“ရုံးပိတ်ရက်မှာ ဟာသတွေနဲ့ ကခုန်ကြည့်ခြင်း”

စနေနေ့

ဒီနေ့ ကျွန်တော်တို့ အိမ်နားမှာ တရားပွဲ ကျင်းပတယ်။ ရုံးပိတ်ရက်ဆိုတော့ ကျွန်တော်လည်း တရားပွဲ သွားနာဖြစ်တာပေါ့။ အမယ်… ကျွန်တော့်ဘေးမှာလည်း ယဉ်ယဉ်လေးနဲ့ ရူးနေတဲ့ မမြလည်း လူကြီးလူကောင်းဟန်နဲ့ တရားနာလို့ပါလား။ အင်းလေ… အရူး တရားမနာရဘူးလို့ ဘယ်ဥပဒေမှာမှ မရှိတာ။

သူလည်း နာစရာရှိတာ နာမှာပေါ့။ တရားနာလို့ ပိုရူးသွားတဲ့ အရူးမမှ မရှိသေးတာ။ တရားနာလို့ ရဟန္တာထေရီမ ဖြစ်သွားတာတော့ ကြားဖူးတယ်။ သူလည်း တရားပွဲကြောင့် အသိတရား မရနိုင်ဘူးလို့ မဆိုနိုင်ဘူး။

အဲ…သူ့အကြောင်း လျှောက်တွေးနေတာနဲ့ ဘုန်းကြီဟောတာ ဘယ်ရောက်သွားမှန်း မသိလိုက်ဘူး။ ဘုန်းကြီးကတော့ ရုပ်နာမ်အကြောင်း ရှင်းနေတာပဲ။ သေချာနားထောင်အုံးမှ။ ပွဲစဉ်ကတော့ ဘုန်းကြီးက မေးလိုက် ပရိသတ်က ဖြေလိုက်နဲ့ ပွဲစည်နေပါလား။

ဘုန်းကြီးက တရားဟောနေရင်းနဲ့ ရုတ်တရက် ပရိသတ်ဘက်ကို ရုပ၊်နာမ်အကြောင်း လှမ်းမေးတယ်။

“ကဲ..ဒကာကြီး ဒကာမကြီးတို့

ရုပ်ရှိလို့ နာမ်ရှိတဲ့ အကြောင်းတော့ ဘုန်းကြီး ဟောပြီးသွားပြီ

အဲ့ဒီမှာ ဘုန်းကြီးသိချင်တာက နာမ်ချုပ်အောင် ဒကာတို့ ဒကာမတို့ ဘာလုပ်ရမယ်

ထင်သလဲ”

ဘုန်းကြီးက စကားတောင် မဆုံးသေးဘူး။ အရူးမ မမြက ထဖြေတော့တာပဲ။

“အမယ်လေ………ဘုန်းဘုန်းရယ်

ဒါများ မမြတို့က ဖြေရမှာတောင် ပျင်းသေး

ရုပ်ရှိလို့ နာမ်ရှိပါတယ်ဆိုမှ ရုပ်ကို သေအောင်သတ်လိုက်ရင်

နာမ်လည်း အလိုလို ချုပ်သွားပြီးပေါ့ ဘုန်းဘုန်းရ

ဒါကြောင့် ရုပ်နဲ့ နာမ်ကို ချုပ်ချင်ရင် ပရိသတ်တို့

ကိုယ့်ကိုကိုယ် သတ်သေကြနော်” တဲ့ ..။

အမယ်… မမြတို့က ဖြေလည်းပြီးရော ပညာရှိဒီဇိုင်းနဲ့ တရားပွဲက ခန့်ခန့်ညားညား ပြန်သွားတော့တာပဲ။ ကြားသွားတဲ့ ဘုန်ကြီးနဲ့ သူ့ဘေးနားက ကျွန်တော် အပါအဝင် ပရိတ်သတ်ကလည်း မမြကို ကြည့်လို….။

တနင်္ဂနွေနေ့

ဒီနေ့က တနင်္ဂနွေ ရုံပိတ်ရက်။ အင်း…အိမ်နားက လူပျိုကြီးဆီ အပျင်းပြေ သွားလည်အုံးမှာပဲ။ အဲ့ဒီ လူပျိုကြီးက မိန်းမသာ လိုချင်နေတာ။ သူများ မေးရင်တော့ အပူမရှာချင်ဘူးချည်းပဲ ငြင်းနေတာပဲ။ ဒီနေ့တော့ သူကို့ သွားကလိလိုက်အုံးမယ်။

အမယ် အိမ်လည်း ရောက်ရော လူပျိုကြီးက အချက်အပြုတ်နဲ့ အနားမရ ဖြစ်နေပါလား။ အဟီး…သူ့ရောဂါကို သွားဆွပေးလိုက်အုံးမယ်။

“ဗျို့…လူပျိုကြီး

အဲ့ဒါကြောင့် မိန်းမယူပါလို့ ပြောတာပေါ့

ခုတော့ တစ်ခါမှ အားတာ မတွေ့ရပါလား”

ဒီတော့ လူပျိုကြီးကလည်း သူ့ မူပိုင်သုံးနဲ့ ပြန်ဖြေတယ်။

“မယူချင်ပါဘူးကွာ

မိန်းမယူတယ်ဆိုတာ အပူရှာတာပဲ ငါ့ကောင်ရ

အေးဆေးနေတာက ကောင်းပါတယ်ကွာ”

ဒီတော့ ကျွန်တော်လည်း သူ့ကို စချင်တဲ့ စိတ်နဲ့…

“အပူကင်းတဲ့ သူဆိုရင်ရော

လူပျိုကြီက တကယ်ယူမှာလား”

“ဟာ…ဒါဆိုရင်တော့ တကယ်ယူမယ်ကွာ

ဘယ်သူများလဲ ငါ့ကို အမြန်ပြောစမ်းပါအုံးကွ”

“ဟား…ဟား လူပျိုကြီးက မိန်းမမယူချင်ဘူးတာ ပြောတယ်

ခုလိုဆိုတော့လည်း အတင်းချည်းပါလား

ကဲ..ဒါဆိုရင်လည်း ပြောရတာပေါ့

ကျွန်တော့် အိမ်ဘေးနားက မဖွားမေကို ယူလိုက်ပါလား

သူဆိုရင် အသက်ကခြောက်ဆယ်ကျော်လို့ သွေးဆုံးနေပြီလေ

ပူစရာ အကြောင်း ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး

အဲ့တော့ အပူမရှာချင်တဲ့ လူပျိုကြီးနဲ့ အံကိုက်ပဲ

အဟဲ…ဒီအတွက်

ကျေးဇူးတင်စကားတော့ နောက်မှ ပြောနော်

ခုတော့ သွားစရာရှိလို့ လစ်လိုက်အုံးမယ် အဟဲ”

သူ ထမင်းအိုး ငှဲ့နေတုန်း ကျွန်တော်လည်း ပြောပြောပြီးချင် လစ်လာခဲ့တာပဲ။ သူကတော့ ကျွန်တော်ကို ဒေါသထွက်နေတဲ့ မျက်လုံးကြီးနဲ့ ကြည့်နေသော်လည်း ထမင်းအိုက ခုမှ စငှဲ့ခါစဆိုတော့ ကြိတ်မနိုင် ခဲမရနဲ့ ကျန်ခဲ့တယ်။ ကျွန်တော်လည်း စလို့ ဝကာ အားရပြီဆိုတော့ ပိတ်ရက်တိုင်း သွားနေကျ စာကြည့်တိုက်ဆီသို့ ချီတက်လျှက်…။ ။

(ပိတ်ရက်တွေအကြောင်း ဟာသဆန်ဆန် စမ်းရေးကြည့်တာ မကောင်းရင်လည်း ခွေးလွှတ် အဲ ခွင့်လွှတ်နော်)

တစ်ချက်ပြုံးလိုက်တိုင်း ကျွန်တော်လည်း သင်နဲ့ ထပ်တူ ပျှော်လျှက်…

စေပိုင်ထွဋ်(ပုသိမ်)

14 comments

  • water-melon

    March 9, 2012 at 2:57 pm

    နှစ်ချက်ပြုံးလိုက်ပါတယ်
    အသက်များများရှည်အောင်လို့။

    • စေပိုင်ထွဋ် (ပုသိမ်)

      March 10, 2012 at 4:18 pm

      အခါခါသာ ပြုံးလိုက် ပိုပိုပြီး
      ရှည်သွားအောင် အသက်နော် အသက် ဟိဟိ

  • bluerose

    March 9, 2012 at 4:37 pm

    အားရပါးရပြုံးလိုက်ပါသည်။
    ခွေးလည်းလွှတ်ပေးလိုက်ပါသည်။
    ဟုတ်ပါဘူးနော်
    ခွင့်လည်းလွှတ်ပေးလိုက်ပါသည်။
    ဟဲဟဲ(စတာနော်ချိတ်မချိုးနဲ့ ချိုးချင်လည်းချိုး)
    😳

    • စေပိုင်ထွဋ် (ပုသိမ်)

      March 10, 2012 at 4:23 pm

      စိတ်ချိုးပါဘူး ဟိဟိ
      စိတ်ဆိုးရင် ထိပ်ထိုးခံရတတ်တယ်တဲ့ ခိခိ

  • ကိုရင်မောင်

    March 9, 2012 at 5:53 pm

    ကောင်းတယ်ဆက်ရေးပါအုံး
    ဖတ်ရင်းပြုံးသွားပါကြောင်း….

    • စေပိုင်ထွဋ် (ပုသိမ်)

      March 10, 2012 at 4:26 pm

      ဟုတ်ကဲ့ အလျဉ်းသင့်သလို ဆက်ရေးသွားပါမယ်ဗျာ
      အားပေးတဲ့အတွက် ကျေးဇူးပါ

    • စေပိုင်ထွဋ် (ပုသိမ်)

      March 10, 2012 at 4:30 pm

      အဲ့တော့လည်း ရှောင်လင်သိုင်းနဲ့ လစ်ရမှာပေါ့
      ဟိဟိ

  • venus lay

    March 9, 2012 at 8:47 pm

    heee…heee…heee…haa..haa..haa..hoo…hoo..hoo..:D

    • စေပိုင်ထွဋ် (ပုသိမ်)

      March 10, 2012 at 4:31 pm

      ဒါ ရယ်နည်း မယ်လိုဒီသံစဉ်လားဟင်

  • MaMa

    March 9, 2012 at 10:38 pm

    Own tune ဟာသလေးပဲ။
    ရီရတယ် 😆
    အားပေးပါတယ်။

    • စေပိုင်ထွဋ် (ပုသိမ်)

      March 10, 2012 at 4:34 pm

      အားပေးမှု အတွက်
      ကျေးဇူးကမ္ဘာပါ မမရေ..

  • snow white

    March 11, 2012 at 5:30 pm

    အလုပ်မှာပင်ပန်းလို့ ဒီစာလေးကိုဖတ်လိုက်တာ ကောင်းပါတယ် ရယ်လည်းရယ်ရပါတယ်

    • စေပိုင်ထွဋ် (ပုသိမ်)

      March 11, 2012 at 6:20 pm

      သူငယ်ချင်း ပင်ပန်းမှုပြေသွားတော့ ကျွန်တော်လည်း ကုသိုလ်ရတာပေါ့

Leave a Reply