အရင်နှစ်တွေကတော့ ဇန်န၀ါရီလရဲ့ အအေးမှတ် Zero ကိုရောက်နေတဲ့ အချိန်တွေမှာ အများဆုံးရောက်ဖြစ်ခဲ့တာပေါ့၊  ဆောင်းရာသီရဲ့ အေးလွန်းလှတဲ့ ညဖက် ၈ နာရီလောက်မှာ ရွံ့ညွန်တောထဲ သူငယ်ချင်းကPh.D အတွက် စာတမ်းပြုစုဖို့ လင်းနို့ထောင်တာကို လိုက်စောင့်ပေးရင်း လျှောက်လမ်းလေးမှာ အေးအေးဆေးဆေးထိုင်ပြီး ပိုက်ကွန်ထဲ တိုးလာမယ့် လင်းနို့ကို စောင့်ရတာလဲ ခံစားချက်တစ်မျိုးပါပဲ၊ ဒီနှစ်မှာတော့ ဆောင်းအကုန် နွေအကူးကာလလေးမှာ ပြင်ဦးလွင်ကို ရောက်ဖြစ်ခဲ့ပါတယ်၊ တစ်နှစ်တစ်ခေါက်တော့ ပုံမှန်ရောက်ဖြစ်တာပေါ့၊ ပြီးခဲ့တဲ့နှစ်ကတော့ သင်္ကြန်တွင်းမှာ တာချီလိတ်မှာတာဝန်ကျနေတဲ့ သူငယ်ချင်းဆရာမနဲ့ ကျနော် အတူတူသွားပြီး သင်္ကြန်ရက်တွေမှာ သူငယ်ချင်းသုံးယောက်ဆုံးဖြစ်တာပေါ့၊ အထက်တန်းကျောင်းတက်ချိန်က အကြောင်းတွေပြောရင်း ကိုယ်ရောက်ရှိနေတဲ့ နေရာ၊ လုပ်နေရတဲ့အလုပ်အကိုင်တွေကို ခဏမေ့သွားတတ်တယ်၊ ကျနော်တို့သူငယ်ချင်းသုံးယောက်ဆုံရင် အသက်၃၅ ဆိုတာကို မေ့ထားတတ်တယ်၊ အခုတစ်ခေါက်တော့ ကျနော်တစ်ယောက်တည်းပဲ ပြင်ဦးလွင်ကိုတက်လာဖြစ်တယ် ဒီနှစ်သင်္ကြန်တော့ သူငယ်ချင်းသုံးယောက် မဆုံနိုင်တော့ဘူးပေါ့၊ သူငယ်ချင်းက ရုက္ခဗေဒ ဥယျာဉ်မှာ အလုပ်လုပ်တာပေါ့၊ တိုက်ခန်းရတယ်လေ၊ ကန်တော်ကြီး မြောက်ပေါက်ဘက်မှာရှိတဲ့ ၀န်ထမ်းအိမ်ယာမှာပေါ့၊ သူငယ်ချင်းနေတဲ့ ၀န်ထမ်းအိမ်ရာကနေ ၀န်ထမ်းတွေပဲ အ၀င်အထွက်လုပ်လို့ရတဲ့ မြောက်ပေါက်ကနေ သူငယ်ချင်း အလုပ်လုပ်တဲ့ ကန်တော်ကြီးဥယျာဉ်ထဲကို လမ်းလျှောက်ဝင်ရင်း သဘာဝပတ်ဝန်ကျင်ရဲ့ အရသာကို ခံစားရတာက ကျနော့်အတွက်တော့ ဘာနဲ့မှ မလဲနိုင်တဲ့ စိတ်ငြိမ်းချမ်းမှု့တစ်မျိုးပါပဲ……….

ညဘက်မှာ သွားဖူးဖြစ်ခဲ့တဲ့.. မဟာအံ့ထူးကံသာစေတီတော်

သူငယ်ချင်းနေတဲ့ ကန်တော်ကြီးမြောက်ဘက်က ၀န်ထမ်းအိမ်ရာပေါ့..

 

မြေနီလမ်းကလေးကနေ လမ်းလျှောက်ပြီး သူငယ်ချင်းအလုပ်လုပ်တဲ့နေရာကိုသွားတာပေါ့..

 

ရုက္ခဗေဒဥယျာဉ်က ၀န်ထမ်းတွေပဲ အ၀င်အထွက်လုပ်လေ့ရှိတဲ့ မြောက်ဂိတ်ပေါ့...

 

အေးချမ်းပြီး လမ်းလျှောက်လို့ကောင်းတဲ့ သူငယ်ချင်းနဲ့အတူ လိပ်ပြာပြတိုက်ကို သွားတဲ့လမ်းလေးပါ...

သူငယ်ချင်း အလုပ်လုပ်တဲ့ လိပ်ပြာပြတိုက်ပါ၊ သစ်ခွပျိုးဥယျာဉ်လေးလည်းရှိတာပေါ့..

 

ပြတိုက်အတွင်းထဲကိုဝင်တဲ့အပေါက်ပါ၊ ခုံတန်းလေးမှာထိုင်းရင်း သူငယ်ချင်းနဲ့ စကားတွေပြောကြတာပေါ့

လိပ်ပြာပြတိုက်နဲ့တွဲနေတဲ့ သစ်ခွပျိုးဥယျာဉ်လေးပါ...

ကျနော်ရောက်ပြီး နောက်တစ်ရက်မှာ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ၊ သူငယ်ချင်းရဲ့ ဘေးခန်းက အစ်မကပြောတယ်၊ ဒီနေ့ အမေကန်တော်ရှင် ရှင်စောလှကို နှစ်တိုင်းဓိဌာန်ပြည့်လို့ နတ်ချော့မှာတဲ့ ဓါတ်ပုံရိုက်ချင်ရင်သွားဆိုလို့ လိပ်ပြာပြတိုက်ကနေ နတ်နန်းရှိတဲ့ဆီကို ထွက်လာခဲ့ပါတယ်၊ သူငယ်ချင်းကတော့ အလုပ်ရှိလို့နေခဲ့ပါတယ်…

နတ်နန်းကို အသွား ဆွမ်းခံကြွလာတဲ့ ကိုယ်တော်တွေကိုတွေ့တာနဲ့ လှမ်းရိုက်လိုက်တာပါ...

 

လူကြီးတစ်ယောက်ကို ဓါတ်ပုံရိုက်ဖို့ခွင့်တောင်းပြီးရိုက်ခဲ့တာပါ၊

 

နတ်ချော့တေးကို သီဆိုတီးမှုတ်နေတဲ့ မြန်မာ့ဆိုင်းဝိုင်း...

 

နတ်နန်းကနေ ပြန်ထွက်လာရင်း မနက်ခင်းမှာ ဧည့်သည်တွေမရောက်ကြသေးတော့ လွတ်နေတဲ့ ခုံလေးမှာ ၀င်ထိုင်ဖြစ်ခဲ့ပါတယ်...

 

ခုံတန်းလေးပေါ်မှာထိုင်ရင်း တွေ့ရတဲ့ မြင်ကွင်းလေးပေါ့၊

 

နံနက်ခင်းမှာတွေ့ရတဲ့ ကန်တော်ကြီးထဲက ငန်းလေးနှစ်ကောင်

 

ခုံတန်းလေးကနေထပြီး လမ်းလျှောက်လာတဲ့အချိန်မှာ မနက်ခင်းနေခြည်အောက်မှာ အလုပ်လုပ်နေတဲ့ ကန်တော်ကြီးက ၀န်ထမ်းတွေပါ..

 

ဆက်လျှောက်လာရင်းနဲ့ ဧည့်သည် တွေဓါတ်ပုံရိုက်နေတာကို ငေးရင်း..

 

FOSSIL MUSEUM ဘက်ကိုလမ်းလျှောက်လာရင်းနဲ့ ပြင်ဦးလွင်လို့ရေးထားတဲ့ စာလုံးတွေကို လှမ်းရိုက်ထားတာပါ..

သူငယ်ချင်းက ဒီနေ့ FOSSIL MUSEUM မှာတာဝန်ကျတာလေ၊ ဒီလမ်းလေးကနေလမ်းလျှောက်ပြီး လာခဲ့လိုက်တယ်..

 

ကျောက်တောင်လမ်းလေး...

သူငယ်ချင်းအလုပ်လုပ်တဲ့ FOSSIL MUSEUM

 

အင်ကြင်းကျောက်ဖြစ်ရုပ်ကြွင်းတွေပါ...

 

ရွာသူရွာသားတွေလည်း ကိုင်လိုက်ပါနော...

 

အင်ကြင်းကျောက် အကြောင်းရေးထားတာကိုရိုက်ခဲ့တာပါ...

 

ကန်တော်ကြီးအတွင်းထဲကဆုတောင်းပြည့်နတ်ရေကန်ပါ..

 

ထင်ရူးတောထဲက အတွဲတွေထိုင်တဲ့ခုံလိုကြားဘူးတာပဲ၊ ဒါပေမယ့် အတွဲတွေကိုတော့ မတွေ့ခဲ့ရပါ..

 

ပြန်ခါနီး သူငယ်ချင်းနဲ့ ထီးလှိုင်မှာ စတော်ပယ်ရီဖျော်ရည်ဝင်သောက်ခဲ့တယ်

 

ပြင်ဦးလွင်က ပြန်ဆင်းလာတဲ့အချိန် လမ်းဘေးမှာ ပွင့်နေတဲ့ ချယ်ရီပင်ကိုကျော်သွားမှ မြင်လို့ အဝေးကနေလှမ်းရိုက်လိုက်တာပါ

 

ဆိုင်ကယ်နဲ့ ပြန်ဆင်းလာတဲ့အချိန် နေ့လည်ခင်းမှာ သဘာဝအတိုင်း တောမီးလောင်နေတာကို အခုလိုတွေ့ခဲ့ရပါတယ်...

About yaungchikha

has written 16 post in this Website..