March 8, 2012 at 7:53 pm

    ဆောင်မယ်ဗျာ။
    တစ်လုံးလောက် လမ်းကြုံရင် ပါဆယ် ဆွဲခဲ့ပေး။
    😀

  • ဦးဦးပါလေရာ

    March 8, 2012 at 11:04 pm

    ထွက်ရပ်ပေါက်လို့ခေါ်တဲ့

    ဆေးဝိဇ္ဖာ၊ အင်းဝိဇ္ဇာ၊ မန္တန်ဝိဇ္ဇာ၊ ပြဒါး(ဓါတ်)ဝိဇ္ဇာ လေးမျိုးရှိရာမှာ

    ဓါတ်သတ္ထုတွေကို ပိုင်နိုင်ကျွမ်းကျင်အသုံးပြုနိုင်တဲ့ ပြဒါးဝိဇ္ဇာ ဟာ အဆင့်အမြင့်ဆုံးလို့ဆိုပါတယ်။

    ထင်ရှားတဲ့ထဲကဆို ဘိုးဘိုးအောင်ဟာ ဖိုထိုးတဲ့အဂ္ဂိရပ်ပညာနဲ့ ပြဒါးသေတဲ့ဝိဇ္ဇာပေါ့။

    ငယ်ငယ်ကတော့ အဲဒီလမ်းလိုက်စားသူတဦးနဲ့ အနီးကပ်နေဖူးပါတယ်။
    ဒါပေမယ့် ကိုယ်ကစိတ်မဝင်စားတော့ ဘာမှကို မသိလိုက်ဘူး။
    သတိထားမိတာဆိုလို့ ဖိုထိုးရင်း သူတော်တော်မွဲသွားတာတခုပဲ …… 😀

  • surmi

    March 9, 2012 at 12:19 am

    ဆရာထက်ရေ
    အဂ္ဂိရက်နည်းနဲ.ရွှေလုပ်တဲ.အကြောင်း နဲနဲပြောပြပါလား ။
    အဲဒီလိုလုပ်တဲ. အဖိုးကြီးတစ်ယောက်နဲ.တွေ.ခဲ.ဘူးတယ်။
    ငရဲမီး မစားဘူးလို.တော.ပြောတာဘဲ ၊ သိပ်သည်းဆတော.တူမယ်မထင်ဘူးဗျ ။

  • htet way

    March 9, 2012 at 8:39 am

    သေချာလုပ်ရင်ဖြစ်နိုင်ပါတယ်။
    ဒြပ်သားရအောင်ထိုးပြီး ရွှေကြွေးရတဲ့ အတွက်တန်ရုံ လူကတော့ မလုပ်နိုင်ပါဘူး။
    ဖြစ်တဲ့လူ အိမ်မဲမှာရှိပါတယ်။
    ကျွန်တော်တော့မရဘူး။ သိပ်သည်းဆလည်းတူပါတယ်လို့ ပြောပြပါတယ် ။နောက်မှ တစ်ပုဒ်ရေး
    ပါအုံးမယ်။ proton အရေ အတွက်ကိစ္စ မီး အထားအသို တွေပါရေးပါ့မယ်။
    ဦးဦးပြောသလို မွဲနိုင်တာတော့ သေချာပါတယ်။

  • NK

    March 9, 2012 at 10:02 am

    ဇီးသားနဲ့လုပ်ထားတဲ့ လှည်းဝန်ရိုးဟောင်း ၊ အဲတာကိုမှယောင်းမလုပ်ပီး အတိုအဟောင်း လှည်းနှင်းခံထား
    ရတဲ့ ဇီးသားယောင်းမ ကို စွန်ရုပ်ထုလုပ်ပီးအိမ်အဝင်ဝမှာချိတ်ဆွဲထားရင် စီးပွားရေးမုချအောင်မြင်မယ်တဲ့…

  • အသူရာ

    March 9, 2012 at 10:17 am

    ပွတ်ရင်ပြောင်၊ ဆောင်ရင်လေး
    ရေစိမ်ကာတိုက်ပါဗျ ၊ ပေါက်လိုက်တဲ့သေး :mrgreen:
    (စတာနော် စိတ်အချိုးရဘူး)
    အဲ့ ကျန်သေးတယ်
    လွှင့်ပစ်ရင်လည်း အဝေးရောက်တယ်ဗျ 😆 😆 😆

  • htet way

    March 9, 2012 at 10:20 am

    အဲ့ဒါတော့ ရှေ့ကျမ်းတွေ မှာ ကတ္တား ကံ နဲ့ဆိုင်တဲ့ အယူတော်မင်္ဂလာကျမ်းတွေ ဆေးကျမ်းတွေ
    မှာတွေ့ဖူးပါတယ်။ ဓါတ်ဆင်တဲ့ သဘောပါ။
    သေချာတော့ မလုပ်ဖူးပါဘူး ပိတုန်းရုပ်ကိုကို လှည်းပဒေါင်းပိတောက်သားနဲ့ထုပြီး
    ပြဒါးထည့်တာတော့ အရုပ်လုပ်တာတော့တွေ့ဖူးမြင်ဖူးပါတယ်

  • laypai

    March 9, 2012 at 4:12 pm

    မိန်းမကို ရာထူးတိုးပေးချင် လို့ တလုံးလောက် ဆောင်ချင်တယ်၊ မ စ ဗျာ။
    ( ရှူး တိုးတိုး နောက်တာနော် မိန်းမ ကို သွားမပြော နဲ့ ဦး )

    ပုံ
    မရက

  • htet way

    March 9, 2012 at 4:17 pm

    ဓါတ်လုံး ကတော့ စိတ်ရလို့ အဂ္ဂိရ အကြောင်းရေးလိုက်တာပါ
    ဝါသနာပါသူတွေလုပ်ကြည့်ကြပါ
    မီးကိုကြည့်ရတာ ကို က အရသာပါ
    မီးသွေးဖိုးတော့ တစ်နေ့ ၂၀၀ဝလောက်ကုန်တာပေါ့
    ပြဒါးဖိုး နည်းနည်းပါးပါး တစ်ကျပ်သား ၂၀၀ဝပဲ
    ကိုယ်တိုင်လုပ်ကြည့်ပါ နောက်ဆုံး ဘာမှ မဖြစ်တောင် ရေညင်စုံမီးလေး ထွက်သွားတာ မြင်ရမယ်
    အဲ့ဒီမှာ ..ဟာ..ဆိုတဲ့ အံဩမူလေးက လည်း အရသာပဲ
    ကိုရင်စည်သူ စမ်းကြည့်

  • siamonone

    March 9, 2012 at 9:21 pm

    ကျွန်တော့် မှာလည်း ဆောင်ထားရင်တသက်လုံး မဆင်းရဲတဲ့ နည်းရှိပါတယ် .
    ကျွန်တော့်နည်းကို လိုက်နာရင်လည်း အပျိုကြီးလူပျိုကြီးတွေ .. ရာထူးတက်သွားစေနိုင်ပါတယ် ။ ဝန်ထမ်းတွေ လစာတိုးစေနိုင်ပါတယ် ။ ရာထူးတိုးတက်စေတယ် ။
    မိတ်ဆွေပေါစေနိုင်တယ် ။ အရာရာ လိုအပ်သလိုဖြစ်စေနိုင်ပါတယ် ..
    ဒါပေမယ့် ဆိုးကျိုးလုံးဝမရှိတာတော့ မဟုတ်ပါဘူး ။
    ဆိုးကျိုး ဆိုတာက လုံးဝ အလကားမရတာပါဘဲ ။
    ဒါပေမယ့် တကယ်ဆောင်ရင် တကယ်ဖြစ်မှာ ကျွန်တော် အာမခံပါရစေ။
    (ကြီးကြီးမားမား လိုချင်ရင်တော့ လိုအပ်တဲ့ အရင်းအနှီးစိုက်ထုတ်ရပါလိမ့်မယ်နော် .. )
    လိုချင် တယ် ဆိုရင်တော့ ဒီဖုန်းလေးတို့လိုက်ပါနော် ..
    ရွာသားတို့အကျိုးရှေးရှု၍ ကြော်ငြာလိုက်ရပါကြောင်း ..
    ကျွန်တော့်ဖုန်းနံပါတ်က .. 092001079 — siamonone ပါခင်ဗျာ ..

  • a me

    March 12, 2012 at 5:23 pm

    ဟဟ မယူကပါရစေနဲ့

Leave a Reply