အဦးအဆ မိနဲ့ဖ ပြီးရင် ဆရာသမားများသည် မမေ့သင့်သော အရာထဲမှာ တစ်ပါးအပါအ၀င်ပါပဲ

လူ့ဘောင်လောက ရောက်လို့လာ
ရတနာသုံးပါး ဦးထိပ်ထား
မိဘများနဲ့ အနန္တငါးပါးဂိုဏ်းဝင်
ဂုဏ်အင်အထူး မြင်းမိုရ်တောင်မက
ကျေးဇူးကြီးတာ၊ မြတ်ဆရာ….
ဖြူစင်မေတ္တာ နာသုံးနာဖြင့်
ကြင်နာဆပွား၊ တပည့်များကို
တတ်သည့်ပညာ မနေသာပဲ
ရှိရှိသမျှ ပညာရပ်ကို
အိမ်သွန်ဖာမှောက် သွန်သင်ဆုံးမ
သင်ကြားပြရင်း
လိမ္မာတိုးတက် အောင်မြင်စေရေး
ရှေးရှုရင်းဖြင့် ယုယပျိုးထောင်
ကောင်းကျိုးဆောင်သည့် ပညာပြည့်ဝ
နှလုံးလှတာ၊ မြတ်ဆရာ…
ဆရာသခင်၊ ကျေးဇူးရှင်တို့
ဂုဏ်အင်ကြီးမား၊ မေတ္တာများကို
ထူးခြားသိမြင် ကျေးဇူးတင်ပြီး
ချစ်ခင်မြတ်နိုး ရိုကျိုးညွတ်တွား
စဉ်မြဲအားဖြင့် လေးစားကြည်ညို
သဒ္ဓါပိုလျက် လက်ဆယ်ဖြာချီ
ထိပ်ဆီအုပ်မိုး ရှိခိုးကော်ရော်
ပူဇော်အပ်ကာ မြတ်ဆရာ….
မြတ်ဆရာ အာစရိသို့
ဝန္ဒာမိ မှန်းလျက်ကြာငုံ
လက်အစုံဖြင့်
အနန္တဂုဏ်သို့ ကန်တော့ပန်း
မမေ့နိုင်ပါ
ယနေ့ချိန်ခါမှာဖြင့် တက်ညီစွာ တွေ့လာနိုင်ပေါ့
တက္ကသီလာ၊ ဒီကျောင်းတော်သာသို့
အကြောင်းမျှော်ကာ၊ ပြန်ဆက်ရွယ်လည်း
ပန်လက်သွယ် ဆယ်ဖြာဦးထွေနှင့်
ဘယ် ဘယ်ခါ မမေ့ဘူးရယ်လို့
သေတစ်ပန် သက်တစ်ဆုံးတိုင်အောင်
ရည်စူးလို့လွမ်း………..

manawphyulay

About manawphyulay

manawphyu lay has written 937 post in this Website..

I like Design. I am writing blog. http://www.manawphyulay.blogspot.com အကောင်းဆုံးကြည့်မှန်ဆိုတာ မိတ်ဟောင်းဆွေဟောင်းတစ်ယောက်ပါပဲ။