နော်ဝေနိုင်ငံရောက် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာအသင်းဝင်များအားလုံးနှင့် စာဖတ်ပရိတ်သတ်များအတွက်

kaiMarch 9, 20121min39913

အရေးပေါ်အစည်းအဝေးခေါ်ယူရေးတင်ြပချက်

 
              နော်ဝေနိုင်ငံရောက် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာအသင်းဝင်များအားလုံးနှင့် စာဖတ်ပရိတ်သတ်များအတွက်
တင်ပြအပ်ပါသည်။
              အကြောင်းကတော့ နော်ဝေနိုင်ငံရောက်မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်များအတွက် ဘုန်းတော်ကြီးကျောင်း ဝယ်ယူမရရှိသေးသည့် ကိစ္စပါ၊ အကြောင်းအရာတော်တော်များများကို သိရှိနေကြသူများလည်း ရှိနေမည် အမှန်ပါ၊ သို့သော်လည်း ပိုမိုပြည့်စုံရန်ရည်ရွယ်ပါသည်။
               ၁၅.၁၀.၂၀၁၁ နေ့က အော်စလိုမြို့မှာ မြန်မာဗုဒ္ဓဘာသာအသင်း နှစ်ပတ်လည်အစည်းအဝေးကပဲ ပြန်လည်ကောက်ယူ ဖော်ပြလိုပါသည်၊ အဲဒီ အစည်းအဝေးကို စာရေးသူကိုယ်တိုင် တက်ရောက်မိလို့ပဲဖြစ်ပါသည်။ အစည်းအဝေးဆုံးဖြတ်ချက်များကိုလည်း မြန်မာနိုင်ငံသားများထေရဝါဒအသင်း ဝဘ်ဆိုဒ်နှင့် သူရိယဝဘ်ဆိုဒ်တို့မှလည်း ဖော်ပြပြိး ဖြစ်ခဲ့ပါသည်၊ အနှစ်ချုပ်ကတော့ ဘုန်းတော်ကြီးကျောင်းဝယ်ယူရေးမှာ ငွေနှင့် နေရာအခက်အခဲရှိနေသည့်အတွက် ဝိုင်းဝန်းကူညီကြိုးပန်းကြရန်ြဖစ်ပါသည်။
               ထိုဆုံးဖြတ်ချက်အတိုင်း ကျနော်တို့လည်း ကြိုးပန်းဆောင်ရွက်ခဲ့ရာ လီလီဟားမားမြို့မှာ အဆင်ပြေချောမောသည့်အဆင့်ကို ရောက်ပါသည်၊ လီလီဟားမားကွန်မြူးမှ ငွေချေးမည်၊ အိမ်ဝယ်မှုကိုပါ ကူညီမည်၊ ဒီကိစ္စကို ကျနော် သူရိယဝဘ်ဆိုဒ်မှ ဖော်ပြခဲ့ပြီးလည်း ဖြစ်ပါသည်၊ အသင်းဝင် သုံးလေးဦးက ထုံးစံအတိုင်းအာမခံဖြင့် DNB ဘဏ်မှ ငွေချေးကြည့်ပါ။ မရလျှင် ကွန်မြူးမှ ချေးပေးမည်၊ အဘက်ဘက်မှ အဆင်ပြေနေပါသည်၊ ဤကိစ္စကို အသင်းအမှုဆောင်များကို ကိုယ်တိုင်ကိုယ်ကျရှင်းပြပြီးလည်း ဖြစ်သည်၊ နာယက ဆရာတော်နှစ်ပါးလည်း သိပြီးဖြစ်သည်၊ ဥက္ကဌနှင့်အတွင်းရေးမှူးတို့လည်း စရိတ်စကအကုန်အကျခံပြီး လီလီဟားမားနှင့် ရော်ဗစ်မြို့များသို့လာရောက် ကြည့်ရှုကြပြီးလည်းဖြစ်သည်။
                  ကျောင်းပြုရန်သင့်တော်သည့် အိမ်ခြံတို့ကိုလည်း ကြည့်ရှုရွေးချယ်ပြီး ရာထားသတ်မှတ်မှုများလည်း ပြုလုပ်ပြီးဖြစ်သည်။
                    သို့သော် ဥက္ကဌနှင့် အတွင်းရေးမှူးတို့က အချိန်ဆွဲအကြောင်းမပြန်ဖြစ်ဩဖင့် အတွင်းရေးမှူး ကိုအောင်သူကို ဖုန်းဖြင့်လှမ်းပြီးမေးရာ၊ ကိုအောင်သူက ဦးဇင်းလေးက အော်စလိုနား ဂါရာမွန် လေဆိပ်ဝန်းကျင် နားမှာပဲ လက်ရှိငွေနှင့်သာဝယ်ယူပြီး နေလိုကြောင်း ဖြစ်နေပြန်ပါသဖြင့် နှောင့်နှေးနေရသည်ဟူ၍လည်းကောင်း ငွေချေးအာမခံမည့်သူ နည်းနေသေး၍လည်းကောင်း အကြောင်းပြပြီး နှောင့်နှေးနေပါသည်ဟု ပြောပါသည်၊ ဒီကတည်းက အမှုဆောင်ဥက္ကဌနှင့်အတွင်းရေးမှူးပါ ငွေကိုင်တို့၏ စိတ်ဓါတ်ကို သိလာပါတော့သည်၊ ဒီလိုနှင့် ဦးဇင်းလေးက အစည်းအဝေးခေါ်သဖြင့် ဆိုရမ်ဆမ်းမှာ ၁၇.၁၂.၂၀၁၁ နေ့မှာ အမှုဆောင်များနှင့် ဆုံစည်းဖြစ်ကြပြန်ပါသည်၊ အဲဒီအစည်းအဝေးဆုံးဖြတ်ချက် မှတ်တမ်းများကိုလည်း သူရိယဝဘ်ဆိုဒ်မှာ ဖော်ပြပြီးဖြစ်ခဲ့ပါသည်။
                 ပထမ ဘဏ်မှာ ငွေချေးပြီး ကျောင်းဝယ်မည် (A ပလင်) မဖြစ်ခဲ့သော်၊ လီလီဟားမား ကွန်မြူး၏ အထောက်အပံ့ဖြင့် ကျောင်းဝယ်မည်ဆိုပြီး (B ပလင်)၊ အဲဒါ မဖြစ်လျှင် ရှိသည့်ငွေနှင့် ရသည့်နေရာတွင် ဝယ်မည် (C ပလင်)။
                အခု အာမခံ သုံးလေးဦးရှိသော်လည်း ရေရှည်မှာ ရှုပ်ထွေးမှုရှိမည်ဆိုပြီး A ပလင် ကို ပယ်ချသည်၊ B ပလင် ကိုလည်း ဘာမှ မဖြစ်ဘဲ ချန်လှပ်ပြီး C ပလင်အတိုင်း လုပ်မည်ဟု ဆိုလာသည်၊ ပြီးတော့ အမှုဆောင်နှင့် ဘုန်းကြီးများမှ ငွေရှာကြမည်ဟု ဖြစ်ကြပြန်သည်။
              အမှန်မှာ A ပလင် သည်လည်း ဘာမှ ရှုပ်ထွေးစရာမရှိ၊ B ပလင်သည်လည်း ဖြစ်နိုင်နေပါလျှက်  C ပလင်ဖြင့် လုပ်မည်ဆိုသည်မှာ ကျောင်းမဝယ်ချင်လို့ ဝှေ့လည်ကြောင်ပတ်လုပ်နေတာသာဖြစ်သည်၊ အစကတည်းကလည်း ရိတ်စားမိပါသည်၊ မဟုတ်တာလုပ်နေရတာကို ရှက်တတ်မည်လားဟု စောင့်ကြည့်နေတာသာဖြစ်သည်။
               လွန်ခဲ့သည့် ဆယ်ရက်ခန့်က အတွင်းရေးမှူးကိုအောင်သူကို ဖုန်းဆက်ပြီး ပြောခဲ့ပါသည်၊ ကျောင်းဝယ်ယူရေးကိစ္စကို ကျနော်တို့ လီလီဟားမားမှ ကျနော်အပါအဝင် တာဝန်ယူပေးမည့် ပုဂ္ဂိုလ်သုံးလေးဦးကို လွှဲပေးလိုက်ပါ ဝယ်ပေးပါမည်ဟု ပြောခဲ့ပါသေးသည်၊ ကိုအောင်သူက ထုံးစံအတိုင်း အဖွဲ့ကို ပြောပြပါမည်တဲ့။
              ၀၄.၀၃.၂၀၁၂နေ့မှာတော့ ဥက္ကဌ အမည်နှင့် ကျောင်းဝယ်ယူရေးဆုံးဖြတ်ချက်ဆိုတာထွက်လာသည်။ (C ပလင်နဲ့ သွားမယ်တဲ့)
               ရှည်ရှည်ဝေးဝေးတော့ မပြောလိုတော့ပါဘူး၊ ကျနော် ဆိုရမ်ဆမ်အစည်းအဝေးမှာ တရားဝင်ပြောပြီး ဆုံးဖြတ်ချက်မှာပါတဲ့အတိုင်း လက်ရှိအမှုဆောင်များ စပြီးတာဝန်ယူချိန်မှစ၍ အသင်းချုပ်မှ ထောက်ပံ့ငွေ၊ မြို့နယ်များမှ ရရှိအလှူငွေ၊ နိုင်ငံရပ်ခြားမှ လှူဒါန်းငွေများကို ရသုံးစာရင်း အတိအကျနှင့် ဘောက်ချာများအတိုင်း အမြန်ဆုံးရှင်းလင်း တင်ပြပေးပါ၊ ၎င်းငွေစာရင်း ရှင်းလင်းတင်ပြရန်အတွက် အရေးပေါ်အစည်းအဝေးတရပ်ကို တနိုင်ငံလုံးဗုဒ္ဓဘာသာဝင်များ အားလုံးကို (လာနိုင်သည်ဖြစ်စေ၊ မလာနိုင်သည်ဖြစ်စေ) ဖိတ်ကြားပြီး ရှင်းလင်းတင်ပြပေးပါရန် တောင်းဆိုပါသည်။
               ဒုတိယအချက်အနေဖြင့် ကျောင်းဝယ်ယူရေးကိစ္စကို နှောင့်နှေးကျန့်ကြာအောင် တမင်ပြုလုပ်နေသည့် လက်ရှိအမှုဆောင်များကို အယုံအကြည်မရှိ နိုင်တော့ပါသဖြင့်  C ပလင်ကိုလည်း လုံးဝလက်မခံနိုင်တော့ပါ။
           ဒါကြောင့် C ပလင်ထဲကအတိုင်း မြို့နယ်များမှ အလှူငွေကောက်ခံနေသည့်ကိစ္စနှင့် ရော်ဗစ်နှင့် အော်စလိုကြားမှ အိမ်ရှာမည့်ကိစ္စနှင့် အိမ်ရှာသည်ကို အကြောင်းပြ၍ ခရီးစရိတ်များ ကုန်ကျအုံးမည်ဖြစ်သည့် ကိစ္စများကို ယခု စာထုတ်သည့်အချိန်မှ စ၍ ရပ်ဆိုင်းထားပါရန်နှင့် ငွေရှင်းရန်ကိစ္စ ကျောင်းဝယ်ရန် ကိစ္စကို အရေးပေါ်အစည်းအဝေးခေါ်ပေးပါရန် အကြောင်းကြားပါသည်။
         အစတုံးက ကျောင်းဖြစ်လျှင်ပြီးသည်၊ ရှိသည့် ငွေနှင့်သင့်တော်သည့် နေရာတွင် ဖြစ်အောင်ဝယ်ပါဟု ပြောထားပြီးပါပြီ၊ အဲဒီတုံးကလည်း ဘာဖြစ်လို့ ညာဖြစ်လို့ ဆိုပြီး အမျိုးမျိုးလိမ်ညာခဲ့ကြသည်မို့ ယနေ့ထက်တိုင် ကျောင်းမဖြစ်ခဲ့ပါ။
             မြန်မာနိုင်ငံသားများသည် နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေး နယ်ပယ်အားလုံးတွင် ငွေရေး ကြေးရေး ပါလာလျှင် ရှုပ်သည်၊ အလွဲသုံးစားလုပ်ကြသည် ခိုးကြသည်ဆိုတဲ့ နာမည်ဆိုးသည် လူအများကြောင့် မဟုတ်ဘဲ လူတစ်စုကြောင့် ငါးခုံးမ တစ်ကောင်ကြောင့် တလှေလုံးပုတ်နေကြသည်သာ ဖြစ်သည်၊ ဆွီဒင်၊ ဒိန်းမတ်၊ ဂျာမဏီ၊ အင်္ဂလန်၊ အမေရိကန်တို့တွင်လည်း ဘာသာရေးနှင့် ပတ်သက်ပြီး ငွေကြေးကိစ္စ အပုပ်နံ့များ ထွက်နေသည်။ နော်ဝေကလည်း ဒီလိုပါပဲဟု အဖြစ်မခံနိုင်ကြပါ၊ သက်ဆိုင်သူအားလုံးမှာ တာဝန်ရှိပါသည်။
         နော်ဝေမှာ ဘုန်းကြီးကျောင်းဖြစ်မြောက်ရေးနှင့် ရသုံးငွေ ရှင်းလင်းတင်ပြရေးအတွက် မိမိတို့ဖာသာ ဆုံးဖြတ်လုပ်ကိုင်နိုင်ကြပါရန် လေးစားစွာတင်ပြအပ်ပါသည်။
အသေးစိတ်သိလိုပါက စုံစမ်းမေးမြန်းနိုင်ပါသည်။
ဦးနေဝင်း
လီလီဟားမား
နော်ဝေ
ဖုန်း- 61265107
ဖုန်း- 94894709

13 comments

  • water-melon

    March 9, 2012 at 7:08 am

    သူကြီးရေ
    ပြင်လိုက်ပါအုန်းဆိုမှ
    ထောက်ခံ/ကန့်ကွက်သူများသည် “လေအားဖြင့်”မဟုတ်ပဲ.. ဆိုင်ရာပါတီများသို့”ငွေကြေးအားဖြင့် “လှူတန်းအာဖြည့်စေလိုသည်။ 🙂

    “လှူတန်းအာဖြည့်” ဖြစ်နေတယ် “လှူတန်းအားဖြည့်”ရမှာလေ
    တော်ကြာ မမများအဖွဲ့ရောက်နေရင် သူကြီးတန်မဲ့ စာလုံးပေါင်းသတ်ပုံမှားတယ် အပြောခံနေရမယ်။

    ဒါနဲ့စကားမစပ် ရာထူးလေး တိုးမပေးချင်ဘူးလားဟင် :mrgreen:

    • ရွာစားကျော်

      March 9, 2012 at 11:35 pm

      လှူတန်းအားဖြည့် ဆိုတာလည်း မမှန်သေးဘူးထင်တယ်နော်
      အလှူအတန်း (နာမ်) မှာ တန်းဟု သုံးပြီး
      လှူဒါန်းသည် (ကြိယာ) မှာတော့ ဒါန်းဖြင့် သုံးသည်ဟု ထင်ပါသည်

      အလှူအတန်းမှာ (ဟိုလိုလုပ်ရင်ကောင်းတယ် အကြံပေးရုံလဲရတယ်)အားဖြည့်စေလိုသည် – နဲ့
      လှူဒါန်းကာ (ဓန၊ ပစ္စည်း ပမာဏတခုထိ ထည့်ဝင်လျက်)အားဖြည့်စေလိုသည် – ယှဉ်ကြည့်ပါ..

  • သူကြီးက ခုထိမပြင်သေးဘူး ကိုဖရဲရေ။
    ကြာလှပီဗျာ။ဘာရာထူးတွေ တောင်းနေ
    တာလဲ ဟင်။ကျနော်လဲ လိုချင်လို ့။
    စကားမစပ်ပါဗျာ။နိုင်ငံခြားရောက် မြန်မာတွေလဲ ခုလိုဘဲ ကွဲပြဲနေကြ
    တုန်းဘဲလားဗျာ။

  • amatmin

    March 9, 2012 at 11:07 am

    အော်…သဂျီးပြောစကားလေးတွေမှ ဆုံးမယ်မကြံသေးဘူးရယ်
    အလှူ..ဘုန်းကြီး..ငွေကြေး.. ရှုပ်အောင်လို့ မကြောက်မရွံ့ လုပ်စားရဲကြတယ်နော်.. 🙁
    စကားအတင်းစပ်.. မျက်နှာပြထားဖူးတယ်လို့ သတိပေးတယ်နော် သဂျီးရေ..

    ကိုရင်ဖရဲ ရေ..ရာထူးတို့ရေး..ဒို့အရေး နော် 🙂

  • ဦးဦးပါလေရာ

    March 9, 2012 at 11:47 am

    ဒီပြဿနာ ပေါက်စလေးအပါအဝင်
    မြန်မာလူမျိုး မြန်မာအသိုင်းအဝိုင်းနဲ့စပ်သမျှ ပြည်တွင်းပြည်ပ ပြဿနာတိုင်းလိုလိုဟာ
    အကြောင်းရင်း ၂ မျိုးကြောင့် ဖြစ်ရတာ လို့ အခိုင်အမာပြောချင်ပါတယ်။

    အဲဒီအကြောင်းတွေကတော့
    ၁- စည်းကမ်းနဲ့စံနစ်ဟာ နေရာတိုင်းမှာ ထိပ်ဆုံးက အရေးအကြီးဆုံးလို့ မခံယူကြတာ။
    ၂- အားနာရမယ့်နေရာမဟုတ်ပဲ အားနာတာ။ မပြောချင်တာ။ မပြောရဲတာ။ လက်ရှောင်တာ။ အောင့်ထားတာ။

    အဲဒီတော့ အမှတ်(၁)ကို အကြောင်းရှာရင် ပညာမဲ့တာ (သူ့ဟာသူပီအိတ်ချ်ဒီဆယ်ပြန်ရရ) ကြောင့်။
    အမှတ်(၂)ကို အကြောင်းရှာရင် ကိုယ့်မျက်နှာ၊ ကိုယ့်အကျိုး၊ ကိုယ့်ဂုဏ်၊ ကိုယ့်နာမည် မထိခိုက်ချင်တဲ့ အတ္တကြီးမှု့ကြောင့်။

    ဟုတ်ကဲ့ပါ-
    ကျုပ်တို့လူမျိုး ပညာမဲ့ပြီး အတ္တကြီးနေသရွေ့
    ဘယ်ကသိကြားမင်း ဘာစီးဆင်းပြီးကယ်ကယ် ဒီလိုပဲ ဂျာအေးသူ့အမေရိုက်နေမှာဖြစ်ပါကြောင်း။

    သူကြီးမင်းရဲ့ ပိုစ့်ကို ခပ်ပြင်းပြင်းဝင်မန့်မိတာဖြစ်တဲ့အတွက်
    ကျုပ်အဆို သူကြီးမင်း ငြင်းလိုပါလျှင်
    ဒီတခါတော့ ကွန်ပျူတာပြင်ပြီးဖြစ်လို့
    လယ်ဒီ ဖြစ်ပါကြောင်း …. 😛 😛

    • kai

      March 9, 2012 at 4:10 pm

      အဟမ်း..
      အယ်လ်အေမှာလည်း.. အဲဒါထက်ကြီးတဲ့ပြသနာတွေဖြစ်ဖူးပါ့ဗျာ…
      နောက်ဆုံး..ဘုန်းကြီး.. ကျောင်း၁၁ကျောင်းဖြစ်ရော…
      လူတွေလည်း.. ၁၁အုပ်စု..အဲ..အဲ.. ကွဲရော…

      ၁- စည်းကမ်းနဲ့စံနစ်က.. ယူအက်စ်စံနစ်က အင်မတန်ကောင်းတာ…
      ဒါကြောင့် ပီနန်ဆရာတော်ကြီးဦးဆောင်ပြီး သာသနာ့ဥသျှောင်ဖွဲ့တော့.. ယူအက်စ်စံနစ်နဲ့လုပ်ဖို့ပြောပြီး.. အဲဒီအတိုင်းလုပ်တာ…
      ဒါပေမဲ့..
      ၂- အားနာရမယ့်နေရာကျ… မနာသလားမမေးနဲ့.. ဟိုမှာ..ငါးမင်းဆွေက..ဘာလုပ်တယ်မှန်းမသိသေးဘူး.. သတ်ဖို့ဖြတ်ဖို့.. ကြုံးဝါးနေသူချည်းပဲ..
      ဒါပေမဲ့.. တောင်းတော့ ဒီမိုကရေစီ…

  • MaMa

    March 9, 2012 at 6:19 pm

    သဂျီးက မန်းနီးလောင်ဒရင်းဆိုတော့ မျက်စေ့လည်သွားတယ်။ 😀
    အခုစာကို ဖတ်ပြီးနားလည်မိတာကတော့ အလှူငွေရှာဖွေရေးအဖွဲ့က ဦးဆောင်တဲ့လူကြီး (တစ်ဦးတည်းသော်လည်းကောင်း၊ အဖွဲ့လိုက်သော်လည်းကောင်း) ငွေအလွဲသုံးစားလုပ်မှုလို့ ထင်မိပါတယ်။
    ဒါမျိုးတွေက ဒီမှာလည်း ရှိတတ်ကြပါတယ်။
    ဦးဆောင်ကြသူတွေရဲ့ နောက်ကြောင်းကိုလေ့လာပြီးမှ လှူသင့်တယ် ထင်မိပါတယ်။
    ယုံကြည်စိတ်ချရသူတွေ ဦးဆောင်မှသာ လှူပေ့ါ။
    (လူတိုင်းကိုယ်စီ ဆိုး/ကောင်း အင်မေ့ချ် ရှိကြသည်။)

  • zaw min

    March 9, 2012 at 8:49 pm

    သူကြီးရေ…K.L မှာရှိတဲ့ ပီနန်ဆရာတော်ကြီးရဲ့ ကျောင်းတိုက်လည်း ထိုနည်း လည်းကောင်းပါပဲ…ကျောင်းကို ပြန်သိမ်းရတဲ့အထိဖြစ်ခဲ့ပါတယ်…
    ဆိုတော့ကာ…လူတွေ..လူတွေ…မြန်မာလူမျိုးတွေ ပြောတော့ ငရဲကြီး (၈)ထပ်ကြောက်လှပါရီရဲ့…
    မြန်မာပြည်မှာတော့ ဘုရားဂေါပကအဖွဲ့တွေကို တွယ်မဲ့သူတွေဆိုလို့ လူရွှင်တော်တွေရှိသေးတယ်…ပြည်ပကသူခိုးတွေကိုတော့…အင်း…နင်လုပ်တာ…နင်ခံပေါ့လေ…

  • ဦးဦးပါလေရာ

    March 9, 2012 at 10:56 pm

    အားတော့နာတယ် သူကြီးရေ- (သူကြီးကိုမဟုတ်၊ ဘုန်းကြီးအချို့ကို)
    အားနာလို့ပဲ အရင်ကပြောမထွက်ပါဘူး…..

    ဒါပေမယ့် ဒေါ်စုက ပူပူနွေးနွေးပြောထားတာဆိုတော့
    (ဒီ အကြီးဆုံးဒိုင်းနဲ့ကောက်ကာတဲ့ဗျူဟာကလဲ သူကြီးဆီက အတုမြင်အတတ်သင်ပါ 😀 )
    မှားတာကိုလဲ မှန်တယ်မပြောတော့ပါဘူး..
    မှားတာကို မှားတယ်ပြောဘို့လဲ တခါလောက်ကြိုးစားကြည့်ပါမယ်..။

    ဘုန်းကြီးများစွာရဲ့ပြဿနာက နေရာတိုင်း ကြိုးကိုင်ချင်တာပါ။
    ဒကာတွေရဲ့ပြဿနာက ကိုယ်ကိုးကွယ်တဲ့ဘုန်းကြီးကို ပြန်ဆရာမလုပ်ရဲတာပါ။
    အဲဒီနှစ်ခုလုံးမှားနေပါတယ်။
    ဘုန်းကြီးဆိုတာ တပါးတည်း နှစ်ပါးတည်း တောရဆောက်တည်ရင်တော့
    ကိုယ့်ကျောင်းကိုယ် ကြောင့်ကျပြုရပါတယ်။
    (စကားအဖြစ်ပြောတာ၊ အဲဒါမရှိတော့ပါဘူး..)
    ဒါမှမဟုတ်ဘဲ ကျောင်းတိုက်တာ တည်ထောင်တယ် ဖွဲ့စည်းတယ်ဆိုရင်တော့
    ကိုယ့်လဲလောကီကိစ္စတွေလာမပိအောင်
    ဘုရားဥပဒေတော်နဲ့လဲ အရှင်းညီညွတ်အောင်
    နောင်လာတပြည့်သံဃာများအတွက်လဲ စံနမူနာလဲဖြစ်၊ ဘေးရန်ကာပြီးလဲဖြစ်အောင်
    မိမိကမိမိလိုလားတဲ့ မူလောက် အခြေခံစည်းမျဉ်းလောက်ချပေးပြီး
    လူဝတ်ကြောင် ဝန်ဆောင်ပုဂ္ဂိုလ်များကို ဂေါပကဖွဲ့စည်းပြီး
    ဦးဆောင်စီမံခန့်ခွဲစေသင့်ပါတယ်။
    နမူနာရှိသလား ?
    ရှိပါတယ်။ မူလမဟာစည်သာသနာ့ရိပ်သာကြီး(ဟိုခေတ်က)ပါ….။
    ဝန်ကြီးချုပ်ကိုယ်တိုင်ပင့်လာပြီး တရားရိပ်သာတည်ထောင်ဘို့ကျောင်းအပ်ခဲ့ပေမယ့်
    မဟာစည်ဆရာတော်ကြီးက သာသနနုဂ္ဂဟအဖွဲ့ကို
    အလုံးစုံ စီမံဘို့တာဝန်လွှဲတော်မူခဲ့တာပါ။
    ဆရာတော်ကြီးက တရားပြ တရားဟောကိစ္စလောက်သာ ပဓါနပြုခဲ့ပြီး
    ကျာင်းတိုက်အတွက် အခြေခံစည်းကမ်း/မူ တွေလောက်သာချပေးခဲ့ကာ-
    နှစ်စဉ် ဩဝါဒပေးလို့ တိမ်းစောင်းတာတွေ တည့်မတ်စေခဲ့ပါတယ်။
    (ဝမ်းနည်းစရာကောင်းတာက ကျုပ်ကြားဘူးသမျှ မဟာစည်ခွဲတွေမှာ အဲဒီစံနစ်ကို နမူနာမယူပါဘူး)
    ဒါစံနစ်ပါ..
    သူ့အကျိုးက ရိပ်သာစီမံခန့်ခွဲရေးမှာ ဘုန်းကြီးတွေက သိပ်ဩဇာပေးလို့မရတော့ဘူး။
    စီမံသူက ဘုန်းကြီးဖြစ်လို့ ပြန်မပြောရဲ မထောက်ပြရဲ စည်းကမ်းမချရဲတာတွေမရှိတော့ဘူး။
    အုပ်ချုပ်တဲ့ဥပသကာတွေကပဲ စည်းနဲ့ကမ်းနဲ့ စံနစ်တကျ ကိုင်တွယ်သွားပါတယ်။
    အခုအချိန်ထိတောင် ဘုန်းကြီးတချို့ချင်း တိုးတိုးကျိတ်ကျိတ်မတည့်တာကလွဲရင် ဘာငွေသံ ကြေးသံ ငြင်းခုံသံမှ မကြားရသေးပါဘူး။

  • ဦးဦးပါလေရာ

    March 9, 2012 at 11:09 pm

    ကျုပ်တခါက မချင့်မရဲ ပြောဘူးပါတယ်။
    မြန်မာဘုန်းကြီးတွေဟာ ကိုယ့်ကျောင်းကိုယ့်ကန်ကိုယ့်ဓမ္မာရုံထက်ကျော်ပြီး
    သာသနာ့အကျိုးကို မကြည့်ကြတာများတယ်…လို့

    အခု ပြည်ပမှာ မြန်မာဘုန်းကြီးတချို့ နှစ်ပါးရှိရင် နှစ်ကျောင်းခွဲတာလဲ ဒီသဘောပါပဲ။
    အတ္တကြီးတာ
    ကိုယ်ကပဲ နေရာအားလုံးမှာ ဆရာလုပ်ချင်တာ။ စည်းကမ်းစံနစ်မှန်သမျှ ကိုယ့်ပါးစပ်ကပဲထွက်ချင်တာ။
    ကိုယ်အထက်မှာ သာသနာ့အကျိုးအတွက် ဆီလျှော်တဲ့ သင့်တော်တဲ့ စည်းမျဉ်းစံနစ်များကို မထားလိုတာ။
    တနည်းအားဖြင့် သာသနာ့အကျိုးအတွက် ဆီလျှော်တဲ့ သင့်တော်တဲ့ စည်းမျဉ်းစံနစ်များကို မလိုက်နာလိုတာ။
    ဒါကြောင့် ဘယ်သူနဲ့မှမညှိလိုတာ မြန်မာဘုန်းကြီးများစွာရဲ့ အားနည်းချက်ပါ။
    ဒီတော့ ကိုယ်ဘုန်းကြီးရင် ဒကာတောင့်ရင် ကိုယ့်သာသနာတော့ ကိုယ့်တသက် ထွန်းကားချင်ထွန်းကားသွားမယ်- ဘုရားသာသနာအတွက်တော့ reverse action ဖြစ်သွားတယ်။ (ဗမာလိုလဲပြောတတ်ပါတယ်။ ကြောက်လို့..)

  • ဦးဦးပါလေရာ

    March 9, 2012 at 11:25 pm

    တကယ်တော့ စံနစ်ဟူသည် ဘာစံနစ် ညာစံနစ်လို့ မိုဒယ်ယူပြီးပုံလောင်းမှမဟုတ်ပါဘူး။
    စံနစ်ဆိုတာ လိုအပ်ချက်ကြောင့်ဖြစ်လာရမှာမို့၊ လိုက်နာရမှာမို့၊
    လိုအပ်ချက်အလျှောက် individualized ဖြစ်သင့်တာလို့ အရင်စကားဦးသန်းလိုပါတယ်။

    အဲဒီမှာ ပညာ ရဲ့ နေရာ ပေါ်လာတာပဲ။
    အဖွဲ့အစည်းတခုရဲ့ ရည်ရွယ်ချက်နဲ့ အခြေခံလိုအပ်ချက်တွေပေါ်မူတည်ပြီး
    ဘာတွေဘယ်လိုလုပ်ကြစို့ …… ဆိုတာ စံနစ်ပါပဲ
    ပညာကောင်းရင် စံနစ်ကောင်းမယ်။
    ပညာမပြည့်စုံ မပြည့်ဝရင် အဲဒီပညာနဲ့ချမှတ်ကျင့်သုံးတဲ့စံနစ်မှာလဲ
    လိုအပ်ချက်တွေ အားနည်းချက်တွေ ချွတ်ယွင်းချက်တွေ များစွာရှိနေမှာပါ။

    အဲဒီစံနစ်ကို ယုံကြည်ရင်
    (လိုတိုးပိုလျှော့တာတကဏ္ဍ) အမြဲခေါင်းပေါ်တင်ပြီး
    အမြဲ စံနစ်အောက်မှာနေရပါမယ်။ အဲဒါစည်းကမ်းပါ…။

    လူတချို့တွေ့ အာလာပသာလာပပြော
    တည့်တုန်းတော့ ကျီးဘုတ်မြှောက်လိုက်၊ ဘုတ်ကျီးမြှောက်လိုက်လုပ်
    ဘာအဖွဲ့လေးလုပ်ကြရအောင်ဆိုပြီး အပေါ်ယံသဘောတူရုံနဲ့တော့
    အဲဒါ ဘာစံနစ်မှလဲမဟုတ်ပါဘူး။
    အဲဒီလူတွေကို ဘာစံနစ်မှလဲ သွတ်သွင်းလုပ်ဆောင်စေလို့ မရပါဘူး။
    အဲဒီလူတွေကြောင့် စံနစ်နာမည်ပျက်ရုံသာရှိပါတယ်။

Leave a Reply