“ ကိုကြီးမိုက်ရေ.. ဆီမီနာလုပ်လိုက်ပြီဗျို့ ”

Swal Taw YwetMarch 9, 20128min48052

ဒီရက်ထဲမှာ ဟိုးတုန်းက ဖတ်ထားခဲ့ဘူးတဲ့ ကဗျာတို စာစလေးတွေ ခဏခဏ ပြန်ပြန် ပေါ်နေတယ်။

ဒီစာစုလေးခေါင်းစဉ်က “ကဗျာဝိုင်း၊ စာဝိုင်းနှင့် ကျနော်” လို့ ထင်နေတယ်။

သတိရနေတဲ့ စာသားလေးတွေက ဒီလို….

ဤသို့ဖြင့် အမှန်တရားသည် ပုန်းကွယ်ရာမှ ရှေ့သို့ထွက်လာသည်။

 အိပ်နေရာမှ နိုးထလာသည်။ နိုးထရာမှ ထင်ရှားလာသည်။ ထင်ရှားရာမှ ပျံတက်လာလေတော့သည်။

 ဤကား ဤစကားဝိုင်းလေး၏ အနှစ်သာရပင်တည်း

 

အခုလည်း ဝင်ငွေခွန်ကိစ္စနဲ့ ပတ်သက်ပြီး ကိုကြီးမိုက်နဲ့ ကျနော် ဆွေးနွေးတဲ့နေရာမှာ တခြားသူတွေရဲ့ အတွေ့အကြုံတွေ၊ မတူနိုင်တဲ့ ရှုထောင့်အမြင်တွေ စုပေါင်းပြီး ကောင်းသထက်ကောင်းတဲ့ အဖြေတစ်ခု ရလာစေချင်လို့ ဆရာသစ်မရှိတုန်း ကြားဖြတ် ဆီမီနာလေးအသွင် ဖန်တီးကြည့်ချင်ပါတယ် ဗျို့ …. ဝိုင်းကြပါဦးနော…

အစပျိုးပုံလေးက စပါမယ်။ သေသေချာချာ သိထားစေချင်လို့ပါ။

ကိုဘလက်ချောရဲ့ “ဦးဆောင်သူတွေက သမားရိုးကျ မတွေးသင့်ပါ” ပို့စ်မှာ ကိုကြီးမိုက်က ဒီလိုမန့်ထားခဲ့တယ်ဗျ။

 

kyeemite says:

ကိုဘလက်ရေ..အစိုးရကပြောင်းနေပီပြောပေမဲ့..ကျွန်တော့အမြင်မှာတော့..လုပ်ပုံကိုင်ပုံတွေမှာ မပြောင်း
သေးပါဘူးဗျာ..အရင်အစိုးရအတိုင်းဘဲ(အေးလေ လူမှမပြောင်းတာ)….အတိတ်ကအမှားတွေ
ရဲ့ဒဏ်ကို ပြည်သူတွေခုထိခံနေရတုံးပါဗျာလတ်တလောပြသနာဖြစ်နေတဲ့ ကိစ္စတစ်ခုပြောချင်သေးသဗျာ..ကုမ်ပဏီ ဝန်ထမ်းတွေဆောင်နေရတဲ့ ဝင်ငွေခွန်အရမ်းများနေတဲ့ကိစ္စမျိုး..
တနေ့ကဘဲ ကွန်ပြူတာ ဆိုတဲ့လူရေးတင်ခဲ့တဲ့ အမှန်တရား(၁)ဆိုတဲ့ဆောင်းပါးထဲကအတိုင်းပေါ့..
လစာထဲကဝင်ငွေခွန်၂၆%ဆောင်ရတယ်ဆိုတော့ကာသေဘီဆရာပေါ့ဒါမျိုးတွေဦးစားပေးပီးဖြေရှင်းသင့်ပါရဲ့နဲ့ မသိချင်ရောင်ဆောင်နေပြန်တယ်ခုရွေးကောက်ပွဲနီးတော့လာပြန်သေးတမျိုး

အနိမ့်ဆုံးဝန်ထမ်းလစာ..တစ်သိန်းဖြစ်ရမည်တဲ့..ဘယ်ကပိုက်ဆံနဲ့ပေးမှလည်း သိချင်သား

 

 

အဲဒီ့အချိန် ကိုကြီးမိုက် ညွှန်းတဲ့ ဖြစ်ရပ်မှန် (၁) မှာ (အဓိကအားဖြင့် comment တွေအပေါ်မှာ ) ကျနော်က အစာမကြေ ဖြစ်နေခဲ့တော့ ဝင်ဆွေးနွေးဖြစ်ရော…. ဒီလိုမန့်ခဲ့တာပါ။…  (ဤပို့စ်ခေါင်းစဉ်နှင့် မဆိုင်သည့် ကျနော့်သံသယများအား ဘေးဖယ် ထားခဲ့ပါသည် )

Swal Taw Ywet says:

Dear Brother ( Ko ) Kyee Mite,
Please let me discuss with you , regarding a post now you referred.
Do you believed that post is a real ( TRUE ) story?
Please let me copy their comment and reply from REAL STORY NO 2.
(Sorry, I could not use Myanmar font.)
• kyeemite says:
တကယ်တော့ လစာကိုအမှန်အတိုင်းပြပြီး အခွန်ကိုလည်း အမှန်အတိုင်းဆောင်သင့်ပါတယ်
ဆောင်နေရတဲ့ အခွန်အခကြီးနေတာကို နိုင်ငံတော်အကြီးအကဲတွေဆီ တင်ပြပြီး ခေတ်နဲ့လျှော်
ညီတဲ့ နှုံးထားဖြစ်အောင် ပြုပြင်ပေးဘို့ တောင်းဆိုတာကတပိုင်းပေါ့ဗျာ..
လစာကိုအမှန်အတိုင်းမပြတာကတော့..စဉ်းစားကြည့်ရင် ဝန်ထမ်းအတွက်ပိုနစ်နာပါတယ်
Reply

2-27-12
D……. says:
ကျွန်တော် Company လုပ်သက် 12 နှစ်ရှိပါပြီဒါကြားထဲမှာ ကိုယ်ကနေ အခွန်ဆောင်ရတယ်ဆိုတာ တစ်ခါမှမကြားဖူးပါဘူး ပြီးခဲ့တဲ့ 2 နှစ်လောက်က နောက်ဆုံးလုပ်ခဲ့တဲ့ Company မှာတောင်လစာကNet ကို 230,000 ရတဲ့အချိန်တုန်းကတောင် အခွန်ဆိုတာကို ကိုယ့်လစာထဲကမဆောင်ခဲ့ဖူးပါဘူး…. ဒီ Company ရောက်မှ လစာရင်းက 30000 ရပြီး အခွန်က 7900 ဆောင်ရတယ်ဒါပေမဲ့ တစ်ခြားရက်မှန်တာတို့ Level အလိုက်တို့Means Allowance နဲ့ပေါင်းပြီး Net က 140,000 နီးပါးလောက်ကျန်တယ် …….
• G R says:
ဒီ computer လေးက တကယ့် computer စစ်စစ်လေးနော်… data တွေပဲလာလာလက်ခံနေတယ်..
ပြန်မေးတော့ အဖြေမရဘူး.. virus မဝင်အောင် သတိထားဦးနော်.. တော်ကြာ သိမ်းထားတဲ့ data တွေ ကုန်သွားဦးမယ်။
G R
က စက်ရုံနာမည် သိရင် ကူညီမလို့ မအားတဲ့ကြားထဲက ဝင်ဝင်ကြည့်နေတာ.. ပထမ post မှာ မေးထားတာ ပြန်လည်းမဖြေဘူး.. ဖြစ်ရပ်မှန်လို့ နာမည် တပ်ထားပြီး.. သတင်းပေးတာက တိလည်း မတိကျဘူးနော်သူများတွေ ပြန်ဖြေတာတွေကိုချည်းပဲ သိမ်းသိမ်းသွားတယ်။
တကယ် လိုအပ်ရင် တကယ် ကူညီမှာပါ
Reply
2-28-12
D……. says:
အာ………ဖြေလို့ရမလားဗျ…..ဖြေချင်တာယားနေတာပဲ…. ရုံးကလူကြီးတွေလည်း ဒီဆိုဒ်ကိုဝင်ဝင်ကြည့်တယ်လေဗျာ …… ဒါကြောင့် G…. R… ရဲ့ မေလ်းလေးဖြစ်ဖြစ်ထားခဲ့ပေးပါလို့ပြောတာပေါ့ကျွန်တော့်မေလ်း 3 ခုလောက်ကို ရုံးကအကုန်သိလို့ဗျ ……..
Reply

2-28-12
Co….. says:
G R
ရဲ့စေတနာကိုအလေးထားပါတယ်။ဒီPostလေးဟာဘယ်သူကိုမှနစ်နာစေလိုတာမရှိပါဘူး။
နစ်နာနေတဲ့ဝန်ထမ်းတွေအခွင့်အရေးတွေပြန်ရလာဖို့၊နိုင်ငံတော်နဲ့ကုပ္မဏီကသက်ဆိုင်သူတွေသိရှိပြီးဆင်ခြင်နိုင်ဖို့၊မဟုတ်တာလုပ်တဲ့သူတွေ့ရင်ထိရောက်စွာအရေးယူနိုင်ဖို့တစ်ဖက်တစ်လမ်းကနေ

ထောက်ပြခြင်းဖြစ်ပါတယ်။
နောင်လည်းစုဆောင်းထားတဲ့Dataလေးတွေဖေါ်ပြသွားဦးမှာပါ။

Now Please think by your self as my point of view.OK?
1> Is D……………………..
2> He ……………Honest ?
3> When …………….
4> Without exact name of company, How can we ( MG Villagers ) can help them?
How Government can notice them? Amazing!!!!!
Dear Brother ( Ko ) Kyee Mite,
Don’t waste your time for the unbelievable posts.
As for me, I couldn’t believed them ( C……. and D….. ).

Let’s try our best for our country.
With respect,
Swal Taw Ywet.

 

ကိုကြီးမိုက်က သူ့ရဲ့ တကယ့်အခြေအနေကို ဒီလို ပြန်တင်ပြခဲ့ပါတယ်။

kyeemite says:

ကိုစွယ်တော်ရွက်ခင်ဗျား…(အမေးရှိလို့ အဖြေရှိရခြင်းကိုပို့စ်ပိုင်ရှင်မှနားလယ်ခွင့်လွှတ်
ပေးစေလိုပါသည်)ကျွန်တော်လည်းလက်ရှိ ကုမ်ပဏီဝန်ထမ်းတစ်ဦးပါ။
သူများကုမ်ပဏီအကြောင်းတော့မပြောဆိုမငြင်းခုံချင်ပါ
မိမိကုမ်ပဏီအကြောင်းသာပြောပါမည်။ကျွန်တော်လုပ်နေတဲ့ကုမ်ပဏီကတော့..စာအုပ်ကြီး
အတိုင်းဆိုသလို စာရင်းဇယားများအားလုံးကိုအမှန်အတိုင်း တစ်မျိုးတည်းသာထားပြီး
သက်ဆိုင်ရာအစိုးရဋ္ဌာနများကိုလည်း ထိုအမှန်စါရင်းအတိုင်းသာတင်ပါသည်။
သို့ပါရွေ့ ဝန်ထမ်းများထံမှဝင်ငွေအခွန်ကောက်ခံရန်တွက်ချက်ရာတွင်လည်း
အစိုးရသတ်မှတ်ထားသည့်အတိုင်းအမှန်အတိုင်းတွက်ချက်ရွေ့
လစဉ်ဖြတ်ပါသည်။မယုံမရှိပါနှင့် အမှန်ပါခင်ဗျား..ပိုမိုရှင်းလင်းသွားအောင်
နမူနာပေးစလစ်တစ်ခုဖေါ်ပြပေးပါမည်

Basic Salary: 152429
Full attendance: 4000
Cost of living:20500
Total income: 176929
Income tax: (36960)
SSB: (465)
Total Net income: 139504(
အိမ်ပြန်ပါငွေ)
ဆိုတော့ကာဝင်ငွေခွန်အမှန်အတိုင်းဆောင်ရင် နည်းလားများလား တွက်ကြည့်ပေါ့ဗျာ
ဒီဝန်ထမ်းတွေအတွက်ဝင်ငွေခွန်ဥပဒေပြဋ္ဌန်းခဲ့တာကြာပါပြီ..ကျွန်တော်မှတ်မိသလောက်တော့
အစိုးရပြန်တန်းဝင်အရာရှိတစ်ယောက်..၁၂၅ဝကျပ်နှုန်းရတုံးကပါ။
ဒီလောက်ဆို computer ဆိုသူတင်ထားတဲ့( 2 times -Post No 1 and No 2 )ဟာအမှန်
ဆိုတာသိလောက်ပီပေါ့..
ကဲ..ကိုစွယ်တော်ရွက် အကြံပေးပါအုံးဘာလုပ်ကြရင်ကောင်းမလဲ..?

ဒါက ဒီဆီမီနာလေး ဖြစ်လာစေခဲ့ရတဲ့ သမိုင်းကြောင်းပါ။

ဒီပို့စ်မတိုင်ခင် ကိုပေါက်ရဲ့ “ သာမညတွေကိုဖယ်လို့ အဓိကကိုဘဲ တွယ်လိုက်ကြရအောင်” မှာရော

ကျနော်တင်ခဲ့တဲ့ “တစ်ယောက်တစ်လက် ဝိုင်းလို့ကူ ဂေဇက်ရွာကြီး ကောင်းဖို့ ကောင်းဖို့” မှာပါ —အကြောင်းအရာ မှန်ကန် ခိုင်မာနေစေရေး အရေးကြီးကြောင်း နှိုးဆော်ထားတာမို့ ကိုကြီးမိုက် ရင်ဆိုင် ကြုံတွေ့နေရတဲ့ ဝင်ငွေခွန် ကောက်ခံတဲ့ အခြေအနေတွေကို ရွာသူရွာသားတွေရဲ့ စုပေါင်းအားဖြင့် ဝိုင်းဝန်းအဖြေရှာကြည့်ချင်လို့ပါ။

ကိုကြီးမိုက်ရေ.. ကိုကြီးမိုက် အမှန်တွေပါလို့ ညွှန်းခဲ့တဲ့ ဖြစ်ရပ်မှန် (၁) က ဒီလိုနော်…

ဖြစ်ရပ်မှန်(၁)

Computer

 ပြောချင်နေတာကြာပါပြီ။
နိုင်ငံတော်ကဝန်ထမ်းတွေအပေါ်ကောက်ခံတဲ့အခွန်ငွေကိစ္စပါ။ဒေါ်လာစားတွေကိုလစာရဲ့နှစ်ရာခိုင်နှုန်းပြောင်းကောက်တာသိပြီးပါပြီ။ပုံမှန်ကျပ်ငွေနဲ့ရတဲ့သူတွေကိုဘယ်လောက်ရာခိုင်နှုန်းကောက်ခံပါသလဲ။ကြားဖူးတာတော့၁ဝရာခိုင်နှုန်းပါ။
ဒါပေမယ့်ရွှေပြည်သာကခြင်ဆေးခွေစက်ရုံတစ်ခုမှာတော့ဝင်ငွေခွန်ကို၂၅ရာခိုင်နှုန်းအထိကောက်ခံနေလို့မခံချိ၊မခံသာဖြစ်နေကြရပါတယ်။ဥပမာ-လစာ၃၀၀၀ဝိလောက်သာရတဲ့အောက်ခြေဝန်ထမ်းလေးတွေဆို
ဝင်ငွေခွန်၇၅၀ဝိလောက်အဖြတ်ခံနေကြရတော့။
သက်ဆိုင်သူတွေကူညီပေးလိုက်ကြပါဦး။

ဖြစ်ရပ်မှန် (၂) ကတော့ စာရင်းလိမ်ပြီး အခွန်ဆောင်တာကိုဘဲ ညွှန်းထားတာဖြစ်လို့ ဒီပို့စ်ခေါင်းစဉ်နဲ့ မကိုက်ညီလို့ ကူးမပြတော့ပါဘူး။ ဆက်လက် မဆွေးနွေးတော့ပါဘူး။ ဘေးဖယ်ထားခဲ့ပါရစေ။

ဖြစ်ရပ်မှန် (၁) နဲ့  (၂) နှစ်ခုစလုံးမှာ ပါနေတဲ့ comment တွေနဲ့ဘဲ မူတည်ပြီး ဆက်လက် ဆွေးနွေးသွားပါ့မယ်။

ကိုကြီးမိုက်ရေ လစာ တစ်သိန်းခွဲကျော်ဖြစ်လို့ ပြန်တမ်းဝင် အရာရှိလစာနှုန်းနဲ့ တန်းတူဖြစ်နေလို့ အခွန်ဆောင်ရမှာ မှန်ပါတယ်။ မှန်းစမ်း… တစ်သိန်းခွဲကျော်ဆိုတော့ သုံးသောင်းခွဲကျော် အခွန်ဆောင်ရတာပါလား။ ..

ကို D—t ရဲ့ တင်ပြမှုကို ကြည့်ရအောင်.. တစ်လ သုံးသောင်းဆိုတော့ အစိုးရ အောက်ခြေဝန်ထမ်း အဆင့် လစာလောက်ဘဲဗျ။ အစိုးရ ဝန်ထမ်းဆိုရင် မုချ အခွန်ကင်းလွတ်ခွင့် ခံစားရမယ့်သူပါ။ အခွန်ပေးနေရတယ်ဆိုရင်ကို မှားနေပါပြီ။

ဟော ဖြစ်ရပ်မှန် (၂) မှာ ထပ်ကွန့်ထားပါသဗျ တခြားရက်မှန်တို့ Level အလိုက်တို့ Means Allowance တို့ ပေါင်းပြီး Net က တစ်သိန်းလေးသောင်းနီးပါးလောက်တော့ ကျန်တယ် ဆိုဘဲ။

လခ သုံးသောင်းဘဲရတဲ့ အစိုးရ ဝန်ထမ်းတွေမှာ အဲဒီ့ ရက်မှန်တွေ Level တွေ Meal Allowance တွေ (စားသောက် စရိတ်ထောက်ပံ့ငွေကို ဆိုလိုတယ်ထင်လို့ အမှန်ပြင်ရေးပေးထားတယ်) မရှိကြ၊ မရကြပါဘူးဗျာ။ အဲဒီ့လို မပေးနိုင်လို့လဲ ဥပဒေက သူတို့ကို အခွန်ကင်းလွတ်ခွင့် ပေးထားတာပါ။

မူရင်းပို့စ်ရဲ့ တကယ့်ဖြစ်ရပ်မှန်ကို မသိနိုင်ပေမယ့် comment တွေထဲမှာတော့ အခြေခံလစာရဲ့ ၃၀၀% ကျော်ပံ့ပိုး ပေးထားတဲ့ ဟိုကြေး၊ ဒီကြေးတွေကို ဖျောက်ထားပြီး အစိုးရဝန်ထမ်းတွေနဲ့ တန်းတူ အခွန်ကင်းလွတ်ခွင့် ရရှိရေး ဆိုပြီး လာဖွတယ်လို့ မြင်လိုက်လို့ပါ။

ဓါးထိုးခံရမယ့် ကိစ္စ MG ကို ဝမ်းဗိုက်အဖြစ် လာငှားတယ်လို့ မြင်မိလို့ပါဗျို့။ ကျနော် လက်မခံချင်တဲ့ အကြောင်းရင်းက ဒါပါ။

သူ့ထက် လစာ ၁သောင်းကျော်ဘဲ ပိုရပြီး သူ့ရဲ့ ငါးဆ (သုံးသောင်းခွဲကျော်) အခွန် ပေးနေရတဲ့ ကိုကြီးမိုက်ပဲ စဉ်းစားကြည့်ပါ။ သူဘယ်လောက် အမြတ်ထွက်နေပါသလဲလို့။ သူရတဲ့လစာ တစ်သိန်းလေးသောင်း ရဲ့ ၅.၆၄% ပဲ သူအခွန်ဆောင်နေရတာနော်။ ကိုယ့်မိသားစု အပါအဝင်ဖြစ်တဲ့ ပြည်သူလူထုအတွက် အဲဒီ့လောက်လေးတောင် အခွန်မဆောင်နိုင်ဘူးလားဗျာ? အခွန်မဆောင်သင့်ဘူးလား?

ကိုကြီးမိုက်က ကိုယ်တွေ့ဗျ.. ကိုယ်တိုင် ဒီလို ဒီလောက် ပေးနေရပါတယ် ဆိုရင် ကျနော် ဘာ complain/comment မှ ပေးစရာမလိုအောင် လက်ခံနိုင်ပါတယ်။ အခြေခံလစာ သုံးသောင်းမှာ ၇၉၀၀/- ဖြတ်နေပါတယ်ဆိုပြီး ကျနော့်အမြင် (မမှန်ကန်သော လိမ်ညာထားသော) အချက်အလက်နဲ့ ငိုပြနေလို့ ဝင်ခဲ့ရတာပါ။ (ကျနော့်ကို နားလည်နိုင်ပါပြီလား?)

ကိုကြီးမိုက်က ဖြစ်ရပ်မှန် (၁) ကို အမှန်လို့လက်ခံထားပေမယ့် ကျနော်က comment တွေအရ လက်မခံနိုင်တာ မြင်ပါပြီနော်။ ကဲ ကျနော်တို့ ၂ ယောက်ကြားက အမြင်မတူရခြင်းရဲ့ အကြောင်းရင်းကို သိပြီဆိုရင် ဒီဆီမီနာလေးအတွက် ဆက်ဆွဲလိုက်ရအောင်..

ဖြစ်ရပ်မှန် (၁) မှာ အညာတမာက အခွန်ကောက်ခံမှု နှုန်းထားတွေနဲ့ ဝင်ပြီး အားဖြည့်ပေးထားခဲ့တယ်ဗျ .. ဒီလို…

ahnyartamar says:

computer ရေ………
အခွန်အကြောင်းနဲ့ပတ်သက်ပြီး နည်းနည်းလောက် share မယ်နော်။
ဝင်ငွေအခွန်ဆိုတ အခွန်ဥပဒေအရ သတ်မှတ်ထားပြီးသားပါ။
များသောအားဖြင့် ကုမ္ပ္ပဏီဝန်ထမ်းတွေ ဝင်ငွေအခွန်( income tax) ဆောင်ရတဲ့အကြောင်းကို မသိကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ တချို့ကုမ္ပ္ပဏီတွေက နည်းမျိုးစုံနဲ့ အခွန်ကိုရှောင်ကြတယ်။ ဝန်ထမ်းရဲ့ ဝင်ငွေကို လျှော့ပြကြတယ်။ Ledger book ကိုနှစ်မျိုးထားတယ်။ ကုမ္ပ္ပဏီမှာတစ်မျိုး၊ အခွန်ဌာနကို တင်တဲ့အခါ တစ်မျိုးပေါ့။ တချို့ကုမ္ပ္ပဏီကျတော့လည်း ဝန်ထမ်းရဲ့ လစာကို အခွန်ဌာနမှာ ပုံသေပြပြီး ဝန်ထမ်းရဲ့ Basic ထဲက ဝင်ငွေခွန်ကို တစ်ခါထဲဖြတ်ထားလိုက်တယ်။ ( ဥပမာ Basic ၅၅,၀၀ဝ ထဲက ဝင်ငွေခွန် ၅,၀၀ဝ ကိုနှုတ်ပြီး ၅၀,၀၀ဝ ကနေစပေးတယ်လေ။) နှစ်ကုန်လို့ လစာတိုးလည်း သူ့ရဲ့ ဝင်ငွေခွန်ကမပြောင်းဘူး။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်မထွက်မချင်း သူရဲ့လစာက ပုံသေလေ။ အခွန်ဌာနမှာ လစာတိုးတာကို မပြဘူးလေ။ တချို့ကုမ္ပ္ပဏီကျတော့လည်း ဝင်ငွေကို ၅,၀၀၀၊ ၁၀,၀၀ဝ လောက်ဘဲပြကြတယ်။
ဝန်ထမ်းရဲ့ဝင်ငွေအခွန် ဖြတ်တာကလည်း ကုမ္ပ္ပဏီက ဖြတ်ချင်တိုင်းဖြတ်လို့ မရပါဘူး။ အစိုးရရဲ့ ဝင်ငွေခွန် ဥပဒေအရ တွက်နည်းရှိပြီးသားပါ။
တွက်နည်းအကျဉ်းကတော့ လူတစ်ယောက်ရဲ့ တစ်နှစ်ဝင်ငွေအပေါ်မှာ အခြေခံပါတယ်။ ဥပမာ တစ်လကို Basic ၃၀,၀၀ဝ ဝင်ငွေရတယ်ဆိုရင် တစ်နှစ်ရတဲ့စုစုပေါင်းဝင်ငွေ (360,000) ထဲက သက်သာခွင့် 12,000 ကိုပြန်နှုတ်ပေးတယ်။ ဇနီးရှိရင် 5,000 သားသမီးရှိရင် အသက်အလိုက် (၁လမှ ၁၈နှစ်အထိ) ကင်းလွတ် ခွင့်ရတယ်။
တွက်ချက်ပုံလေးကို ဗဟုသုတအဖြစ်ထည့်ပေးလိုက်ပါတယ်။
တစ်လဝင်ငွေ ကျပ် ၃၀၀၀၀
တနှစ်ဝင်ငွေ ကျပ် ၃၆၀၀၀၀
သက်သာခွင့် ကျပ် (၁၂၀၀၀)
ဇနီး ကျပ် (၅၀၀၀)
ကလေး(အသက် ၁လ-၅နှစ်) ကျပ် (၁၀၀၀)
စည်းကြပ်ရန်ဝင်ငွေပေါင်း ကျပ် ၃၄၂၀၀ဝ

ဝင်ငွေ ၁ကျပ် မှ ၅၀၀ဝ ၃ ရာခိုင်နှုန်း (%) ကျပ် ၁၅ဝ ကျပ် ၅၀၀၀
ဝင်ငွေ ၅၀၀၁ ကျပ်မှ ၁၀၀၀ဝ ၅ ရာခိုင်နှုန်း (%) ကျပ် ၂၅ဝ ကျပ် ၅၀၀၀
ဝင်ငွေ ၁၀၀၀၁ကျပ် မှ ၂၀၀၀ဝ ရ ရာခိုင်နှုန်း (%) ကျပ် ၇၀ဝ ကျပ် ၁၀၀၀၀
ဝင်ငွေ ၂၀၀၀၁ကျပ် မှ ၃၀၀၀ဝ ၁ဝ ရာခိုင်နှုန်း (%) ကျပ် ၁၀၀ဝ ကျပ် ၁၀၀၀၀
ဝင်ငွေ ၃၀၀၀၁ကျပ် မှ ၅၀၀၀ဝ ၁၂ ရာခိုင်နှုန်း (%) ကျပ် ၂၄၀ဝ ကျပ် ၂၀၀၀၀
ဝင်ငွေ ၅၀၀၀၁ကျပ် မှ ၇၀၀၀ဝ ၁၅ ရာခိုင်နှုန်း (%) ကျပ် ၃၀၀ဝ ကျပ် ၂၀၀၀၀
ဝင်ငွေ ၇၀၀၀၁ကျပ် မှ ၉၀၀၀ဝ ၁၆ ရာခိုင်နှုန်း (%) ကျပ် ၃၂၀ဝ ကျပ် ၂၀၀၀၀
ဝင်ငွေ ၉၀၀၀၁ကျပ် မှ ၁၁၀၀၀ဝ ၁ရ ရာခိုင်နှုန်း (%) ကျပ် ၃၄၀ဝ ကျပ် ၂၀၀၀၀
ဝင်ငွေ ၁၁၀၀၀၁ကျပ် မှ ၁၅၀၀၀ဝ ၁၈ ရာခိုင်နှုန်း (%) ကျပ် ၇၂၀ဝ ကျပ် ၄၀၀၀၀
ဝင်ငွေ ၁၅၀၀၀၁ကျပ် မှ ၂၀၀၀၀ဝ ၁၉ ရာခိုင်နှုန်း (%) ကျပ် ၉၅၀ဝ ကျပ် ၅၀၀၀၀
ဝင်ငွေ ၂၀၀၀၀၁ကျပ် မှ ၃၀၀၀၀ဝ ၂ဝ ရာခိုင်နှုန်း (%) ကျပ် ၂၀၀၀ဝ ကျပ် ၁၀၀၀၀၀
ဝင်ငွေ ၃၀၀၀၀၁ကျပ် မှ ၅၀၀၀၀ဝ ၂၂ ရာခိုင်နှုန်း (%) ကျပ် ၄၂၀၀၀
ဝင်ငွေ ၅၀၀၀၀၁ကျပ်နှင့်အထက် ၃ဝ ရာခိုင်နှုန်း (%)
စည်းကြပ်ရန်ဝင်ငွေပေါင်း ကျပ် ၃၄၂၀၀၀
တစ်နှစ်စာစုစုပေါင်းဆောင်ရမည့် ဝင်ေေွအခွန် ကျပ် ၅၀၈၀၀
တစ်လဆောင်ရမည့်ဝင်ငွေအခွန် ကျပ် ၄၂၃၃
ရာခိုင်နှုန်း 14.11%

ဒိထက်ပိုပြီး အသေးစိတ်သိချင်ရင်တော့ computer တို့ကုမ္ပ္ပဏီမှာရှိတဲ့ ဝန်ထမ်းရေးရာဌာန၊ ဒါမှမဟုတ် Account စတဲ့ တာဝန်ယူထားတဲ့ဌာနမှာ စုံစမ်းသင့်တယ်လို့ ထင်တယ်။
Budget end
ရောက်ရင်တော့ ကုမ္ပ္ပဏီမှာတာဝန်ရှိတဲ့သူက အခွန်ဌာနမှာ ဝန်ထမ်းတစ်ယောင်ချင်းအတွက် Official letter တစ်နည်းအားဖြင့် ထောက်ခံစာ သဘောမျိုးပေါ့ ယူပေးလေ့ရှိတယ်။ တစ်နှစ်ဝင်ငွေဘယ်လောက်မှာ ဝင်ငွေခွန် ဘယ်လောက်ဆောင်ထားတယ် စသည်ဖြင့်ပါရတယ်လေ။

ရွာသားကြီး အညာတမာရေ.. ကျနော်တို့ စကားဝိုင်းမှာ ကိုကြီးမိုက်ရဲ့ လစာစာရင်းကို အခြေခံပြီး အခွန်တွက်ချက်မှုလေးနဲ့ အားဖြည့်ပေးဖို့ အကူအညီတောင်းပါတယ်နော်။

ကိုကြီးမိုက်ရဲ့လစာ  ဝင်ငွေခွန်ကိစ္စကို ဆက်ကိုင်ကြစို့ရဲ့.. ကိုကြီးမိုက် ဘဝင်မကျသလို ကျနော်လည်း သံသယရှိနေတယ်ဗျ.. တွက်ချက်ပုံ လွဲနေသလားလို့ပါ။

သဲကန္တာရထဲရောက်နေတာ ၄ နှစ်ကျော်သွားလို့ မြန်မာနိုင်ငံရဲ့ ဝန်ထမ်းလစာ နောက်ဆုံးတိုးထားတဲ့ ပမာဏကို မသိတော့ပါ။ ဒါ့ကြောင့် ရင်းနီးတဲ့ အသိမိတ်ဆွေတွေကို ဖုန်းဆက်ပြီး လှမ်းမေးကြည့်ခဲ့ပါတယ်။

လက်ရှိ ဌာနဆိုင်ရာ တစ်ခုမှာ ရုံးအုပ်စာရေးကြီး (ငွေစာရင်း) လုပ်နေသူ တစ်ယောက်ဆီက Gazetted Officer တွေရဲ့ အနိမ့်ဆုံး အခြေခံလစာသည် တစ်သိန်းတစ်သောင်းဖြစ်ပြီး လောလောဆယ် ဘာညွှန်ကြားချက်မှ မဝင်သေးလို့ အနိမ့်ဆုံး အခြေခံ လစာအတွက် အခွန်မဖြတ်သေးပါတဲ့ ခင်ဗျ။

သဲမုန်တိုင်းတိုက်နေတုန်း oversea ခေါ်ရတာ အရမ်းခက်ခဲ (လိုင်းမကြည်) တာကြောင့် ရာခိုင်နှုန်းတွေ အတိအကျ မမေးနိုင်ခဲ့တာတော့ ခွင့်လွှတ်ပေးပါဗျာ။ အခုဒီပို့စ်မှာ အတိအကျသိတဲ့သူတွေ ဝင်ပြောပေးကြမှာပါ။ ဂေဇက်ဝင် တွေကို ယုံတယ်လေ။

ခေါင်းထဲမှာ မှတ်မိနေတာကတော့ ဝင်ငွေခွန် တွက်ချက်ရာမှာ ကင်းလွတ်ပမာဏ တစ်ခု ရှိရသေးတယ်ဗျ။ ဥပမာ.. တစ်နှစ်လုံးမှာ ၁၂ သိန်း (ဥပမာနော်) အထိ ကင်းလွတ်ခွင့် ရတယ်။ ဝင်ငွေခွန်တွက် ချက်ရာမှာ လုံးဝ ထည့်မတွက်ရတဲ့ ပမာဏ။ အဲဒီ့ ၁၂ သိန်း (ဥပမာနော်.. ထပ်ပြောထားပါရစေ) ထက်ပိုပြီး ရရှိလာတဲ့ပမာဏ (ဥပမာ) တစ်နှစ်ဝင်ငွေ ၁၄ သိန်း.. ကင်းလွတ်ခွင့်ရတဲ့ ၁၂ သိန်းကိုဖယ်.. ကျန် ၂ သိန်း အပေါ်ကိုသာ ရာခိုင်နှုန်းတွက်ပြီး အခွန်ဆောင်စေတာ ဖြစ်ပါတယ်။

အင်း ကြွေးရှင်တွေတော့ ခြေရာခံ လိုက်လာကြတော့မှာဘဲ။ ဗဝတ (ဖေါင်ကြီး) ဆင်းဖြစ်ကြောင်း ထုတ်ပြောလိုက်ရပြီ (ကျောင်းဆင်းပွဲမှာ ဓါးကိုင်ခဲ့ရတဲ့ ကျနော်ရွာသားပါခင်ဗျ)

ကျနော် မှတ်မိသလောက် တွက်နည်း အတိုင်း ကိုကြီးမိုက် လစာကို တွက်ကြည့်ရအောင်။

ကိုကြီးမိုက်အခြေခံလစာ                = ကျပ် ၁၅၂၄၂၉ x ၁၂ လ = ကျပ် ၁၈၂၉၁၄၈/-

(-)  ကင်းလွတ်ခွင့်ပမာဏ                  = ကျပ် ၁၁၀၀၀ဝ x ၁၂ လ = ကျပ် ၁၃၂၀၀၀၀/-

—————————

အခွန်စည်းကြပ်ရမည့်ပမာဏ             =                             ကျပ်   ၅၀၉၁၄၈/-

 

ဖြစ်ရပ်မှန်  (၁) မှာ အညာတမာ တင်ပြပေးတဲ့ ရာခိုင်နှုန်းအတိုင်းဆိုရင် ငါးသိန်းအထက်ဖြစ်လို့  ၃ဝ % ဆောင်ရပါမယ်။

၅၀၉၁၈၄ ရဲ့ ၃၀% = ၁၅၂၇၄၄ ပါ (တစ်နှစ်စာနော်) တစ်လစာဆိုရင် ၁၂၇၂၈ ကျပ်ကျသင့်ပါမယ်။

ထည့်စဉ်းစားရဦးမှာက ဝင်ငွေခွန်ဆိုတာ အခြေခံလစာတင် မကဘဲ တစ်နှစ်တာ စုစုပေါင်း ဝင်ငွေပေါ်မှာ တွက်တာပါ။ ကျနော့်အမြင်ဆို ထပ်ဆောင်းပေးထားတဲ့ ရက်မှန်ကြေးနဲ့ နေထိုင်စရိတ်ပါ ထည့်တွက်ဦးမယ် ထင်ပါတယ်။

ကိုကြီးမိုက် တစ်လဝင်ငွေ ၁၇၆၉၂၉ နဲ့ တွက်ကြည့်လိုက်ရင် ၃ဝ % အခွန် (တစ်နှစ်စာ ၂၄၀၉၄၄/- )၊ တစ်လစာဆို ၂၀၀၇၈/- ဘဲကျသင့်ပါမယ်။

ကျနော်တို့အနေနဲ့ ဝင်ငွေခွန် တွက်ချက်မှုဆိုင်ရာ တွက်ပုံတွက်နည်း နှုန်းထားသတ်မှတ်ချက်၊ ကင်းလွတ်ခွင့် ပမာဏသတ်မှတ်ချက်တွေ ခိုင်ခိုင်မာမာ သိထားဖို့ လိုအပ်ပါလိမ့်မယ်။

ထုံးစံအတိုင်းဆို အစိုးရ ဝန်ထမ်းလစာငွေ တိုးမြှင့်သတ်မှတ်ကြောင်း ကြေညာအပြီး နောက်တနေ့မှာ ဝန်ငွေခွန် တွက်ချက်မှု ပမာဏ ကန့်သတ်ချက် ပြောင်းလဲကြောင်း နိုင်ငံတော်ပြန်တမ်း ထွက်ပေးလေ့ရှိပါတယ် ခင်ဗျ။

ကိုကြီးမိုက်အနေနဲ့ နီးစပ်ရာ အကောက်ခွန်ရုံးတွေမှာ ဝင်ငွေခွန် တွက်ချက်မှု ပြန်လည် စစ်ဆေးကြည့်သင့်ကြောင်း အကြံပြုလိုပါတယ်။ (ပြန်မျှပေးဦးနော်..  အဖြေသိရရင်)

တိတိ ကျကျ မသိတဲ့ နှုန်းထားသတ်မှတ်ချက်တွေ လစာနှုန်းသတ်မှတ်ချက်တွေကို သုံးပြီး မတွက်ချက်သင့်ပါဘူး

ကျနော်တင်ပြခဲ့တဲ့ တွက်နည်းကိုယ်တိုင်ပင်လျှင် updated ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။

ဖြစ်ရပ်မှန်(၁) မှာ “ ၁လပေါ်မှာ ဖြတ်တာဆို တစ်ခုခုတော့ လွဲနေပြီ ” ဆိုပြီး comment ပေးခဲ့တဲ့ Uncle Gyi 1974 လဲ ကူညီပါဦးနော်။ အတွေ့အကြုံရှိမယ်ဆိုတာ ယုံကြည်လို့ပါ။ အတိအကျသိရင် ကူညီပါမယ်ဆိုတဲ့ Green Rose တို့ ပင်မ ပို့စ်ပိုင်ရှင် Computer တို့ Comment တွေပေးတဲ့ D—t တို့ကိုလည်း ဝိုင်းဝန်းဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်။

ကိုကြီးမိုက်ခင်ဗျား..

စာအုပ်ကြီးအတိုင်းလိုက်လုပ်ပြီး မှန်မှန်ကန်ကန် စာရင်းသွင်းတဲ့ ၊ လယ်ဂျာ ၂ အုပ်မထားသော၊ တနည်း.. ပြည်သူလူထုအပေါ် သစ္စာမဖေါက်သော Company တစ်ခုမှာ အလုပ်လုပ်ခွင့်ရနေတဲ့အတွက် ဂုဏ်ယူပါဗျာ။

အဖ ဗိုလ်ချုပ်အောင်ဆန်းကို ကျနော်တို့အားလုံး ယနေ့အထိ ကြည်ညိုလေးစားနေကြရတာ

သူ့ရဲ့ အမှန်တရားကို မြတ်နိုးမှု ကြောင့်လေ ။

“ မှန်ကန်ရင် ကွဲတတ်တယ်ကွ”  ဆိုတဲ့သူတွေကို “ ဒီမှာ မကွဲနိုင်တဲ့ မှန်တွေ ရှိပါသေးတယ် ” လို့ ပြန်ပြောနိုင်မယ့်နေ့ မဝေးတော့ပါဘူးဗျာ။  (  ကြိုးတော့ ကြိုးစားရဦးမယ်.. လွယ်လွယ်နဲ့တော့ မရနိုင်သေး–)

တန်းညှိချင်လို့ဆိုပြီး ကိုယ့်ထက် နိမ့်တဲ့သူတွေနဲ့ ရောပြီး ဆင်းတော့ မထိုင်လိုက်ပါနဲ့ သူတို့တွေ မြင့်တက်လာအောင် ကူညီဆွဲတင်ပေးလိုက်ပါ။

ရွှင်လန်းချမ်းမြေ့ပါစေ

ဂေဇက်ရွာသူရွာသားတွေရဲ့ အရည်အချင်း၊ အတွေ့အကြုံနဲ့ စုပေါင်းအားကို ယုံကြည်လျှက်

 

With respect,

Swal Taw Ywet.

52 comments

  • inz@ghi

    March 9, 2012 at 7:31 am

    မဆိုင် ..မဆိုင်..
    ဒါ သများနဲ့ မဆိုင် …
    သများ နားလည်းမလည် …
    သများသိတာကတော့…

    တနေ့ သေကြရမည်
    မသေခင် လုပ်ချင်တာ လုပ်ကြ…

    ဒက်ဂလောက် …ဒက်ဂလောက် …
    😀

  • ahnyartamar

    March 9, 2012 at 9:35 am

    I’m working as a company staff for a long time until now. One is working in Thai & another 2 are working in local, out of the another 2, one is current working company. The first 2, i got my salary as U$D & 10% tax to government. The revenue law said “all income is taxable” but I don’t know the authorities are really practice in every sectors (Private & Government) or not. I think mostly not practice.When I start to work in current company I earn my salary as Myanmar Kyat & i paid tax by law as i explained in above. it is calculation by law
    တွက်နည်းအကျဉ်းကတော့ လူတစ်ယောက်ရဲ့ တစ်နှစ်ဝင်ငွေအပေါ်မှာ အခြေခံပါတယ်။ ဥပမာ တစ်လကို Basic ၃၀,၀၀ဝ ဝင်ငွေရတယ်ဆိုရင် တစ်နှစ်ရတဲ့စုစုပေါင်းဝင်ငွေ (360,000) ထဲက သက်သာခွင့် 12,000 ကိုပြန်နှုတ်ပေးတယ်။ ဇနီးရှိရင် 5,000 သားသမီးရှိရင် အသက်အလိုက် (၁လမှ ၁၈နှစ်အထိ) ကင်းလွတ် ခွင့်ရတယ်။
    တွက်ချက်ပုံလေးကို ဗဟုသုတအဖြစ်ထည့်ပေးလိုက်ပါတယ်။
    တစ်လဝင်ငွေ ကျပ် ၃၀၀၀၀
    တနှစ်ဝင်ငွေ ကျပ် ၃၆၀၀၀၀
    သက်သာခွင့် ကျပ် (၁၂၀၀၀)
    ဇနီး ကျပ် (၅၀၀၀)
    ကလေး(အသက် ၁လ-၅နှစ်) ကျပ် (၁၀၀၀)
    စည်းကြပ်ရန်ဝင်ငွေပေါင်း ကျပ် ၃၄၂၀၀၀

    ဝင်ငွေ ၁ကျပ် မှ ၅၀၀ဝ ၃ ရာခိုင်နှုန်း (%) ကျပ် ၁၅ဝ ကျပ် ၅၀၀၀
    ဝင်ငွေ ၅၀၀၁ ကျပ်မှ ၁၀၀၀ဝ ၅ ရာခိုင်နှုန်း (%) ကျပ် ၂၅ဝ ကျပ် ၅၀၀၀
    ဝင်ငွေ ၁၀၀၀၁ကျပ် မှ ၂၀၀၀ဝ ရ ရာခိုင်နှုန်း (%) ကျပ် ၇၀ဝ ကျပ် ၁၀၀၀၀
    ဝင်ငွေ ၂၀၀၀၁ကျပ် မှ ၃၀၀၀ဝ ၁ဝ ရာခိုင်နှုန်း (%) ကျပ် ၁၀၀ဝ ကျပ် ၁၀၀၀၀
    ဝင်ငွေ ၃၀၀၀၁ကျပ် မှ ၅၀၀၀ဝ ၁၂ ရာခိုင်နှုန်း (%) ကျပ် ၂၄၀ဝ ကျပ် ၂၀၀၀၀
    ဝင်ငွေ ၅၀၀၀၁ကျပ် မှ ၇၀၀၀ဝ ၁၅ ရာခိုင်နှုန်း (%) ကျပ် ၃၀၀ဝ ကျပ် ၂၀၀၀၀
    ဝင်ငွေ ၇၀၀၀၁ကျပ် မှ ၉၀၀၀ဝ ၁၆ ရာခိုင်နှုန်း (%) ကျပ် ၃၂၀ဝ ကျပ် ၂၀၀၀၀
    ဝင်ငွေ ၉၀၀၀၁ကျပ် မှ ၁၁၀၀၀ဝ ၁ရ ရာခိုင်နှုန်း (%) ကျပ် ၃၄၀ဝ ကျပ် ၂၀၀၀၀
    ဝင်ငွေ ၁၁၀၀၀၁ကျပ် မှ ၁၅၀၀၀ဝ ၁၈ ရာခိုင်နှုန်း (%) ကျပ် ၇၂၀ဝ ကျပ် ၄၀၀၀၀
    ဝင်ငွေ ၁၅၀၀၀၁ကျပ် မှ ၂၀၀၀၀ဝ ၁၉ ရာခိုင်နှုန်း (%) ကျပ် ၉၅၀ဝ ကျပ် ၅၀၀၀၀
    ဝင်ငွေ ၂၀၀၀၀၁ကျပ် မှ ၃၀၀၀၀ဝ ၂ဝ ရာခိုင်နှုန်း (%) ကျပ် ၂၀၀၀ဝ ကျပ် ၁၀၀၀၀၀
    ဝင်ငွေ ၃၀၀၀၀၁ကျပ် မှ ၅၀၀၀၀ဝ ၂၂ ရာခိုင်နှုန်း (%) ကျပ် ၄၂၀၀၀
    ဝင်ငွေ ၅၀၀၀၀၁ကျပ်နှင့်အထက် ၃ဝ ရာခိုင်နှုန်း (%)
    စည်းကြပ်ရန်ဝင်ငွေပေါင်း ကျပ် ၃၄၂၀၀၀
    တစ်နှစ်စာစုစုပေါင်းဆောင်ရမည့် ဝင်ေေွအခွန် ကျပ် ၅၀၈၀၀
    တစ်လဆောင်ရမည့်ဝင်ငွေအခွန် ကျပ် ၄၂၃၃
    ရာခိုင်နှုန်း 14.11%
    I’m not so sure for government employee, how they pay tax or how many %.
    For private sectors calculation above are set by Myanmar Revenue Department for sure.
    For more detail, please visit to following link.
    http://www.myanmar.com/finance/dept_ird_01.html

  • hot coffee

    March 9, 2012 at 10:09 am

    ကျွန်တော်လည်း ကိုကြီးမိုက်လိုု သမာဓိရှိတဲ. Company တခုမှာအလုပ်လုပ်နေတဲ.သူတယောက်ပါခင်ဗျ။
    ဒီအကြောင်းလေးကို ကျွန်တော်ကိုယ်တိုင်လည်းစိတ်ဝင်စားတာကတကြောင်း လက်ရှိပေးဆောင်နေရတဲ.လစာဝင်ငွေခွန်နဲ.ပတ်သတ်ပြီး အမှန်တကယ်ပေးဆောင်နေရတဲ.နှုန်းထားကိုသိစေချင်တာကတကြောင်း ကျွန်တော.စိတ်ထဲမှာ ပေးနေရတဲ.အခွန်နှုန်းထားက ရရှိတဲ.income နဲ. မဖြစ်သင်.တဲ.နှုန်းလို. ကိုယ်ကိုတိုင်ယူဆတာကတကြောင်း နဲ. ထိုုထိုသောအကြောင်းအရာတွေကြောင်. လက်ရှိကျွန်တော်တို.ရတဲ.လစာနဲ.လက်ရှိပေးနေရတဲ. အခွန်ပမာဏ ကိုshare တာပါ။
    တွက်ပုံတွက်နည်း ၊ နှုန်းထားသတ်မှတ်ချက်၊ ကင်းလွတ်ခွင့် ပမာဏသတ်မှတ်ချက်တွေ ခိုင်ခိုင်မာမာ မသိတာတော.အမှန်ပါ။
    ဒါပေမဲ.ကျွန်တော်တို.အမှန်တကယ် အခွန်ရုံးကိုဆောင်နေရတဲ.Tax နှုန်းထားကတော.-

    အခုဖော်ပြပေးတဲ.နှုန်းထားက တလဝင်ငွေတသိန်းအောက်ရတဲ.သူတွေအတွက်ပါ

    A (အခြေခံလစာ ) = ကျပ် 44,000 x ၁၂ လ = ကျပ် 528,000/-
    ထမ်းဆောင်ရသောအခွန် = ကျပ် 8,197 x ၁၂ လ = ကျပ် 98,366/-
    % အရဆိုရင်တော. 18.63 ရာခိုင်းနှုန်းနိုင်ငံတော်ကိုအခွန်ဆောင်ရပါတယ်

    နောက်ထပ်နှုန်းထားကတော. တလဝင်ငွေတသိန်းအထက်ရတဲ.သူတွေအတွက်ပါ

    B (အခြေခံလစာ ) = ကျပ် 140,000 x ၁၂ လ = ကျပ် 1,680,000/-
    ထမ်းဆောင်ရသောအခွန် = ကျပ် 37,786 x ၁၂ လ = ကျပ် 453,432/-
    % အရဆိုရင်တော. 26.99 ရာခိုင်းနှုန်းနိုင်ငံတော်ကိုအခွန်ဆောင်ရပါတယ်၊

    အထက်မှာဖော်ပြထားတဲ.နှုန်းထားအရကျွန်တော်တို.လို. နေထိုင်စားသောက်မှုအတွက်မလုံလောက်တဲ.လစာဝင်ငွေနဲ.အခြေခံလူတန်းစားတွေအတွက်အမှန်တကယ်ကောက်ခံသင်.တဲ.နှုန်းထားလားဆိုတာကိုစဉ်းစားဖို.တော.လိုအပ်ပါတယ်။

    အထက်မှာဖော်ပြထားတဲ.အခွန်နှုန်းတွေကတော.လက်ရှိမှာအမှန်တကယ်အခွန်ဆောင်နေရတဲ. နှုန်းထားတွေပါ။

    • Swal Taw Ywet

      March 9, 2012 at 10:08 pm

      Hot Coffee ရေ ….
      ကိုထူးဆန်းက ကော်ဖီသောက်ချင်လို့တဲ့။
      ကျနော်တို့စကားဝိုင်းလေးက ခပ်ကြီးကြီးတစ်ခုတော့ ပေါ်ထွက်လာတော့မယ်လို့ မြင်နေရပြီဗျို့ ။
      ကူပြီး တွန်းလိုက်ကြစို့နော်။
      With respect,
      Swal Taw Ywet.

  • kyeemite

    March 9, 2012 at 10:20 am

    ကိုစွယ်တော်ရွက်ခင်ဗျား..အညာတမာရေးပြတဲ့ အခွန်နှုံးထားတွေကူးပြီး
    ကျွန်တော့ အလုပ်ကငွေစါရင်းဋ္ဌာနကိုပြမေးကြည့်တော့…ဟုတ်တယ်
    အဲဒီနှုံးထားအတိုင်းဘဲတွက်တယ်ဆိုပြီးရှင်းပြပါတယ်..
    ကိုကြီးမိုက်ခင်ဗျား..

    စာအုပ်ကြီးအတိုင်းလိုက်လုပ်ပြီး မှန်မှန်ကန်ကန် စာရင်းသွင်းတဲ့ ၊ လယ်ဂျာ ၂ အုပ်မထားသော၊ တနည်း.. ပြည်သူလူထုအပေါ် သစ္စာမဖေါက်သော Company တစ်ခုမှာ အလုပ်လုပ်ခွင့်ရနေတဲ့အတွက် ဂုဏ်ယူပါဗျာ။

    ဟုတ်ကဲ့ ဂုဏ်ယူပါတယ်..အမှန်အတိုင်းပေးဆောင်ရတာကိုလည်း အပြစ်ပြောစရာမရှိပါ…
    ပြောချင်တာက သတ်မှတ်နှုံးထားတွေ ခေတ်နဲ့မလျှော်ညီတော့တာကိုပြင်စေချင်တာပါ..
    ဒီနှုံးထားအတိုင်းကအောက်ခြေအဆင့်အလုပ်သမားတွေပါဆောင်နေရလို့ပါ..
    နောက်မှဆက်ဆွေးနွေးပါအုံးမယ်..ခုမအားသေးလို့ပါဗျို့..

  • ရွာစားကျော်

    March 9, 2012 at 10:27 am

    အခွန်ကောင်ခံတဲ့အကြောင်းသေချာမသိပါ
    တိုင်းပြည့်ဘဏ္ဍာပေမို့ အားလုံးအကျယ်တဝင့် သိကြ နားလည်သွားကြရင်
    အကျိုးမသေးပါဘူးခင်ဗျာ
    မှန်မှန်ကန်ကန် တိတိကျကျ ကောက်ခံနိုင်ရင် ပြည်သူ/သား တွေ ခံစားရမယ့်ငွေပါ
    တတိုင်းပြည်လုံးနဲ့ဆိုင်တဲ့ကိစ္စလို့ပြောရင်ရပါတယ်
    စွယ်တော်ရွက် အိုက်ဒီယာလည်းကောင်းပါတယ် ကျေးဇူးတင်ပါတယ်ဗျာ

    ” တန်းညှိချင်လို့ဆိုပြီး ကိုယ့်ထက် နိမ့်တဲ့သူတွေနဲ့ ရောပြီး ဆင်းတော့ မထိုင်လိုက်ပါနဲ့ သူတို့တွေ မြင့်တက်လာအောင် ကူညီဆွဲတင်ပေးလိုက်ပါ။”

    • Swal Taw Ywet

      March 9, 2012 at 10:22 pm

      ကိုဂီရေ…
      ဝယ်လိုအားကို ထိန်းချုပ်ထားတဲ့ အချက်တွေနော်… မားကက်တင်းနဲ့ ကင်းလို့မရဘူးဆိုဗျ။
      အညာတမာရေ..
      ကျေးကျေးပါ။ ပေးခဲ့တဲ့ Link ကို ဒီကနေဝင်လို့မရဘူး ဖြစ်နေလို့ပါ။ အဲဒီ့နှုန်း ထုတ်ပြန်တဲ့ Date လေး စပ်စုပေးပါဦးဗျို့ update ဖြစ်နေမှ အော်သင့်တာမို့ပါ။
      ကိုကြီးမိုက်ရေ…
      ဟိုဘက်ပို့စ်တစ်ခုမှာ comment ရေးပြီး အကူအညီတောင်းထားတာလေးပါ ထပ်တွေ့ခဲ့ရလို့ ဒီစကားဝိုင်းလေး ဖြစ်ခဲ့ရတာပါဗျ။ အရိပ်အယောင်တော့ မြင်နေရပြီ၊ လက်ဆုပ်လက်ကိုင် ပြနိုင်ဘို့ အားထုတ်လိုက်ကြစို့နော်။
      ကိုရွာစားကျော်…
      ကျေးဇူးပါ။ နေပြည်တော်ကဆိုတော့ ဘဏ္ဍာအခွန်ဝန်ကြီးှဌာနက အချက်အလက်လေးတွေ ရနိုင်ရင် ရချင်သား။
      အဓိက က အခု စကားဝိုင်းလေးအတွက် ဝင်ငွေခွန်ဆိုင်ရာပေါ့နော်။ ..
      With respect,
      Swal Taw Ywet.

  • htoosan

    March 9, 2012 at 11:08 am

    ခေတ်နဲ့ မလျော်ညီ ဖြစ်တာက တော့ အမှန်ပါ ။ ကလေးစားရိတ် တစ်နှစ်စာ တစ်ထောင် ဆိုတာ ၊မိ်န်းမ စားရိတ် ၅၀၀ဝ ဆိုတာ အောက်မေးပြုတ်လောက်အောင် အံ့ဩပြီး ဘာပြန်ပြောရမှန်းမသိရလောက်အောင်ပါ။ အဲ သတ်မှတ်တာက ၂၀၀၆ ခုနှစ်မှာပါ ။
    နောက်မှ ပြန်ရေးမယ် ။ အခုတော့ ဖတ်ရတာနဲ့တင် မူးသွားပြီ။ ဆီမီနာမှာ ကော်ဖီ ဘရိတ်လေး မပါဘူးလား ။ ကော်ဖီသောက်လိုက်ဦးမယ် ။ 😀
    အခွန်ဌာနကပေးထားတဲ့ တွက်ချက်နည်းစာရွက် အိမ်မှာ ကျန်ခဲ့လို့ အိမ်ပြန်ရောက်မှ ပြန်ရေးမယ်။။ကို အညာတမာ ရေးထားတဲ့ အတိုင်းပါဘဲ။

    • Swal Taw Ywet

      March 9, 2012 at 10:19 pm

      ကိုထူးဆန်းရေ….
      Coffee Break ရှိပါတယ်ဗျ (Hot Coffee လဲအဆင်သင့်) ကဖင်းဓါတ်ကလေးနဲ့မှ ခေါင်းကြည်တာလား?
      ကျနော်လည်း ကင်းလွတ်ပမာဏ ၁၂၀၀၀/- ဆိုတာကို အံ့ဩနေမိတာ။
      ၂၀၀၆ နောက်ပိုင်းမှာ လစာငွေ ထပ်တိုးပေးခဲ့သလားလို့ပါ???။
      နှုန်းထားတွေ ထပ်ပြောင်းပေးခဲ့ရမှာဖြစ်ပါတယ်။
      With respect,
      Swal Taw Ywet.

      • hot coffee

        March 10, 2012 at 9:03 am

        ဟုတ်တယ်ဗျို. အဆင်သင်.ပါဘဲ ဗျ …ခေါင်းကြည်သွားအောင် break ပေးလိုက်ကြရအောင်

  • ဦးဦးပါလေရာ

    March 9, 2012 at 12:02 pm

    “စာအုပ်ကြီးအတိုင်းလိုက်လုပ်ပြီး မှန်မှန်ကန်ကန် စာရင်းသွင်းတဲ့ ၊ လယ်ဂျာ ၂ အုပ်မထားသော၊ တနည်း.. ပြည်သူလူထုအပေါ် သစ္စာမဖေါက်သော Company ..”

    အဲဒါလေးဖတ်မိတော့စိတ်ထဲ မေးခွန်း ၂ ခုပေါ်လာတယ်။

    ၁- စာအုပ်ကြီးအတိုင်းလိုက်မလုပ်ရင်၊ မှန်မှန်ကန်ကန်စာရင်းမသွင်းရင်၊ လယ်ဂျာစာအုပ် နှစ်အုပ်ထားရင် ပြည်သူအပေါ်သစ္စာဖေါက်တယ်လား….. ?

    ၂- စာအုပ်ကြီးအတိုင်းလိုက်လုပ်ပြီး မှန်မှန်ကန်ကန် စာရင်းသွင်းလို့ ရပ်တည် ရှင်သန်နိုင်တဲ့ Company သို့မဟုတ်လုပ်ငန်း ဟာ တနိုင်ငံလုံးက လုပ်ငန်းအားလုံးရဲ့ ဘယ်နှစ်ရာခိုင်နှုံးရှိမလဲ…. ?

    ========

    ကိုယ့်ဘဝကိုယ်တွေးကြည့်ပြီး စိတ်မကောင်းဖြစ်လိုက်တာနော် 🙁

    • ခပ် KING ကင်း

      March 9, 2012 at 9:22 pm

      “စာအုပ်ကြီးအတိုင်းလိုက်လုပ်ပြီး မှန်မှန်ကန်ကန် စာရင်းသွင်းတဲ့ ၊ လယ်ဂျာ ၂ အုပ်မထားသော၊ တနည်း.. ပြည်သူလူထုအပေါ် သစ္စာမဖေါက်သော Company ..”
      ထမင်းခြောက်ထုပ် သိုးသွားပြီဗျို့ … 😆

    • Swal Taw Ywet

      March 9, 2012 at 10:10 pm

      ဦးဦးပါလေရာခင်ဗျာ
      စိတ်အနှောင့်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်ခင်ဗျ။
      မလုပ်ချင်ပဲ လုပ်နေရတာတွေ ရှိတာ နားလည်ပါတယ်။
      မလုပ်လုပ်အောင် တွန်းပို့နေတဲ့ အခြေအနေတွေကို တင်ပြပေးပါဦး။
      Root Cause ကို ရှာရမှာမို့လို့ပါ။
      ခိုင်မာတဲ့ အချက်အလက် စုံစုံလင်လင်သာ ရလာခဲ့ရင် တစ်စုံတစ်ခု ရွေ့သွားနိုင်တဲ့ အားတစ်ခု ဖြစ်လာမှာမို့ပါခင်ဗျ။
      လက်တွေ့ လှုပ်ရှားနေရသူတွေရဲ့ အတွေ့အကြုံ၊ အကြံဉာဏ်တွေ လိုအပ်လာလို့ပါခင်ဗျာ။
      ဂေဇက်မှာ ပျော်တဲ့ ရွာသားတွေအနေနဲ့ ခေသူမဟုတ်မှန်း ပြလိုက်ကြရအောင်ပါ။
      (ရွာသူတွေ အသံတိတ်နေပါလား? လက်ဖက်သုတ်နေကြထင်ရဲ့)
      With respect,
      Swal Taw Ywet.

      • ဦးဦးပါလေရာ

        March 10, 2012 at 12:49 am

        ကျုပ်ကွန်မင့်က နဲနဲလွန်သွားတယ်..
        အဲဒါ ကျုပ်က တောင်းပန်ရမှာပါ။ တောင်းပန်ပါတယ်နော… 🙂
        ဒီဆီမီနာလေးရည်ရွယ်ချက်ကို နားလည်ပါတယ်။
        အချိန်နဲနဲရရင် တကယ့်ပြင်ပ အခြေနေလေးတွေ
        သိသလောက် ဝင်ပြောပါဦးမယ်။

  • kyeemite

    March 9, 2012 at 3:12 pm

    ဦးဦးပါလေရာခင်ဗျား..
    ၁-အခွန်အပြည့်အဝမဆောင်ဘဲ..တနည်း..အခွန်ရှောင်တာဖြစ်တဲ့အတွက်
    ပြည်သူအပေါ်သစ္စာဖေါက်ရာရောက်ပါတယ်…
    ၂-စစ်တမ်းကောက်မထားတဲ့အတွက်..%တော့တိတိကျကျမသိပါ..
    ဒါပေမဲ့ ဖြစ်နိုင်တာက အလိမ်ဦးရေဟာ အမှန်အကန်ဦါ်ရေထက်
    များမယ်ဆိုတာသေချာပါတယ်..
    ကျေးဇူးပါဗျာ..
    ကိုစွယ်တော်ရွက်ရေ…အညာတမာပေးတဲ့လင့်လေးသွားကြည့်ပါဗျာ..
    အောက်အော့ဒိတ်ဖြစ်နေတဲ့အခွန်ဥပဒေတွေတွေ့ပါလိမ့်မယ်..

  • kyeemite

    March 9, 2012 at 3:45 pm

    ကိုစွယ်တော်ရွက်က ကျွန်တော့်ဆိုလိုရင်းကိုမဖမ်းမိသေးဘူးမှတ်တယ်..ဒီလိုပါ..
    Types of Taxes and Duties

    Law Enforcement
    (a) Income Tax
    The Income Tax Law (1974)
    (b) Profit Tax
    The Profit Tax Law (1976)
    (c) Commercial Tax
    The Commercial Tax Law (1990)
    (d) Stamp Duty
    The Court Fees Act (1870)
    The Myanmar (Indian) Stamp Act(1899)
    (e) Lottery Tax
    Directive pertaining to State Lottery
    ဆိုတော့ ဝင်ငွေခွန်ဥပဒေက ၁၉၇၄ကဥပဒေဗျာ…
    Family allowance for wife and children is as follows:
    Wife allowance (having no taxable income) Kyat 5,000
    For each child under 5 years Kyat 1,000
    For each child above 5 but under 10 years Kyat 1,200
    For each child above 10 but under 15 years Kyat 1,600
    For each child above 15 years Kyat 2,000
    ဆိုတော့ကာ..စဉ်းစားကြည့်ကြပါ…သက်သာခွင့်ပေးတဲ့အမောင့်တွေကို…
    ပီးတော့နောက်တစ်ခု..နှုံးထားကိစ္စ..
    Progressive rates ranging from 3 percent to 30 percent
    (At 30 percent on income exceeding Kyat 500,001)
    အမြင့်ဆုံးနှုံးထားသတ်မှတ်ချက်ကတစ်နှစ်ဝင်ငွေ ၅သိန်းအထက်ဆိုတော့..
    အောက်ဆုံးကာယလုပ်သားအဆင့်တောင်..အမြင့်ဆုံးနှုံးထားနဲ့ဆောင်ရ
    ဘို့အကျုံးဝင်နေဘီဗျာ….ဘာလို့လဲဆိုတော့…
    ၁၉၇၄ခုနှစ်က နှုံးထားတွေမို့လို့ဘဲ…
    အဲဒီတုံးကအောက်ခြေ နေံစားတစ်ယောက် တစ်နေ့လုပ်ခက ၃ကျပ်၁၅ပြား
    လခစားက အရာရှိမှ ၄၅ဝကျပ်ရတဲ့ခေတ်…
    ဒါကြောင့် ဥပဒေပြင်သင့်ကြောင်းဆွေးနွေးရတာပါ..
    နောက်မှပြန်လာပါအုံးမည်..

  • eipu

    March 9, 2012 at 4:14 pm

    Hot coffee ရဲ့ဆောင်ရတဲ့ဝင်ငွေခွန်က ahnyartamar တွက်နည်းနဲ့ အတူတူပါဘဲ။
    ဘာဘဲဖြစ်ဖြစ် အမှန်အကန် အခွန်ဆောင်နေရတဲ့ ဝန်ထမ်းတွေ အတွက်ကတော့ နစ်နာတာဘဲ။
    ကိုယ့်လစဉ်ဝင်ငွေရဲ့ 24% လောက်က ဝင်ငွေခွန်ဖြစ်သွားရော။
    နိုင်ငံခြားဝင်ငွေရသူရော၊ ကျပ်ငွေ ရသူတွေပါ မြန်မာပြည်သူပြည်သားတွေပါဘဲ။
    ပြည်သူပြည်သားအချင်းချင်း တန်းတူအခွင့်အရေး ရထိုက်ပါတယ်။
    ဒေါ်လာဝင်သူတွေကတော့ 2%ဘဲ ဆောင်ရပြီး၊ ကျပ်ငွေ ရသူတွေကတော့ above 20% ဆောင်ရတာ မဖြစ်သင့်ပါဘူး။

    • hot coffee

      March 10, 2012 at 8:57 am

      ဒေါ်လာနဲ.ဘဲဖြစ်ဖြစ် ကျပ်နဲ.ဘဲဖြစ်ဖြစ် Income က Income ပါဘဲ။ဟုတ်ပါတယ် တန်းတူအခွင်.အရေးရသင်.သလို ရရှိတဲ.Income အနဲအများပေါ်မှာမူတည်ပြီးတော.သင်.တင်.တဲ.နှုန်းထားကိုလည်းပြန်လည်ပြင်ဆင်သင်.ပါတယ်။

  • kai

    March 9, 2012 at 4:26 pm

    မြန်မာပြည်နဲ့ တိုက်ရိုက်ဆိုင်နေတာမို့.. ဆင်မနာမို့.. စတစ်ကီခဏလုပ်ပေးထားပါမယ်..
    ဝင်ဆွေးနွေးရအောင် နားမလည်ပါ…

    ယူအက်စ်မှာတော့.. ရှာသမျှဝင်ငွေ(အမြတ်ငွေမဟုတ်)ရဲ့.. ၅ဝရာခိုင်နှုန်းကျော်ကျော်လေးက.. အစိုးရဆီ..အမြတ်ခွန်..ဘာခွန်..ဟိုဟာ..ဒီဟာ..စတာတွေနဲ့.. ရောက်သွားတယ် ဆိုကြတယ်..။
    ဖယ်ဒရယ်ကယူ.. ပြည်နယ်တွေကယူ.. ဘာဝယ်ဝယ်.. ငွေသုံးတိုင်း ၉ရာခိုင်နှုန်းလောက်ထပ်ဖြတ်..
    စတာတွေပေါ့..
    စကားမစပ်..
    မြန်မာပြည်မှာ ပြည်နယ်တွေက.. ပြည်နယ်ခွန်ကောက်နေပြီလား သိချင်သား.. 😆

  • htoosan

    March 9, 2012 at 5:30 pm

    ဘဏ္ဌာရေးနှင့် အခွန်ဝန်ကြီးဌာန ဝန်ကြီးရုံး၏ အမိန့်ကြော်ငြာစာ အမှတ် ၁၁၄/၂၀၀၆
    (၅-၆-၂၀၀၆) လစာဝင်ငွေခွန်နုန်းများ
    စဉ် ဝင်ငွေ အလွှာ စည်းကြပ်ရန်ဝင်ငွေ ခွန် နုန်း ဆိုင်ရာအလွှာ အတွက် ကျသင့် အခွန် ကျသင့် အခွန် စုစုပေါင်း
    မှ ထိ
    ၁ ၁ ၅၀၀၀ ၃% ၁၅၀ ၁၅၀
    ၂ ၅၀၀၁ ၁၀၀၀၀ ၅% ၂၅၀ ၄၀၀
    ၃ ၁၀၀၀၁ ၂၀၀၀၀ ရ% ရဝ၀ ၁၁၀၀
    ၄ ၂၀၀၀၁ ၃၀၀၀၀ ၁၀% ၁၀၀၀ ၂၁၀၀
    ၅ ၃၀၀၀၁ ၅၀၀၀၀ ၁၂% ၂၄၀၀ ၄၅၀၀
    ၆ ၅၀၀၀၁ ၇၀၀၀၀ ၁၅% ၃၀၀၀ ၇၅၀၀
    ၇ ၇၀၀၀၁ ၉၀၀၀၀ ၁၆% ၃၂၀၀ ၁၀၇၀၀
    ၈ ၉၀၀၀၁ ၁၁၀၀၀ဝ ၁၇% ၃၄၀၀ ၁၄၁၀၀
    ၉ ၁၁၀၀၀၁ ၁၅၀၀၀၀ ၁၈% ၇၂၀၀ ၂၁၃၀၀
    ၁၀ ၁၅၀၀၀၁ ၂၀၀၀၀၀ ၁၉% ၉၅၀၀ ၃၀၈၀၀
    ၁၁ ၂၀၀၀၀၁ ၃၀၀၀၀၀ ၂၀% ၂၀၀၀၀ ၅၀၈၀၀
    ၁၂ ၃၀၀၀၀၁ ၅၀၀၀၀၀ ၂၂% ၄၄၀၀၀ ၉၄၈၀၀
    ၁၃ ၅၀၀၀၀၁ နှင့် အထက် ၃၀%

    လစာဝင်ငွေခွန်တွက်ချက်မှုနမှုနာ

    ဝန်ထမ်းအမည် – ဦးမောင်မောင်
    ရာထူး – အရောင်းမန်နေဂျာ
    တစ်လရရှိသည့် လစာ – ၅၀၀၀ဝ ကျပ် + အိမ်စားရိတ် ၂၀၀၀ဝ ကျပ် + အခြား ၁၀၀၀ဝ ကျပ်
    စုစုပေါင်း တစ်လ ဝင်ငွေ – ၈၀၀၀ဝ ကျပ်
    တစ်နှစ်ရရှိသည့် ဝင်ငွေ – ၅၀၀၀ဝ x ၁၂ လ = ၆၀၀၀၀ဝ ကျပ်
    အခမဲ့ နေအိမ်အတွက်ရငွေ – ၂၀၀၀ဝ x ၁၂ လ = ၂၄၀၀၀ဝ ကျပ်
    (နေစရာစီစဉ်ပေးသော ကုမ္မဏီ ဖြစ်မှသာ ထည့်သွင်းတွက်ချက်ရန်)
    အခြားထုတ်ပေးငွေ – ၁၀၀၀ဝ x ၁၂ လ = ၁၂၀၀၀ဝ ကျပ်
    (ခရီးစားရိတ်နှင့် အခြားဆုကြေးငွေ စသည်တို့ ရှိပါက တွက်ချက်ရန်၊ ရရန်သေချာမှုမရှိပါက နှစ်ချုပ်မှသာ ညှိနိုင်းတွက်ချက်ရန်)
    စုစုပေါင်းဝင်ငွေ – ၆၀၀၀၀ဝ + ၂၄၀၀၀ဝ + ၁၂၀၀၀ဝ = ၉၆၀၀၀ဝ ကျပ်
    အိုနာစာရန်ပုံငွေသို့ထည့်ဝင်ငွေ – မရှိပါ ။ (ရှိပါက အထောက်အထားခိုင်လုံလျှင်ပေးရန်)
    အသက်အာမခံပရီမီယံပေးငွေ – ၅၀ဝ x ၁၂ လ = ၆၀ဝ ကျပ်
    (အသက်အာမခံပေးသွင်းကြောင်း အထောက်အထားတင်ပြမှသာ ပေးရန်)
    အစိုးရ အသိအမှတ်ပြု စုဆောင်းငွေ – ၃၀၀ဝ x ၁၂ လ = ၃၆၀၀ဝ ကျပ်
    (နည်းဥပဒေ ၄(ခ) အရ အထောက်အထား ခိုင်လုံမှပေးရန်)
    (နှုတ်ပေးငွေစုစုပေါင်း) – ၆၀၀၀+ ၃၆၀၀ဝ = ၄၂၀၀ဝ ကျပ်
    ကျန်ငွေ – ၉၆၀၀ဝ – ၄၂၀၀ဝ = ၉၁၈၀၀ဝ ကျပ်

    အခြေခံသက်သာခွင့် – ၁၂၀၀ဝ ကျပ် (၉၁၈၀၀ဝ x ၂ဝ % = ၁၈၃၆၀ဝ ဖြစ်သဖြင့် ၁၂၀၀ဝ ကျပ်သာ ခွင့်ပြုရန် )
    အိမ်ထောင်ဖက်အတွက် ခွင့်ပြုငွေ – ၅၀၀ဝ ကျပ်
    သားသမီးများ ၃ နှစ်တစ်ဦး – ၁၀၀ဝ ကျပ်
    ရ နှစ်တစ်ဦး – ၁၂၀ဝ ကျပ်
    (နုုတ် စုစုပေါင်းသက်သာခွင့် ) ၁၂၀၀ဝ +၅၀၀ဝ + ၁၀၀ဝ + ၁၂၀ဝ ကျပ်= ၁၉၂၀ဝ ကျပ်
    ထို့ကြောင့် ဝင်ငွေခွန်တွက်ချက်ရန် ဝင်ငွေ – ၉၁၈၀ဝ – ၁၉၂၀ဝ = ၈၉၈၈၀ဝ ကျပ်

    တစ်နှစ်အတွက် ကျသင့် ဝင်ငွေခွန် – ၁ကျပ်မှ ၅၀၀၀၀ဝ ကျပ် = ၉၄၈၀ဝ ကျပ်
    ၅၀၀၀၀၁ ကျပ်မှ ၈၉၈၈၀ဝ ကျပ်ထိ = (၈၉၈၈၀၀-၅၀၀၀၀၀) = ၃၉၈၈၀ဝ ၏ ၃၀% = ၁၁၉၆၄ဝ ကျပ်
    ထို့ကြောင့်စုစုပေါင်း ကျသင့် တစ်နှစ်စာဝင်ငွေခွန် = ၉၄၈၀ဝ + ၁၁၉၆၄ဝ = ၂၁၄၄၄ဝ ကျပ်
    တစ်လ နုတ်ယူထားရမည့် ဝင်ငွေခွန် – ၂၁၄၄ဝ ကျပ် % ၁၂ လ = ၁၇၈၇ဝ ကျပ်
    ထို့ကြောင့် တစ်လ ၈၀၀၀ဝ ကျပ် ရရှိသည့် ဝန်ထမ်းတစ်ဦး၏ အခွန်နုတ်ပါက ရရှိမည့် ဝင်ငွေသည် (၈၀၀၀ဝ – ၁၇၈၇ဝ = ၆၂၁၃ဝ ကျပ် သာဖြစ်ပါမည်။ ၂၂.၃၃% ဝင်ငွေခွန်ပေးဆောင်ရပါမည် ။ ၎င်းမှာ အသက်အာမခံနှင့် စုဆောင်းငွေ ထားရှိသူဖြစ်သည် ။
    မထားရှိသူအား တွက်ချက်ကြည့်ပါ က ၁၈၉၂ဝ ကျပ် ပေးသွင်းရမည် ဖြစ်ပါသည်။ ၂၃.၆၅ % ပေးဆောင်ရပါမည်။
    ၎င်းတွင် SSB ( Social Security Board) သို့ သွင်းငွေ ထပ်နုတ်ခံရမည်ထင်ပါသည်။

    • Swal Taw Ywet

      March 9, 2012 at 9:27 pm

      Dear Ko HtooSan,
      Thanks for your support.
      But I found in Eleven news web site like that-
      1988 ခုနှစ်မှ ၂၀၁ဝ ပြည့်နှစ်အတွင်း ဝန်ထမ်းများ၏ လစာ၊ ပင်စင်၊ လုပ်ခများ တိုးမြှင့်ပေးမှု အခြေအနေ
      ၁၉၈၉ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် (၁) ကြိမ်
      ၁၉၉၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် (၁) ကြိမ်
      ၂၀၀ဝ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် (၁) ကြိမ်
      ၂၀၀၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် (၁) ကြိမ်
      ၂၀၁ဝ ခုနှစ်၊ ဇန်နဝါရီလ ၁ရက်နေ့တွင်(၁) ကြိမ်

      ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့က ထုတ်ပြန်ထားသည့် ဝန်ထမ်းလစာ နှုန်းထားများ
      စဉ် လစာနှုန်းထား
      ၁ ၃၅၀၀၀-၁၀၀၀-၄၀၀၀၀
      ၂ ၄၁၀၀၀-၁၀၀၀-၄၆၀၀၀
      ၃ ၄၇၀၀၀-၁၀၀၀-၅၂၀၀၀
      ၄ ၅၃၀၀၀-၁၀၀၀-၅၈၀၀၀
      ၅ ၅၉၀၀၀-၁၀၀၀-၆၄၀၀၀
      ၆ ၆၅၀၀၀-၁၀၀၀-၇၀၀၀၀
      ၇ ၁၀၀၀၀၀-၂၀၀၀-၁၁၀၀၀၀
      ၈ ၁၂၀၀၀၀-၂၀၀၀-၁၃၀၀၀၀
      ၉ ၁၄၀၀၀၀-၂၀၀၀-၁၅၀၀၀၀
      ၁၀ ၁၆၀၀၀၀-၂၀၀၀-၁၇၀၀၀၀
      ၁၁ ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀
      ၁၂ ၂၁၀၀၀၀-၂၀၀၀-၂၂၀၀၀၀

      I believed that there will be one more change for Income Tax what we should know.
      I will reply in Myanmar font later.
      Now we are closer to the truth.
      Let’s try our best for our mother land.
      With respect,
      Swal Taw Ywet.

  • ရွာစားကျော်

    March 9, 2012 at 5:42 pm

    http://www.demowaiyan.co.cc/search/label/%E1%80%B1%E1%80%9B%E1%82%8A%E1%80%93%E1%80%B0%E1%80%9D%E1%80%B6%E1%80%B1%E1%80%86%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%95%E1%80%AB%E1%80%B8%E1%80%99%E1%80%BA%E1%80%AC%E1%80%B8
    အထက်ပါလင့်မှာ တွေ့နိုင်တဲ့ အရောင်ပြောင်းတဲ့ စီးပွားရေးသမားကြီးများဖြစ်ကြသော
    Max Myanmar ဦးဇော်ဇော်
    တော်ဝင် ဦးကိုကိုထွေး
    Asia World စတီဗင်လော (ခ) ဦးထွန်းမြင့်နိုင်
    ဧဒင်ဆောက်လုပ်ရေးက ဦးချစ်ခိုင်
    တို့၏ ဝင်ငွေတွေကို ဘဏ္ဍာအခွန်မှ ဘယ်လိုစီစစ်တွက်ချက်ခဲ့ပြီး
    သူ့တို့အနေနှင့် အခွန်ဘယ်လောက်ပေးဆောင်ထားမလဲ ဆိုတာ
    စိတ်ဝင်စားဖို့တော့ ကောင်းနေပြီခင်ဗျာ….
    နောက်ဆုံးမှာ ပွဲရဲ့အဖြေကဘယ်လိုဖြစ်မလဲဆိုတာတော့ ကျွန်တော်တို့ ဆက်လက်စောင့်ကြည့်ရမယ်ခင်ဗျာ…. (MRTV-4 မှ ဘောပွဲကြေငြာသူများ အသံနှင့်ဖတ်ပါ. သို့မဟုတ်ပါက ဘောဆရာ.. အဲ ဘောပွဲဆရာကြီး windtalker မှ အားလုံးကြားအောင်အော်ပေးပါ)

  • htoosan

    March 9, 2012 at 5:50 pm

    အထက်က အစိုးရ သတ်မှတ်ချက် ။ ဘယ်လ လည်း မှတ်မိသူများဝင်ပြောကြပါဦး ။ သတင်းစာထဲမှာ တစ်နှစ်ဝင်ငွေ အထက် ဘယ်လောက်ရှိရင် ဝင်ငွေလွှာ တင်သွင်းရမည်ဆိုပြီး ကြေညာလေ့ရှိပါတယ် ။ ကိုယ်နဲ့ မဆိုင်သလိုသာ နေကြပါသည် ။
    ဝန်ထမ်းအများစု၊ မြန်မာ သူဌေးများ ကုမ္မဏီ ဝန်ထမ်းအများစုကတော့ ဝင်ငွေခွန်တို့ လူမှု့ ဖူလုံရေးကြေးတို့ဆိုတာ မသိကြပါဘူး ။ သူဌေးကဘဲ အခွန် ၊ အလုပ်သမားဦးစီးနဲ့ ညှိပြီး ဆောင်လိုက်ကြတာ များပါတယ် ။ ဝန်ထမ်း ၁ဝ ယောက်လောက်ရှိရင် လေးယောက်လောက်ပြ ။ စသဖြင့် လုပ်ကြပါတယ် ။ သိပ်ကြီးတဲ့ စက်ရုံ ၊ အလုပ်သမားများတဲ့ စက်ရုံတွေ၊ နိုင်ငံခြားကုမ္မဏီတွေသာ အမှန်ပြကောင်းပြပါမယ် ။
    ဒါကတစ်ဦးချင်းရဲ့ ဝင်ငွေခွန်ပြောတာနော် ။
    အဲ ဦးကြီးမိုက်ပြောတဲ့ ကုမ္မဏီတွေ ။ လုပ်ငန်းတွေရဲ့ အမြတ်ခွန် ၊ ကုန်သွယ်ခွန် တို့က သပ်သပ် ။ အမှန်အတိုင်းဆောင်တဲ့ သူ ရှိပါ့မလားတောင်မသိဘူး ။
    အဲ့ဒိတော့ တစ်နိုင်ငံလုုံးကတော့ ရာဇဝတ်သားတွေချည်းဘဲဗျ ။ အခွန်ရှောင်မှုနဲ့ အချိန်မရွေး ဆင့်ခေါ်ပြီး အထဲသွင်းထားလို့ ရနေတယ်နော် .. အဟီး ဘေးချော်သွားပြီ။
    အဲ အခွန်အခ သာ မှန်မှန်ကန်ကန် ဆောင်ရ ကောက်ခံရမယ် ဆိုရင် တက်သွားလိုက်မဲ့ ကုန်ဈေးနုန်းက အင်္ဂါဂြိုလ် တက်ချိတ်လိမ့်မယ် ..
    ပြင်စရာတွေချည်းဘဲဆိုတော့ ဘယ်ကစပြင်မလဲတော့မသိဘူး ….

  • siamonone

    March 9, 2012 at 8:23 pm

    အခွန်အကြောင်း သိချင်တာ ကြာပြီဗျို့ ..
    စီးပွားရေး လုပ်ငန်းရှင်ကြီးတွေက ပြောတာကြားဖူးတယ် .. စီးပွားရေးလုပ်တော့မယ်ဆိုရင် .. အခွန်ဥပဒေ ကို နှံ့စပ်နေအောင်လုပ်ထား တဲ့ .. ဟီး ..

  • venus lay

    March 9, 2012 at 8:32 pm

    အခွန်ဆောင်တယ်ဆိုတာကတော့နိုင်ငံ့ဝန်ထမ်းကောင်းတစ်ယောက်အဖြစ်တော့ဂုဏ်ယူစရာပါ..
    ဒါပေမယ့်..အိမ်မှာထမင်းစားစရာမရှိဘဲအခွန်ဆောင်နေရတာတော့မမိုက်သေးပါဘူး..

  • Kaung Myat Thu

    March 9, 2012 at 9:55 pm

    နိုင်ငံတော်ကိုအခွန်မှန်မှန် ကန်ကန်ဆောင်ရတာကျေနပ်ပါတယ်။ဒါပေမယ့်ဒေါ်လာစားကျတော့၂%ဆိုတော့
    တွက်ကြည့်ရင်-ဥပမာဒေါ်လာ၂၀ဝရတယ်ဆိုပါစို့။
    အခုဈေးနဲ့တွက်ကြည့်ရင်၈၂၅x၂၀၀=၁၆၅၀၀ဝိ၊
    ဝင်ငွေခွန်၂%ဆိုတော့ – ၃၃၀ဝိ၊
    ကျွန်တော်တို့မြန်မာငွေနဲ့ရတဲ့သူကျတော့-လစာရင်း၁၅၀၀၀ဝိမှာ၃၀၀၀ဝိကျော်ဆောင်ရတယ်ဆိုတော့၊
    အဓိကဖြစ်စေချင်တာကတော့ဒေါ်လာစားပဲဖြစ်ဖြစ်၊မြန်မာငွေရတဲ့ဝန်ထမ်းပဲဖြစ်ဖြစ် နိုင်ငံတော်ကမျှမျှတတ
    အခွန်ငွေထမ်းဆောင်ခိုင်းရင်ဘယ်လောက်ကောင်းမလဲဗျာ။

    • Swal Taw Ywet

      March 9, 2012 at 10:01 pm

      Dear Brother, Ko Kaung Myat Thu,
      Start from January, 2012, there is NO Tax for oversea workers.
      2% rule is only for 6 months started from August or September, 2011.
      ( Sorry, I forgot exact month of that rule.
      FYI.
      Thanks ,
      With respect,
      Swal Taw Ywet.

  • Swal Taw Ywet

    March 9, 2012 at 9:57 pm

    သူကြီးရေ
    အခွန်ဆိုလို့ ဟိုတလောက အိုဘားမားနဲ့ Tax Cut ဆိုတာလေး မျှပါဦးဗျို့။
    မြန်မာလို လိုတိုရှင်းလေးပေါ့။
    အစိုးရဝန်ထမ်းတွေကလည်း ပုဂ္ဂလိကဝန်ထမ်းတွေ အောက်ခြေအဆင့်အထိ အခွန်ဆောင်နေရတာမသိ၊ ပုဂ္ဂလိကဝန်ထမ်းတွေကလည်း အစိုးရဝန်ထမ်းတွေ ဝင်ငွေခွန်ပေးနေရတယ်ထင်။
    မလောက်ဘူး၊ မလောက်ဘူးလို့ အကြောင်းပြနေကြသူတွေ Anti-corruption အတွက် ထည့်စဉ်းစားရမယ့် ကိစ္စကြီး (ကွာဟချက်ကြီး) ဖြစ်လာနေပြီကောလား။
    စကားဝိုင်းလေး ဆက်လိုက်ကြဦးစို့…
    ဗျို့ဗျို့ ဘွားဆူးတို့၊ အရီးလတ်တို့၊ မမကြာတို့……
    ဒီမှာ ရွာသားတွေ ကွပ်ပျစ်ဆောက်နေတာ ပုံတောင် အတော်ပေါ်လာပြီ၊ လုံမတွေကို သတိပေးလိုက်ပါဦး၊ အစားအသောက်ကိစ္စက စိန်ပေါက်ပေါက် မရောက်ခင်မှ ကောင်းမှာ ။ လက်ဖက်သုတ်အတွက် ငရုတ်သီးစိမ်းက နှင်းဆီစိမ်း ယူလာလိမ့်မယ်တဲ့.. ခပ်စပ်စပ်လေးဗျို့ အခါးရည် ကျကျလေးရော…………

  • htoosan

    March 9, 2012 at 10:16 pm

    ကျွန်တော်ရေးလိုက်တဲ့ အခွန်ကောက်ခံပုံတွေက ပြီးခဲ့တဲ့ အပါတ်ကမှ အခွန်ဦးစီးကနေ ပို့လိုက်ပြီး မန်နေဂျာကို ဆင့်ခေါ်လိုက်တဲ့ စာပါ ။ ဆိုတော့ မချိန်းသေးတာ သေချာနေပါတယ် ။ လိပ်တက်ပါဘဲ။။
    ခေတ်နဲ့ လျော်ညီမှု့ ရှိမရှိဆိုတာကတော့ ၂၀၀၆ မှာလည်း ကလေးတစ်ယောက် တစ်နှစ်လုံးအတွက် ကင်းလွတ်ခွင့် တစ်ထောင်ဆိုတာ အတော် ဉာဏ်ပြေးတယ် ပြောရမှာဘဲဗျ ။ ဒါမှ တောင်းလို့ကောင်းအောင်လေ။
    နိုင်ငံခြားမှာ အလုပ်သွားလုပ်သူတွေ Double Tax (အလုပ်လုပ်တဲ့နိုင်ငံကော၊မိခင်နိုင်ငံကော နှစ်ခါပေးဖြစ်တာ ) မဆောင်ရအောင် အစိုးရက Tax ကင်းလွတ်ခွင့်ပေးတာပါ ။ နိုင်ငံအများစုက အဲ့ဒီလိုပါဘဲ ။ မြန်မာပြည်သာ အခုမှ စပြီး ကင်းလွတ်ခွင့်ပေးတာပါ။ အလုပ် လုပ်တဲ့ နိုင်ငံမှာ ဘဲ Tax ဆောင်ရပြီး မိခင်နိုင်ငံကို Tax မဆောင်ရပါဘူး ။ သဘောင်္သားတွေ ကတော့ ရေထဲမှာ လူလိုမနေရရှာဘူးဆိုပြီး tax free ရကြပါတယ် ..
    နိင်ငံခြား အလုပ်လုပ်သူတို့က အခွန်နဲရလားဆိုပြီး မြန်မာပြည်မှာ အခွန် ကင်းလွတ်ခွင့်ပေးထားရလားဆိုပြီး သွားမပြောသင့်ပါဘူး ။

    • Foreign Resident

      March 12, 2012 at 7:22 am

      ကို htoosan ရေးမှပဲ
      အဘ တို့ သင်္ဘောသားတွေ ဘဝ က ထင်ရှားသွားတော့တယ် ။
      ” သင်္ဘောသားတွေ ကတော့ ရေထဲမှာ လူလိုမနေရရှာဘူးဆိုပြီး ”
      ဒါတောင်မှ မ သနား တဲ့ သူတွေကရှိသေး ။
      ဝမ်းနည်း ထာ ။

      ( ၁ )
      ” အလုပ်လုပ်တဲ့ နိုင်ငံမှာဘဲ Tax ဆောင်ရပြီး ၊ မိခင်နိုင်ငံကို Tax မဆောင်ရပါဘူး ”
      ဟုတ်ပါတယ် ။
      နိုင်ငံတကာ Standard က မိမိ အလုပ်လုပ်တဲ့ Territory နိုင်ငံ ရဲ့
      Sovereign အုပ်ချုပ်သူ အစိုးရကိုသာ အခွန် ဆောင်ရပါတယ် ။

      ( ၂ )
      ” သင်္ဘောသားတွေ ကတော့ ရေထဲမှာ လူလိုမနေရရှာဘူးဆိုပြီး tax free ရကြပါတယ် ”
      အဲဒါကတော့ မှားပါတယ် ။
      ” လူလိုမနေရ ရှာလို့ ” ဆိုပြီး သနားပြီး အခွန် လွတ်ငြိမ်းခွင့် ရတာ မဟုတ်ပါဘူး ။
      ဆင်းရဲသား ၊ အလုပ်ကြမ်းသမား ၊ ဘဝ အရမ်း ဆိုးတဲ့သူတွေ ( even သူတောင်းစား ) တောင်မှ
      အခွန် ဥပဒေ သက်ရောက်တာ ၊ လွတ်ငြိမ်းခွင့် မရှိတာ ၊ သတိပြုမိမယ် ထင်ပါတယ် ။

      ပထမ အချက်ကို ပြန် Refer လုပ်ပါမယ် ။
      သင်္ဘောသားတွေဟာ International Water နိုင်ငံတကာ ရေပြင်မှာ အလုပ်လုပ်တာ ဖြစ်ပါတယ် ။
      International Water နိုင်ငံတကာ ရေပြင် ဟာ Sovereign အုပ်ချုပ်သူ အစိုးရ မရှိပါ ။
      ဒါကြောင့် သင်္ဘောသားတွေ ကို အခွန်ကောက်ခံပိုင်ခွင့် ရှိတဲ့
      Sovereign အုပ်ချုပ်သူ အစိုးရ မရှိတဲ့ အတွက်
      သင်္ဘောသားတွေ ဟာ နိုင်ငံတကာမှာ
      အခွန် ဥပဒေ မ သက်ရောက်တာ ၊ လွတ်ငြိမ်းခွင့် ရတာဖြစ်ပါတယ် ။

      အဲဒီ သဘောတရားတွေကို
      UNCLOS ( United Nation Convention on Law of the Sea )
      မှာလည်း ရှင်းပြထားပါတယ် ။

      အဲဒီ သဘောတရားကြောင့် နိုင်ငံတကာ ကို လေယာဉ် စီးပြီး ခရီးသွားတဲ့ အခါ ။
      စီးကရက် အရက် အစရှိသဖြင့် တွေကို Tax Free / Duty Free ဈေးနှုန်း နှင့် ဝယ်လို့ ရတာပါ ။

      • htoosan

        March 12, 2012 at 9:18 am

        :mrgreen:
        ဘဖော ရေ ကျွန်တော် အရေးလွန် အငေါ့ လွန်သွားတာ တောင်းပန်ပါတယ်။
        ဘဖော ပြောသလို International Water မှာ လုပ်ရသူတွေတင် မကပါဘူး၊Inlad water way မှာ အလုပ်လုပ်တဲ့ သဘောင်္သားတွေလည်း Tax မပေးရပါဘူးလို့ ကျွန်တော်သိသလောက် (မှားရင်လည်း မှားပါမယ် ။ Norway Fishing Boat မှာ လုပ်ခဲ့ဘူးသော သူတို့ နိုင်ငံသား ၊သူများပြောတာ သိခဲ့တာပါ၊) နဲ့ ပြောလိုက်တာပါ။
        ကျွန်တော်တို့ မြန်မာ သဘောင်္သားတွေ allotment မလွှဲမနေရ လွှဲနေရတာနဲ့ ပါတ်သက်ပြီး ပြောပြခဲ့ဘူးတာပါ။

  • Swal Taw Ywet

    March 9, 2012 at 10:26 pm

    အခုထိ တက်လာသမျှ ဆွေးနွေးချက်တွေကို စုကြည့်လိုက်ရင် သမ္မတကြီး ခေါင်းကိုက်သွားနိုင်တဲ့ ကိစ္စကြီး ဖြစ်လာနေပါပြီ။
    တစ်လ ၁၁၀၀၀၀/- ရတဲ့ ပြန်တမ်းဝင် အဆင့် အစိုးရဝန်ထမ်းတွေ အခွန်ဆောင်ဘို့ မလိုသေးတဲ့ အချိန်မှာ တစ်လ ၃၀၀၀၀/- ဘဲ ရတဲ့ ပြင်ပ ပုဂ္ဂလိကဝန်ထမ်းတွေ လစဉ် အခွန်ငွေ ၄၀၀၀/- ကျော်ဆောင်နေရတာ ဖြစ်နေပါတယ်။
    လွှတ်တော်ထဲအထိ ရောက်အောင် ပို့ရတော့မယ့် ကိစ္စကြီးပါ။
    ပြည်တွင်း ပုံနှိပ်မီဒီယာတွေ လုပ်ဆောင်သင့်တဲ့ ကိစ္စတစ်ခုကို အခု မန္တလေးဂေဇက်က စ “လှုပ် “လိုက်မိပြီလို့ ယုံကြည်ပါတယ်။
    အချက်အလက် ခိုင်ခိုင်မာမာဖြစ်လာအောင် ဝိုင်းကြပါဦးဗျို့.
    With respect,
    Swal Taw Ywet.

  • unclegyi1974

    March 9, 2012 at 10:27 pm

    အစိုးရကလည်းသူရမဲ့ငွေကောက်မှာပဲ
    ပေးရမဲ့သူကလည်းပေးရမှာပဲ
    တခုပဲရှိတယ်ခေတ်နဲ့လျော်ညီဖို့တော့လိုပါလိမ့်မယ်
    ဟိုးတုန်းကဥပဒေတွေကိုမပြင်ပဲကောက်နေရင်နာမှာကအောက်ခြေလူတန်းစားပဲဖြစ်မှာပဲ

  • htoosan

    March 9, 2012 at 10:43 pm

    အန်ကယ်ကြီး ဘယ်သူမှ မနာဘူး .. ပေးတဲ့သူတွေက လည်း ညှိပေးတယ် . ယူတဲ့ သူကလည်း ညှိယူတယ် ။
    နာတာ အစိုးရ ။ မတော်တရားပိုက်ဆံနဲ့ ချမ်းသာနေတာ အခွန်မှုး ။
    ကျွန်တော့် ကုမ္မဏီက မန်နေဂျာ ဆို ဘယ်လောက်သနားဖို့ကောင်းလဲ ။ သူ့ခမျာ လခလေး ခုနှစ်သောင်းလောက်ဘဲ ရရှာတယ် ။ အခြားအဆင့်တွေလည်း သုံးလေးသောင်း အပြင် မပိုကြဘူး ။ အခွန်မှုးကလည်း ဆင်ဖြူတော် အကောင် သုံးဆယ်ကျော် တန်ခိုးနဲ့ ယုံသွားရှာတယ် … 😀

  • Green Rose

    March 9, 2012 at 10:48 pm

    ငြုပ်သီးစိမ်းတင်မကပါဘူး အမှည့်လည်းနည်းနည်း ပါပါတယ်။
    မူရင်းpost ရော comment တွေရော ဖတ်ရတာ လေးလံလိုက်တာ။ အခွန်ဆိုတာက ရတဲ့ ဝင်ငွေပေါ်မှာ သက်ဆိုင်ရာ နှုန်းထားအလိုက် တွက်ချက်ပြီးဆောင်ရတာနော်။ သိသလောက်တော့ မှန်မှန်ကန်ကန် ဆောင်ကြတာ သိပ်မရှိဘူးပဲ။ ပုဂ္ဂလိက စက်ရုံတွေ၊ လုပ်ငန်းတွေမှာ ဝန်ထမ်းတွေရဲ့ လစာကို အမှန်အတိုင်း မှ မတင်ပြထားကြတာ။ အရင်တုန်းကတော့ အစိုးရ ဝန်ထမ်းလစာတွေနဲ့ ညှိပြီး ပုဂ္ဂလိကဝန်ထမ်းတွေရဲ့ အခြေခံလစာကို ပေးထားရတာပါ။ ဥပမာ အလုပ်ရှင်က မိမိဝန်ထမ်းအတွက် ခံစားခွင့်ကို ၅၀၀၀၀/- လို့သတ်မှတ်ထားပေမယ့် အဲဒီ့အချိန် အစိုးရဝန်ထမ်းရဲ့ လစာက ၂၅၀၀၀/- လောက်ပဲဖြစ်နေခဲ့တော့ အဲဒီ့ထက် ၂ ဆလောက်ဖြစ်နေတဲ့ ၅၀၀၀၀/- ကိုလစာအနေနဲ့ ပေးလို့မရတာပါ။ အဲဒါနဲ့ လစာကို၂၅၀၀၀/- လို့သတ်မှတ်ပြီး ကျန်တဲ့ ၂၅၀၀၀/- လောက်ကို ရက်မှန်ကြေး၊ ခရီးစရိတ်၊ စားစရိတ်၊ စသဖြင့် ခေါင်းစဉ်တွေ အမျိုးမျိုးခွဲပြီး ပေးခဲ့ကြတာပါ။ (အစိုးရဝန်ထမ်းနဲ့ ပုဂ္ဂလိကဝန်ထမ်းကြား ဝင်ငွေကွာဟမှုကို ထိန်းချုပ်ချင်ခဲ့တာပါ) (ငွေamount တွေက ဥပမာပေးတာနော်) အဲဒီ့တော့ အခွန်ဆောင်မယ်ဆိုရင်လည်း အဲဒီ့အခြေခံ လစာပေါ်မှာပဲ တွက်ချက်ပြီး ပေးဆောင်ရပါတယ်။ ကျန်တာတွေက ပုံမှန်ဝင်ငွေမှ မဟုတ်တာကိုး။ အခုနောက်ပိုင်း အစိုးရဝန်ထမ်းတွေကို လစာတိုးမြှင့်ပေးတဲ့ အချိန်မှာ ပုဂ္ဂလိကဝန်ထမ်းတွေရဲ့ လစာတွေကို လိုက်လျောညီထွေဖြစ်အောင် လိုက်တိုးခဲ့ပေမယ့် အခြေခံလစာတင်မက အခြားသော allowance တွေပေါ်မှာပါ မျှပြီးတိုးပါတယ်။ အဲဒီ့တော့ Green Rose တို့ စဉ်းစားရမှာက ဖြစ်ရပ်မှန် (၁) နဲ့ (၂) မှာ တင်ပြထားတဲ့ တချို့ရွာသားတွေရဲ့ ဝင်ငွေခွန်ဆောင်ရတဲ့ နှုန်းထားကွာဟနေတာကို သေချာပြန်စစ်ရပါမယ်။ ဘယ်အပေါ်မှာတွက်ထားတာလဲ။ သူတို့ပြောတဲ့ ဝင်ငွေဆိုတာက အခြေခံလစာလား၊ allowance တွေကိုပါထည့်ပြောနေတာလားဆိုတာ သေချာအောင်လုပ်ရပါမယ်။ အဲဒီ့တော့ MG အတွက် အချက်အလက်မှန်ကန်တဲ့ စကားဝိုင်းတစ်ခု ဖြစ်လာဖို့ဆိုရင် ရတဲ့ဝင်ငွေ အမျိုးအစားရယ် ဆောင်ရတဲ့ အခွန်ရယ်ကို အတိအကျ ပြောပြပေးကြဖို့လိုပါတယ်။ (Green Rose ကတော့ အခွန်မဆောင်ရတာမို့ မပြောပြတော့ဘူးနော်)
    နောက်တစ်ချက်က လက်ရှိ ဝင်ငွေရှိနေတဲ့လူတွေ အခွန်ဆောင်ရတာထားဦး တစ်သက်လုံး ပြည်သူ့ဝန်ထမ်းအဖြစ် အလုပ်လုပ်ခဲ့တဲ့ အစိုးရဝန်ထမ်းတွေ လုပ်ငန်းခွင်က အနားယူတဲ့အချိန် နိုင်ငံတော်က ခံစားခွင့်ပေးထားတဲ့ ပင်စင်လစာတွေတောင် ပြောင်းလဲခဲ့တာ မကြာသေးပါဘူး။ အဲဒီ့မတိုင်ခင်မှာ အားလုံးသိကြတဲ့အတိုင်း ပင်စင်ဆိုတာ မုန့်ဘိုးတောင်မရှိတဲ့ ပမာဏအနေနဲ့ ရှိခဲ့တာပါ။ အဲဒီ့တော့ Green Rose အမြင်တော့ အစိုးရရဲ့ သတ်မှတ်ထားသော နှုန်းထားတွေ အတော်များများဟာ Update မဖြစ်ပါဘူး။ဥပမာ.. စာပို့ခနှုန်းထားတွေလိုမျိုး…
    လာတော့လာမယ် ကြာမယ်ဆိုတာမျိုးဖြစ်လိမ့်မယ်။ ပြသနာရဲ့ အရင်းအမြစ်က မှားနေတာတွေ၊ ပြောင်းလဲသင့်တာတွေကို ထောက်ပြရဲတဲ့သူ မရှိခဲ့တာပါ။
    အခု computer ရဲ့ ဖြစ်ရပ်မှန်ကနေ စလိုက်တာ အခုစွယ်တော်ရွက်ရဲ့ ဆီမီနာအထိ ခရီးက တော်တော်ရောက်ခဲ့ပါပြီ။ နိုင်ငံပိုင် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ MG ဟာ သိက္ခာရှိသော မီဒီယာဖြစ်တာမို့ အချက်အလက်တွေ တိကျဖို့လိုပါတယ်။
    Green Rose လည်း နည်းနည်း စုံးစမ်းကြည့်ပါဦးမယ်။ ဝန်ထမ်းတွေ အခွန်ဆောင်နေတဲ့ အချိုးကိုလေ။
    သိလာသမျှ ပြန်တင်ပြပေးပါ့မယ်။

    လေးစားစွာဖြင့်
    Green Rose

  • padonmar

    March 9, 2012 at 11:51 pm

    ရွာသူတွေ ကွန်မကောင်းတဲ့ထဲမှာ စွယ်တော်ရွက်နဲ့ ဒေါ်ကြီးမိုက်တို့ ကထူးဆန်းတို့ ကိန်ဂဏန်းတွေ လိုက်တွက်လိုက်တာ မူးသွားလို့ အဘထလေးရှူနေရပါတယ်။
    အမှန်တော့ ခေတ်စနစ်နဲ့ မညီတဲ့ အခွန်ဥပဒေကြီးကို မပြင်သေးသမျှ ပြည်သူတွေလည်း လူလိမ် သူခိုးတွေဖြစ်နေမှာပဲ။
    သိသလောက် တော့ ဝင်ငွေ တစ်လ ၃၀၀၀ဝ ကျော်ရင် ဝင်ငွေခွန်စကောက်မယ်တဲ့။
    တစ်နေ့ကို ၁၀၀၀= တစ်ထောင်ကျပ်ပေါ့နော်။ စည်ပင် အမှိုက်ကောက်တွေက တစ်နေ့ ၂၅၀ဝ ရပါတယ်။

    ကုန်သွယ်ခွန်က ရောင်းရငွေ( အမြတ်မဟုတ်ဘူးနော်)တစ်လ ၃ သိန်း ကျော်ရင် စကောက်တယ်။ တစ်နေ့ ၁ သောင်းပေါ့နော်။လမ်းဘေးမှာ ပေါပေါပဲပဲ အသုပ်စုံ ကြာဇံကြော် ၁ ပွဲ ၁၀ဝ နဲ့ရောင်းတဲ့ အသည်တောင် မလွတ်ဘူး။

    သူကြီးတို့ US မှာ လစာပေးကတည်းက တစ်ခါတည်း အခွန်ဖြတ်လိုက်တယ်ဆိုတာ အလုပ်ပြုတ်ရင် (ပုဂ္ဂလိကအလုပ်ကနော်) အစိုးရက နောက် အလုပ်မရမီကြား ထောက်ပံ့ပေးထားတာလည်း ပြောအုံးနော်။
    သက်ကြီးရွယ်အို ပင်စင်ယူပြီးလည်း ခံစားခွင့်ကအပြည့်။
    ဒါမျိုးတွေ FR ရှိရင် ကောင်းကောင်းဆွေးနွေးသွားလိမ့်မယ်။
    FR ရေ လာပါဗျိုး။

    • Foreign Resident

      March 12, 2012 at 8:32 am

      မ padonmar လုပ်တာနှင့် အဘ လည်း ဝင်ပြောရတော့မှာပဲ ။

      အစိုးရ ဆိုတာကတော့ အခွန် ကောက်မှာပဲ ။
      တိုင်းပြည် ကို ချစ်တဲ့ ၊ သစ္စာရှိတဲ့ ၊ ဂုဏ်သိက္ခာ ရှိတဲ့ တိုင်းသူပြည်သား ဆိုရင်လည်း
      အခွန်ကို မှန်မှန် ကန်ကန် ပေးဆောင် ရမယ့် တာဝန် ရှိတာပဲ ။

      ဒါပေမယ့် ။ အဲဒီလို အခွန်ကောက်တဲ့ နေရာမှာ ။
      တိုင်းသူပြည်သား အများစုကြီး အခွန် နွံထဲမှာ နစ်ပြီး မခံသာလောက်အောင် ။
      ပညာတတ်တွေ ၊ သူဋ္ဌေးတွေ လည်း တိုင်းပြည်က ထွက်ပြေး မသွားရလေအောင် ။
      ရင်းနှီးမြုတ်နှံသူ လုပ်ငန်းရှင်တွေလည်း လက်လန် မသွားရလောက်အောင် ။
      တိုင်းပြည် ရဲ့ စီးပွားရေးလည်း ချွတ်ချုံကျ မ သွားရအောင် ။
      အခွန် နှုန်းထားတွေကို လက်ရှိ အခြေအနေ နှင့် သင့်တော်အောင် ပြဌာန်းရမှာက ။
      ကောင်းမွန်တဲ့ အစိုးရ များရဲ့ တာဝန်ပေပဲ ။

      အဲ ပြဌာန်းပြီးရင်တော့ အဂတိ မလိုက်စားပဲ လူတိုင်းစီက တန်းတူညီမျှစွာ
      မှန်မှန် ကန်ကန် အခွန် ကောက်သင့်တယ်လို့ အဘထင်ပါတယ် ။

      အရေးကြီးတာ တစ်ခုကတော့
      တိုင်းသူပြည်သားတွေက အခွန်ဘယ်လောက်ဆောင်ရမယ် ရှင်းရှင်းလင်းလင်း သိပြီး ။
      အဲဒီ သူတို့ ဆောင်လိုက်တဲ့ အခွန်ငွေတွေဟာ အဟောသိကံ မဖြစ်ပဲ
      ငါတို့ နိုင်ငံတော်ကြီး နှင့် ငါတို့ နိုင်ငံသားတွေ ရဲ့ အကျိုးစီးပွား အတွက်
      ဘယ်လိုနေရာတွေမှာ အသုံးပြုနေပါတယ်လို့
      ပွင့်လင်း မြင်သာတဲ့ Transparency စံနစ် နှင့်
      ပြည်သူကို ပြန် အစီရင်ခံ တဲ့ စံနစ် ရှိရပါမယ် ။

      နောက်ပြီးတော့ ပြည်သူ ကိုယ်တိုင် ကလည်း
      သူတို့ ဆောင်လိုက်တဲ့ အခွန်ငွေတွေကို
      ဘယ်နေရာမှာ သုံးပါလို့ ညွှန်ကြားပိုင်ခွင့်ရှိပြီး
      ကောင်းမွန်တဲ့ အစိုးရ များဆိုရင် လိုက်နာရပါမယ် ။

      နောက်ဆုံး အနေ နှင့် တစ်ချက် တို့ထိရရင် ၊
      အဘ မိန်းမ ဟာ ဩဇီ အစိုးရကို တစ်နှစ်ကို
      ဝင်ငွေခွန် တစ်ခုတည်းထင် ဒေါ်လာ တစ်သိန်း ပါတ်ဝန်းကျင် ၊
      နှစ်စဉ် အခွန်ဆောင် ရပါတယ် ။
      ( မိန်းကလေးဖြစ်တော့ ကြောက်တတ်ပြီး အခွန်မရှောင်ရဲလို့လဲ ပါတာပေါ့ )

      ဒါပေမယ့် ( နှမြောသော်ငြားလည်း ) သူပြောတဲ့ စကားလေးတစ်ခုက ၊
      ” ဒီ အစိုးရ ( နိုင်ငံ ) ကို ဒီလောက် အခွန်ဆောင်ရတာ ထိုက်တန်ပါတယ် ” တဲ့ ။
      နှစ်စဉ် တနှစ် သိန်း ၈၀ဝ ပေးရလောက်အောင် ၊ ပေးချင်လောက်အောင်
      ချစ်ဖို့ကောင်းတဲ့ အစိုးရ ။
      သူတို့ရင်ထဲက မဲတစ်ပြားစီနှင့် ရွေးချယ်ထားတဲ့ အစိုးရ ။

      အဲဒီလို ခံယူမှု ခံစားမှု မျိုးကို နိုင်ငံသား အားလုံးက ( အနဲဆုံး ပညာတတ်တွေက )
      ခံယူ ခံစား လာအောင် လုပ်ရမှာက ကောင်းမွန်တဲ့ အစိုးရ များရဲ့ တာဝန်ပေပဲ ။

      အခွန်ဆောင်ရဖို့ ထိုက်တန်တဲ့ အစိုးရမင်းများကို ကြိုဆို မျှော်လင့်လျက် ။

  • kyeemite

    March 10, 2012 at 8:56 am

    ကိုစွယ်တော်ရွက်ရေ..အညာတမာပေးတဲ့လင့်က
    ဘဏ္ဍာအခွန်ဝန်ကြီးဋ္ဌာနကတင်ထားတဲ့ ဝဘ်ဆိုက်
    မို့လို့ အပ်ဒိတ်ဒေတာတွေပါ..ရအောင်ဖွင့်ကြည့်စေချင်ပါတယ်..
    http://www.myanmar.com/finance/dept_ird_01.html
    padonmar says:

    ရွာသူတွေ ကွန်မကောင်းတဲ့ထဲမှာ စွယ်တော်ရွက်နဲ့ ဒေါ်ကြီးမိုက်တို့ ကထူးဆန်းတို့ ကိန်ဂဏန်းတွေ လိုက်တွက်လိုက်တာ မူးသွားလို့ အဘထလေးရှူနေရပါတယ်။
    အမှန်တော့ ခေတ်စနစ်နဲ့ မညီတဲ့ အခွန်ဥပဒေကြီးကို မပြင်သေးသမျှ ပြည်သူတွေလည်း လူလိမ် သူခိုးတွေဖြစ်နေမှာပဲ။
    သိသလောက် တော့ ဝင်ငွေ တစ်လ ၃၀၀၀ဝ ကျော်ရင် ဝင်ငွေခွန်စကောက်မယ်တဲ့။

    ကျွန်တော်တင်ပြချင်တာအဓိကက..ဒေါ်ပုဒုံမာပြောတဲ့အချက်ကိုပါ..
    တစ်လသုံးသောင်းဆိုတဲ့ မစားလောက်တဲ့ဝင်ငွေရှိသူခမျာတောင်
    အခွန်သတ်မှတ်ချက်အရဆို..၂၂% နဲ့အကျုံးဝင်နေပါတယ်..
    တစ်လကိုလေးသောင်းနှစ်ထောင်ရတာနဲ့..အမြင့်ဆုံးနှုံန်းထားဖြစ်တဲ့..
    ၃၀%နဲ့ဆောင်နေရပြီ….

    ကိုကောင်းမြတ်သူရေ..မှန်ပါတယ် ဒေါ်လာနဲ့ရတဲ့လူတွေခုထိ
    နှစ်ရာခိုင်နှုံးသာဆောင်နေရဆဲပါ..မြန်မာငွေနဲ့လစာရသူတွေ
    ထက်အများကြီးသက်သာပါတယ်..

  • kyeemite

    March 10, 2012 at 9:47 am

    Swal Taw Ywet says:

    အခုထိ တက်လာသမျှ ဆွေးနွေးချက်တွေကို စုကြည့်လိုက်ရင် သမ္မတကြီး ခေါင်းကိုက်သွားနိုင်တဲ့ ကိစ္စကြီး ဖြစ်လာနေပါပြီ။
    တစ်လ ၁၁၀၀၀၀/- ရတဲ့ ပြန်တမ်းဝင် အဆင့် အစိုးရဝန်ထမ်းတွေ အခွန်ဆောင်ဘို့ မလိုသေးတဲ့ အချိန်မှာ တစ်လ ၃၀၀၀၀/- ဘဲ ရတဲ့ ပြင်ပ ပုဂ္ဂလိကဝန်ထမ်းတွေ လစဉ် အခွန်ငွေ ၄၀၀၀/- ကျော်ဆောင်နေရတာ ဖြစ်နေပါတယ်။
    လွှတ်တော်ထဲအထိ ရောက်အောင် ပို့ရတော့မယ့် ကိစ္စကြီးပါ။
    ပြည်တွင်း ပုံနှိပ်မီဒီယာတွေ လုပ်ဆောင်သင့်တဲ့ ကိစ္စတစ်ခုကို အခု မန္တလေးဂေဇက်က စ “လှုပ် “လိုက်မိပြီလို့ ယုံကြည်ပါတယ်။
    အချက်အလက် ခိုင်ခိုင်မာမာဖြစ်လာအောင် ဝိုင်းကြပါဦးဗျို့.
    With respect,
    Swal Taw Ywet.

    ကိုစွယ်တော်ရွက်သဘောပေါက်သွားလို့ဝမ်းသာသဗျာ..
    အဓိကမြန်မာပြည်ရဲ့ပြသာနာက ဥပဒေတွေကိုခေတ်နဲ့
    အညီ အပ်ဒိတ်မလုပ်နိုင်တာဘဲ..ဒီအထဲမှာမှ..ငွေရေးကျေးရေး
    ကိစ္စတွေမှာအဆိုးဆုံးဘဲ..ခုကိစ္စကိုဘဲကြည့်..
    Law Enforcement
    (a) Income Tax
    The Income Tax Law (1974)
    ၁၉၇၄ခုနှစ်နဲ့၂၀၁၂ခုနှစ် က အစစအရာရာ အများကြီးကွာဟသွားပြီ။
    ဝင်ငွေ..ကုန်ဈေးနှုံး..စသည်..စသည်..
    ဝင်ငွေခွန်ဥပဒေအမြန်ပြင်ဆင်ရေး…ဒို့အရေး..ဒို့အရေး
    ဝင်ငွေခွန်ဥပဒေအမြန်ပြင်ဆင်ရေး…ဒို့အရေး..ဒို့အရေး
    ဝင်ငွေခွန်ဥပဒေအမြန်ပြင်ဆင်ရေး…ဒို့အရေး..ဒို့အရေး
    အော်ပြီးလစ်ပီဗျို့..

    • Swal Taw Ywet

      March 10, 2012 at 5:22 pm

      Dear Brother, Ko Kyee Mite,
      I got some data regarding Income Tax.
      Please kindly compare those two tables- AhnyarTa mar’s and Ko Htoo San’s.
      2 tables are not the same.
      We need to know more detail of Tax calculation on Income.
      I will discuss in Myanmar fonts in a few days.
      By the way, can you get 2006 new rates of Salaries?
      January 2010, added 20,000 Ks for all government employees.
      With respect,
      Swal Taw Ywet.

      • htoosan

        March 10, 2012 at 10:26 pm

        % ဘဲ ကြည့် ။ အတူတူဘဲ။
        နောက်ဆုံးဂဏန်းက ကျွန်တော်က ပေးရမဲ့ အခွန် စုစုပေါင်း ဂဏန်း
        ကို အညာတမာက အခွန်ပေးဆောင်ရမဲ့ ဝင်ငွေ ဂဏန်း

  • ကြောင်ကြီး

    March 10, 2012 at 12:52 pm

    စီမီနာမှာ
    မပီကလာ
    တီတီတာတာ
    မလုပ်လေနဲ့
    အဟုတ်အဘေ
    ခံရမယ်…
    ဂေဇက်ရွာဆိုတာ
    လူလွန်မသားတွေ
    နေတဲ့ရွာ…။ 😎

    • Swal Taw Ywet

      March 10, 2012 at 5:24 pm

      Dear Ko Big Cat,
      Thanks you for remind us.
      Yes, we will try to reach the point what we want to know.
      With respect,
      Swal Taw Ywet.

  • kyeemite

    March 10, 2012 at 7:33 pm

    ကိုစွယ်တော်ရွက်ခင်ဗျာ..
    ခင်ဗျားရှုပ်မသွားစေချင်ဘူး…
    အညာတမာတင်ထားတဲ့ နှုံးထားဟာ ခုကျွန်တော်တို့ကုမ်ပဏီ
    မှာလက်ရှိပေးနေရတဲ့ နှုံးထားအမှန်ပါ…
    တွက်ချက်မှု့တွေပေါ်ခေါင်းရှုပ်မသွားစေချင်ဘူး..
    အဓိကပြောချင်တာက ငွေကြေး သတ်မှတ်ချက်နှုံးထားတွေခေတ်နဲ့လျှော်ညီအောင်ပြင်ဘို့ပါ။

  • padonmar

    March 10, 2012 at 9:43 pm

    သမ္မတကြီးနဲ့ (?PNO ခေါ်မယ်ထင်တယ်)ဦးအောင်ခမ်းထီတို့ ပအို့ဝ် အဖွဲ့ တောင်ကြီးမှာတွေ့တဲ့သတင်းပြသွားပါတယ်။
    ကိုနေဝင်းထွန်းက သတ္ထုတူးဖော်ရာမှာ အခွန်နှုန်းထားတွေ လျှော့ပေါ့ပေးဖို့ တင်ပြရာမှာ
    သမ္မတကြီးက အခွန်အခတွေက်ု ပြည်သူအများ ပါဝင်ထမ်းဆောင်နိုင်အောင် ပြင်ဆင်သတ်မှတ်သွားပါမယ်တဲ့။
    (သူတိုတင်ပြတဲ့ကိစ္စကိုတော့ နိုင်ငံတကာစံနှုန်းတွေနဲ့ နှိုင်းယှဉ်ကြည့်ပါမယ်လို့ဖြေသွားပါတယ်)
    ပြင်ဆင်ဖို့လုပ်နေတယ်ဆိုတာ ဝမ်းသာစရာပါ။

    နောက်ဆက်တွဲ-သမ္မတကြီးက သူတို့ကိုပေးတဲ့လက်ဆောင်မှာ laptop နဲ့ Skynet ပါပါတယ်။

  • htoosan

    March 10, 2012 at 10:17 pm

    ကိုစွယ်တော်ရွက်ရေ. ကျွန်တော်နဲ့ အညာတမာတို့ရဲ့နုန်းတွေက အတူတူပါဘဲ ။ အညာတမာ က တစ်လ ၃၀၀၀ဝ ဝင်ငွေရသူ ကိုတွက်ပြထားတဲ့ အတွက် မတူ သလိုဖြစ်နေတာ .
    ကျွန်တော့် ဇယားက နောက်ဆုံးဂဏန်းတွေ က စုစုပေါင်းပေးရမဲ့ အခွန် .
    ဥပမာ ..
    တစ်နှစ်ဝင်ငွေ က ကျပ် ၅၀၀ဝ ရရင် ၃ % အခွန်မို့လို့ = ၁၅ဝ ကျပ် ပေးဆောင်ရပါမယ် ။
    သို့သော်လည်း တစ်နှစ်ဝင်ငွေက ကျပ် ၁၀၀၀ဝ ရလို့ သူက ၅ % နဲ့ ကျပ် ၅၀ဝ ပေးဆောင်ရမှာ မဟုတ်ပါဘူး ။
    ပထမ ၅၀၀ဝ ကို ၃% ကျန် (၁၀၀၀၀-၅၀၀၀) = ၅၀၀ဝ ကိုမှ ၅% ဆိုတော့ သူပေးရမဲ့ အခွန်သည်
    ပထမ ၅၀၀ဝ မှ ၃% = ၁၅ဝ ကျပ် ။ ကျန် ၅၀၀ဝမှ ၅%= ၂၅ဝ ကျပ် ။ စုစုပေါင်း = ၁၅၀+၂၅၀=၄၀ဝ ကျပ် သာ ပေးဆောင်ရမှာပါ ။ နားလည်မယ်လို့ထင်ပါတယ် ။

    အခု အညာတမာ ပေးထားတဲ့ ဥပမာက အခွန်ပေးဆောင်ရမဲ့ ကျပ် ၃၄၂၀၀ဝ ကို ကျွန်တော့် ဇယားမှ တစ်ဆင့်တွက်ပြပါ့မယ် ။
    ကျပ် ၃၄၂၀၀ဝ ဖြစ်တဲ့ အတွက် (၃၀၀၀၀ဝ + ၄၂၀၀ဝ ) လို့ခွဲရအောင် ။
    ကျွန်တော့်ဇယားမှ ကျပ် ၃၀၀၀၀ဝ အတွက် ပေးဆောင်ရမည့် အခွန်သည် အမှတ်စဉ် ၁၁ မှ = ၅၀၈၀ဝ ကျပ်ဖြစ်ပါသည် ။
    ကျန် ၄၂၀၀ဝ အတွက် တွက်ပေးရမည့် အခွန်သည် သုံးသိန်းနှင့် ငါးသိန်းကြားဖြစ်သည့် အမှတ်စဉ် ၁၂ မှ
    ၂၂% ဖြင့် တွက်ချက်ရမည်ဖြစ်၍ ၉၂၄ဝ ကျပ်ဖြစ်ပါမည် ။ ထို့ကြောင့် ကျပ် ၃၄၂၀၀ဝ အတွက်ပေးဆောင်ရမည့် တစ်နှစ် အခွန်ငွေသည် ၅၀၈၀၀+၉၂၄၀=၆၀၀၄ဝ ဖြစ်ပါသည်။ တစ်လ ၅၀၀၃ ကျပ်ဖြစ်ပါသည်။
    ကို အညာတမာ က နောက်ဆုံး ၄၂၀၀ဝ ကို ၂၂% နဲ့ ပေးဆောင်ရမှာကို ရေးထားပေမဲ့ တွက်ဖို့လို့မေ့ကျန်ခဲ့ပြီး ကျပ် ၃၀၀၀၀ဝ အတွက် ကျပ် ၅၀၈၀ဝ ကိုသာ ရေးထားတာပါ ။
    ရာခိုင်နုန်းတွေ အတူူတူပါဘဲ ။

    အဲ ကျွန်တော်မသိတဲ့ အချက်က အခြေခံသက်သာခွင့် (၁၂၀၀၀) ကျပ် ဘယ်ကနေထွက်လာတာ ၊ဘယ်ဇယား အခြေခံလည်းဆိုတာ မသိပါဘူး ။
    အခုလောက်ဆိုရင်တော့ ကိုစွယ်တော်ရွက် ရှင်းလောက်ပြီထင်ပါတယ် ။

  • Swal Taw Ywet

    March 11, 2012 at 1:05 am

    Dear Brother, Ko Kyee Mite and Ko Htoo San,
    Thanks for your continuous discussion.
    Yes, I also learn from the web site- http://www.irdmyanmar.gov.mm.
    But it was not yet updated ( only updated till 2006 ).
    The main points ( Income Tax Notification ) is still missing.
    We need to search that Latest Income Tax Notification.
    I made many phone conversation to Myanmar in these days.
    One news is ( NO Income Tax for total salary amount – less than 24 Lakhs in the year.)
    ( Now how much is it? the latest salary for an AE ( previous we called 450 scale )??Please.)
    It was by Ministry’s Income Tax Notification.( 2006 or 2010 ?? Unknown??? )
    We must find out it is true or false.( 99% true, told by a govt officer who still on work. )
    Please try to find it if you can.
    I will discuss in Myanmar font later ( May be in 2 days ).
    Let’s try our best for our mother land.

    With respect,
    Swal Taw Ywet.

  • Khin Latt

    March 11, 2012 at 7:42 am

    စွယ်တော်ရွက် ရေ

    ဖတ်စာ နဲ့ လုံးသွားလို့ နောက်ကျသွားတာပါ။ စောဒီး။ 🙂
    ထင်တာတောင် အသေအချာမသိတော့ ဝင်မဆွေးနွေးနိုင်ပေမဲ့ အသေအချာတော့ ဖတ်သွားပါတယ်။
    ဒါပေမဲ့ ….
    အများစု ရုံးဝန်ထမ်း ဆိုတာက ဝင်ငွေ အတိအကျ သိပြီးတာမို့ မရှောင်နိုင်အောင် ပေးရပါတယ်။
    ပေးရတဲ့ အခွန်ပေါ်မှာ ဘာမှ ကျကျနန မခံစားရပါဘူး။
    အနဲစု ရေပေါ်ဆီ စီးပွါးရေးသမား များကတော့ ဝင်ငွေတွေ ကို ရှောင်လို့ရလို့ ရှောင်ကြပါတယ်။
    သူတို့ က အဲဒီအပေါ်မှာ ဇိမ်နဲ့ပေါ့။ 🙁

    သူများနိုင်ငံတွေမှာက ကိုယ်ပေးတဲ့ အခွန်က ကိုယ့်ကိုပြန် အကျိုးပြုပါတယ်။
    အခွန်ရှောင်လို့ မရအောင်လဲ ထိမ်းထားနိုင်တဲ့ စနစ်တွေရှိတာကိုး။
    လူတိုင်းပေးရပေမဲ့ ရာခိုင်နှုံး တော့ ကွာပါတယ်။
    ဝန်ထမ်းဆို ၁၀% က နေ ၄၀% ထိ ပေးရတယ်။

  • htoosan

    March 11, 2012 at 12:33 pm

    ကျွန်တော်ပြောပြီးပြီလေ .. ကျွန်တော် ရေးတဲ့ ဇယားက ပြီးခဲ့တဲ့ အပါတ်ကမှ အခွန်ဌာန ကနေ ပို့လိုက်တာလို. ။ ၂၀၀၆ နောက်ပိုင်းထပ် မပြင်ထားလို့သာ အခွန်ဌာန က ဒီတွက်ချက်ပုံနဲ့ ဒီ ဇယားပို့လိုက်တာပေါ့ ။
    ၂၄ သိန်းဆိုတာလည်း လုံးဝမဟုတ်ဘူး ။ အစိုးရဌာန သမားတွေ အတွက်ဆိုရင်တော့ မသိဘူး ။ သတင်းစာထဲမှာ ကြေညာ ခဲ့တာ က ကျွန်တော်အမှတ်မမှားဘူးဆိုရင် ပြီးခဲ့တဲ့ နှစ်က တစ်နှစ်ဝင်ငွေ ငါးသောင်းကျပ် အထက်ရှိသူများ ဝင်ငွေလွှာ တင်သွင်းရမည် ဆိုပြီး ကြေညာခဲ့တာ ။ဆိုက်ကားဆရာတစ်ယောက်ကိုတောင် ကျွန်တော် နောက်နေခဲ့သေးတယ် ။ ခင်ဗျားတို့လည်း ဝင်ငွေ လွှာ တင်သွင်းရမယ်ဆိုပြီး ။ ဒီနှစ် အတွက်တော့ မကြေညာသေးဘူး။ တစ်နှစ်ဝင်ငွေ ၂၄ သိန်းဆိုရင် ကျွန်တော်တို့ ရုံးကိုပို့ခဲ့တဲ့ တွက်ချက်ပုံက အလကားဖြစ်နေမှာပေါ့။ ၂၀၁ဝ မှာ အခွန်ပြင်ဆင်တယ်ဆိုတာလည်း မကြားမိဘူး ။ တိုးကောက်လာတာတွေ သာ ရှိတာ။

  • Swal Taw Ywet

    March 11, 2012 at 11:03 pm

    ကိုထူးဆန်းရေ…
    အစိုးရဝန်ထမ်းနဲ့ ပုဂ္ဂလိက ဝန်ထမ်း မတူညီဘူးဖြစ်နေတဲ့ ဝင်ငွေခွန် ကောက်ခံခြင်း ခြားနားချက်ကြောင့်ဘဲ ဒီဆီမီနာလေး ဖြစ်လာခဲ့တာပါခင်ဗျ။
    အရင်အစိုးရက ဥပဒေတွေကို သီးခြားအမိန့်ကြေငြာချက်တွေနဲ့ လွှမ်းမိုးပြောင်းလဲလိုက်လေ့ရှိပါတယ်။
    ကိုထူးဆန်းတင်ပြထားတဲ့ ၂၀၀၆ နှုန်းထားသတ်မှတ်ချက်ထွက်ခဲ့ပြီး နောက် ၃နှစ်ကျော် ၂၀၁ဝ ဇန်နဝါရီလ ကျမှ ဝန်ထမ်းအားလုံး ၂၀၀၀၀/- ကျပ်စီတိုးတဲ့ လစာနှုန်းထားပြောင်းလဲခြင်း ဖြစ်ခဲ့တာပါ။
    နှုန်းထားကန့်သတ်ပြောင်းလဲမှု အမိန့်ကြေငြာချက် ထွက်ပေးထားတယ်လို့ သိရပါတယ်။ နေ့စွဲနဲ့ ရေးသားဖေါ်ပြချက် အတိအကျသိရအောင် လှမ်းမေးထားတုန်းပါ။
    တစ်နှစ်စာ လစာစုစုပေါင်း ၂၄ သိန်းအောက်မှာဘဲ ရှိကြလို့ အဲဒီ့ တိုင်းအဆင့်ဌာနကြီးတစ်ခုလုံး မည်သူမျှ ဝင်ငွေခွန်ပေးဆောင်ရန် မလိုလို့ သိထားရလို့ပါခင်ဗျ။
    အစိုးရ၊ ပုဂ္ဂလိက ဝန်ထမ်းလောကမှာ လှုပ်ရှားနေရတဲ့ ရွာသူရွာသားများ အခွန်ဆောင်ရခြင်း ရှိမရှိ၊ လစာမည်မျှရ (တိကျရန်မလို ၁ သိန်းအောက်/ ၂ သိန်းအောက်/ ၂ သိန်းအထက် အကြမ်းမျှသာ ဖေါ်ပြပြီး) အချက်အလက်လေးတွေ ပံ့ပိုးပေးစေလိုပါတယ်။
    အချက်အလက်များများသိမှ ဘယ်လိုဖြေရှင်းနိုင်မယ်ဆိုတဲ့ လမ်းကြောင်းရွေးနိုင်မှာပါခင်ဗျ။
    အခုဆီမီနာမှာ ကိုထူးဆန်း၊ ကိုကြီးမိုက်၊ အညာတမာနဲ့ Hot Coffee ၄ဦး ဆီကဘဲ ကိန်းဂဏန်း အချက်အလက်တွေ ရနေပါသေးတယ်။
    ပုဂ္ဂလိကဝန်ထမ်းအားလုံး အနိမ့်ဆုံးလစာသမားကစပြီး ဝန်ငွေခွန် ပေးဆောင်နေရကြတယ်ဆိုရင်………………
    ပြီးခဲ့တဲ့ ၂ နှစ် ၂ လလုံးလုံး မီဒီယာတွေ အသံတိတ်နေခဲ့ကြတာပါလား?
    ကိုထူးဆန်းခင်ဗျား..
    စဉ်ဆက်မပြတ် ဆွေးနွေးပေးခဲ့တဲ့အတွက် ကျေးကျေးပါ။
    ၂၀၁ဝ မြန်မာ့ စွယ်စုံကျမ်း (နှစ်ချုပ်) ထဲမှာ တစ်ချက်လောက် စစ်ပေးဖို့ အကူအညီတောင်းချင်ပါတယ် ခင်ဗျာ…. ဝင်ငွေခွန်ဆိုင်ရာ အမိန့်ကြေငြာချက် ရှိ/မရှိ?? နိုင်ငံတော်ပြန်တမ်းမှာ ထည့်ပြီး ဖေါ်ပြထားရမှာမို့ပါ။
    With respect,
    Swal Taw Ywet.

  • Swal Taw Ywet

    March 24, 2012 at 11:10 pm

    Dear …..,
    Regarding this seminar, there is a final updated information.
    ဝန်ထမ်းတွေ ဧပြီလမှ စ၍ အခွန်ဆောင်ကြရတော့မည်
    – ရွာစားကျော် |315- Hits|
    Posted by ရွာစားကျော် on Mar 23, 2012 in Jobs & Careers, Money & Finance, News | 37 comments

    Link= http://myanmargazette.net/110104/business-economy/jobs-careers

    Please read it and update it if you can.
    I think there was a gap / missing Tax notification between 2006 to 2012.
    Let’s try our best to find the truth.

    With respect,
    Swal Taw Ywet.
    Let’s try our best for our mother land.

Leave a Reply