ရွေးကောက်ပွဲ စည်းရုံးရေးခရီး ပြန်လာတဲ့ ဒေါ်စုယာဉ်တန်း နေပူတော အပြန်လမ်းမှာ ခဲအပေါက်ခံရတာ အဲဒီနေရာမှာ ပထမဆုံးအကြိမ် မဟုတ်ဘူးတဲ့။ အယင်ကလည်း သံရုံးကားနဲ့ လူကြီးကားတန်းလည်း အဲသလို အပစ်ခံရဖူးသတဲ့။ တောင်ငူမဲဆွယ်ပွဲမှာလည်း ဂျင်ကလိနဲ့အပစ်ခံရလို့ အန်အယ်လ်ဒီ လုံခြုံရေးအဖွဲ့ဝင်နှစ်ဦး ဆေးရုံတင်ထားရကြောင်း အခြားသတင်းတခုမှာဆိုတယ်။ အန်အယ်လ်ဒီ ရွေးကောက်ပွဲ ဆိုင်းဘုတ်နှစ်ခုလည်း ဓါးလှီးအဖျက်ခံရတယ်။ စစ်တပ်အုပ်ချုပ်လို့ တိုင်းပြည်ငြိမ်ဝပ်ပိပြားပြီမှတ်တာ အထင်နဲ့အမြင် တက်တက်စင် လွဲသဗျို့။ ဒီပုံဆို ကမ္ဘာလှည့်ခရီးသည်များ လုံခြုံရေး အများကြီး စိုးရိမ်ရတယ်၊ သွားမလည်ဂျရင်ကောင်းမယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက်လည်း လုံခြုံမှု မရှိဘူးဖြစ်နေပြီ။ ကြေးမုံလေးရေ နင့်အမျိုး မဟုတ်တရုတ်ကြီး လုပ်ငန်းတွေကြတော့ ဘာဖြစ်သံမှ မကြားပါလား။ လူချစ်လူခင်သိပ်ပေါလို့ ထင်တယ်နော်…။ :roll:
http://www.thithtoolwin.com/2012/03/blog-post_8286.html
ဒေါ်အောင်ဆန်းစုကြည် ယာဉ်တန်းတိုက်ခိုက်ခံရကြောင်း ဦးခွန်သာမြင့် အတည်ပြုပြောကြား
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်၏ မန္တလေး-နေပြည်တော် မဲဆွယ်စည်းရုံးရေး ခရီးစဉ် အပြန်လမ်းခရီးတွင် မိုင်တိုင် ၈၅ ၊ ၇ဖာလုံ နှင့် ၈၆မိုင်အကြား ဒညင်းကုန်းကျေးရွာအနီး အရောက်တွင် ခဲနှင့်ပစ်ခတ်ခံရပြီး ယာဉ်တန်းထဲမှ အဆိုတော်လင်းလင်းပါသော စတုတ္တမြောက်ယာဉ်ကိုထိမှန်ကာကား ၏ နောက်ညာဘက်မှန် ကွဲခဲ့ကြောင်း သိရသည်။မတ်လ ၅ရက်နေ့ ည၈နာရီ မိနစ်၂၀အချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါကိစ္စနှင့်ပတ်သက်ကာ ပြည်ထဲရေးဌာနမှ ထိုကဲ့သို့ပစ် ခတ်ခံရခြင်းမှာ ပထမဆုံးမဟုတ်ကြောင်း ယခင်ကလည်း သံရုံးကားနှင့် လူကြီးယာဉ်တန်းများကိုပါ ထိုနေရာတွင် ပစ်ခတ်ခံရဖူးကြောင်း ၊ ယခုအခါ အမှု့မှန်ပေါ်ပေါက်စေရန် သေသေချာချာ သွားရောက်စစ် ဆေးသွားမည်ဟု ပြောဆိုခဲ့သည်ဟု ပြောရေးဆိုခွင့်ရှိသူ ဦးခွန်သာမြင့်က အတည်ပြုပြောကြားသည်။ 7Day
ဒါနဲ့ စကားမစပ် ရွာသားများ စိတ်ဝင်စားမယ်ဆိုရင် ငါးဒေါ်လာပဲ ပေးရမည့် ကြိုးမဲ့ကြွက် on sale ရောင်းနေဂျောင်း လက်တို့ပါတယ်။ သဂျီးကိုပူဆာဂျဖို့ပါ…။ :mrgreen:
http://www.spoofee.com/deals-Logitech_M310_Wireless_Mouse_for_4_98_Shipped_After_Rebate-760634.htm
TigerDirect.com has the Logitech 910-001922 M310 Wireless Mouse – 2.4GHz, Plug-and-Forget Nano Receiver for a good price.
Google Products Price : $19.16 ~ $29.06 Shipped
1. TigerDirect Price : $19.99
2. Rebate Price : -$20.00 ( Exp : 3/7/12 )
Final Price : -$0.01 + Ship($4.99)

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 645 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး