ပြင်ဦးလွင် ကန်တော်ကြီး ရုက္ခဗေဒဥယျာဉ်အမှတ်တရများနဲ့ ကျနော်…

yaungchikhaMarch 14, 20128min21613

အရင်နှစ်တွေကတော့ ဇန်နဝါရီလရဲ့ အအေးမှတ် Zero ကိုရောက်နေတဲ့ အချိန်တွေမှာ အများဆုံးရောက်ဖြစ်ခဲ့တာပေါ့၊  ဆောင်းရာသီရဲ့ အေးလွန်းလှတဲ့ ညဖက် ၈ နာရီလောက်မှာ ရွံ့ညွန်တောထဲ သူငယ်ချင်းကPh.D အတွက် စာတမ်းပြုစုဖို့ လင်းနို့ထောင်တာကို လိုက်စောင့်ပေးရင်း လျှောက်လမ်းလေးမှာ အေးအေးဆေးဆေးထိုင်ပြီး ပိုက်ကွန်ထဲ တိုးလာမယ့် လင်းနို့ကို စောင့်ရတာလဲ ခံစားချက်တစ်မျိုးပါပဲ၊ ဒီနှစ်မှာတော့ ဆောင်းအကုန် နွေအကူးကာလလေးမှာ ပြင်ဦးလွင်ကို ရောက်ဖြစ်ခဲ့ပါတယ်၊ တစ်နှစ်တစ်ခေါက်တော့ ပုံမှန်ရောက်ဖြစ်တာပေါ့၊ ပြီးခဲ့တဲ့နှစ်ကတော့ သင်္ကြန်တွင်းမှာ တာချီလိတ်မှာတာဝန်ကျနေတဲ့ သူငယ်ချင်းဆရာမနဲ့ ကျနော် အတူတူသွားပြီး သင်္ကြန်ရက်တွေမှာ သူငယ်ချင်းသုံးယောက်ဆုံးဖြစ်တာပေါ့၊ အထက်တန်းကျောင်းတက်ချိန်က အကြောင်းတွေပြောရင်း ကိုယ်ရောက်ရှိနေတဲ့ နေရာ၊ လုပ်နေရတဲ့အလုပ်အကိုင်တွေကို ခဏမေ့သွားတတ်တယ်၊ ကျနော်တို့သူငယ်ချင်းသုံးယောက်ဆုံရင် အသက်၃၅ ဆိုတာကို မေ့ထားတတ်တယ်၊ အခုတစ်ခေါက်တော့ ကျနော်တစ်ယောက်တည်းပဲ ပြင်ဦးလွင်ကိုတက်လာဖြစ်တယ် ဒီနှစ်သင်္ကြန်တော့ သူငယ်ချင်းသုံးယောက် မဆုံနိုင်တော့ဘူးပေါ့၊ သူငယ်ချင်းက ရုက္ခဗေဒ ဥယျာဉ်မှာ အလုပ်လုပ်တာပေါ့၊ တိုက်ခန်းရတယ်လေ၊ ကန်တော်ကြီး မြောက်ပေါက်ဘက်မှာရှိတဲ့ ဝန်ထမ်းအိမ်ယာမှာပေါ့၊ သူငယ်ချင်းနေတဲ့ ဝန်ထမ်းအိမ်ရာကနေ ဝန်ထမ်းတွေပဲ အဝင်အထွက်လုပ်လို့ရတဲ့ မြောက်ပေါက်ကနေ သူငယ်ချင်း အလုပ်လုပ်တဲ့ ကန်တော်ကြီးဥယျာဉ်ထဲကို လမ်းလျှောက်ဝင်ရင်း သဘာဝပတ်ဝန်ကျင်ရဲ့ အရသာကို ခံစားရတာက ကျနော့်အတွက်တော့ ဘာနဲ့မှ မလဲနိုင်တဲ့ စိတ်ငြိမ်းချမ်းမှု့တစ်မျိုးပါပဲ……….

ညဘက်မှာ သွားဖူးဖြစ်ခဲ့တဲ့.. မဟာအံ့ထူးကံသာစေတီတော်
သူငယ်ချင်းနေတဲ့ ကန်တော်ကြီးမြောက်ဘက်က ဝန်ထမ်းအိမ်ရာပေါ့..

 

မြေနီလမ်းကလေးကနေ လမ်းလျှောက်ပြီး သူငယ်ချင်းအလုပ်လုပ်တဲ့နေရာကိုသွားတာပေါ့..

 

ရုက္ခဗေဒဥယျာဉ်က ဝန်ထမ်းတွေပဲ အဝင်အထွက်လုပ်လေ့ရှိတဲ့ မြောက်ဂိတ်ပေါ့...

 

အေးချမ်းပြီး လမ်းလျှောက်လို့ကောင်းတဲ့ သူငယ်ချင်းနဲ့အတူ လိပ်ပြာပြတိုက်ကို သွားတဲ့လမ်းလေးပါ...
သူငယ်ချင်း အလုပ်လုပ်တဲ့ လိပ်ပြာပြတိုက်ပါ၊ သစ်ခွပျိုးဥယျာဉ်လေးလည်းရှိတာပေါ့..

 

ပြတိုက်အတွင်းထဲကိုဝင်တဲ့အပေါက်ပါ၊ ခုံတန်းလေးမှာထိုင်းရင်း သူငယ်ချင်းနဲ့ စကားတွေပြောကြတာပေါ့
လိပ်ပြာပြတိုက်နဲ့တွဲနေတဲ့ သစ်ခွပျိုးဥယျာဉ်လေးပါ...

ကျနော်ရောက်ပြီး နောက်တစ်ရက်မှာ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ၊ သူငယ်ချင်းရဲ့ ဘေးခန်းက အစ်မကပြောတယ်၊ ဒီနေ့ အမေကန်တော်ရှင် ရှင်စောလှကို နှစ်တိုင်းဓိဌာန်ပြည့်လို့ နတ်ချော့မှာတဲ့ ဓါတ်ပုံရိုက်ချင်ရင်သွားဆိုလို့ လိပ်ပြာပြတိုက်ကနေ နတ်နန်းရှိတဲ့ဆီကို ထွက်လာခဲ့ပါတယ်၊ သူငယ်ချင်းကတော့ အလုပ်ရှိလို့နေခဲ့ပါတယ်…

နတ်နန်းကို အသွား ဆွမ်းခံကြွလာတဲ့ ကိုယ်တော်တွေကိုတွေ့တာနဲ့ လှမ်းရိုက်လိုက်တာပါ...

 

လူကြီးတစ်ယောက်ကို ဓါတ်ပုံရိုက်ဖို့ခွင့်တောင်းပြီးရိုက်ခဲ့တာပါ၊

 

နတ်ချော့တေးကို သီဆိုတီးမှုတ်နေတဲ့ မြန်မာ့ဆိုင်းဝိုင်း...

 

နတ်နန်းကနေ ပြန်ထွက်လာရင်း မနက်ခင်းမှာ ဧည့်သည်တွေမရောက်ကြသေးတော့ လွတ်နေတဲ့ ခုံလေးမှာ ဝင်ထိုင်ဖြစ်ခဲ့ပါတယ်...

 

ခုံတန်းလေးပေါ်မှာထိုင်ရင်း တွေ့ရတဲ့ မြင်ကွင်းလေးပေါ့၊

 

နံနက်ခင်းမှာတွေ့ရတဲ့ ကန်တော်ကြီးထဲက ငန်းလေးနှစ်ကောင်

 

ခုံတန်းလေးကနေထပြီး လမ်းလျှောက်လာတဲ့အချိန်မှာ မနက်ခင်းနေခြည်အောက်မှာ အလုပ်လုပ်နေတဲ့ ကန်တော်ကြီးက ဝန်ထမ်းတွေပါ..

 

ဆက်လျှောက်လာရင်းနဲ့ ဧည့်သည် တွေဓါတ်ပုံရိုက်နေတာကို ငေးရင်း..

 

FOSSIL MUSEUM ဘက်ကိုလမ်းလျှောက်လာရင်းနဲ့ ပြင်ဦးလွင်လို့ရေးထားတဲ့ စာလုံးတွေကို လှမ်းရိုက်ထားတာပါ..
သူငယ်ချင်းက ဒီနေ့ FOSSIL MUSEUM မှာတာဝန်ကျတာလေ၊ ဒီလမ်းလေးကနေလမ်းလျှောက်ပြီး လာခဲ့လိုက်တယ်..

 

ကျောက်တောင်လမ်းလေး...
သူငယ်ချင်းအလုပ်လုပ်တဲ့ FOSSIL MUSEUM

 

အင်ကြင်းကျောက်ဖြစ်ရုပ်ကြွင်းတွေပါ...

 

ရွာသူရွာသားတွေလည်း ကိုင်လိုက်ပါနော...

 

အင်ကြင်းကျောက် အကြောင်းရေးထားတာကိုရိုက်ခဲ့တာပါ...

 

ကန်တော်ကြီးအတွင်းထဲကဆုတောင်းပြည့်နတ်ရေကန်ပါ..

 

ထင်ရူးတောထဲက အတွဲတွေထိုင်တဲ့ခုံလိုကြားဘူးတာပဲ၊ ဒါပေမယ့် အတွဲတွေကိုတော့ မတွေ့ခဲ့ရပါ..

 

ပြန်ခါနီး သူငယ်ချင်းနဲ့ ထီးလှိုင်မှာ စတော်ပယ်ရီဖျော်ရည်ဝင်သောက်ခဲ့တယ်

 

ပြင်ဦးလွင်က ပြန်ဆင်းလာတဲ့အချိန် လမ်းဘေးမှာ ပွင့်နေတဲ့ ချယ်ရီပင်ကိုကျော်သွားမှ မြင်လို့ အဝေးကနေလှမ်းရိုက်လိုက်တာပါ

 

ဆိုင်ကယ်နဲ့ ပြန်ဆင်းလာတဲ့အချိန် နေ့လည်ခင်းမှာ သဘာဝအတိုင်း တောမီးလောင်နေတာကို အခုလိုတွေ့ခဲ့ရပါတယ်...

13 comments

  • manawphyulay

    March 14, 2012 at 3:46 pm

    ်မရောက်ဖူးသေးတဲ့ ဒေသနဲ့ ဝန်းကျင်တွေ ရှုခင်းတွေ မြင်ရတာ အတော့်ကို အရမ်းလာချင်နေမိတယ်။ ဘယ်လိုလုပ်ရမလဲဟင်…

  • Ma Ei

    March 14, 2012 at 4:04 pm

    ဆုတောင်းပြည့်နတ်ရေကန်နဲ့နတ်နန်း ကိုမရောက်ဖူးဘူး…
    ရှိမှန်းကိုမသိတာ နောက်တစ်ခေါက် ကန်တော်ကြီးရောက်မှ
    သွားကြည့်ရအုံးမယ်…စတော်ဘယ်ရီဖျော်ရည် လဲကြိုက်တယ်…
    မြင်နေကြမဟုတ်တဲ့ ပုံသစ်လေးတွေ မြင်ခွင့်ရလို့ ကျေးဇူးပါ…

  • blackchaw

    March 15, 2012 at 8:48 pm

    စတော်ဘယ်ရီ ဖျော်ရည်လေး က သောက်ချင်စရာဗျာ။
    တကယ်ပြောတာ။ ဒီကွန်းမန့်ရေးပြီး သွားသောက်ဦမယ်ဗျာ။
    :mrgreen:

  • Khin Latt

    March 16, 2012 at 4:25 am

    လှလိုက် တဲ့ ရှုခင်း လေးတွေ ဘဲ ကျွန်တော်ရေ။
    ငန်း၂ကောင် နဲ့ ပုံကို သူကြီးဆီ ပို့ပါလား။ ဘုရားလေးလဲ ပါတော့ မြန်မာ ဆန်တာပေါ့။
    ၂၀၀၄လောက် ထင်တယ်။ မြန်မာ့လင်းနို့ အကြောင်း ကို ရန်ကုန်တက္ကသိုလ်က UK Cambridge မှာလာပြီး စာတန်းဖတ်သွားဘူးတယ် ထင်ရဲ့။
    ဓာတ်ပုံလေးတွေ ရော ရှင်းပြချက်လေးတွေရော အတွက် ကျေးဇူးနော်။ 🙂

    • Khin Latt

      March 16, 2012 at 4:26 am

      ကိုင်လိုက်ပါ ဆိုတာကိုလဲ ကိုင်လိုက်ပါတယ်။ 😀

  • padonmar

    March 16, 2012 at 4:36 am

    ဆက်လျှောက်လာရင်းနဲ့ ဧည့်သည် တွေဓါတ်ပုံရိုက်နေတာကို ငေးရင်း..

    အဲဒီပုံမှာ နေခြည်ဖြာနေတာလေး သဘောကျမိပါတယ်။
    ပုံတွေကလည်း အခြားသူတွေ မမြင်နိုင်တဲ့ ဝန်ထမ်းတွေ ရဲ့ ရှုဒေါင့်တွေမြင်နေရပါတယ်။
    ဝါသနာပါလို့ လုပ်နေရရင်တော့ အဲဒီနေရာမှာ တော်တော် စိတ်အေးချမ်းမှာပဲလို့ ယုံကြည်ပါတယ်။

  • MaMa

    March 16, 2012 at 8:00 am

    သူငယ်ချင်းအလုပ်လုပ်တဲ့ FOSSIL MUSEUM အတွင်းပိုင်းတော့ ရိုက်မပြဘူးနော်။
    ရိုက်ခွင့်မရှိဘူးလား။
    တောမီးလောင်နေတာလည်း တွေ့ဖူးသွားတာပေ့ါ။
    ဒါ့ထက် အဲလို လောင်နေတာကို ဘာမှ လုပ်စရာ မလိုဘူးလား။

  • yaungchikha

    March 16, 2012 at 10:24 am

    မနောရေ.. မန္တလေးရောက်နေတာဆိုတော့ ကျနော် မန္တလေးမှာရှိနေရင် မနောကိုလိုက်ပို့ပါတယ်.. 🙂
    မအိရေ.. ကျနော်လည်း အခုတစ်ခေါက်မှ နတ်နန်းနဲ့ နတ်ရေကန်ရှိမှန်းသိတာ၊ အရင်အခေါက်တွေက သေချာသတိမထားမိခဲ့ဘူးလေ…
    ဦးဘလက်ရေ.. စတော်ဘယ်ရီဖျော်ရည်က တကယ်သောက်လို့ကောင်းတယ်.. 🙂
    အစ်မလတ်ရေ… သူကြီးက လိုချင်တယ်ဆိုရင်တော့ ပို့ပေးပါတယ်၊ သူငယ်ချင်းက ပြီးခဲ့ ဇန်နဝါရီလကမှ ဘွဲ့ယူပြီးတာပါ…
    အစ်မပဒုမ္ပာရေ.. သူတို့ ပျော်မပျော်တော့ မသိဘူး၊ ကျနော်ကတော့ သူတို့ကို အားကျနေတာ၊ ပန်းပင်တွေထဲမှာ အလုပ်လုပ်ရလို့လေ၊ သူငယ်ချင်းကိုတောင် အလုပ်မပြောင်းနဲ့နော်လို့ ပြောထားတာ၊ ကျနော်တို့ သွားလည်ရင် ရအောင်လို့လေ…. 🙂
    မမရေ… FOSSIL MUSEUM အတွင်းပိုင်းတော့ ရိုက်ယူလာခဲ့ပါတယ်၊ သူငယ်ချင်းကို တင်လို့ရလားမေးတော့ ရတယ်လို့ပြောပါတယ်၊ ကျနော်တင်ဖို့ ကျန်သွားတာပါ၊ တောမီးလောင်တာကတော့ ဘယ်သူမှမငြိမ်းကြဘူး၊ သဘာဝအတိုင်းလောင်နေတာဆိုတော့ ဒီတိုင်းပဲ ဖြတ်မောင်းသွားကြတာတွေ့မိတယ်၊

  • eipu

    March 16, 2012 at 11:36 am

    မရောက်ဘူးတဲ့ အတွက်ကျေးဇူးနော်

  • nozomi

    March 16, 2012 at 12:01 pm

    ထင်းရှုးတောလဲလွမ်းတယ်
    ချယ်ရီပန်းလဲလွမ်းတယ်
    မရှိခဲ့ဘူးတဲ့ ရည်းစားလေးကိုတောင် စိတ်ထဲ မှန်းပြီး လွမ်းမိသွားတယ်

  • pooch

    March 16, 2012 at 1:04 pm

    ဒါဆို အမလို့ခေါ်ရမှာပေါ့ ။အမရောင်ခြည် သူငယ်ချင်းရဲ့ အလုပ်က သိပ်စိတ်ဝင်စားစရာကောင်းမှာပဲ။
    အဲ့လိုနေရာမှာ အလုပ်လုပ်ရတဲ့သူအစား စိတ်ချမ်းသာစရာကောင်းတယ်။ နောက် လိပ်ပြာပြတိုက်က ဝန်ထမ်း အမျိုးသမီးလေးတွေက သိပ်စိတ်ရှည်တာပဲ ။ အကုန်စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြပေးတယ်။ အထူးသဖြင့် ကျမလို အမေးအမြန်းထူတဲ့ သူကိုပေါ့။ ဓာတ်ပုံရိုက်ချင်ပေမဲ့ ရိုက်ခွင့်မရှိလို့ ကြည့်ရုံပဲ ကြည့်ရတယ်။ သစ်ခွ ရုံလေးကလည်း လှမှလှ။ ကျမ ပိုစ့်က ပုံလေးတွေက အဲ့ဒီက ရိုက်ခဲ့တာလေ။

    မြွေနဂါးအုပ်စု ပုံတွေက တော့ တာချီလိတ်က သူငယ်ချင်းဆီက ရခဲ့တာ။ ကန်တော်ကြီးရဲ့ ပန်းတောကို ရောက်သွားရင်တော့ ကျမက တွေ့တဲ့မြက်ခင်းပေါ် ခြေပစ်လက်ပစ် လှဲချလိုက်ပြီး ကောင်းကင်ကြီးကို အားပါးတရ ကြည့်ပစ်လိုက်တာ။ အမအခု ရောက်နေတဲ့ ချင်းပြည်နယ်ဆိုတာကလည်း အလွန်စိတ်ဝင်စားစရာကောင်းမဲ့ ဒေသကြီး တခုပါ။
    ကြုံကြိုက်ရင် တခေါက်လောက်တော့ လာလည်ချင်ပါတယ်။

  • weiwei

    March 16, 2012 at 1:05 pm

    ပြင်ဦးလွင်က ရုက္ခဗေဒဥယျာဉ်ကို အရမ်းသဘောကျတယ် … အေးအေးဆေးဆေး တစ်နေကုန်လမ်းလျှောက်ချင်တယ် …

  • yaungchikha

    March 16, 2012 at 1:32 pm

    eipu ရေ.. နောက်တော့ ရောက်အောင်သွားနော်၊ သာယာတယ်..
    nozomi ကအလွမ်းတွေများတယ်ထင်တယ်..
    ဟုတ်တယ် ပုချ်ရေ.. သူငယ်ချင်းကိုကြည့်ပြီး အမလည်းစိတ်ချမ်းသာတယ်၊ အမမန်းတလေးပြန်လာရင် သူငယ်ချင်းဆီ သွားကြမယ်လေ၊ လိုက်ခဲ့နော်..
    မမဝေ… တစ်နေကုန် အေးအေးဆေးဆေးလမ်းလျှောက်ချင်ရင် နောက်တစ်ခါ ကျနော်သွားရင် လိုက်ခဲ့လေနော်.. သူငယ်ချင်းက သဘောကောင်းတယ်.. 🙂

Leave a Reply