စီအိုင်အေ CIA နဲ့ ”ဝီးကီး” စွယ်စုံ (Wikipedia) တို့ မြင်တဲ့ ဂျပန်နိုင်ငံကုန်သွယ်ရေး I

KyaemonMarch 9, 20127min781

ဂျပန်နိုင်ငံရဲ့ကုန်သွယ် ရေးကို တစေ့တစောင်းလေ့လာရအောင် 

 

စီအိုင်အေ မှတ်တမ်း

 

ထုံးစံအတိုင်းဘဲ စီအိုင်အေ မှတ်တမ်းများကိုမူတည်ရတာပါ

လွယ်လဲလွယ် စုံလဲစုံ လူတိုင်းဝင်ကြည့်နိုင်ဘို့လုပ်ထားတာ၊

 

 စင်ကာပူ နဲ့တူတာ

စင်ကာပူလိုဘဲ ဂျပန်နိုင်ငံဟာ သယံဇာတ ချို့တဲ့ပြီး

လူဦးရေထူထပ်တယ်၊

မြေနေရာကျဉ်းမြောင်းတယ်၊

 

စင်ကာပူလိုဘဲ အခက်အခဲတွေကိုကျော်လွှားနိုင်လို့

ဂျပန်နိုင်ငံဟာ တိုးတက်ဖွံ့ဖြိုးပြီး

ချမ်းသာ ကြွယ်ဝ တဲ့နိုင်ငံဖြစ်တာကို

အများကသိကြတယ်၊

 

စင်ကာပူနဲ့မတူတာ

 

မတူတာ က ဂျပန်နိုင်ငံဟာ မြေငလျင်၊

ဆူနားမီရေဘေး၊လေမုန်တိုင်း တွေ ခဏ ခဏ ဖြစ်တာ၊

 

ဒိအပြင် အနုမြူဗုံး နှစ်လုံးရဲ့ဒဏ်ကို ခံလိုက်ရပြီး

ယင်း ဒဏ်ရာဒဏ်ချက်ကနေပြန်လဲနှလံထူရတာ၊

 

(သူများနိုင်ငံတွေကို လူမဆန်စွာ

အထူးရက်ဆက်ကြမ်းကြုတ်

ယုတ်မာ ခဲ့လို့)

 

စင်ကာပူ နဲ့ဂျပန်တို့က ချမ်းသာ ဖွံ့ဖြိုး ကြ တယ်၊

နိုင်ငံအနေနဲ့ဂျပန်ကပိုမိုချမ်းသာတယ်၊

တဦးချင်း ကြတော့ စင်ကာပူ က ပိုချမ်းသာတယ်၊

 

Japan GDP per capita

$42,820 (2010 est.) (nominal; 16th)

$33,805 (2010 est.) (PPP; 24th)

Singapore GDP per capita 

$62,100 (PPP, 2010 est.)[2], $43,117 (nominal, 2010 est.)[3]

 

 

လေ့လာ တဲ့ နောက်ပိုင်း က (၅) နှစ်   

 

၂၀၀ရ မှ ၂၀၁၁ အထိ ကာလ က အချက်အလက်တွေကို

နှစ်စဉ်ထုတ် စီအိုင်အေမှတ်တမ်းတွေမှ

တနှစ်စီ ကောက်နုတ် စုဆောင်းတာ၊

 

 ပြီးတော့နှိုင်းယှဉ်လို့ရအောင် ဇယားပြုထားတာ၊

 

“ရာခိုင်နှုန်း %” နဲ့ ပြတာကိုအချို့က မကြည့်တတ်လို့

“ဘီလီယံ ဒေါ်လာသင့်ငွေဂဏန်း” နဲ့လဲကြည့်နိုင်အောင်

ထပ်တခါ တွက်ချက်ပေးထားတာ၊

 

ဂျပန်နိုင်ငံ ထုတ်ကုန် 

 

 

ဇယား (၁) နဲ့ (၄)

 

 

ဂျပန်နိုင်ငံမှအများဆုံး ဝယ်ကြတဲ့ ဖောက်သယ်ကြီး

၅ နိုင်ငံကိုနှစ်တိုင်းရွေးနုတ်ဖော်ပြထားတာ၊

 

တွေ့ရှိချက်

 

ဖောက်သယ်ကြီးများအနက် ယူအက်စ်အေ USA က နှစ်တိုင်း ထိပ်ဆုံးက ပါ၊

 

ဖျမ်းမျှဆိုရင် ယူအက်စ်အေ သို့ နှစ်စဉ် တင်ပို့တဲ့ ကုန်တန်ဘိုး ဟာ

စုစုပေါင်းတင်ပို့တန်ဘိုးရဲ့ (၂၀%)ြဖစ်ပြီး

( ဒေါ်လာ ၁၃၃ ဘီလီယံ)တန်ဘိုး ရှိတာ၊

 

နှစ်တိုင်း ဒုတိယ လိုက်တာကတရုပ်နိုင်ငံပါ၊

ဖျမ်းမျှအားဖြင့် နှစ်စဉ် တင်ပို့ကုန်ရဲ့(၁၆%) ဖြစ်ပြီး

( ဒေါ်လာ ၁၀၅ ဘီလီယံ)တန်ဘိုး ရှိတာ၊

 

ဖောက်သယ်ကြီး (၅) နိုင်ငံ ဇယား ကို လေ့လာရင်၊

ယူအက်စ်အေ USA ကလွဲလို့

“အခြားအနောက်နိုင်ငံ” ဆိုလို့ တနိုင်ငံကမှမတွေ့ရပါ၊ 

တနှစ်တလေ တောင် မချိတ်မိပါ၊

 

ယူအက်စ်အေ USA က ထိပ်ဆုံးကဖြစ်ပေမဲ့လဲ

ဂျပန်ရဲ့အိမ်နီးချင်း ဖြစ်တဲ့”အရှေ့အာရှ” (၄) နိုင်ငံ 

သို့မဟုတ် ဒေသ စု နဲ့ကြ တော့ မယှဉ်သာပါ၊ 

 

၎င်း East Asia “အရှေ့အာရှ” အုပ်စု ရဲ့ဝယ်နိုင်အားဟာ ကြီးမားလှပါပေတယ်၊ 

ဖျမ်းမျှအားဖြင့်နှစ်စဉ် ( ၃၅.၅%) ဖြစ်ပြီး ( ဒေါ်လာ ၂၃၈ ဘီလီယံ)တန်ဘိုး ရှိလို့၊  

ယူအက်စ် အေ USA ရဲ့ တဆ ခွဲ ကျော်  (၁.၈ ချိုး) ဖြစ်နေတယ်၊   

ဂျပန်က ယူအက်စ်အေကိုချည်း အားကိုး ပြီး အရှေ့အာရှ ကိုအထင်သေးလို့မရပါ၊ လျစ်လျူ ရှူ လက်လွှတ်လို့မရပါ၊

 

(အိမ်နီးချင်း တရုပ်ပြည်၊ တောင်ကိုရီးယား၊ ထိုင်ဝမ် နဲ့ဟောင်ကောင်တို့ကိုဆိုလိုတာပါ)

 

 

သင်ခဏ်းစာ ယူစရာ ပါ 

အောက်ပါ links လင့်ခ များကိုနှိပ် ပြီးလေ့လာပါ

2007

http://www.allcountries.org/wfb2007/japan/japan_economy.html

2008

http://www.allcountries.org/wfb2008/japan/japan_economy.html

2009

http://www.geographic.org/wfb2009/japan/japan_economy.html

2010

http://www.workmall.com/wfb2010/japan/japan_economy.html

2011

http://www.theodora.com/wfbcurrent/japan/japan_economy.html

Economy of Japan – Wikipedia, the free encyclopedia

http://en.wikipedia.org/wiki/Economy_of_japan

 

Economy of Singapore – Wikipedia, the free encyclopedia

 ဆက်ရန်

One comment

  • MTY

    March 9, 2012 at 7:33 pm

    ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။
    သူများတွေကြိုက်မကြိုက်တော့မသိဘူး
    ဒါတွေကလေ့လာထားရမှာကျွန်တော့အမြင်ပါ။

Leave a Reply