မီတာခပြသာနာ

thihayarzarJune 7, 20101min894

ကျွန်တော်တို့မြို့မှာ မီတာခကို အကြားအမြင်နဲ့ကောက်ခံပါတယ်။ လျှပ်စစ်ရုံးက ကျေးဇူးရှင်များသည် ဒီတစ်လကိုမီတာ ဘယ်နှယူနှစ်သုံးသလဲလို့ လာမဖတ်ပါ။ အိမ်အခြေအနေပေါ်များမူတည်ပြီးကောက်သလား မသိဘူး။ ပိုက်ဆံတွေမသုံးရပဲ အများကြီးကျလို့သွားပြောရင် အရင်ကအကြွေးကျန်တွေရှိလို့တဲ့ ပေါင်းကောက်တာတဲ့။ ဘယ်သူကအကြွေးကျန်တာလဲမသိဘူး သူတိုကလတိုင်းပုံမှန်လာတာကို ဘယ်ကအကြွေးကကျန်နေတာလဲ။ ကျွန်တော်သူငယ်ချင်းအိမ်မှာလူလုံးဝမနေဘူး။ ကျောင်းပိတ်လို့ရွှာကိုပြန်သွားတာ နှစ်လတောင် ပြန်ရောက်တော့ မီတာခစာရွက်တွေ ဘေးအိမ်ကလာပေးတယ်။ ပထမတစ်လက ၁၄၅ဝ ထိန်းသိမ်းခက ၅၀ဝ ပေးရသေးတယ်။ နောက်တစ်လက ၂၃၀ဝ ထိန်းသိမ်းခက ၅၀၀။ ကျွန်တော်တောင်အံဩသွားတယ် ဘယ်လိုကောက်တာလဲပေါ့။ သိရင်ပြောပြကျပါ။ အခုကြားနေတာ မီးတွေလာတော့မယ်တဲ့။ မီတာခကတစ်ယူနစ်ကို ၁၀ဝ တဲ့။ ဟုတ်ကြရဲ့လားမသိဘူး။

4 comments

  • ghost

    June 7, 2010 at 6:31 pm

    မီးမှန်ရင် ၂လ အတွင်း ပုဂ္ဂလိကပေးမယ် ကမ္ဘရေနံဈေး အလိုက် ဈေး ပြောင်းမယ် ဒါပါဘဲ
    ဒါကြောင့် power line ဖြတ် တာ

  • etone

    June 8, 2010 at 2:00 am

    မီတာခအကြောင်းတော့မပြောနဲ့တော့ ….. အိမ်မှာတောင်ဘာမှမသုံးပဲ 6000 ကျော် ကျနေတာ အံ့ဩပါရဲ့ ။. မပေးလို့ကလည်း မရဘူးလေ ။ မီးဖျက်မယ်ဆိုတာကိုး ။ လူတွေလည်း လုံးပါးပါးနေပြီ ။ ဘာမဟုတ်တဲ့ ရွာငယ် ဇနပုတ်တောင် မီးလင်းလင်းနေရသေးတယ် ။ ရန်ကုန်မြို့ရဲ့ မြို့တောင်ဖြစ်ခဲ့ဖူးတဲ့ ရန်ကုန်က တောရွာလို ဖယောင်းတိုင်လေးတွေနဲ့ ………. ကမာ္ဘကြီး ဇောက်ထုးိလည်နေပြီထင်ပါ့ ။ ဟားဟား 😀 ။

  • လင်းဝေကျော်

    June 8, 2010 at 4:30 am

    ပြဿနာက ဘယ်ကစပြီး ဒီလိုဖြစ်နေသလဲဆိုတာ ရှာပြီးရှင်းသင့်ပါတယ်။
    လူတိုင်းက အလွယ်လုပ်ချင်တာပါ၊ မီတာစာရေးဆိုတာလဲ ဘယ်တက်ကြွသောမြန်မာဖြစ်ပါလိမ့်မတုန်း။
    တက်ကြွသောမြန်မာဆိုတာတောင် ကပျစ်ကညစ် ကလုပ်တတ်သေးတာ။
    မီတာစာရေးလောက် အဆင့် မီတာရုံးက ကောင်တွေလောက်တော့…..

  • wailynnoo

    June 8, 2010 at 2:46 pm

    ကျွန်တော်က အိမ်ခဏခဏပြောင်းတော့ နေရာပေါ်များမူတည်သလားလို့။ သုံးတာတူပေမယ် တစ်အိမ်တစ်မျိုးဖြစ်နေတယ်။

Leave a Reply