ကိုယ့်တွေ့ဖြစ်ရပ်မှန်နှင့် လူကြီးတွေပြောပြဖူးတဲ့ဇာတ်လမ်းတစ်ပုဒ်

kaunglayMarch 9, 20121min52925

လူကြီးတွေပြောပြဘူးတဲ့ဖြစ်ရပ်မှန်လေးအရင်ပြောပြမယ်ဗျာ …
ကျွန်တော့် အဖိုးအဖွားတွေနေတဲ့အိမ်မှာ နဂါးသိုက်ဆိုတာရှိတယ် အိမ်ဝန်းထဲမှာပေါ့ဗျာ မောင်နှမနှစ်ယောက်နေတာလို့ပြောတယ်။
အဲဒီမှာသူတို့နေဖို့အတွက် စင်လးတစ်ခု လုပ်ပေးထားရတယ် ၊သစ်သားစင်လေးပေါ့၊ အခုတော့ အုတ်နဲ့
လုပ်ထားတဲ့စင်လေးဖြစ်နေပါပြီ ၊ထားပါတော့ အဖိုးတို့ဆီမှာ အလုပ်လာလုပ်တဲ့တစ်ယောက်ရှိတယ် သူကအထက်ဂိုဏ်းကလိုလိုနဲ့ဗျ မယုံဘူးပေါ့ သူကအိမ်ထဲမနေရဘူး နှင်မယ်ထုတ်မယ်ပေါ့ သူကတရားစာတွေလား၊ဂါထာမဏ္ဍန် တွေလားမသိဘူး နေရာတိုင်းထောင့်စေအောင်လိုက်ကပ်တယ် အိမ်သာပါမကျန်ပေ့ါ၊ အဲဒီမှာစတာပဲ သူကအိမ်သာတက်တယ်ပေါ့ဗျာ အဲမှာအိမ်သာထဲကနေအော်ပြီးပြေးထွက်လာတယ် အမလေးကြောက်ပါပြီ
နောက်မလုပ်တော့ပါဘူးဆိုပြီး တန်းနေအောင်ပြေးတာ သူ့အိမ်ထိရောက်တယ်ဆိုပဲ ။အဲဒါနဲ့ အိမ်ကလူတွေက လိုက်မေးကြတာပေါ့ ဘာဖြစ်တာလဲဘာလဲပေါ့ ဘယ်လိုမှမေးမရဘူးဗျာ ဘယ်လိုကြောက်စရာပုံစံလုပ်ပြလိုက်သလဲဆိုတာတော့မသိဘူး အဲဒီနေ့ကစပြီး အလုပ်တောင်မလာတော့ဘူး ၊ ဘယ်လိုမှလိုက်ခေါ်လို့မရတော့ဘူး ၊တောင်းပန်ပြီး
အလုပ်ပြန်လုပ်ပါပြောတာကိုမရတော့တာပဲ အခုချိန်ထိပဲဆိုပါတော့ဗျာ …ဒါကတော့ လူကြီးတွေပြန်ပြောပြတဲ့ ဖြစ်ရပ်မှန်ပါ……..

နောက်တစ်ခုက ကျွန်တော် 8တန်းပြီးချိန်လောက်ကပဲ အဖိုးအဖွားတို့အိမ်မှာအလုပ်လုပ်ရင်းအိပ်တယ်
၊အဲတုန်းက မီးကလည်းအချိန်နဲ့လာတာလေအလှည့်ကျနဲ့ပေါ့ဗျာ။ ည11လာရင်မနက်လင်းရင်ပျက်တယ်
အလုပ်ကတော့ ကျောက်စိမ်းလုပ်ငန်းပါ၊ အဖိုးအဖွားတို့နေတဲ့အိမ်ကတော့ နှစ်ထပ်နံကပ်တိုက်ပေါ့၊
အလုပ်ရုံကတော့ နှစ်ထပ်အိမ်လေး၊ ကျွန်တော်အပါအဝင် ညအလုပ်လုပ်တဲ့လူက 3-4ယောက်ပေါ့။ အဲမှာ အပေါ့အပါးသွားရင် လူကငယ်သေးတော့ ဘယ်တော့မှတစ်ယောက်တည်းမသွားရဲဘူး
အဖော်ခေါ်ခေါ်သွားရတယ် ၊ 10တန်းရောက်တဲ့အခါကျ အလုပ်မလုပ်တော့ဘူးနားတယ် စာပဲကျက်တော့တယ် အဲဒီမှာညဆို မီးကပျက်တယ် တစ်ယောက်တည်း
အိမ်ပေါ်မှာ ဖယောင်းတိုင်မီးနဲ့ စာကျက်နေတုန်းပေါ့ နောက်ကနေ လူတစ်ယောက်ကစိုက်ကြည့်နေသလို ခံစားရတယ် အဲဒါလှည့်ကြည့်လိုက်ရင် နောက်မှာဘယ်သူမှရှိမနေဘူး ပြီးတော့ အိပ်ယာဝင်ပြီဆိုလည်း
လှေကားအတိုင်း လမ်းလျှောက်တက်လာသလိုမျိုး အသံကြားရတယ် ပြီးတော့ ဘယ်သူမှတက်မလာဘူး အဲလိုမျိုး ခဏတိုင်းဖြစ်တယ်၊ အဲဒါကလည်း ကျွန်တော်တစ်ယောက်တည်းတင်ဟုတ်ဘူးရယ်
အလုပ်လုပ်နေတဲ့သူတွေလည်း အဲလိုမျိုးဖြစ်ဘူးတယ် ကိုယ်တစ်ယောက်တည်းများဖြစ်နေလားဆိုပြီးတော့လေ..
အဲလိုမျိုးတစ်ယောက်ယောက် က ရပ်ကြည့်နေသလိုမျိုးတို့ ပြီးတော့ နောက်ကဖြတ်ပြေးသွားတာမျိုးတို့
၊ရှေ့ကနေ ရိတ်ကနဲ့ ဖြတ်လျှောက်သွားတာမျိုးတို့ကို လူတိုင်းတွေ့ကြုံဘူးတယ်။ ။၊တစ်နေ့မှာပေါ့ မနက် 5နာရီမထိုးခင်လောက် အပေါ့သွားချင်တာနဲ့ တစ်ယောက်တည်းထသွားတယ် ၊
အဲဒီမှာကျွန်တော်အိပ်တဲ့နှစ်ထပ်အိမ်ပေါ်ကနေဆင်းပြီးတော့ အဖိုး၊အဖွားတို့ရဲ့
နှစ်ထပ်တိုက်လေးဘေးကနေဖြတ်ပြီးတော့ ပတ်ပြီးသွားရတယ်အိမ်သာက ဒေါင့်တစ်နေရာမှာလေ ၊
အဲဒီမှာဗျာအပေါ့သွားမယ့်လမ်းမှာပဲ ရှိသေးတယ် ကလေးလေးနှစ်ယောက်က ဆော့နေတယ်ဗျ
ကျွန်တော်အိပ်ချင်မူးတူးဖြစ်နေရာကနေလန့်သွားတယ်ကြက်သီးမွှေးညင်းထသွားတယ် ၊
ဘယ်ကကလေးတွေလည်းဆိုပြီးတော့ ပြူးပြဲကြည့်တော့ ကလေးတွေမရှိတော့ဘူးဗျာ..
ရုတ်တရက်မြင်ကွင်းကနေ ပျောက်သွားတယ်ဗျာ အဲဒါကြောက်ကြောက်နဲ့ပဲ အုတ်တံတိုင်းထဲဝင်သွားလား ဘယ်နားများသွားကပ်နေလဲပေါ့ လိုက်ကြည့်တယ်ဗျာ
ကြောက်သာကြောက်တာနော် စူးစမ်းချင်တဲ့စိတ်ကတော့ အဲဒီအချိန်မှာကိုရှိနေတုန်း ဒီကလေးတွေ
စောစောကဆော့နေတာပါပေါ့ ဘယ်များရောက်သွားပါလိမ့်လို့ ပါးစပ်ကလည်းပြောရင်း လိုက်ရှာတာ
မတွေ့တာနဲ့ပဲ အပေ့ါသွားပြီးတော့ကြောက်ကြောက်နဲ့ပဲ ပြန်လာပြီးအိပ်တယ် ။ မနက်မိုးလင်းတော့
လူကြီးတွေကိုပြောပြတာပေါ့ ဒီလိုဒီလိုပဲတွေ့တယ်ဆိုတဲ့အကြောင်း ၊ လူကြီးတွေကတော့ဘာမှမပြောဘူး ရယ်နေကြတယ်
သိနေတာလေ ၊ကလေးတွေဆိုတော့ ကြောက်မှာစိုးလို့ ဘာမှပြောမထားဘူး ၊ အဲဒီသိုက်မောင်နှမတွေကလည်း အိမ်သားတွေမှန်းသိတော့ ဘာမှမလုပ်ဘူး ၊ပြီးတော့ သူတို့ကို မထိခိုက်ရင်၊ဘာမှမလုပ်ဘူးပြသာနာမရှိဘူး မခြောက်လှန့်ဘူးပေါ့ ။ မယုံဘူးဆိုပြီးလက်တည့်စမ်းရင်တော့အပေါ်က အလုပ်လာလုပ်တဲ့လူကိုအဖြစ်မျိုး ကြုံရမှာ
ဖြစ်မှာအသေအချာပဲ။
ပြီးတော့ နောက်ထပ်တစ်ခု ထပ်ပြောပြဦးမယ် ကျွန်တော်တို့အမျိုးတွေအိမ်က တစ်အိမ်နဲ့တစ်အိမ်က ကပ်ရပ်ရှိနေတာ။ အဖိုးအဖွားတို့အိမ်ရဲ့ အနောက်ဘက်ကပ်ရက်မှာ ဦးလေးအငယ်ဆုံးရဲ့ 3ထပ် တိုက်ရှိတယ် အဲဒီမှာသူက သမီးကြီးပဲ 3ယောက်မွေးတယ် ၊ နှစ်ယောက်ကရွယ်တူ အမွှာတွေပေါ့၊ တစ်ရက် ကလေးတွေများရှိမလားဆိုြ့ပီး ကျွန်တော့်ဦးလေးအိမ်အလည်သွားတယ်ပေါ့ အဲဒီမှာဗျာ ကျွန်တော်က လှေကားခြေရင်းနားရောက်တော့ အပေါ်မှာ ကလေးနှစ်ယောက်ပြေးတက်သွားတာကို ဖျက်ကနဲတွေ့လိုက်တာ အဲဒါအမွှာတွေဆိုြ့ပီး ကိုယ်လည်းပြေးတက်
၊ကိုယ်က လှေကားအကွေ့ဆိုရင် သူတို့ကလည်းကွေ့သွားပြန်ရော လိုက်ရင်းနဲ့နောက်ဆုံး အပေါ်ဆုံး ထပ်ထိရောက်သွားတယ် တံခါးပိတ်ထားတယ် မိပြီပေါ့ဆိုပြီးတံခါးကိုဖွင့်လည်းဖွင့်လိုက်ရော အခန်းထဲမှာ ဘယ်သူမှရှိမနေဘူးဗျာ၊တစ်ခန်းလုံးလိုက်ရှာတယ် မတွေ့ဘူး လူလည်းသူတို့နောက်မှီမလားဆိုပြီး ဇွတ်ပြေးလိုက်လာတာဆိုတော့ မောလာတာပေါ့ အပေါ်ဆုံးမှာကလည်း သောက်ရေမထား သိလိုက်ပါပြီ ပါးစပ်ကလည်းပြော ဒီကလေးတွေကတော့ ဒါနဲ့ဆို ငါ့ကိုနောက်တာ နှစ်ခါရှိပြီပေါ့ ဆိုပြီး ပြောလည်းပြောလာ
အောက်ထပ်ကိုပြန်ဆင်းပြီး ရေသောက်ရတယ် ။တစ်တိုက်လုံးမှာ ဘယ်သူမှရှိမနေဘူးရယ် ။
အခုပြောတာတွေက ကိုယ်တွေ့နှစ်ခါကြုံခဲ့ရတာဆိုတာပါပဲ၊ နှစ်ခါစလုံးကလည်း ကလေးပုံစံနဲ့ပဲ မြင်ခဲ့ရတယ်၊ တစ်ခြား ထိပ်လန့်စရာလို့ ၊ကြောက်စရာမြင်ကွင်းမျိုးနဲ့တော့ မတွေ့ဘူးဘူး၊
သူတို့က အလှအပကြိုက်ပုံပဲ သူတို့အတွက်ထားထားတဲ့ တိုက်အိမ်လေးဆို လှေကားလေးပါတယ်
အိမ်လေးအတွင်းထဲမှာဆိုသန့်ရှင်းရေးလုပ်ပေးထားရတယ် ကျောက်ပြင်၊မောင်း၊ဘီး၊မှန်၊ သနပ်ခါး စသဖြင့် စုံနေအောင် ထားပေးထားတယ်။ ကန်တော့ပွဲလည်းထိုးပေးရတယ်၊ အမြင့်ကလူတစ်ရက်လောက် အကျယ်က ၃ပေခွဲလောက်ရှိတဲ့ တိုက်အိမ်လေးပါ အခုချိန်ထိပေါ့ ၊
ယုံတာမယုံတာတော့ ရွာသူ/ရွာသားတွေအပိုင်းပေါ့ ကျွန်တော်ကတော့ ကိုယ်တွေဖြစ်ခဲ့တဲ့ ဇာတ်လမ်းမို့ ဖောက်သည်ချပြတာပါ။ ဒီလောက်နဲ့ပဲ ကျေနပ်လောက်မယ်လို့ ………
ကိုယ်တွေ့ဖြစ်ရပ်မှန်ပါလို့ပြောရင်း……….။

25 comments

  • inz@ghi

    March 9, 2012 at 7:21 am

    အင်း ….
    မျိုးချစ်စိတ် မရှိတဲ့ သရဲ ဘီလူးတွေအကြောင်း ပါလား …

    အနည်းဆုံးတော့ ကိုယ့်မြို့ကိုယ့်ရွာ တိုးတက်အောင်တော့
    မစ မယ် စောင့်ရှောက်မယ် မတွေးဘူး …
    ခြောက်ဖို့ လှန့်ဖို့လောက် တွေးနေကြသတဲ့ …
    ချဉ်ပါတယ်အေ …
    ငတုံး သရဲ ..သရဲ ငတုံး ဒွေ …
    😀
    အမေဒစ်ကင်န် တို့ ဂျာပန်တို့က သရဲဒွေနဲ့များ ကွာထှာ…

  • water-melon

    March 9, 2012 at 7:35 am

    အမလေး သရဲသရဲ
    အပေါ်မှာလဲ သရဲမျက်စိကြီး
    အမလေးကြောက်လိုက်တာ 😆

  • kyeemite

    March 9, 2012 at 9:46 am

    ကိုယ်တွေ့ဆိုလို့သာဖတ်ရတယ်..ယုံဘို့တော့ခတ်ခက်ခက်ဘဲဗျို့…

  • memeseku

    March 9, 2012 at 10:06 am

    သရဲဇာတ်လမ်းတွေကိုလိုက်လိုက်ရင်… အိမ်ကဖျက်လိုက်တာနဲ. အခုမရှိတာနဲ. လူကြီးတွေပြောတာနဲ. အမေကသဘောမတူတာနဲ…အသက်ချင်းသိပ်ကွာတာနဲ… နိုင်ငံခြားထွက်သွားတာနဲ… အဟိယောင်လို့…
    BIG BAG တောင်ပါသွားပြီ….. 🙂 🙂 🙂

  • Khaing Khaing

    March 9, 2012 at 10:44 am

    အရာရာတိုင်းကို ယုံတယ်မယုံဘူးဆိုတာ မိမိရဲ့စိတ်ဆုံးဖြတ်ချက်ပါ…. ဘာပဲဖြစ်ဖြစ် ပုံပြင်တစ်ပုဒ် အပျင်းပြေ အနေနဲ့တော့ ဖတ်ဖြစ်သွားပါတယ်…..
    ထမင်းဟင်းစားရင် တစ်သက်လုံး ဟိုတယ်စာတွေပဲစားရင် ငြီးငွေစရာကောင်းပါတယ်… တစ်ခါတစ်လေ အိမ်ချက်လက်ရာလေးစားကြည့်တော့ အပြောင်းအလဲဖြစ်တာပေ့ါ….တောချက်ကလေးလည်း စားကြည့်သင့်တယ်… ဒီလိုပါပဲ စာဖတ်ရင် ဗဟုသုတရစရာတွေလည်းဖတ်မယ် ပျော်စရာလေးတွေလည်း ဖတ်မယ် ကြောက်စရာတွေလည်းဖတ်မယ် အချစ်အကြောင်းတွေ ကဗျာတွေကိုလည်းဖတ်မယ် ဒါဟာလည်း ရေးသားပေးတဲ့လူတွေကို တန်ဖိုးထားပေးတဲ့စိတ်အပြင် မိမိကိုယ်ကိုယ်မိမိ စိတ်အပန်းဖြေတာလည်း ပါတာပေ့ါလေ ကိုယ်မကြိုက်တာနဲ့ ဘေးထိုင်ဘုပြောလုပ်တာ လူပျင်းလူညံ့တွေရဲ့အလုပ်လို့ ထင်ပါတယ်…..

    ဘာပဲဖြစ်ဖြစ်Kunglayရေ မမကတော့ သူငယ်ချင်းအားလုံးရဲ့ဖန်တီးမှုလက်ရာတွေကို အားပေးနေပါတယ်….

  • သူရဇော်

    March 9, 2012 at 12:58 pm

    တဂျီးနဲ့ အင်ဇာဂိ ကို သရဲတွေနဲ့ လွှတ်ပေးချင်ထာ…………. တဂျီးကို တစစီဆွဲဖြဲ……….အင်ဇာဂိ ဂျွတ် ဂျွတ် ဂျွတ်နဲ့ ဝါးစားခိုင်းမယ်………တော့် အဂိ….ရှင်တို့ဂျပန်မှာ လူတွေသေထားတာ မနည်းမနောနော်…. တော်ကြာ တရဲတွေ လာကိုက်မယ်……..ဂျာပွန်သရဲကြမ်းကြမ်းနဲ့တွေ့ပါစေတော်…..
    တရဲကိုများ အတန်းအစားခွဲနေသေးတော်…..အံ့ပါ့……ဒီမိုတွေကော ….ကွန်ဆာဗေးတစ်တွေကော ချုပ်နေတာဘဲ…..တရဲတောင် တောင်းတောင်းမနေရဘူး…………..

  • ဘယ်သူတွေ ဘာပြောပြော …
    ကျုပ်ကတော့ အခုလို ကိစ္စမျိုးနဲ့ ပတ်သက်လာလို့တော့ …
    ထောက်ခံပြီးသားပဲ …
    (မယုံဘူး လာပြောတဲ့လူကိုလည်း ဖင်ပိတ်ငြင်းပစ်လိုက်မှာ … ဘာမှတ်လဲ .. 😀 )

  • kaunglay

    March 9, 2012 at 1:44 pm

    တစ်ကယ်ကိုယ်တွေ့ကြုံခဲ့ရတာပါ ၊ သရဲတစ္စေ ဇာတ်လမ်းမဟုတ်ရပါဘူး ၊
    အပေါ်မှာရေးထားပါတယ်သေချာမဖတ်တာလည်းဖြစ်နိုင်သလို ရေးသားသူ ကျွန်တော် ညံဖျင်းမှုကြောင့် နားမလည်တာလည်း ဖြစ်နိုင်ပါတယ် ၊ နဂါးသိုက်ပါ အိမ်ဝန်းထဲမှာ ရှိနေတာပါ ဘယ်နေရာမှာရှိနေတာလဲဆိုတာ အတိအကျတော့ပြောလို့မရဘူးပေါ့ ၊ ကျွန်တော့်အဖိုးတွေ့ဘူးတဲ့ပုံစံကြ မတူပါဘူး မိ်န်းမတစ်ယောက်ပါ ဆံပင်အရှည်ကြီးနဲ့တဲ့ ပြတင်းပေါက်ကနေ အဖိုးကို ရပ်ကြည့်နေတာတဲ့၊
    ကျွန်တော်တွေ့တာတော့ ကလေးပုံစံနဲ့ ဆော့နေတာရယ် ၊ ပြီးတော့ အိမ်ပေါ် ကလေးလေးနှစ်ယောက်ပြေးတက်သွားတာမြင်လို့ လိုက်သွားခဲ့တာရယ်က သရဲတစ္စေဟုတ်ပါဘူး (နဂါးသိုက်ပါ- သိုက်မောင်နှမတွေပါ)၊
    ဲ့ ယုံကြည်ဖို့ လက်ခံဖို့ဆိုတော့ မလွယ်ကူပါဘူး ၊ ကိုယ်တွေ့မို့ ကျွန်တော်လည်း ရေးရတာပါ ၊ ယုံကြည်တာပါ။ ပြောမယုံ ကြုံဘူးမှသိဆိုလားပဲ စာဆိုတောင် ရှိသလားပဲ ….

    • ဘာမှ ပူနဲ့ဗျ …
      ခင်ဗျားဘက်မှာ ကျုပ် တစ်ယောက်လုံး ရှိနေဒယ် ..
      (အဟဲ … နေရာ ဝင်ယူလိုက်ဒါ .. 😀 )
      ရွာထဲမှာ ဘာပြောပြော မယုံတတ်တဲ့ထဲမှာ သဂျီးက ထိပ်ဆုံးကပဲ ..
      ဒီတော့ သဂျီး အပါအဝင် မယုံတဲ့ လူတွေကို ဝိုင်းတွယ်ဖို့ အခုလိုမျိုးဟာတွေ များများရေးပြီး တင်ကြပါစို့ .. 😀

  • siamonone

    March 9, 2012 at 2:55 pm

    နဂါးသိုက်ရှိတယ် တဲ့ .. သွားတူးရအောင် ပြောသံကြားဖူးတယ် နဂါးသိုက်မှာ ရွှေတွေငွေတွေ ကျောက်သံပတ္တမြားတွေ များကြီးဆိုလား ..
    ကျောက်သံပတ္တမြားမတွေ့လည်း အရေးမကြီးပါဘူး နဂါးတစ်ကောင်လောက်ဖမ်းမိလည်း ရောင်းစားရင် သူဋ္ဌေးဖြစ်ပြီး .. ဘယ်သူလိုက်မလဲ ..

    • inz@ghi

      March 9, 2012 at 3:08 pm

      အယ် ….တိုးတိုးပြောပါဟယ်…
      တီလုပ်တွေကြားတွားလို့…
      သများတို့ မီတူးရဘဲ သူလို့ တူးသွားပါဦးမယ်..
      😀

      အာဟိ

      • တူးမယ် ဆိုရင်လည်း တူကြပါဗျာ ..
        တားပါဘူး ..
        ကျုပ်တို့ရွာက ဥစ္စာစောင့်တွေ စောင့်တဲ့ သိုက်ကို လာတူးတဲ့ ဆရာတစ်ယောက်တော့ ရူးသွားခဲ့ဖူးတယ် …
        မြေပြင်ကို ရေထင်ပြီး ကူးခတ်နေလိုက်ပုံများ ……..
        အဲလို ဖစ်ချင်ကြသလား ……
        😀

  • နတ်ဆိုးလေး

    March 9, 2012 at 3:28 pm

    ကောင်လေး ပြောထားတာက မယုံရင်နေလို့ဘဲ ပြောထားတာ အမှန်ဖြစ်ရမှာက လာလေ့လာနိုင်ပါတယ် ဘယ်မြို့ ဘယ်ဒေသပေါ့ အဲ့လိုဖြစ်ရမှာမဟုတ်ဘူးလား မဟာရာဇာ အံစာတုံးကြီးရေ …..အဲ့လိုဖြစ်သင့်တယ် လို့ ထင်ပါတယ်…..နတ်ဆိုးလေး လဲ ကြုံဘူးပါတယ် ကိုယ့်တွေပါ…. ဒါပေမဲ့ နတ်ဆိုးလေးတို့က ဘဝတူတွေလေ သိတယ်မို့လား နတ်ဆိုးလေး နှင့် အပေါင်းအပါများပေါ့…….

  • cobra

    March 9, 2012 at 3:45 pm

    အားးးးးးးးးးးးးးးးးးးးးးးးးးး
    သရဲ…………….
    သရဲ…………..
    အဲလိုအော်လိုက်တဲ့အချိန်မှာပဲ…………………..
    ကိုက်တယ်………..ကိုက်တယ်…………………..
    အမှန်တော့သရဲကိုက်တာမဟုတ်ပါဘူး
    အော်နေတဲ့အချိန်မှာ ပုရွက်ဆိတ်ကိုက်တာပါ။

  • aye.kk

    March 9, 2012 at 4:32 pm

    ကျမခပ်ငယ်ငယ်ကပေါ့နော်၈နှစ်ပါတ်ဝန်းကျင်ဆိုတော့..
    နားလည်နေပါပြီ…
    ကျမခင်တဲ့အမကဥစ္စာစောင့်ဖြစ်ကြောင်း..
    အိမ်သားတွေကလည်းသိထားကြပါတယ်..
    သူကလူဆိုပေမယ့်၊ပကတိကတော့လူသားနေထိုင်မှုအတိုင်းပါဘဲ..
    ထူးခြားတာက..ညည့်နက်သန်းကောင်ယံအချိန်မထင်မှတ်ဘဲထွက်ထွက်သွားတတ်တယ်
    သွားတာကလည်း၊ဘယ်သူမှမဖြတ်သွားရဲ တဲ့၊မသွားရဲကြတဲ့ဘုရားဝိုင်းထဲကိုသွားတာပါ..
    သူ့အဖော်တွေကအဲဒီမှာနေတယ်လို့ကျမကိုပြောပြပါတယ်..
    တစ်ခါတော့ကျမကအဲဒီအမကိုဥစ္စာစောင့်မှန်ရင်ပေါ့နော်ထူးခြားတာသိမြင်လိုကြောင်း..
    ကလေးပီပီမေးဘူးပါတယ်..
    အမကခဏတော့..တင်ပလင်ခွေလေးထိုင်ပြီးအာရုံတခုပြုနေပါတယ်..
    ဘာမှမကြာလိုက်ပါဘူး…ကျမနှာခေါင်းဝမှာ
    စိမ်းရွှေရွေ၊နံ့သာအနံ့လိုလိုအမွှေးနံ့တွေခံစားရပါတယ်..
    ကလေးပေမယ့်အနံ့ကအိမ်ထဲမှာလည်းရရှိနိုင်တာမို့မယုံသေးပါဘူး..
    ကျမကိုမျက်စိမှိတ်ထားပေါ့..ဖွဖွသာသာလေးပေါ့နော်..
    ဘာတွေမြင်ရလည်းပေါ့..မျက်လုံးထဲမှာမြင်လာတာကဖြူနီဝါပြာအစိမ်းရောင်စုံပါဘဲ
    အမျိုးမျိုးမြင်နေရသလိုပါဘဲ..
    အရောင်တွေပြောင်းလဲပြီးမြင်နေရပါတယ်..
    ပြီးတော့အမကပြောတယ်သူတို့ပြန်တော့မယ်ပေါ့နော်…
    ကျမမျက်လုံးထဲမှာဘာအရောင်မှမမြင်ရတော့ဘူး…
    ခံစားရှူရှိုက်နေတဲ့အနံ့လည်းတစ်ခါတည်းပျောက်ဆုံးသွားတယ်…
    ဘာအနံ့မှမရတော့ဘူး…
    ကျမခင်တဲ့အမကကျမကိုပြောတယ်…
    အိမ်တွေကိုဝင်ချင်တိုင်းဝင်၊ထွက်ချင်တိုင်းထွက်လို့မရဘူးတဲ့…
    ခဏလေးဝင်လာလို့ရပေမယ့်ဆိုင်ရာတွေကိုအရမ်းတောင်းပန်တိုးရှိုးခဲ့ရတာတဲ့..
    အဲဒီလိုလာရင်လည်းအပြစ်ပြန်ခံရပြီးသက်တမ်းထပ်တိုးခံရတယ်လို့ကျမကိုပြောပြတယ်..
    ကျမကိုချစ်ခင်လို့သာဆိုပြီးပြတာ..
    ပထမဆုံးအကြိမ်ဖြစ်သလိုနောက်ဆုံးအကြိမ်ပါလို့ခင်တဲ့အမကပြောတယ်..
    သူတို့နောက်ထပ်အပြစ်လုပ်မိသလိုဖြစ်သွားပြီပေါ့နော်..
    ကျမခလေးစိတ်နဲ့တောင်းဆိုခဲ့ပေမယ့်၊အမကအဲဒီလိုပြောတော့ကျမလည်းအရမ်းခံစားမိခဲ့ရပါတယ်..
    ကျမဒီအကြောင်းတွေကိုဒီအသက်အရွယ်ထိထုတ်မပြောပြနိုင်ပါဘဲရင်ထဲမှာသိမ်းဆည်းခဲ့ပါတယ်..
    ဘဝတွေဆိုတာအလွန်ဆန်းကျယ်လှတယ်လို့ခံစားမိခဲ့ရပါတယ်..
    ငယ်ငယ်ကတည်းကလည်းဘကြီးအဆုံးအမတွေနာခံရင်းကြီးပြင်းလာခဲ့တယ်..
    ကိုယ့်ကိုကိုယ်အပြစ်နည်းအောင်သာနေခဲ့မိပါတယ်..။
    ဝိပါတ်စိတ်၊ကြိယာစိတ်တွေကိုလည်းလက်ခံယုံကြည်ခဲ့ပါတယ်။။

    • ဆူး

      March 12, 2012 at 5:25 pm

      သူတို့ က အချိန်အပိုင်းခြားနဲ့ နေ့စံညခံ ညခံနေ့စံ ဆိုသလိုမျိုး အဲဒီ သက်တမ်းတိုးသွားတာ ဖြစ်ပါလိမ့်မယ်။
      သိုက် က လာတဲ့ လူတော်တော် များများ အသက်မရှည်ကြဘူး။
      ဘာသာရေး များများ လုပ်မိရင် ပြန်မသွားနိုင်မှာ စိုးလို့ အချိန်မတိုင်ခင် သေတတ်ကြပြန်ရော..
      တခါတည်း ဆရာကောင်းနဲ့ ဖြတ်ပလိုက်ရင် သက်တမ်းစေ့ နေလို့ ရတယ်။
      တချို့ကျတော့လည်း ပြန်သွားစရာ မလိုတော့ဘူး ဝဋ် သက်တမ်း ကုန်သွားပြီ။ အဲလို လူမျိုးကျတော့ မိသားစုတွေက အားကိုးရာ အဖြစ် ကုသိုလ်များများ ပြုစေချင်တယ်။ ကုသိုလ် ပြုပြီးတိုင်း အမျှဝေဖို့ အချက်ပြတာ အသံပေးတာ စသဖြင့် လုပ်တတ်ကြတယ်။
      လူတွေနဲ့ အလှမ်းဝေးတဲ့ ကိစ္စတွေ မပြောတော့ပါဘူး။

  • memeseku

    March 9, 2012 at 4:37 pm

    ကလေးကလေးနဂါးကနဂါး…
    ဘိုဂျီးတုန်း… နဂါးကကိုထင်မပြပဲဘာလို. နဂါးသိုက်လို့ခေါ်ဒုန်း…
    ရှင်းဘူးအေ… သရဲဇာတ်လမ်းတွေများမရှင်းမရှင်းနဲ. The Lady ထဲကမစ်ရှဲ.ဗမာစကားပြောတဲ.အသံထက်တောင်…နားထွေးသေး…
    ဒီအိမ်ဒီလမ်းဒီရပ်ကွက်… ဒီလိုလုပ်ပါ… ငယ်ချင်းရဲ.
    ဟိဟိ.. ဝင်ပွားတာ…

  • siamonone

    March 9, 2012 at 8:21 pm

    သိကြလားမသိဘူး နော် ..
    သရဲဆိုတဲ့ အရာကို သိပ္ပံပညာ နဲ့ ပြသနိုင်ပြီလို့ လေ ..
    သရဲ ကို တကယ်ခံစားတတ်စေရမယ် .
    တကယ် ခြောက်ခြားစေရမယ် .. ပြီးတော့ တကယ် လက်တွေ့ မြင်စေရမယ် ..

  • Kaung Myat Thu

    March 12, 2012 at 12:50 pm

    ညက ကွန်ပျူတာထိုင်နှိပ်နေတုန်း “ဝုန်း”ဆိုတဲ့အသံတစ်သံနှင့်အတူ မိန်းမတစ်ယောက်ရဲ့”အမလေးဗုံးပေါက်
    ပါပြီတော့”ဆိုတဲ့အော်သံပါကြားလိုက်ရတယ်။ကျွန်တော်အပါအဝင်တိုက်ခန်းတွေကလူတွေအလန့်တကြား
    ထွက်ကြည့်ကြတာပေါ့။ဘာမှလည်းမတွေ့၊မီးခိုးလည်းမတွေ့ လူတွေအကုန်ကြောင်ကုန်ကြတာပေါ့။
    တကယ်တော့TAXI ဘီးပေါက်တာပါ။ဒီမိန်းမဘာကြောင့်ဒီလိုထအော်ရတာလဲ။သူ့စိတ်ထဲမှာဘာတွေကိုတွေ့
    မြင်ဘူးပြီးစိတ်စွဲကြောက်လန့်နေရတာလဲ။
    ဘယ်ကိစ္စပဲဖြစ်ဖြစ်လူတွေရဲ့စိတ်စွဲလမ်းမှုကြောင့်ဖြစ်ရတဲ့ဖြစ်ရပ်တွေအများကြီးပါပဲ။

  • Mon Kit

    March 12, 2012 at 1:11 pm

    အို.. ဘာဘဲဖြစ်ဖြစ် မွန်ကစ်လဲ စိတ်ဝင်စားတယ်.. အဲလိုဟာမျိုးတွေ… လောကီလွန် ဖြစ်ရပ်တွေ ပြောပါတယ်.. ဆက်ရေးပေးပါနော်..
    အားပေးနေမယ်…

  • eipu

    March 12, 2012 at 1:39 pm

    တချို့ အရာတွေက မယုံဘူးလို့ပြောရမှာတောင် ခက်တယ်နော်။

  • နွေဦး

    March 12, 2012 at 2:28 pm

    ကိုယ်ငယ်ငယ်တုန်းက အဲလို ခလေးမျိုးတွေနဲ့ ကစားခဲ့ဖူးတယ်
    သူတို့ဆီက ကစားစရာ အဆန်းတွေ နဲ့ ကစားရတာ..
    နောက်ကြီးလာတော့မှ သူတို့ ဘာတွေလဲဆိုတာ သိရတာ..
    ခုတောင် သူတို့ သတိရရင် လာလည်ကြသေးတယ်..

  • ဆူး

    March 12, 2012 at 5:20 pm

    နဂါးသိုက် က ကလေး၂ယောက် အနေနဲ့ မြင်တယ် ဆိုတော့ အဲဒီ နဂါး အထီးနဲ့ အမ က မွေးတဲ့ ကလေးတွေ လျှောက်ဆော့နေတာ ဖြစ်မှာပေါ့။ သူတို့လည်း မိသားစု နဲ့ နေတတ်ကြတာ ဆိုတော့ ကလေးတွေ ဘာတွေ ရနေတာ ဖြစ်မှာပေါ့။

Leave a Reply