“သိပ်ချစ်တယ် အရမ်းမုန်းတယ်”

blueroseMarch 9, 20121min13013

“ပေးဆပ်ခြင်းနဲ့ချစ်နေလည်းရလဒ်ကတော့ဒီအမုန်းများ

သိပ်ချစ်တယ်အရမ်းမုန်းတယ်….ဝဋ်ရှိရင်ကြေပေးတော့ကွယ်

နှလုံးသားထဲကချစ်နေလဲဦးနှောက်ထဲကဒီအမုန်းများ….

သိပ်ချစ်တယ်အရမ်းမုန်းတယ်ရောထွေးကုန်ပြီတကယ်ရူးတော့မယ်….

ဝဋ်ကြွေးများရယ်ငါ့ရဲ့အသိစိတ်မှာနင်ဟာနတ်ဆိုးပါကွယ်…..

နှလုံးသားထဲကနင်ဟာအရှင်သခင်ပါပဲကွယ်…..”

 

အဓိပတိအဝါကိုစီးပြီးမြို့ထဲကိုလာရင်းပြတင်းပေါက်ကနေမြင်မြင်သမျှအရာအားလုံးကို

ငေးမောနေရင်းနားထဲကိုစီးဝင်လာတဲ့ချမ်းချမ်းရဲ့သိပ်ချစ်တယ်အရမ်းမုန်းတယ်ဆိုတဲ့သီချင်းသံလေး

ဒီသီချင်းလေးနားထောင်မိတော့ငိုချင်သလိုလိုဆွေးချင်သလိုလိုနဲ့ဘာရယ်မဟုတ်မောင့်ကိုပြေးသတိရမိတယ်

မောင်ဂရုစိုက်ခဲ့တာတွေကိုတွေးမိရင်အရမ်းချစ်မိတယ်

မောင်ရက်စက်တာတွေကိုတွေးမိရင်မောင့်ကိုအရမ်းမုန်းမိတယ်

ဒီသီချင်းလေးထဲကလိုပဲကျွန်မမှာဝဋ်ကြွေးများပါလာလေသလား

မောင့်အပေါ်မှာဦးနှောက်အသိနဲ့မချစ်သင့်တော့ပေမယ့်

နှလုံးသားကချစ်နေဆဲပဲဆိုတာကျွန်မတယောက်သာအသိဆုံးပါ

မောင့်ကိုမေ့ဖို့ကြိုးစားနေပေမယ့်မေ့မရတဲ့အကြင်နာတွေကြောင့်

ကျွန်မနာကျင်နေရပါတယ်မောင်

အသက်ရှုလိုက်တိုင်းတောင်မောင့်ကိုသတိရနေဆဲပဲမို့

မောင့်ကိုမေ့ဖို့ကြိုးစားလိုက်ရင်ကျွန်မအသက်ရှုရပ်သွားမလားလို့တောင်

တွေးကြောက်မိပါတယ်မောင်ရယ်

မောင့်အပေါ်မှာဝဋ်ကြွေးတွေများရှိခဲ့မယ်ဆိုရင်ဒီဘဝဒီမျှနဲ့ပဲအဆုံးသတ်ပါရစေလို့

ကျွန်မဆုတောင်းမိပါတယ်မောင်

ခုကျွန်မရင်ထဲမှာတော့မောင့်ကိုသိပ်ချစ်သလိုအရမ်းလည်းမုန်းမိနေပါတယ်မောင်

မောင့်အပေါ်မှာရှိတဲ့ကျွန်မအမုန်းတွေကိုမောင်ကိုယ်တိုင်ဖြေဖျောက်ပေးလှည့်ပါတော့နော်

မောင့်ကိုသိပ်ချစ်သလိုအရမ်းမုန်းတဲ့

ချစ်သူ

 

13 comments

  • water-melon

    March 9, 2012 at 5:16 pm

    သိပ်ချစ်တယ် အရမ်းမုန်းတယ် ဆိုလို့ ချမ်းချမ်းများလို့ဝင်ကြည့်တာ
    မbluerose ဖြစ်နေတာကိုး
    ခံစားသွားပါတယ် ရှင့်။

  • ခပ် KING ကင်း

    March 9, 2012 at 7:23 pm

    ချမ်းချမ်းသီချင်းကို ခပ်လှမ်းလှမ်းကနားထောင်
    အပြာရောင်မနှင်းဆီရဲ့
    အလွမ်းသရုပ်ကို ခံစားမိရင်း
    အတိတ်ကအကြောင်း ပြန်ပြောင်းစဉ်းစားမိလိုက်တာ
    မောင့်ဘက်လွန်သမျှ ဝန်ချတောင်းပန်လိုက်ကြောင်း
    သက်ဆိုင်သူထံ MG ကနေတစ်ဆင့်
    တောင်းပန်လိုက်ပါ၏ ( ! _ ! )

  • bluerose

    March 10, 2012 at 10:41 am

    မောင်နဲ့တွေ့ခဲ့တာအဓိပတိအဝါပေါ်မှာပေါ့
    အဲဒါကြောင့်သတိရတာလေ
    ဟိဟိ(နောက်တာနော်အတည်ကြောတာ)

  • စိန်ပေါက်ပေါက်

    March 10, 2012 at 10:54 am

    သိပ်သောက်တယ် အရမ်းမူးတယ်
    သိပ်စားတယ် အရမ်းပန်းနေတယ်..ကွယ်..
    ပန်းကမ္ဘာထဲက စိန်မူးမူးကို မှောင်ကိုယ်တိုင် ကယ်တင်လှည့်ပါတော့

    • Mr. MarGa

      March 10, 2012 at 10:57 am

      ဦးမာဃ ကယ်ပေးမယ်လေ ရလား

      • စိန်ပေါက်ပေါက်

        March 10, 2012 at 11:16 am

        မှောင်မလာ မှောင်သာငတ်
        မှောင့်နေရ လူမလပ်
        အဟက်ဟက်

  • ကြောင်ကြီး

    March 10, 2012 at 12:17 pm

    ဘလူးရို့စ်ကို

    နဖူးတို့ကာ

    အထူးပို့ပါမယ်

    ငမောင့်ဆီကို..

    အဲဒီကြမှ

    ဂယောင်ကမြည်

    တောင်အီအီ

    ကြောင်စီစီလုပ်နဲ့

    ညောင်ပလီဆိုတာ

    ဦးကြောင်လုပ်နေဂျ..။ :mrgreen:

  • သိပ်ချစ်တယ် …
    အရမ်းမုန်းတယ် …
    စိတ်ညစ်တယ် ..
    ထမင်း သုံးပန်းကန်လောက် စားပစ်တယ် ..
    ကဲ … ဘာဖစ်ချင်လဲ …
    မိုက်ကြေးခွဲလိုက်တယ် … ဘေးနား လာမျှော်နေတဲ့ ကြောင်လေးတစ်ကောင်နဲ့ ……….။
    ညောင် ….
    😀 😀

  • jujuma

    March 10, 2012 at 1:11 pm

    အဲ မုန်းလဲမုန်းတယ် ….. ချစ်လဲချစ်တယ် …
    တညိုး ပဲနော် …

  • a me

    March 10, 2012 at 8:26 pm

    ဘဝ ချင်းတူနေတော့ဘယ်လိုလုပ်ရမလည်း မမရယ် အေမီလည်း မမအတိုင်းဖြစ်နေတယ်

  • a me

    March 10, 2012 at 9:07 pm

    ကြားရင် ရူးသွားလိမ့်မယ် မမ ရေ အဲ့ဒီခံစားချက်တွေက လူကို နှိပ်စက်နေတာ

  • snow white

    March 11, 2012 at 4:32 pm

    အဲ့သီချင်းလေးကအတိုင်း တို့လည်းခံစားချက်တူပါတယ် သီချင်းလေးကကောင်းပါတယ် ကြိုက်တယ်သီချင်းလေးကို နားထောင်လို့လည်းကောင်းတယ် ချမ်းချမ်းသံလေးကိုလည်း ကြိုက်တယ်

Leave a Reply