ခုတလော ….

ရွာထဲ မျက်ခွက်ပြောင်ပြီး အီးလိုက်ပန်းချင်ယောင်ဆောင်နေရင်း အပြင်မှာလဲ ဂယ်ပဲ ခဏခဏ အိမ်သာပြေးပြေးနေရပါပကော။

နဂိုထဲက အပူအစပ်နဲ့  သိပ်မတည့်၊ ၀မ်းကလဲ မခိုင်တတ်၊ စားတတ်တာကလဲ ချဉ်ငံစပ်နဲ့  ဗိုက်ခဏခဏ ရစ်တတ်တဲ့

အစားအစာတွေကများတော့ စားလိုက်၊ ပါလိုက်၊ စားလိုက်၊ ပါလိုက်နဲ့  ရွာထဲမှာ အတိုင်း ခဏခဏ ပါပါနေရတယ်။

စကားနောက် တရားပါပြီး ပန်းကမ္ဘာထဲ တ၀ဲလည်လည်မဖြစ်အောင် ရွာထဲမှာလို သိပ်မပန်းမိအောင် မနဲ ထိန်းထိန်း နေရတယ်။

ဒါတောင် အရှိန်ကမသေတော့ အနဲငယ် ပန်းပန်းနေတုန်းပဲဗျ ရွာသားတို့ ရ :lol:

 

ငယ်စဉ် ကျောင်းသားဘ၀တုန်းကဆို ထွက်ပါ ကျဖူးတယ်ဗျာ။ ညနေ ကျောင်းအဆင်း အိမ်ပြန်မရောက်ခင် လမ်းမှာ

ဗိုက်က အရေးပေါ် အချက်ပြတာနဲ့  တတ်နိုင်သလောက် အိမ်ကို အမြန်ပြန်ပြေးဖို့ ကြိုးစားရပါတော့တယ်ဗျာ။

ဒါပေမဲ့ ပြေးနေတဲ့ ခြေလှမ်းတွေက ကျဲရာက ကျဉ်း၊ ကျဉ်းရာကနေ ပေါင်ကို စိ၊အဲတာတောင် အချိန်မီ

အောင်မြင်စွာ ထိန်းသိမ်းနိုင်ခြင်း မရှိခဲ့ပါဘူး။ များ…ချုပ်တည်း ထိန်းသိမ်းနိုင်မှုအား ညံ့ဖျင်းခဲ့လေခြင်းရယ်ပါလေ။

 

ရှက်တတ်ပေမဲ့လဲ ကိုယ့်ရွာသူားအချင်းချင်းမို့  ညီကိုမောင်နှမ၊ဦးရီးဒေါ်ရီး ဦးလေးဒေါ်လေး အရီးလေး အရီကြီးတွေလို သဘောထားပြီး

ကြုံတုန်းလေး အီးခြောက် ရေနူးပြတာပါ။ ဟို အကိုရီးလို ဖတ်နေရင်း အစာစားမိရင်တော့ ခွင့်လွှတ်ကြပါနော။

ဂယ်တော့ အီးထွက်ကျတဲ့အကြောင်း ရေးချင်တာမဟုတ်ပါဘူး။ ရွာထဲက ဂျီးဒေါ်ကြာ လို အိမ်သာတွေ ဆေးနေတဲ့အကြောင်း သတင်းကောင်း ပါးချင်တာဖြစ်ပါတယ်။

ဂျီးဒေါ်ကြာကို အားကျ၊ ကိုယ်တိုင်လဲ သန့် ချင်၊ ဆေးဖို့ အိမ်သာလဲ နေ့ တိုင်းဆေးဖို့ အခွင့်ကြုံနဲ့ မို့  ဤသုံးမျိုး

ချက်ပိုင်ပြီဆိုပြီး ဂယ်ကြီးကို အိမ်သာဆေးနေမိပါတော့တယ်။ ဂိမ်းဆိုင်ဆိုတော့ ခလေးတွေ၊လူငယ်တွေ သုံးတာများတဲ့ အိမ်သာပေါ့နော့။

ခလေးဆိုလို့  တော်တော်သေးတဲ့ ခလေးတွေလဲ ပါသဗျာ။လက်နဲ့  မောက်စ်နဲ့ တောင် မကာမိလို့ 

မောက်စ်ကို လက်မနဲ့  လက်ညှိုးနဲ့ ခွကိုင်ပြီး လိုချင်တဲ့ နေရာရောက်မှ လက်လွှတ်ပြီး “ဂျောက်” ဆို လက်ညှိုးလေးနဲ့ တို့ ပြီး ကလစ် နှိပ်နိုင်တာကလား။

တစ်ချို့ ကလေးတွေ စကားတောင် မပီ၊ “ သိုရီး သိုရီး တားကို နှစ်ရာဘိုးလောက်၊ သောင်တာပစ်မယ် လုပ်ပေး”

ဆိုတာမျိုး ၊“ ဦးလေး ဦးလေး ငါးချာကျွေးချင်ယို့  လဂါးပေးချော့ပါရား၊ အချိန် ပိုထည့်ပေးနော် ” ဆိုတာက တစ်မျိုးနဲ့  တစ်ကယ်ပြောင်စပ်စပ်နိုင်တဲ့ ခလေးတွေလဲ ပါသကိုးဗျာ။

တစ်ချို့ ကလေးတွေဆို အိမ်သာ လူရှိလို့  မအောင့်နိုင်ရင်၊ အိမ်သာရှေ့ မှာ အပုံလိုက်

ပါချခဲ့တာလဲရှိသေးဗျာ။ ပြောရရင်တော့ များကြီးပေါ့..။

အဲသလို နားမလည်တဲ့ ခလေးအညစ်အကြေးကော၊နားလည်တဲ့ ဒတ်တီး ဓာတ်ခံရှိတဲ့ မကြီးမငယ် လူတွေရဲ့ အညစ်အကြေးကော တစ်နေ့  နှစ်ခါလောက် ဆေးဆေးနေရပါတော့တယ်လို့ ။

တစ်နေ့ နှစ်ခါလောက် ဆေးဆို ကိုယ်လဲ တစ်နေ့ နှစ်ခါခန့်  ရေချိုးတတ်တာကလား။

ငယ်ငယ်ကတော့ တစ်ပတ်မှ တစ်ခါလောက် ချိုးတတ်တာ၊ဒါတောင် ဂျီးဒေါ်တစ်ယောက်က ဂုတ်ဆွဲ၊ ရေတွင်းနား

အတင်းခေါ်ပြီး တစ်ဝေါဝေါနဲ့  လောင်းချ၊ ချေးတွန်းပေးလို့  ချိုးဖြစ်တာပါ။ကြုံတုံး ကိုယ်ရည်သွေးပြတာပါ

ကြွားတယ်လို့ တော့မထင်ပါနဲ့ ဦးနော့။ အဲတော့ဗျာ..ငယ်ကျင့်မပျောက်ရင် တစ်ပတ်တစ်ခါ ရေချိုးခါနီးတိုင်း

အိမ်သာဆေးဖြစ်မယ်ထင်ပေမဲ့ ခုအရွယ်ကျတော့ ရေချိုးခါနီးတိုင်း ဒတ်တီးတွေကို ဆေးဆေး နေရပါတော့တယ်လို့ ။

ဆေးဖြစ်ရတဲ့ အကြောင်းကတော့ ကြီးကောင်ကြီးမားကျေးဇူးရှင်တွေနဲ့  သေးကောင်သေးမား ကျေးဇူးရှင်လေးတွေက

ကိစ္စပြီးတိုင်း ရေဆေးခဲ့ရမယ်ဆိုတာ နားမလည်ကြဘူး။အဲတော့..ကျနုပ်လဲ ရေချိုးရင်း

ကိုယ့်ဂျီးလဲတွန်း အိမ်သာဂျီးလဲ တွန်းပေးပေါ့ဗျာ။အခန်းထဲက အောက်ခံကြွေပြားဆိုတာကလဲ ဆေးရတာ လွယ်သလို

နဲနဲ ညစ်တာနဲ့  အတော်ရုပ်ဆိုးတဲ့ အမျိုးဗျ။အဲတော့ ရေပန်းဖွင့်၊ ခြေထောက်နဲ့  တကျွိကျွိမြည်အောင် ပွတ်၊

ဆပ်ပြာရည် လောင်းချ၊ တကျွိကျွိနဲ့  ခြေဖ၀ါးနဲ့  ပွတ်၊ရေချိုးလိုက် ပွတ်လိုက်၊ ရေချိုးလိုက် ပွတ်လိုက်နဲ့ ပေါ့ဗျာ။

ဒါကတော့ အပြင်ပိုင်း သန့် ရှင်းရေးပေါ့။ အတွင်းပိုင်း ခွက်အတွင်း သန့် ရှင်းရေးကတော့ အနီးကပ် နဲနဲဆန်လို့ 

ဆပ်ပြာရည် ဖျော်ပြီး ဇလုံထဲထည့်ပြီး အိမ်သာခွက်ထဲ လောင်းလောင်းချခဲ့ပါတယ်။

ကျနော့် နှလုံးရောဂါပျောက်တဲ့အခါကျရင် လယ်ဗယ်မြှင့်ပြီး ခွက်အတွင်း အနီးကပ် သန့် ရှင်းရေးထိ တိုးလုပ်မှာပါနော့ :lol: ။ခုတော့ ဂလောက်ပဲ လုပ်နိုင်သေးလို့  ဂလောက်ပဲ ဆေးခွင့်ပြုပါဦးလို့  နှုတ်ခွန်းဆက်သရင်း ကျနုပ်၏ အီးဘ၀ တစ်စိတ်တစ်ဒေသကို ဤနေရာတွင်ပဲ  ခေတ္တရပ်နားလိုက်ပါသည် တစ်မုံ့ ။

 

 

သတ္တ၀ါအပေါင်း နံခြင်း၊ ပန်းခြင်းဘ၀မှ ကင်းလွတ်နိုင်ကြပါစေ ဂုန်သတည်း။

 

SPP,International အိမ်သာဆေး ပဒေါ့ဖတ်,ဖင်လန်။

 

 

ဂျစ်စူ

About ဂျစ်စူ

has written 258 post in this Website..

စိတ်ဆတ်တယ် အကြွေးမဆပ်ဘူး