အလုပ်ခေါ်စာ (အမြန်ဆုံး အလိုရှိသည်)

man powerMarch 9, 20121min19815

သူဂျီးရေ။  တခါလောက်တော့ ခွင့်ပြုပါနော။

 

Hyundai  Heavy  Industries  ကနေ တာဝန်ယူ ပြုပြင် ဖောက်လုပ်နေတဲ့  လမ်း ဖောက်လုပ်ရေး လုပ်ငန်း အတွက်

 

အတွေ ့အကြုံရှိတဲ့  Civil Engineer တစ်ယောက် လိုအပ်ပါတယ် ။   ကျား/မ မခွဲ ခြားပါဘူး ။

 

အသက်အရွယ်ကတော့ အမျိုးသမီးဆိုရင်  အသက် (၃၅) နှစ် အရွယ် အထိ ဖြစ်ပြီး  အမျိုးသား ဆိုရင်တော့  အသက် (၄၀) အထိ

 

လက်ခံပါတယ်။   အင်္ဂလိပ် ဘာသာစကား ကျွမ်းကျင်စွာ ပြောဆိုနိုင်ဖို ့လိုပါတယ် ။

 

အခြေခံလစာက  တလကို  အမေရိကန်ဒေါ်လာ (၃၀၀)  ဖြစ်ပါတယ်။

 

ပုံမှန် အလုပ်ချိန်က နံနက် ၆ နာရီခွဲ မှ ညနေ ၅ နာရီခွဲ အထိဖြစ်ပြီး တနင်္ဂနွေနေ ့ အပါအဝင် အများပြည်သူ အလုပ်ပိတ်ရက်တွေ ခံစားခွင့်

 

ရှိပါတယ်။  အိုဗာတိုင် လုပ်ဖို ့လိုအပ်မှာဖြစ်သလို  ခန် ့မှန်း တွက်ချက်မှုအရ  အခြေခံလစာ + အိုဗာတိုင်  =  အမေရိကန် ဒေါ်လာ ၄၀ဝ ~ ၄၅၀

 

လောက် ရရှိနိုင်ပါတယ်။ နေထိုင်စားသောက် စားရိတ် အတွက်ကို  အမေရိကန် ဒေါ်လာ  (၁၅၀) ထပ်ဆောင်းပေးမှာ ဖြစ်ပြီး  နေထိုင်စားသောက်မှု

 

အတွက် မိမိဘာသာ တာဝန်ယူရပါမယ် ။  အဆောင်တွေ ငှားရမ်း နေထိုင်နိုင်တဲ့ အတွက် အခက်အခဲ မရှိပါဘူး။

 

အားလုံးပေါင်းရင်  ပျမ်းမျှ လစဉ် အမေရိကန် ဒေါ်လာ (၆၀၀) ခန် ့ရရှိမှာ ဖြစ်ပြီး ဒီထက် ပိုမိုရရှိနိုင်သလို လစာကိုတော့  မြန်မာငွေ ပေါက်ဈေးနဲ ့

 

လဲလှယ်ပေးမှာပါ။

 

အလုပ်ခွင်ကတော့  ရခိုင်ပြည်နယ်  ကျောက်ဖြူမြို  ့ ဖြစ်ပါတယ်။

 

Hyundai  Heavy  Industries ရဲ  ့ဝန်ထမ်းအဖြစ် ID Card လုပ်ရမှာ ဖြစ်လို ့ Passport ဓါတ်ပုံ ၂ ပုံ ၊  ဆေးစစ်ချက် ၊ လေဘာကတ် ၊

 

ပညာရေး အထောက်အထား စာရွက်စာတမ်းများ ၊  မှတ်ပုံတင်ကတ် ၊  အစရှိတာတွေ လိုအပ်ပါတယ် ။

 

Hyundai  Heavy  Industries ဟာ ကမ္ဘာမှာ  ထင်ရှားတဲ့ လုပ်ငန်းကြီး ဖြစ်တာကြောင့်  ဒီမှာ လုပ်ခဲ့ဖူးတဲ့ အတွေ ့အကြုံနဲ ့ အထောက်အထားဟာ

 

နောက်တချိန် အတွက် များစွာ အထောက်အကူပြုစေမှာပါ။

 

အမြန် လိုအပ်နေတာဖြစ်တဲ့ အတွက်    bnp.psc@gmail.com ကို  ကိုယ်ရေးရာဇဝင် ၊ အထောက်အထား စာရွက် စာတမ်းများကို ပို ့ပေးပါ။

 

ဖုန်းနံပါတ်ကတော့   09-49650874 ကို ဆက်သွယ်ပါ။

 

C.V ကို လက်ခံရတာနဲ ့ ဒီနေ ့အတွင်းမှာ အကြောင်းပြန်မှာ ဖြစ်ပြီး မှီရာ လေယဉ် သို ့မဟုတ် ကားနဲ ့  မိမိ ငွေကြေးတတ်နိုင်သလို လာရောက်နိုင်ပါတယ်။

 

မြန်မာ လူငယ်တွေရဲ  ့ ပညာစွမ်း နဲ ့ လုပ်အားကို လာရောက်ပြသဖို ့ ဖိတ်ခေါ်ပါတယ်။

 

ကျွန်တော်ဟာ ပွဲစား မဟုတ်ပါဘူး။ ဝန်ထမ်းဖြစ်ပါတယ်။

 

Petroleum  Services  Consultancy  Co., Ltd.

Admin  Manager

Phone : 09-49650874

mail : bnp.psc@gmail.com

 

Prt

15 comments

  • htoosan

    March 9, 2012 at 10:50 am

    အလုပ်ကြော်ငြာက သူကြီး ခွင့်ပြုသည် ထင်ပါသည်။
    များများခေါ်လေ ကြိုက်လေဖြစ်မည်ထင်ပါသည် ။

  • inz@ghi

    March 9, 2012 at 10:59 am

    စကီလေးဒွေအတွက်
    နှူးဘာ ရာထူးရော မခန့်ဂျင်ဘူးလားဟင်င်င်င်
    😀

  • မြန်မာ လူငယ်တွေရဲ  ့ ပညာစွမ်း နဲ ့ လုပ်အားကို လာရောက်ပြသဖို ့ ဖိတ်ခေါ်ပါတယ်။
     
    ကျွန်တော်ဟာ ပွဲစား မဟုတ်ပါဘူး။ ဝန်ထမ်းဖြစ်ပါတယ်။
     
    Petroleum  Services  Consultancy  Co., Ltd.
    Admin  Manager
    Phone : 09-49650874
    mail : bnp.psc@gmail.com
    ဟုတ်တာပေါ့ဗျာ

    • man power

      March 9, 2012 at 2:58 pm

      လူမျိုးရေး ကွဲပြားနိုင်တာကြောင့် မြန်မာ လူငယ်တွေ ဆိုတဲ့ နေရာမှာ

      မြန်မာ နိုင်ငံသား လူငယ်တွေ လို ့ ပြင်ဆင်ဖတ်ပေးပါ။

  • များက ခုမှ အသက် ၁၆ နှစ်ပဲ ရှိသေးဒါ ..
    ရမလားဟင် …..
    အင်္ဂလိပ် စကားကတော့ မွတ်နေတာပဲ …
    အိ .. စလိ .. အိ .. စလိ .. အိ .. စလိ .. ဟီဟိ … 😀

    • Thel Nu Aye

      March 9, 2012 at 9:22 pm

      ဟယ်မိအံ။ ညီးလားအေ ၁၆ နှစ်။ ညီးကလေးအသက်ဖြစ်နေအုံးမယ်။

  • man power

    March 9, 2012 at 2:56 pm

    ဘယ်သူက တဆင့်လဲတော့ မသိပါဘူး ။

    ခုလေးတင်ပဲ အမျိုးသမီး တစ်ယောက် ဆက်သွယ် လာပါတယ်။

    ဂေဇာတ်ရဲ ့ ကျေးဇူးတွေပါ ။

    သူက မေလ်းနဲ ့ပို ့ဖို ့ အစဉ် မပြေလို ့ လူကိုယ်တိုင်

    သူ ့ရဲ ့ CV ကို လာပို ့ပေးဖို ့ပြောလိုက်ပါတယ် ။

    ကျောက်ဖြူ ကလို ့ ပြောတယ်။

    တခြား သူတွေလည်း ဆက်သွယ်ကြပါဦး ။

  • etone

    March 9, 2012 at 3:48 pm

    တို ့ရွာသား ဂွစာ ကဏန်းကြီး ဆဲဗမ်းဆဲဗမ်း …. အဲ့ဒီကိုရောက်နေတယ် …… ။ လမ်းဖောက်တဲ့နေရာမှာ ကျောက်သယ်နေတယ် ကြားတာပဲ 😆 သူလည်း BE ရထားတယ် … ဘွဲ့တော့မဟုတ်ဘူး … အရက် 😀

    လစာကတော့ မဆိုးပါဘူး … (အကောင်းမြင်)
    ဒါပေမယ့် ဒေါ်လာဈေးကျနေတယ် ….. (အဆိုးမြင်)
    နေစရိတ် ၊ စားစရိတ်ရမယ်ဆိုပါလား …. (အကောင်းမြင်)
    အိမ်နဲ့ခွဲပြီး နေရဦးမယ် ….. (အဆိုးမြင်)
    $#@%#@%^&& …. (အကောင်းမြင်)
    $@!^ (အဆိုးမြင်) 😀

    အမှန်တိုင်းဝေဖန်ရလျှင် … လစာ … သိပ်အများကြီး မဟုတ်ဘူးရယ် .. ဒေါ်လာဈေးတွေကလည်း ကျနေတော့ … ပျှမ်းမျှလစာ နှစ်သိန်းခွဲလောက် .. အိုတီဆိုတာကလည်း .. အမြဲ မရဘူးလေ … တကိုယ်တည်းနေလျှင် အသုံးဆောင်တွေကအစ ဝယ်ရတော့မယ် … ဒီတော့ …… တကိုယ်ရည် တကာရသမားတောင် …. သိပ်မသွားချင်တဲ့ နေရာမျိုးလို့ပဲ ..ကျွန်မမြင်မိပါတယ် … ။
    BE ချင်းအတူတူ …. attractive သိပ်မဖြစ်တဲ့ လစာမျိုးမို့ …. နယ်ခံလူလောက်ပဲ .. စိတ်ဝင်စားမယ့် position လို့မြင်မိပါတယ် …. ။

  • man power

    March 9, 2012 at 4:14 pm

    ကျောင်း အမ ဒေါ်အီးတုန်းရယ် ။

    များတဲ့ လစာ မဟုတ်သလို နည်းတယ်လို ့လည်း ပြောလို ့မရပါဘူး။

    တလောလေးကတောင် ပညာတတ် ပေါက်ကွဲ သံစဉ်တွေ ကြားရသေးတယ် မဟုတ်လား။

    ရန်ကုန်မှာ ပညာတတ် တလ ၆၀၀၀ဝ စားတွေ အရမ်းများနေပါတယ်။

    သူတို ့တွေထဲက တစ်ယောက်လောက်ကို ဆွဲတင်ပေးနိုင်တယ် ဆိုရင်ပဲ

    ကြယ်ငါး တစ်ကောင် ပစ်ပေးနိုင်တယ်လို ့ ထင်ပါတယ်။

    ဒီမှာက ခိုးလို ့ ဝှက်လို ့ မရဘူး။ အောက်ဆိုဒ် ရှာလို ့မရဘူး ။

    ရိုးသား ကြိုးစား ပြီး ပညာနဲ ့ အသက်မွေးဝမ်းကျောင်းကို အမှန် အကန် ပြုချင်သူတွေ အတွက်ပါ။

    စိတ်ဓါတ်ကို ရိုက်ချိုးခံရတဲ့ အလုပ်အကိုင်တွေထက်စာရင် ဒီလုပ်ငန်းကြီးမှာ ဝင်ရောက်လုပ်ကိုင်သူတွေ

    အတွက် ဘယ်မှာ လုပ်ခဲ့တယ် ဆိုတဲ့ အတွေ ့အကြုံဟာ ထမင်းစား လက်မှတ်ဖြစ်လာမှာပါ ။

    နောက်ပြီး…အိုတီက ရှိလွန်းမက ရှိလို ့ခက်ပါတယ်။

    ဒီလို လုပ်ငန်းမျိုးဟာ မိုးတွင်းမတိုင်မီ တွန်းပြီး လုပ်ရတာပါ။

    ဒါကြောင့် Sunday အိုတီအတွက် ပူစရာကို မလိုပါဘူး ။

    အမျိုးသမီးများ အတွက် ပြောရရင်တော့ အိမ်ခွဲနေရတာ ကြောက်စရာ မလိုပါ။

    ကျွန်တော်တို ့ OGT Site ထဲမှာ အမျိုးသားတွေနဲ ့ ရင်ဘောင်တန်းပြီး အလုပ်လုပ်ကိုင်နေတဲ့

    ပညာတတ် အမျိုးသမီး အင်ဂျင်နီယာတွေ အများကြီး ရှိပါတယ်။

    Myanmar Golden Crown ဆိုတဲ့ လုပ်ငန်းကြီးမှာ ဆိုရင် လစာ ၁ သိန်းခွဲနဲ ့ ၂ သိန်းကြားမှာ လုပ်

    နေကြတဲ့ အင်ဂျင်နီယာတွေ ရှိပါတယ်။

    အခု ကျွန်တော် ခေါ်တဲ့ အလုပ်ဟာ ပျမ်းမျှ မြန်မာငွေ ၄ သိန်းခွဲ ရမဲ့ အလုပ်ပါ။

    သူတို ့အားလုံးနီးပါးဟာ ဒေသခံတွေ မဟုတ်ကြပါဘူး ။

    ကဲ..ကဲ..ကဲ……. မြန်မာနိုင်ငံသူနိုင်ငံသား ပညာတတ် လူငယ်များ ကို ကြိုဆိုပါတယ် ။
    ========================
    ဂဏန်းကြီး တပ်မ ၇ရ က ကျွန်တော်နဲ ့ သောက်ဖော် သောက်ဖက်ပေါ့ ။

    ပြီးခဲ့တဲ့ စနေနေ ့က လမ်းလုပ်ငန်း အတွက် လိုအပ်တဲ့ ကျောက်ကို တူးနိုင်မည့် ကျွန်းကို ပင်လယ်ထဲ

    ထွက်ရှာတာ ညနေပိုင်း ရာသီဥတု ကြမ်းတော့ လှိုင်းကြီး ပြီး မသေပဲ ပြန်ရောက်လာတာ ကံကောင်း

    တယ်လို ့ ပြောပါတယ် ။

  • kai

    March 9, 2012 at 4:39 pm

    ငွေကြေးအဓိကမကြည့်ပဲ… သွားလုပ်ဖို့သင့်တယ်ထင်မိတယ်..
    အဲဒီဒေသက.. အမှတ်မမှားရင်..နောင်၁ဝနှစ်ဆို… ကြောက်လန့်စရာကောင်းအောင်ခုန်တက်လာမှာ…
    ကိန်းဂဏန်းတွေက မလိမ်တာမို့.. မှားစရာတော့မရှိဘူး…
    မြန်ရင်နောက် ၂-၃နှစ်ပဲ..

    မပြောမရှိနဲ့…
    လူပျိုတွေဆို.. ကျောက်ဖြူသူတယောက်ပါအောင်ဆွဲထား… :mrgreen:

    • Moe Z

      March 9, 2012 at 5:01 pm

      သဂျီးကတော့ သူများကိုဂျောက်ချတဲ့နေရာမှာ ၂ ယောက်မရှိဘူး
      စားဝတ်နေရေးမပြေလည်ရင် သူထောက်ပံ့မှာကျနေတာပဲ 😀
      ကိုယ်တိုင်ပဲ ကလေး ၁၆ ယောက်လောက်မွေးပါလား လူဦးရေတိုးပွားအောင် 😆

  • man power

    March 9, 2012 at 6:12 pm

    ၅ နာရီခွဲ ဖြစ်လို ့ ရုံးပိတ်ပါပြီ ။

    အခုထိတော့ ဆက်သွယ်တဲ့ သူ တစ်ယောက်ပဲ ရှိပါသေးတယ်။

    ရွေးချယ်ရဦးမှာ ဖြစ်တဲ့ အတွက် ဒီ ခေါ်စာကို တွေ ့ရင်

    ဆက်သွယ်စေချင်ပါတယ်။

    • nigimi77

      March 10, 2012 at 1:36 am

      အင်း…အင်း

      အဲဒါ ပြောတာပေါ့

      ကိုယ့်ထမင်း ကိုယ်စားပြီး ဂျီးဒေါ် နွားကျောင်းချင်တော့

      အနီ ပြခံရမပေါ့

      အမောင် လုလင် အက်ဒမင် ရေ

      နောင်များမတော့ ကြယ်ငါးတစ်ကောင် ကူပစ်ပေးချင်တယ် ဆိုရင်ဖြင့်

      သတင်းစာမှာသာ အော်ပါတော့ကွယ်

      ဖင်လှန်ပြတဲ့ လက်သီးပုန်း ထက်စာရင်တော့

      တစ်ကောင် ကောင် သော ကြယ်ငါးလေးကတော့ နင့်ကို

      တချက်လောက်တော့ လှည့်ကြည့်သွားမှာပါ

  • nigimi77

    March 10, 2012 at 12:51 am

    ဟဲ့…..အမတ်မင်း…..အဲလေ….အက်ဒမင်

    ခေါ်စရာရှားလို ့ ဂေဇာတ်ကနေ ခေါ်ရတယ်လို ့

    ဒီ ဂေဇာတ်မှာ ဟန်ကိုယ့်ဖို ့ အထည်ကြီးပျက်

    မဟုတ်သယောင် ဟုတ်သယောင်

    ဝေးလားဝါးလား အာဝါဒါး

    အီးယောင်ဝါး ဆောင်တော်ကူး

    ပေါင်းတင် မှတ်ကျောက်တိုက်

    သတ်ပုံစစ် ဆရာဖြစ်

    ညာလက်ရုံး သဂျီးခေါင်းအုံး

    ရွာထိပ်ထွက် ပုဆိုးလှန် ခေါင်းညွတ်ပြ

    ဆွေမျိုးစပ် အသေသတ်

    ပန်းတပွင့် ပိုစ့်တင် ပတုန်းတွေ အုံးအုံးထ

    တိုင်စာ ပစ်စာ ညှစ်စာ ဖျစ်စာ ဗလဗျစ်နဲ ့

    ဒီရွာထဲမှာ လူရှာလို ့ မနက်ဖြန် သဘက် လူရှာတွေ ့ရင်

    ငါတော့ ထူးထွေသည့် အံ့ရာသော်

    ဟုတ်ပါ့ မှန်ပါ့ ထောက်ခံရုံ အပ

    မှားပ လွန်ပ ဆန် ့ကျင်ရုံ အပ ကလွဲလို ့

    သေချာစမ်းဆစ် ဘောင်ထဲက ညှစ်ကြည့်တော့

    ကျောက်တုံးကတောင် ရေထွက်ကောင်းတဲ့ ဒို ့ရွာထဲမှာ

    အဘရေ…..သောက်…သောက်……

Leave a Reply