တိုင်းပြည်ပျက်နေပြီဗျို့ Failing State


ရွေးကောက်ပွဲ စည်းရုံးရေးခရီး ပြန်လာတဲ့ ဒေါ်စုယာဉ်တန်း နေပူတော အပြန်လမ်းမှာ ခဲအပေါက်ခံရတာ အဲဒီနေရာမှာ ပထမဆုံးအကြိမ် မဟုတ်ဘူးတဲ့။ အယင်ကလည်း သံရုံးကားနဲ့ လူကြီးကားတန်းလည်း အဲသလို အပစ်ခံရဖူးသတဲ့။ တောင်ငူမဲဆွယ်ပွဲမှာလည်း ဂျင်ကလိနဲ့အပစ်ခံရလို့ အန်အယ်လ်ဒီ လုံခြုံရေးအဖွဲ့ဝင်နှစ်ဦး ဆေးရုံတင်ထားရကြောင်း အခြားသတင်းတခုမှာဆိုတယ်။ အန်အယ်လ်ဒီ ရွေးကောက်ပွဲ ဆိုင်းဘုတ်နှစ်ခုလည်း ဓါးလှီးအဖျက်ခံရတယ်။ စစ်တပ်အုပ်ချုပ်လို့ တိုင်းပြည်ငြိမ်ဝပ်ပိပြားပြီမှတ်တာ အထင်နဲ့အမြင် တက်တက်စင် လွဲသဗျို့။ ဒီပုံဆို ကမာ္ဘလှည့်ခရီးသည်များ လုံခြုံရေး အများကြီး စိုးရိမ်ရတယ်၊ သွားမလည်ဂျရင်ကောင်းမယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက်လည်း လုံခြုံမှု မရှိဘူးဖြစ်နေပြီ။ ကြေးမုံလေးရေ နင့်အမျိုး မဟုတ်တရုတ်ကြီး လုပ်ငန်းတွေကြတော့ ဘာဖြစ်သံမှ မကြားပါလား။ လူချစ်လူခင်သိပ်ပေါလို့ ထင်တယ်နော်…။ 🙄
http://www.thithtoolwin.com/2012/03/blog-post_8286.html
ဒေါ်အောင်ဆန်းစုကြည် ယာဉ်တန်းတိုက်ခိုက်ခံရကြောင်း ဦးခွန်သာမြင့် အတည်ပြုပြောကြား
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်၏ မန္တလေး-နေပြည်တော် မဲဆွယ်စည်းရုံးရေး ခရီးစဉ် အပြန်လမ်းခရီးတွင် မိုင်တိုင် ၈၅ ၊ ရဖာလုံ နှင့် ၈၆မိုင်အကြား ဒညင်းကုန်းကျေးရွာအနီး အရောက်တွင် ခဲနှင့်ပစ်ခတ်ခံရပြီး ယာဉ်တန်းထဲမှ အဆိုတော်လင်းလင်းပါသော စတုတ္တမြောက်ယာဉ်ကိုထိမှန်ကာကား ၏ နောက်ညာဘက်မှန် ကွဲခဲ့ကြောင်း သိရသည်။မတ်လ ၅ရက်နေ့ ည၈နာရီ မိနစ်၂ဝအချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါကိစ္စနှင့်ပတ်သက်ကာ ပြည်ထဲရေးဌာနမှ ထိုကဲ့သို့ပစ် ခတ်ခံရခြင်းမှာ ပထမဆုံးမဟုတ်ကြောင်း ယခင်ကလည်း သံရုံးကားနှင့် လူကြီးယာဉ်တန်းများကိုပါ ထိုနေရာတွင် ပစ်ခတ်ခံရဖူးကြောင်း ၊ ယခုအခါ အမှု့မှန်ပေါ်ပေါက်စေရန် သေသေချာချာ သွားရောက်စစ် ဆေးသွားမည်ဟု ပြောဆိုခဲ့သည်ဟု ပြောရေးဆိုခွင့်ရှိသူ ဦးခွန်သာမြင့်က အတည်ပြုပြောကြားသည်။ 7Day
ဒါနဲ့ စကားမစပ် ရွာသားများ စိတ်ဝင်စားမယ်ဆိုရင် ငါးဒေါ်လာပဲ ပေးရမည့် ကြိုးမဲ့ကြွက် on sale ရောင်းနေဂျောင်း လက်တို့ပါတယ်။ သဂျီးကိုပူဆာဂျဖို့ပါ…။ :mrgreen:
http://www.spoofee.com/deals-Logitech_M310_Wireless_Mouse_for_4_98_Shipped_After_Rebate-760634.htm
TigerDirect.com has the Logitech 910-001922 M310 Wireless Mouse – 2.4GHz, Plug-and-Forget Nano Receiver for a good price.
Google Products Price : $19.16 ~ $29.06 Shipped
1. TigerDirect Price : $19.99
2. Rebate Price : -$20.00 ( Exp : 3/7/12 )
Final Price : -$0.01 + Ship($4.99)

13 comments

  • weiwei

    March 9, 2012 at 9:20 am

    တိုင်းပြည်မပျက်ခင် သူကြီးဆီက ပွိုင့်ကြိုထုတ်လို့ရရင် ကောင်းမယ် … 🙂

  • ဦးဦးပါလေရာ

    March 9, 2012 at 9:29 am

    နောင်ကို ဒါ့ထက်ပိုဆိုးပါမယ်
    တိုင်းပြည်နောင်ရေးကို စိတ်ပူတတ်ရင်
    NLD ကို ကျည်ကာကား တစ်စီးလောက်တော့ လက်တို့ပေးထားဘို့ကောင်းတယ်။
    NLD ကလဲ လက်ခံဘို့ကောင်းတယ်။
    ပြီးတော့ ဒေါ်စုဟာ သာမန် မဟုတ်ဘူးဆိုတာ လက်ခံရတော့မယ်။
    ဒါကြောင့် သူ့ယာဉ်တန်းကို အခုလို ကြုံရာကားတွေနဲ့စီစဉ်ရမယ့်အစား ကားမာမာ အင်ဂျင်ပါဝါကောင်းကောင်း ကားဆယ်စီးလောက် အခြေခံပြီးစီစဉ်ဘို့ အဖွဲ့ချုပ်က စဉ်းစားသင့်ပါတယ်။

  • NK

    March 9, 2012 at 10:10 am

    ခုက စစ်တပ် အုပ်ချုပ်တာ မဟုတ်ပါဘူးဗျာ

    • အာဖျံကွေး

      March 10, 2012 at 8:09 am

      စစ်တပ် မဟုတ်လို့ ဘာတုန်း စပ်တစ် လား … ခိခိ..

  • chityimhtoo

    March 9, 2012 at 10:18 am

    တိုင်းပြည်ပျက်တော့ တောကြောင်တွေလက်ခမောင်းခတ်တာပေါ့ဂျာ….တောကြောင်ကိုကြောတာနော်။
    မြို့ကြောင်ပါဝူး။….ဟီး 😛

  • sadabawa

    March 9, 2012 at 10:24 am

    အမေစု
    Hummer / Range Rover / Mercedes တို့နဲ့ ခရီးသွားသင့်ပြီထင်ပါတယ်၊ ကျည်ကာကား ဆိုရင် ပိုကောင်းပါတယ်။

  • kai

    March 9, 2012 at 10:38 am

    http://www.spoofee.com/deals-Logitech_M310_Wireless_Mouse_for_4_98_Shipped_After_Rebate-760634.htm

    TigerDirect.com has the Logitech 910-001922 M310 Wireless Mouse – 2.4GHz, Plug-and-Forget Nano Receiver for a good price.
    Google Products Price : $19.16 ~ $29.06 Shipped
    1. TigerDirect Price : $19.99
    2. Rebate Price : -$20.00 ( Exp : 3/7/12 )
    Final Price : -$0.01 + Ship($4.99)

    လိုချင်သူရှိလားဟေ့…
    ဟိုတလောက ဆဲလ်ဖုံးလဲ..ကိုကြောင်မြှောက်ပေးတာနဲ့ ဝယ်လိုက်တာ.. လက်ထဲရောက်နေပြီဟေ့..
    Unlock လုပ်ပြီး ၂၅လောက်ကုန်သွားတယ်ဟေ့…
    ရန်ကုန်အရောက် ၃ဝမကကျမယ်ဟေ့…
    လက်ဆောင်အနေဲ့.. ပို့မလို့ဟေ့…။

    • pooch

      March 9, 2012 at 2:00 pm

      အမလေးတော် ၃ဝ တဲ့ တော်ပါပြီ ကျေးဇူးအများကြီးတင်ပါတယ် သူကြီး ။ အခုလို သူကြီးရဲ့ စေတနာကို သိရတဲ့အတွက် အများကြီး ဝမ်းသာပါတယ်။ အူလှိုက်သဲလှိုက် ကျေးဇူးတင်ပါတယ်။ 😀

  • cobra

    March 9, 2012 at 1:45 pm

    အပစ်ခံရတာကတော့တကယ်ပါ။
    ဒါပေမယ့်မပြာသင့်ဘူးထင်လို့မပြောတာ။
    လူကြီးတွေကစပြောတော့လည်းကောင်းပါတယ်
    ဂျင်ကလိနဲ ့အပစ်ခံရတယ်ဆိုတဲ့သတင်းကအမှားကြီးပါ တကယ်မဟုတ်ပါဘူး။

  • kyeemite

    March 9, 2012 at 2:32 pm

    တိုင်းပြည်ကခုမှပျက်တာမှမဟုတ်တာကိုကြောင်ရာ…
    ပျက်နေတဲ့ တိုင်းပြည် ခုမှပြန်ကောင်းမလို့ ဟန်ပြင်တုံးပါ..
    တဖြည်းဖြည်းတော့ ကောင်းလာမယ်လို့မျှော်လင့်မိတာဘဲ..
    အင်းအရေးထဲ ..လေဒီဂီကကြော်ငြာဝင်နေသေး..

  • လင်းဝေ

    March 9, 2012 at 2:45 pm

    ဒီထက်ပျက်တာတွေ အချိန်ရရင်ရေးပေးပါဦးမယ်။

  • စိန်ပေါက်ပေါက်

    March 10, 2012 at 11:20 am

    တိုင်းပြည်မပျက်ခင်တော့ သံသယာအကြွေး မတင်အောင် ပေးသင့်တာ အရင် ထုတ်ပေးထားပါ သဂျီးရာ

Leave a Reply